သတင်းများ

ဩစတြီးယားနိုင်ငံတွင် ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံး

ဩစတြီးယားအာဏာပိုင်များက Graz မြို့ရှိ အထက်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူအပါအဝင် လူ ၁၀ ဦး သေဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့က ဇွန်လ ၁၀ရက်နေ့ တွင် ဩစတြီးယားတောင်ပိုင်း Graz မြို့ရှိ Dreierschützengasse အထက်တန်းကျောင်းအတွင်း သေနတ် ပစ်ခတ်မှုဖြစ်ပွားခြင်းကြောင့် ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဩစတြီးယားသတင်းဌာန APA က ရဲဌာန သတင်း အရင်းအမြစ်ကို ကိုးကား၍ “လက်ရှိအခြေအနေမှာ ရှင်းလင်းမှု မရှိသေးပါ” ဟု ဖော်ပြခဲ့သည်။

Graz မြို့တော်ဝန် Elke Kahr က လူကြီး ၁ ဦးနှင့် ကျောင်းသားများ အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ သေနတ်ကိုင်ဆောင်သူ သေဆုံးသွားပြီဖြစ်သော်လည်း ဩစတြီးယား အာဏာပိုင် များက ၎င်း၏လုပ်ဆောင်ခဲ့သည့် ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ဩစတြီးယားသတင်းစာ Salzburger Nachrichten ၏ ဖော်ပြချက်အရ ပစ်ခတ်သူသည် အသက် ၂၂ နှစ်အရွယ် ကျောင်းသားဟောင်း တစ်ဦး ဖြစ်ပြီး သေနတ်တစ်လက်နှင့် အမဲလိုက်ရိုင်ဖယ်တစ်လက် ကိုင်ဆောင်ထားကြောင်း သိရှိရသည်။ သံသယရှိသူ၏ ခန္ဓာကိုယ်ကို ကျောင်းအတွင်းရှိ ရေချိုးခန်းထဲတွင် တွေ့ရှိခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပစ်ခတ်သူတစ်ဦးတည်းသာ ဖြစ်သည် ဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့ပြီး ယခုအခါ ဒေသတွင်း လုံခြုံရေး အာမခံချက်ရရှိပြီဖြစ်ကြောင်းနှင့် ကျောင်းကို ရှင်းလင်းမှု ဆောင်ရွက်ပြီး ဖြစ်ကာ ဒဏ်ရာရရှိသူများအား ကုသမှုလုပ်ဆာင်ပေးနေကြောင်း ပြောကြားခဲ့သည်။ “ပြည်သူလူထုအတွက် နောက်ထပ်အန္တရာယ်မရှိတော့ပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဥရောပကော်မရှင် (EC) ဒုတိယဥက္ကဋ္ဌ Kaja Kallas က အဆိုပါ ပစ်ခတ်မှု အကြောင်းကြားသိရပြီးနောက် အလွန်တုန်လှုပ် ချောက်ခြား မိကြောင်း ပြောကြားခဲ့ပြီး “ကလေးအားလုံးသည် ကျောင်းတွင် လုံခြုံစွာရှိနေပြီး အကြမ်းဖက်မှုများနှင့် ကြောက်ရွံ့မှုမရှိဘဲ သင်ယူ နိုင်ရမည်” “အဆိုပါအဖြစ်ဆိုးအတွက် သေဆုံးသူများ၊ ၎င်းတို့၏ မိသားစု များနှင့် ဩစတြီးယားနိုင်ငံသားများနှင့်အတူ ထပ်တူဝမ်းနည်းရပါသည်” ဟု Ms. Kallas က ပြောကြားခဲ့သည်။ 

လူဦးရေ ၉.၂ သန်းနီးပါးရှိသော ဩစတြီးယားနိုင်ငံတွင် အများပြည်သူနေရာများ၌ တိုက်ခိုက်မှုများမှာ ရှားပါးသည်။ ဩစတြေးလျအခြေစိုက် Institute for Economics and Peace ၏ Global Peace Index အရ ဩစတြီးယားသည် ကမ္ဘာ့အန္တရာယ်အကင်းဆုံး နိုင်ငံ ၁၀ ခုအနက်မှ တစ်ခုဖြစ်သည်။

သို့သော် ဥရောပတွင် မကြာသေးမီနှစ်များအတွင်း ကျောင်းများနှင့် တက္ကသိုလ်များတွင် သေနတ်ပစ်ခတ်မှုနှင့် ဓားဖြင့်တိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက်များစွာမှာ အကြမ်းဖက်လုပ်ရပ် များနှင့် မသက်ဆိုင်ကြောင်း သိရှိရသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ Institute of International and Development Studies ၏ လေ့လာမှုအရ ဩစတြီးယားသည်လက်နက်ကိုင်ဆောင်မှုအများဆုံး ဥရောပနိုင်ငံများအနက်မှ တစ်ခု ဖြစ်ကာ လူ ၁၀ ဦးလျှင် သေနတ် ၃ လက် ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ ဩစတြီးယားသည် စက်သေနတ်များနှင့် pump-action ရိုင်ဖယ် သေနတ်များ ပိုင်ဆိုင်မှုကို တားမြစ်ထားပြီး သေနတ်များနှင့် semi-automatic လက်နက်များ ပိုင်ဆိုင်ရန် လိုင်စင်လိုအပ်သည်။ ရိုင်ဖယ်နှင့် သေနတ်များ ပိုင်ဆိုင်ရန် ဩစတြီးယားနိုင်ငံသားများသည် လိုင်စင်၊ အမဲလိုက်လိုင်စင် သို့မဟုတ် ရိုးရာ သေနတ်အသင်းဝင်အဖြစ် မှတ်ပုံတင် ထားရန် လိုအပ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီရန်က အကြမ်းဖက်တိုက်ခိုက်ခံရပါက အစ္စရေး၏ နျူကလီးယား စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ခြိမ်းခြောက်

အီရန်က အစ္စရေး၏ မြေအောက်နျူကလီးယားစက်ရုံများနှင့် ပတ်သက်သည့် အချက်အလက်များ ရရှိထားပြီး တယ်လ်အဗစ်မှ တီဟီရန်ကို တိုက်ခိုက် ပါက အဆိုပါစက်ရုံများကို ပြန်လည်တုံ့ပြန်တိုက်ခိုက်မည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည်။

အီရန်၏ အမျိုးသားလုံခြုံရေးကောင်စီက ဇွန်လ ၉ ရက်နေ့တွင် နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့အစည်းများသည် အစ္စရေး၏ နျူကလီးယား စက်ရုံ များနှင့်ပတ်သက်သည့် “အထိခိုက်လွယ်ပြီး နိုင်ငံရေးအရ အရေးပါသော စာရွက်စာတမ်းနှင့် အချက်အလက်များကို စုဆောင်းရရှိထားပြီ ဖြစ်ကြောင်း” ကြေညာခဲ့သည်။

“ထိုအချက်အလက်များက အီရန်လက်နက်ကိုင်တပ်ဖွဲ့များအား တယ်လ် အဗစ်မှ တီဟီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ပါက အစ္စရေး ၏ လျှို့ဝှက်နျူကလီးယားစက်ရုံများကို ချက်ချင်းပစ်မှတ်ထား တိုက်ခိုက် နိုင်စေမည်” ဟု အဆိုပါကောင်စီက ဆိုသည်။

ဇွန်လ ၇ ရက်နေ့က အီရန်မီဒီယာများက အစ္စရေးနှင့်ပတ်သက်သည့် စာရွက်စာတမ်းများစွာကို ရရှိထားကြောင်း ဖော်ပြခဲ့ပြီး ၎င်းတွင် ယခင်က ဖော်မပြခဲ့သော နျူကလီးယားစက်ရုံများနှင့် တယ်လ်အဗစ်၏ ကာကွယ်ရေး အစီအစဉ်များ ပါဝင်သည်။ အီရန်ထောက်လှမ်းရေးဝန်ကြီး အဲစ်မေးလ် ခါတစ်ဘ်က အဆိုပါစာရွက်စာတမ်းများတွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့်သက်ဆိုင်သည့် အချက်အလက်များပါဝင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ဤသည်ကို “အဖိုးမဖြတ်နိုင်သောအရာ” အဖြစ် ဖော်ပြခဲ့ပြီး တီဟီရန်မှ မကြာမီ စာရွက်စာတမ်းများ၏ အကြောင်း အရာများကို ထုတ်ပြန်မည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ အမှုဆောင် ဒါရိုက်တာ ရာဖေးလ် ဂရိုစီက အီရန်မှ စုဆောင်းထားသည်ဟုဆိုသော ထောက်လှမ်းရေးအချက်အလက်များနှင့် ပတ်သက်၍ IAEA သို့ တရားဝင်အကြောင်းကြားချက်မရှိသေးကြောင်း ပြောကြားခဲ့သည်။ ၎င်းက အီရန်သည် IAEA ၏ ကြီးကြပ်မှုအောက်ရှိ အစ္စရေး၏ ရီအက်တာနှင့် သုတေသန ဌာနဖြစ်သော ဆိုရက်ခ် (Soreq) ကို ရည်ညွှန်းနေဟန် တူကြောင်း ဖော်ပြခဲ့သည်။

အစ္စရေးအရာရှိများက အဆိုပါသတင်းများနှင့်ပတ်သက်၍ မှတ်ချက်မပြုသေးပေ။ အစ္စရေးနိုင်ငံသည် ၎င်း၏လက်နက်များနှင့် ပတ်သက်သည့် အချက်အလက်များကို တရားဝင်ဖော်ပြလေ့မရှိဘဲ လက်နက်စမ်းသပ်မှု များကိုလည်း အများမသိစေရန် လုပ်ဆောင်လေ့ရှိပါသည်။

ဂါဇာရှိ ဟားမက်အဖွဲ့ကို ထောက်ခံသည့် အီရန်နိုင်ငံအား ၎င်း၏ အဓိက ရန်သူအဖြစ် သတ်မှတ်ထားသော အစ္စရေးသည် အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ အကြိမ်ကြိမ် ပြုလုပ် ခဲ့သည်။ တယ်လ်အဗစ်က တီဟီရန်သည် အဏုမြူ လက်နက် ထုတ်လုပ်ရန် ရည်ရွယ်နေသည်ဟု ယုံကြည်နေစဉ်၊ အီရန်ကမူ ၎င်း၏ နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းရေးရည်ရွယ်ချက်များအတွက်သာ ဖြစ်ကြောင်း အခိုင်အမာ ဆိုထားသည်။

အမေရိကန်နှင့် အီရန်တို့ ဧပြီလတွင် နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ချိန်တွင် အစ္စရေး၏ သတိပေးချက်များ ပိုမိုမြင့်တက် လာခဲ့သည်။ အမေရိကန်သည် ၂၀၁၈ ခုနှစ်က ဒေါ်နယ်ထရမ့်၏ သမ္မတ သက်တမ်း ပထမအကြိမ်တွင် အီရန်နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့သည်။ အီရန်သည် ယင်းနောက်တစ်နှစ်အထိ သဘော တူညီချက်ကို လိုက်နာခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏ ကတိကဝတ်များကို တဖြည်းဖြည်း လျှော့ချခဲ့သည်။

ဝါရှင်တန်နှင့် တီဟီရန်တို့သည် မည်သည့်အကျိုးရလဒ်မှ မရှိဘဲ ဆွေးနွေးပွဲ ငါးကြိမ် ပြုလုပ်ခဲ့ကြပြီး နောက်တစ်ကြိမ်ဆွေးနွေးပွဲအတွက် ရက်စွဲကို နှစ်ဖက်လုံးက သဘောတူညီမှု မရရှိသေးပေ။ အမေရိကန် အရာရှိတစ်ဦးက ဆဋ္ဌမအကြိမ်မြောက် ဆွေးနွေးပွဲကို ဇွန်လ ၁၃ ရက် သို့မဟုတ် ၁၅ ရက်နေ့တွင် အိုမန် သို့မဟုတ် နော်ဝေနိုင်ငံ၌ ပြုလုပ် နိုင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့က အသက် ၂၅ နှစ်အောက် အကျဉ်းသားများကို အပြန်အလှန် လဲလှယ်

ရုရှားနှင့်ယူကရိန်းနိုင်ငံတို့သည် မကြာသေးမီက ရရှိခဲ့သည့် သဘောတူညီချက် ၏ တစ်စိတ်တစ်ပိုင်းအရ ဇွန်လ ၉ ရက် တွင် အသက် ၂၅ နှစ်အောက်ရှိ အကျဉ်းသားများကို  အပြန်အလှန် လဲလှယ်မှုလုပ်ကြောင်း သိရသည်။

ထိုလဲလှယ်မှုတွင် ယူကရိန်းဘက်က ထိန်းချုပ်ထားသော နယ်မြေများမှ ရုရှား စစ်သည် ပထမအသုတ်သည် ဘယ်လာရုစ်နိုင်ငံသို့ပြန်ရောက်လာပြီဖြစ်ပြီး အသက် ၂၅ နှစ်အောက်ရှိ ယူကရိန်း တပ်မတော်သားများကိုလည်း ပြန်လည်စေလွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရုရှားနှင့်ယူကရိန်းတို့သည် ပြီးခဲ့သည့် သီတင်းပတ်တွင် အစ္စတန်ဘူမြို့၌ ဆောင်ရွက်သော မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွင်  ဒဏ်ရာပြင်းထန်စွာ ရရှိထားသူများ၊ ကျန်းမာရေး မကောင်းသူများ၊ အသက်၂၅ နှစ်အောက် ရှိသူများကို  လဲလှယ်ရန် သဘောတူခဲ့ကြောင်း သိရသည်။

MWD Web Portal

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျူဝတ်ကျေးရွာနေ ဦးရဲရွှေ(စိစစ်ဆဲ)နှင့် ဦးအောင်မောင်း(စိစစ်ဆဲ) တို့သည် ကျေးရွာလမ်းအား ပြုပြင်ရန်အတွက် အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

ယူကရိန်းအထူးတပ်ဖွဲ့များက လေဆိပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ရုရှားတိုက်လေယာဉ် နှစ်စီးကို ဖျက်ဆီး

ယူကရိန်း အထူးတပ်ဖွဲ့များသည် ရုရှားနယ်မြေအတွင်းရှိ Kinzhal ဒုံးပျံတင်ဆောင်ထားသော MiG-31 တိုက်လေယာဉ်များ တပ်စွဲထားသည့် လေတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး တိုက်လေယာဉ် နှစ်စီးကို ထိမှန်ခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

ယူကရိန်းတပ်မတော် စစ်ဌာနချုပ်က ဇွန်လ ၉ ရက်နေ့တွင် အထူး တပ်ဖွဲ့များနှင့် တပ်ဖွဲ့ဝင်အများအပြားသည် ရုရှားနိုင်ငံ Nizhny Novgorod ခရိုင်ရှိ Savasleyka လေဆိပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါလေဆိပ်သည် Kinzhal ဟိုက်ပါဆောနစ် ဒုံးပျံများ တပ်ဆင်ထားသည့် MiG-31K တိုက်လေယာဉ်များ ပုံမှန် ပျံတက်လေ့ ရှိပါသည်။

“ကနဦးအချက်အလက်များအရ ရန်သူလေယာဉ် နှစ်စီးကို ထိမှန်ခဲ့ပြီး MiG-31 တိုက်လေယာဉ်နှင့် Su-30 (သို့) Su-34 တို့ဖြစ်နိုင်ပြီး အချက် အလက်များကို အတည်ပြုနေဆဲဖြစ်သည်” ဟု ယူကရိန်းတပ်မတော်က ပြောကြားခဲ့ပါသည်။ ယူကရိန်းဘက်က တိုက်ခိုက်မှုနည်းလမ်းနှင့် ပတ်သက်၍ ရှင်းလင်းချက်မပေးခဲ့ဘဲ သက်သေအထောက်အထားလည်း မဖော်ပြခဲ့ပေ။

Nizhny Novgorod ခရိုင်အုပ်ချုပ်ရေးမှူး Gleb Nikitin က ပျက်စီး သွားသည့် ဒရုန်းအပိုင်းအစအချို့ လူနေရပ်ကွက်အတွင်း ကျရောက်ခဲ့သော်လည်း လူသေဆုံးမှုမရှိကြောင်း ပြောကြားခဲ့ပါသည်။ ရုရှားတိုက် လေယာဉ်မှူးများ၏ လူမှုကွန်ရက်စာမျက်နှာ Fighter Bomber တွင် ယူကရိန်းတပ်ဖွဲ့များသည် Savasleyka လေဆိပ်ကို အသေခံဒရုန်း များဖြင့် တိုက်ခိုက်ခဲ့သော်လည်း “လေယာဉ်ပျက်စီးမှု (သို့) ထိခိုက်မှုမရှိ” ဟု ဆိုပါသည်။

ထိုနေ့တွင်ပင် ယူကရိန်းတပ်မတော်က ရုရှားနိုင်ငံ Chuvashia သမ္မတ နိုင်ငံ Cheboksary ဒေသရှိ ရုရှား၏ UAV နှင့် ဒုံးပျံများအတွက် လမ်းညွှန်စနစ်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတစ်ခုကို အနည်းဆုံး အသေခံ ဒရုန်း (၂) စီးဖြင့် တိုက်ခိုက်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားကာ စက်ရုံ လည်ပတ်မှု ရပ်ဆိုင်းသွားရကြောင်း ကြေညာခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၉ ရက်နေ့တွင် ယူကရိန်း၏ အရွယ်အစားကြီးမားသော UAV (၄၉) စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနက် (၂) စီးကို Chuvashia သမ္မတနိုင်ငံတွင်၊ (၁၃) စီးကို Nizhny Novgorod ဒေသတွင် ပစ်ချခဲ့ပြီး ကျန်ဒရုန်းများကို Kursk၊ Voronezh၊ Oryol၊ Bryansk နှင့် Belgorod ဒေသများအပေါ် ပျံသန်းနေစဉ် ပစ်ချဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Chuvashia သမ္မတနိုင်ငံ၏ ခေါင်းဆောင် Oleg Nikolaev က Cheboksary ရှိ VNIIR စက်ရုံတွင် UAV (၂) စီး ပျက်ကျခဲ့ပြီး ဝန်ထမ်း များ၏ ဘေးကင်းရေးအတွက် စက်ရုံလည်ပတ်မှုကို ယာယီ ရပ်ဆိုင်းခဲ့ ရကြောင်း အတည်ပြုခဲ့သည်။ ဒရုန်းအကြွင်းအကျန်များသည် Cheboksary နှင့် Krasnoarmeysky ခရိုင်များရှိ လူသူမနီးသော နေရာများတွင် ကျရောက်ခဲ့ပြီး အရပ်သားများအတွက် အန္တရာယ်မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပွင့်ဖြူမြို့နယ်၊ ထိန်အိုင်ကျေးရွာနေ ဦးတင်မျိုး(၄၃)နှစ်နှင့် ဦးတင်မွှေး(၅၅)နှစ်တို့သည် ကျေးရွာမြောက်ဘက် နှစ်မိုင်ခန့် အကွာရှိ ယာတောအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထားသည့် လက်လုပ်တိုက်မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တို့တွင် အကြမ်းဖက်အဖွဲ့များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာရုံးများအား တိုက်ခိုက်ဖျက်ဆီးခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၈ ရက် နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ လှော်ကထားကျေးရွာအုပ်စု၊ ဥယျာဉ်ကုန်းကျေးရွာ ရာအိမ်မှူး ဦးမြင့်အောင်အား အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)မှ ဆိုင်ကယ် ငါးစီးဖြင့် ဥယျာဉ်ကုန်းကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။

 အလားတူ ဇွန် ၉ ရက် နံနက် ၆ နာရီ ၃၂ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မိကျောင်းလှောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းကြွယ်ထံသို့ KNU တပ်မဟာ(၄) နယ်မြေတာဝန်ခံ စောတာနော်နော်မှ “ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၄)(၆/၂၀၂၅)အတွက် ကျေးရွာအတွင်း ပုံစံ(၂)ဖြန့်ဝေသည့်ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ကလုံးထာကျေးရွာမှ လော့သိုင်းကျေးရွာအုပ်စု၊ မလွှဲတောင်အထိ လုံခြုံရေးယူထားကြောင်း၊ ကလုံးထာကျေးရွာမှ မလွှဲတောင်အထိ စစ်မှုထမ်းခေါ်ခွင့်မပေးနိုင်ကြောင်း၊ ဆက်လက်ဆောင်ရွက်ပါက ဖြစ်လာသည့်ပြဿနာအား ၎င်းကို အဆိုးမဆိုနဲ့” ဟုဖုန်းဖြင့်ဆက်သွယ်၍ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

UK သည် အကြမ်းဖက်လုပ်ရပ်များ စီစဉ်ရာတွင် ယူကရိန်းကို ၁၀၀% ကူညီပေးနေသည်ဟု လာဗရော့ဗ် ပြောဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဗြိတိန်သည် ရုရှား နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ရာတွင် ယူကရိန်းကို ၁၀၀% ကူညီပေးနေကြောင်း သံသယဖြစ်စရာ မရှိဟု ပြောကြားခဲ့သည်။

ယခုလအစပိုင်းမှစ၍ ရုရှားရထားလမ်းများတွင် ဖျက်ဆီးမှုအချို့ ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံးဖြစ်ရပ်မှာ ဇွန်လ ၁ ရက်နေ့တွင် Bryansk ဒေသ၌ ခရီးသည်တင် ရထားတစ်စီးရှေ့မှ တံတားပြိုကျမှုကြောင့် လူ ၇ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။

ထိုနေ့တွင်ပင် ယူကရိန်းသည် အာတိတ်ဒေသရှိ Murmansk မှ ဆိုက်ဘေးရီးယားရှိ Irkutsk အထိ ရုရှားလေကြောင်း အခြေစိုက်စခန်းများကို ကုန်တင်ထရပ်ကားများမှ ပစ်ခတ်သည့် ဒရုန်းများဖြင့် ပေါင်းစပ် တိုက်ခိုက်ခဲ့သည်။ မော်စကို၏အဆိုအရ ဝင်ရောက်လာသည့် ဒရုန်း အများစုကို ပစ်ချနိုင်ခဲ့ပြီး ပျက်စီးခဲ့သည့် ရုရှားလေယာဉ်များအနက် ပြန်လည် မပြုပြင်နိုင်သည့် အခြေအနေမရှိဟု ဆိုသည်။ 

တနင်္လာနေ့ (ဇွန် ၉) က မော်စကိုတွင် ကျင်းပသည့် “အနာဂတ် ၂၀၅၀ ဖိုရမ်” တွင် ပြောကြားရင်း လာဗရော့က ရုရှားတွင် “အကြမ်းဖက် ခြိမ်းခြောက်မှု အဆင့်မြင့်တက်လာနိုင်သည့် အန္တရာယ်ရှိနေကြောင်း” ဝန်ခံပြောဆိုခဲ့သည်။

“အဆိုပါလုပ်ရပ်အားလုံးကို ယူကရိန်းဘက်မှ ဆောင်ရွက်နေသည်မှာ အထင်အရှားဖြစ်သော်လည်း ဗြိတိန်၏ထောက်ခံမှုမရှိပါက ၎င်းတို့ဘာမျှ မတတ်နိုင်ပါ” ဟု ၎င်းကပြောကြားခဲ့သည်။

ထိုသို့သောလုပ်ရပ်များကို ယခင်က အမေရိကန်နှင့် ဗြိတိန်နှစ်နိုင်ငံစလုံးက ထောက်ခံခဲ့သော်လည်း “ယခုအခါတွင် ဗြိတိန်တစ်ခုတည်းနှင့်သာ သက်ဆိုင်နေပြီ” ဟု လာဗရော့ဗ်က ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် မော်စကိုနှင့် ပြန်လည်ဆက်သွယ်ရန်နှင့် ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းမှုများ ပြောင်းလဲလာသည့်တိုင် ဗြိတိန်သည် ယူကရိန်း၏ အခိုင်မာဆုံးထောက်ခံသူတစ်ဦးအဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“သို့သော် ဘယ်သူသိမလဲ၊ အမေရိကန်တွင် အလေ့အထအားဖြင့်ထိုသို့သောလုပ်ဆောင်မှုများတွင် ပါဝင်နေဆဲ အထူးဝန်ဆောင်မှု အဖွဲ့ အချို့ ရှိနေကောင်းရှိနေနိုင်သော်လည်း ဗြိတိသျှတို့မှာမူ ၁၀၀% ပါဝင် ပတ်သက်နေပါသည်” ဟု လာဗရော့ဗ်က အလေးအနက်ထား ပြောကြားခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်အတွင်း မော်စကို၏ လန်ဒန်သံအမတ်ကြီး Andrey Kelin ကလည်း ရုရှားလေကြောင်းအခြေစိုက်စခန်းများကို ယူကရိန်း ဒရုန်းတိုက်ခိုက်မှုများတွင် ဗြိတိန်ပါဝင်ပတ်သက်နေကြောင်း အလားတူ စွပ်စွဲခဲ့ဖူးသည်။

ကိုးကား- RT

လော့စ်အိန်ဂျလိစ် ဆူပူမှုများကို ထိရောက်စွာ ကိုင်တွယ်ရန် ထရမ့်က တာဝန်ရှိသူများကို ညွှန်ကြား

သမ္မတ ဒေါ်နယ်ထရမ့်က Los Angeles ၌ ရက်ပေါင်းများစွာ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် အဓိကရုဏ်းများကို အဆုံးသတ်နိုင်ရေး အစိုးရ ဌာနဆိုင်ရာ အကြီးအကဲများကို လိုအပ်သည့် လုပ်ဆောင်မှုအားလုံး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပြီး National Guard တပ်ဖွဲ့ဝင်များကို စေလွှတ်ကာ ရာဇဝတ်မှုကျူးလွန်သူ ရွှေ့ပြောင်းနေထိုင်သူများ၏ ကျူးကျော် ဝင်ရောက်မှုမှ မြို့တော်ကို လွတ်မြောက်စေမည်ဟု ကတိပြုခဲ့ပါသည်။

“တစ်ခါက အမေရိကန်၏ ကြီးကျယ်ခမ်းနားသည့် မြို့တော် Los Angeles သည် တရားမဝင် ဝင်ရောက်နေထိုင်သူများနှင့်  ရာဇဝတ်သမားများ၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံနေရပါပြီ” “ယခုဆိုရင် အကြမ်းဖက် ဆူပူ အုံကြွမှု လုပ်ဆောင်နေသူများသည် မိမိတို့၏ တရားမဝင် ခိုးဝင်လာ သူများကို ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေကို ရပ်တန့်ရန် ဖက်ဒရယ် အေးဂျင့်တွေကို ဝိုင်းပြီး တိုက်ခိုက်နေကြပါသည်။ သို့သော် ဤဥပဒေမဲ့ မင်းမဲ့စရိုက်အခြေအနေများသည် မိမိတို့၏ စိတ်ဓာတ်ကို ပိုမို ခိုင်မာစေ ပါသည်။မြို့တော်တွင် ငြိမ်းချမ်းရေး ပြန်လည်ထူထောင်မည်၊ တရားမဝင် နေထိုင်သူများကို နှင်ထုတ်မည်၊ Los Angeles ကို လွတ်မြောက်စေမည်” ဟု ထရမ့်က တနင်္ဂနွေနေ့ (ဇွန် ၈) တွင် Truth Social ၌ ရေးသား ခဲ့ပါသည်။

သမ္မတ က Homeland Security ဝန်ကြီး Kristi Noem၊ ကာကွယ်ရေး ဝန်ကြီး Pete Hegseth နှင့် ရှေ့နေချုပ် Pam Bondi တို့ကို ဖက်ဒရယ် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး အကြမ်းဖက်မှုနှင့် အဓိကရုန်းများကို ထိထိရောက်ရောက်ထိန်းသိမ်းရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့ ပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

စစ်ရေးအကူအညီ စံချိန်တင်လက်ခံရရှိဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြောကြား

ယခု ၂၀၂၅ ခုနှစ်သည် ယူကရိန်းနိုင်ငံသို့ အခြားနိုင်ငံများက ပေးအပ်သည့် စစ်ရေးအကူအညီ စံချိန်တင်မြင့်တက်လာသည့် နှစ်ဖြစ်ကြောင်း  ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရက်တမ်အူမာရော့ဗ် ကပြောသည်။

ယူကရိန်းနိုင်ငံအတွက် လုံခြုံရေးအရ အကူအညီပေးအပ်မှုသည် ယခင်နှစ်များက ပေးအပ်သည့် အကူအညီပမာဏထက် ပိုမိုမြင့်တက်လာကြောင်း အူမာရော့ဗ်က ဇွန်လ ၈ရက်တွင် ပြောကြားခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံသို့  ပေးအပ်မည့် စစ်ရေးအကူအညီများတွင်  ဂျာမနီနိုင်ငံက ယူရို  ၅  ဘီလီယံ၊  ဘယ်ဂျီယံက  ယူရို ၁ ဘီလီယံ၊ နော်ဝေနိုင်ငံက ယူရိုသန်း ၇၀၀၊ ဆွီဒင်နိုင်ငံက ယူရို သန်း ၄၄၀၊ နယ်သာလန်နိုင်ငံက ယူရို သန်း ၄၀၀ နှင့် ကနေဒါနိုင်ငံက ဒေါ်လာ ၄၅ သန်း ပေးအပ်ရန် လျာထားသည်။

လက်ရှိတွင် အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသည့် စစ်ရေး အကူအညီများအား လျှော့ချ သို့မဟုတ် ရပ်ဆိုင်းသွားနိုင်ပြီး သမ္မတဒေါ်နယ်ထရမ့် အနေဖြင့် အမေရိကန်၏ အကျိုးစီးပွား ကာကွယ်ရေးကိုသာ လုပ်ဆောင်နိုင်ဖွယ်ရှိသောကြောင့် ယူကရိန်းနိုင်ငံ၏ ဥရောပ မဟာမိတ်နိုင်ငံများက ဆက်လက်ထောက်ပံ့ ရနိုင်ဖွယ်ရှိကြောင်း ရုရှားစစ်ရေး ကျွမ်းကျင်သူ အငြိမ်းစား ဗိုလ်မှူးကြီး အန်တိုလီ မက်ဗီချက်က ဇွန်လ ၆ ရက်တွင် ပြောကြားထားသည်။  