သတင်းများ

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် ရာအိမ်မှူး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက် ည ၈ နာရီ ၅၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဗောဓိကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးဌေးလှိုင်သိန်း(၅၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဌေးလှိုင်သိန်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရန်အောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

အင်ဒိုနီးရှားစစ်တပ် လက်နက်ပြန်လည်တပ်ဆင်ရေးအတွက် ရုရှား ကူညီမည်

ရုရှား လက်နက်ရောင်းဝယ်ရေးကုမ္ပဏီ Rosoboronexport သည် အင်ဒိုနီးရှားနိုင်ငံ၏ တပ်မတော်ကို ခေတ်မီလက်နက်များဖြင့် ပြန်လည် အစားထိုးတပ်ဆင်ပေးရန် စီစဉ်ထားကြောင်း လာမည့် ဇွန် ၁၁ ရက်တွင် ဂျကာတာမြို့၌ စတင်ပြုလုပ်မည့် Indo Defense လက်နက်ပြပွဲကို ကြိုဆိုသောအားဖြင့် အဆိုပါကုမ္ပဏီအကြီးအကဲ Alexander Mikheyev က ပြောကြားလိုက်ပါသည်။

၂၀၂၄ ခုနှစ်က အင်ဒိုနီးရှားသမ္မတ ပရာဘိုဝါဆူဘီယန်တိုနှင့် ရုရှား သမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံချိန် ဖိတ်ကြားချက်အရ Indo Defense 2025 ပြပွဲတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ ပါဝင်မည်ဖြစ်ပြီး Rosoboronexport အနေဖြင့် အင်ဒိုနီးရှား တပ်မတော်အတွက် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ် အတွင်း လက်နက်ပြောင်းလဲတပ်ဆင်ရေးအစီအစဉ်အတွက် လိုအပ်ချက် များကို အများဆုံးဖြည့်ဆည်းပေးနိုင်မည့် ရုရှားထုတ် နောက်ဆုံးပေါ် လက်နက်စနစ်များကို ပြသသွားမည်ဖြစ်ကြောင်း Mikheyev က ပြောကြား ထားပါသည်။

Rosoboronexport ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်းစက်မှု လုပ်ငန်းများနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရန် အဆိုပြုထားပါသည်။ အဆိုပါကုမ္ပဏီသည် ရုရှားနှင့် မိတ်ဖက်နိုင်ငံတို့ အတွက် နည်းပညာမြင့် ထုတ်ကုန်များ စဉ်ဆက်မပြတ် တိုးတက်လာ စေရန် ခေတ်မီလက်နက်ဈေးကွက်၏ အချက်အခြာတစ်ခုလည်း ဖြစ်ပါသည်။

Rosoboronexport သည် အင်ဒိုနီးရှား တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်း များ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးမည်ဖြစ်ပြီး၊လက်ရှိနှင့် အနာဂတ် ခြိမ်းခြောက်မှုများနှင့် လုံခြုံရေး စိန်ခေါ်မှုများ အားလုံးကို ရင်ဆိုင်နိုင်သော ခေတ်မီစစ်တပ်အသွင်သဏ္ဍာန် ဖော်ဆောင် ရာတွင် ရုရှား၏အကူအညီအဖြစ် ကမ်းလှမ်းသွားမည် ဖြစ်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

နယ်စပ်တင်းမာမှုလျှော့ချရေးနှင့် စပ်လျဉ်း၍ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား သဘောတူညီမှုရရှိ

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား ဖြစ်ပွားနေသည့် နယ်စပ်တင်းမာမှု လျှော့ချရေး နှင့် စပ်လျဉ်း၍ နှစ်နိုင်ငံကြား သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရသည်။

ကမ္ဘောဒီးယားအစိုးရနှင့် ကျင်းပခဲ့သည့် ဆွေးနွေးမှုအတွင်း အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လာခဲ့ပြီး သဘောတူညီချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ကြောင်း၊ ယင်းသဘောတူညီချက်အရ နှစ်နိုင်ငံစလုံးအနေဖြင့် နယ်စပ်တွင် ဖြန့်ကြက်ထားသည့် တပ်ဖွဲ့များကို ပြန်လည်ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန်က ဇွန်လ ၈ ရက်တွင်ပြောသည်။

ထို့ပြင် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ပြန်လည် ဖြစ်စေရန်အတွက် စေ့စပ်ဆွေးနွေးမှုများကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်မတော်များအနေဖြင့် ၎င်းတို့ကြား ၂ဝ၂၄ ခုနှစ်က သဘောတူညီထားသည့် ဒေသများသို့ ပြန်လည်ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း သီးခြားထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

Ref: Xinhua

Photo -Khmer Times

 ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဇွန် ၇ ရက်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နှင့် တန့်ယန်းမြို့တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်းသိရသည်။
 
ဖြစ်စဉ်မှာ ဇွန် ၇ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရားအဆင်းလမ်း၌ သတင်းအရ စောင့်ဆိုင်းနေစဉ် ရွှေတိဂုံဘုရားမှ နတ်စင်လမ်းသို့ လမ်းလျှောက်လာသူ စိုင်းအောင်ခမ်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇၀) ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ကျောင်းလမ်းရှိ ၎င်းနေထိုင်သည့်နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၂၈ သိန်း) ထပ်မံသိမ်းဆည်းရမိသဖြင့် စိုင်းအောင်ခမ်း(၂၆)နှစ် အားလည်းကောင်း။ 
 
အလားတူ ဇွန် ၇ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့၊ ရပ်ကွက်(၉)နေ ဒေါ်နန်းခမ်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၉၀၀ ပြား(တစ်ပြားလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၄၉ သိန်း) ဖမ်းဆီးရမိသဖြင့် ဒေါ်နန်းခမ်း(၄၃)နှစ် အားလည်းကောင်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

အစ္စရေးက Greta Thunberg ကို ဂါဇာကူညီထောက်ပံ့ရေး သင်္ဘော ပေါ်တွင် ဖမ်းဆီး

အစ္စရေးရေတပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ သယ်ဆောင်လာသည့် ဂါဇာသို့ဦးတည်နေသော "Madleen" အရပ်ဘက်သင်္ဘောကို တားဆီးကာ သင်္ဘောသားများအား ဖမ်းဆီးလိုက် သည်။ တယ်လ်အဗစ်မှ အဆိုပါသင်္ဘောကို “Selfie yacht” ဟု သရော်၍ခေါ်ဝေါ်ခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် ရာသီဥတု အရေး လှုပ်ရှားသူဂရီတာ သွန်းဘာ့ဂ် (Greta Thunberg) ၊ ပြင်သစ်လွှတ်တော်အမတ် ရီမာ ဟက်ဆန် (Rima Hassan) နှင့် အိုင်ယာလန်မင်းသား လီယမ် ကန်နင်ဂမ် (Liam Cunningham) တို့ အပါအဝင် အခြားသူများ ပါဝင်နေခဲ့သည်။

နိုင်ငံတကာရေပိုင်နက်တွင် တနင်္လာနေ့ (ဇွန် ၉) နံနက်စောစောက ဖမ်းဆီးခံခဲ့ရပြီး Freedom Flotilla Coalition (FFC) အဖွဲ့မှ ဆောင်ရွက် ခဲ့သည့် အဆိုပါသင်္ဘောကို အစ္စရေးနိုင်ငံ Ashdod ဆိပ်ကမ်းသို့ ဆွဲခေါ် သွားခဲ့သည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဖမ်းဆီးမှု အတည် ပြုကာ ၎င်းအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်ရန် မျှော်လင့်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 “Selfie yacht” ပေါ်ရှိ ခရီးသည်အားလုံး ဘေးကင်းလုံခြုံစွာရှိနေပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။ ၎င်းတို့အား အစားအစာနှင့် ရေများ ထောက်ပံ့ ပေးထားပါသည်။ ဤဇာတ်လမ်း ပြီးဆုံးသွားပါပြီ ဟု အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက X တွင် ရေးသားဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

စေတုတ္တရာမြို့နယ်၊ ပွင့်တောက်ကျေးရွာ စက်လှေဆိပ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရေသောင်ကျေးရွာ အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့် ကျောင်းသူများအား ပြန်လည်ကယ်ထုတ်နိုင်ခဲ့

NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနေဖြင့် နိုင်ငံတော်အတွင်း ပညာတတ်လူငယ်များ ပေါ်ထွန်းလာမှုကို နှောင့်ယှက်ရန်ရည်ရွယ်၍ ပညာသင်ကြားပေးနေသည့် ဆရာ/ ဆရာမများအား DCS ပြုလုပ်ရန်နှင့် ၎င်းတို့၏အလိုကျ လိုက်ပါဆောင်ရွက်ခြင်းမရှိသော ပညာရေးဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများအား နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထို့သို့လုပ်ဆောင်လျက်ရှိရာ စေတုတ္တရာမြို့နယ်၊ လက်ပံကျင်းကျေးရွာနေ ဆရာမ ဒေါ်ဖြိုးဝေဝေမြင့် အပါအဝင် ကျောင်းဆရာမ ၂ ဦး၊ ပညာရေးကောလိပ် ကျောင်းသား/ သူ ၄ ဦး၊ ကျောင်းသားမိဘ ၂ ဦးနှင့် အရပ်သူ ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့သည် ကျောင်းတက်ရန်အတွက် လိုက်ပါပို့ဆောင်သူများနှင့်အတူ မေလ ၂၄ ရက်နေ့တွင် မကွေးမြို့သို့သွားရောက်ရန် ပွင့်တောက်ကျေးရွာ စက်လှေဆိပ်သို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများသည် လက်နက်ငယ်ကိုယ်စီ ကိုင်ဆောင်၍ စက်လှေဆိပ်သို့ ရောက်ရှိလာပြီး ဆရာမအား DCS ပြုလုပ်ရန်နှင့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက်ပြောဆိုပြီး မကြီးကျေးရွာဘက်သို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

အထက်ပါဖြစ်စဉ်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ကယ်တင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် စေတုတ္တရာမြို့၏မြောက်ဘက် မီတာ ၂၄၀၀၀ ခန့်အကွာရှိ ပန်းအိကျေးရွာအတွင်း နေရာ ၂ နေရာမှ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူများအနက် ဆရာမ ဒေါ်ဖြိုးဝေဝေမြင့် အထက်တန်းပြ (အထကခွဲ၊ ရေသောင်) ၊ ဒေါ်ချိုသဇင်ဦး လ/ထမူပြ (မူလွန်၊တောင်ဟန်ဒေါက်)၊ မခင်မိုးဝေ တတိယနှစ် ပညာရေးကောလိပ် (မကွေး)၊ မနွေးနွေးလှိုင် တတိယနှစ် ပညာရေးကောလိပ် (မကွေး)၊ မခင်စုစုလှိုင် ဒုတိယနှစ် ပညာရေးကောလိပ် (ပခုက္ကူ) စုစုပေါင်း ၅ ဦးတို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ရှာဖွေကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိသည့် ပညာရေးကောလိပ် ကျောင်းသား ၁ ဦး၊ ကျောင်းသား မိဘ ၂ ဦး၊ အရပ်သူ ၁ ဦး၊ စုစုပေါင်း ၄ ဦး တို့ကို အမြန်ဆုံးရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဆက်လက်ရှာဖွေလျက်ရှိကြောင်းနှင့် ပြန်လည်ကယ်တင်ခေါ်ယူနိုင်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အတင်းအဓမ္မ DCS လုပ်ဆောင်စေခြင်းနှင့် လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းများကို ပြည်သူလူထုအနေဖြင့် လွန်စွာရွံရှာမုန်းတီးလျက်ရှိပြီး PDFအကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များအား သတင်းရရှိပါက တာဝန်သိပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ အချိန်မီသတင်းပေးပို့နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

MOI

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်၍ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများ၌ ခြိမ်းခြောက်စာများကပ်ခြင်း၊ ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/သူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ကျောက်စောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ခြိမ်းခြောက်စာတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်ပေါက် ခြံစည်းရိုးသံပန်းတံခါးတွင် “ဒီတစ်ခါ နောက်ဆုံးသတိပေးခြင်းနော်၊ မင်းတို့ဘက်က တိုင်လည်း ငါတို့က ဂရုမစိုက်ဘူး နားလည်လား။ ဆရာမတွေ ဆရာကြီးတွေ မင်းတို့ကို ဒါနောက်ဆုံး သတိပေးလိုက်တာပဲ။ သတိထားနေကြ မင်းတို့အမျိုးယုတ်တွေ ငါတို့က မင်းတို့ဆရာတွေကို ဘယ်ချိန်လုပ်လုပ်ရနေပြီ။ မင်းတို့တွေ သေဖို့သာပြင် သံပရာအုပ်ကြီးလို လှလှပပ သေခြင်လား။ ထောက်ခံကြတဲ့ ခွေးမျိုးများ” စာသားအောက်တွင် တပ်ရင်း(၄)ဟု ရေးသားထားသည့် ခြိမ်းခြောက်စာ တစ်စောင်အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားမှုကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်း၌ ခြိမ်းခြောက်စာကပ်၍ အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အစ္စရေး-အီရန် ပဋိပက္ခသည် နျူကလီးယား ဘေးအန္တရာယ် ဖြစ်နိုင်ခြေ ရှိသည်ဟု နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့သတိပေး

အစ္စရေးက အီရန်၏နျူကလီးယားအစီအစဉ်ကို ခြိမ်းခြောက်မှုများသည် “ကပ်ဘေးဆိုက်ရောက်နိုင်သော” အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အကြီးအကဲ Rafael Grossi က ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်ကြားတွင်ဖြစ်ပွားနေသော ဆွေးနွေးမှုများ ပျက်ပြား ပါက အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အလားအလာကို အနောက်ဂျေရုဆလင်မှ ဖယ်ထားခြင်းမရှိသေးပေ။ အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများ မြင့်တက်နေသော်လည်း အမေရိကန်သမ္မတ Donald Trump က အီရန်၏နျူကလီးယားလုပ်ဆောင်မှုများကို ထိန်းချုပ်ရန် သဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည့် မည်သည့် စစ်ရေးလုပ်ဆောင်မှုကိုမဆို မပြုလုပ်ရန် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို သတိပေးခဲ့သည်ဟု သတင်းများအရသိရသည်။

အစ္စရေး၏ခြိမ်းခြောက်မှုများသည် “အီရန်၏နျူကလီးယားကိစ္စသည် ကပ်ဘေးဆိုက်ရောက်နိုင်သည့် အလားအလာ အလွန်မြင့်မားသည်။ အကယ်၍ ဆွေးနွေးမှုများ ပျက်ပြားပါက စစ်ရေးလုပ်ရပ်များ ဖြစ်ပွားလာနိုင်သည်” ဟု Grossi က သောကြာနေ့ (ဇွန် ၆) တွင် ထုတ်ဝေခဲ့သည့် Financial Times နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ထို့အပြင် တစ်ကြိမ်တည်း တိကျသောတိုက်ခိုက်မှုတစ်ခုဖြင့် အီရန်၏ ခိုင်ခံ့သော နျူကလီးယားပစ်မှတ်များကို အပြီးတိုင် ဖျက်ဆီးနိုင်မည် မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“အထိခိုက်မခံနိုင်သောနေရာများသည် မြေအောက် မိုင်ဝက်ခန့် (ခန့်မှန်းခြေ အားဖြင့် ၈၀၀ မီတာ) အနက်တွင် တည်ရှိသည်။ မိမိကိုယ်တိုင် အကြိမ် များစွာ ရောက်ဖူးသည်။ ထိုနေရာသို့ရောက်ရန် ခရုပတ် ဥမင်လိုဏ်ခေါင်း များကို ဆင်းခဲ့ရသည်” ဟု Grossi က ရှင်းပြခဲ့သည်။

“လက်ရှိအချိန်တွင် အီရန်၌ နျူကလီးယားလက်နက် မရှိသေးသော်လည်း ယင်းကို ထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းတွေတော့ ရှိနေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

Grossi သည် ယခင်ကလည်း တီဟီရန်၏ ယူရေနီယမ်သန့်စင်မှု လုပ်ငန်းစဉ်များ တိုးမြင့်လာနေခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများ ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

အီရန်၏နျူကလီးယားအစီအစဉ်သည် လုံးဝငြိမ်းချမ်းစွာအသုံးပြုရန် ရည်ရွယ်ချက်သာဖြစ်ကြောင်း သက်သေပြရန် ရည်ရွယ်ထားသည်ဟု နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီဂျစ်ရုပ်မြင်သံကြား Nile News နှင့် သောကြာနေ့တွင် ထုတ်ဝေခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ အီရန်အနေဖြင့် အာဏာရှင် Ayatollah Ali Khamenei ၏ နျူကလီးယားလက်နက်များကို ဘာသာရေးအရ တားမြစ်ထားမှုကို ချိုးဖောက်ရန် မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။

သို့သော်လည်း အီရန်သည် မိမိတို့၏ ပြည်တွင်း ယူရေနီယမ် သန့်စင် နိုင်စွမ်းကို စွန့်လွှတ်ရမည့် သဘောတူညီချက်မျိုးကို လက်မခံနိုင်ဟုAraghchi က ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က ပြောကြားခဲ့သည်။ “ယူရေနီယမ် သန့်စင်ခွင့် မပေးလျှင် သဘောတူညီချက် မရနိုင်ပါ။ နျူကလီးယား လက်နက် မလိုချင်ဘူးဆိုရင်တော့ သဘောတူညီမှု ရနိုင်ပါသည်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ပါကစ္စတန်သို့ တရုတ်က ပဉ္စမမြောက် မျိုးဆက်သစ် J-35A အမျိုးအစား တိုက်လေယာဉ်များ ပေးပို့

အိန္ဒိယနှင့်ပါကစ္စတန် နယ်စပ်အငြင်းပွားမှု လက်ရှိဆက်လက် ဖြစ်ပွားနေစဉ်အတွင်း တရုတ်နိုင်ငံက ၎င်းတို့၏ ပဉ္စမမြောက်မျိုးဆက်သစ် J-35A အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်များကို ပါကစ္စတန် နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ ကိုယ်ပျောက်တိုက်လေယာဉ်များကို ပါကစ္စတန်နိုင်ငံသို့ ပေးပို့လိုက်ခြင်းသည် အိန္ဒိယလေတပ်မတော်အတွက် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့ကြောင်း Army Recognition Group. က ဇွန်လ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ပါကစ္စတန်လေတပ်မတော် အနေဖြင့် အဆိုပါကိုယ်ပျောက် တိုက်လေယာဉ်များအား အကန့်အသတ်ဖြင့်သာ လက်ခံရရှိခဲ့သော်လည်း ယင်းနိုင်ငံ၏ လေကြောင်းစစ်ပွဲ ဆင်နွှဲမှုတွင် အိန္ဒိယနိုင်ငံအား သာလွန်သွားဖွယ်ရှိကြောင်း Army Recognition Group. ကဖော်ပြထားသည်။

ပါကစ္စတန်လေတပ်မတော်သည် အဆိုပါ J-35A တိုက်လေယာဉ်များကို အသုံးပြု၍ နက်ရှိုင်းသည့် လေကြောင်း တိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်သည့်အပြင် ၎င်းတိုက်လေယာဉ်သည် တရုတ်နိုင်ငံလုပ် နောက်ဆုံး မျိုးဆက်ဖြစ်သည့် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များကိုပါ  ပေါင်းစပ် အသုံးပြုနိုင်သည်။

အိန္ဒိယနိုင်ငံသည် လက်ရှိတွင် အဓိကအားဖြင့် Su-30MKနှင့် MiG-29UPG လေယာဉ်များကိုသာ အသုံးပြုလျက်ရှိပြီး ပါကစ္စတန် လေတပ်မတော်၏ လေကြောင်းစွမ်းရည်ကို အမီလိုက်ရန်အတွက် ပြင်သစ် နိုင်ငံလုပ် အဆင့်မြင့်နည်းပညာသုံး နောက်ဆုံးမျိုးဆက်  Rafale  F3R  ဘက်စုံသုံး တိုက်လေယာဉ် လိုအပ်လျက်ရှိသည်။

MWD Web Portal

အမေရိကန်က ကိယက်ဗ်အတွက် စစ်ရေးအထောက်အပံ့များကို အရှေ့ အလယ်ပိုင်းဒေသသို့ လွှဲပြောင်းပေးနေကြောင်း ဇီလန်စကီး ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ယခင်သမ္မတ ဘိုင်ဒင်က ကိယက်ဗ်ကို ကတိပေးခဲ့သည့် များစွာသောစစ်ရေးအကူအညီများကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့သည်ဟု ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ABC သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ရုရှား၏ တာဝေးပစ် ဒုန်းကျည် များကို ကြားဖြတ်တိုက်ခိုက်နိုင်ရန်အတွက် အရေးတကြီးလိုအပ်နေသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ဒုံးကျည်အမြောက်အမြား ပါဝင်သည်ဟု ၎င်းက ဆိုပါသည်။

ယူကရိန်းခေါင်းဆောင်က အဆိုပါကိစ္စကို တနင်္ဂနွေနေ့ (ဇွန် ၈) က ထုတ်လွှင့်ခဲ့သည့် ABC သတင်းဌာန၏ Martha Raddatz နှင့် တွေ့ဆုံ မေးမြန်းမှုတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး အမေရိကန် ထောက်ပံ့မှု ၏ အရေးပါမှုနှင့်ပတ်သက်၍ မေးမြန်းမှုတွင် ဇီလန်စကီးက ယူကရိန်းစစ်တပ်သည် ရုရှားဒရုန်းများ၏တိုက်ခိုက်မှုကို ၎င်းတို့အစွမ်းနှင့်သာ ရုန်းကန် ကာကွယ်နေရသည်ဟု ဝန်ခံခဲ့ပါသည်။

အီရန်က ရုရှားကို ထောက်ပံ့ပေးထားသည့် Shahed ဒရုန်းများ၏ တိုက်ခိုက်မှုကို အသဲအသန်ကာကွယ်နေရကြောင်းပြောဆိုခဲ့ပြီး ရုရှားနှင့် အီရန်နှစ်နိုင်ငံလုံးက အဆိုပါ ဒရုန်းများနှင့် ပတ်သက်သည့် အချက်ကို ယခင်က ငြင်းဆိုခဲ့ဖူးသည်။

ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Lloyd Austin က အထူးနည်းပညာကိုအခြေခံသည့် ဒရုန်းကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည် ၂၀,၀၀၀ ကို ယူကရိန်းကို ပေးအပ်ရန် ကတိပေးခဲ့ကြောင်း ဇီလန်စကီးက ဆိုပါသည်။ 

လက်ရှိကာကွယ်ရေးဝန်ကြီးက အမေရိကန်၏ အဆိုပါလက်နက်များကို အရှေ့အလယ်ပိုင်းဒေသကို ရွှေ့ပြောင်းလိုက်သည်ဟု ဇီလန်စကီးက ပြောကြားခဲ့ပြီး အမေရိကန်၏ စစ်ရေးအကူအညီမရှိပါက ရုရှားသည် စစ်ပွဲတွင်အနိုင်ရရန် အခွင့်အလမ်းပိုများပြီး ယူကရိန်းအနေဖြင့် ဆုံးရှုံးမှု များ ပိုမိုများပြားလာမည်ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် Wall Street Journal က ပင်တဂွန်သည် ယူကရိန်းအတွက် သတ်မှတ်ပေးထားသည့် ဒရုန်းကြားဖြတ် တိုက်ခိုက်ရေး လက်နက်များကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံ လွှဲပြောင်းပေးပို့နေသည်ဟု ဖော်ပြခဲ့ပါသည်။

သမ္မတထရမ့်သည် ယူကရိန်းကို စစ်ရေးဆက်လက်ထောက်ပံ့မှုနှင့် ပတ်သက်၍ မကြာခဏမေးခွန်းထုတ်လေ့ရှိပြီး မော်စကိုနှင့် ကိယက်ဗ်အား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် တွန်းအားပေး ဆောင်ရွက်လျက် ရှိသည်။

ယူကရိန်းပဋိပက္ခ၌ အမေရိကန်ပါဝင်မှုကို ဝေဖန်ပြောဆိုခဲ့သူ ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် ယူကရိန်းကို စစ်ရေး အကူအညီ ပေးအပ်မှုအပေါ် ညှိနှိုင်းမည့် NATO အစည်းအဝေးကို တက်ရောက်ခြင်း မရှိခဲ့ပေ။ Wall Street Journal ၏ဖော်ပြချက်အရ ထရမ့်အစိုးရသည် ယူကရိန်းကို ဒေါ်လာ ၃.၈၅ ဘီလီယံတန်လက်နက်များပေးအပ်ရန် ယခင် အစိုးရက ကတိပြုခဲ့မှုကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

မော်စကိုက ကိယက်ဗ်ကို ဥရောပ၏လက်နက်တင်ပို့ထောက်ပံ့မှုများကို အဆက်မပြတ်ရှုတ်ချခဲ့ပြီး ယင်းသို့တင်ပို့ခြင်းသည် ပဋိပက္ခကို မပြီးဆုံး စေဘဲ ပိုမိုဆိုးရွားလာစေပြီး ဘေးဒုက္ခများဆီသို့ တွန်းပို့ သကဲ့သို့ ဖြစ်စေ သည်ဟု ဆိုပါသည်။