သတင်းများ

အမေရိကန်က ကိယက်ဗ်အတွက် စစ်ရေးအထောက်အပံ့များကို အရှေ့ အလယ်ပိုင်းဒေသသို့ လွှဲပြောင်းပေးနေကြောင်း ဇီလန်စကီး ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် ယခင်သမ္မတ ဘိုင်ဒင်က ကိယက်ဗ်ကို ကတိပေးခဲ့သည့် များစွာသောစစ်ရေးအကူအညီများကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့သည်ဟု ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ABC သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ရုရှား၏ တာဝေးပစ် ဒုန်းကျည် များကို ကြားဖြတ်တိုက်ခိုက်နိုင်ရန်အတွက် အရေးတကြီးလိုအပ်နေသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်သုံး ဒုံးကျည်အမြောက်အမြား ပါဝင်သည်ဟု ၎င်းက ဆိုပါသည်။

ယူကရိန်းခေါင်းဆောင်က အဆိုပါကိစ္စကို တနင်္ဂနွေနေ့ (ဇွန် ၈) က ထုတ်လွှင့်ခဲ့သည့် ABC သတင်းဌာန၏ Martha Raddatz နှင့် တွေ့ဆုံ မေးမြန်းမှုတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး အမေရိကန် ထောက်ပံ့မှု ၏ အရေးပါမှုနှင့်ပတ်သက်၍ မေးမြန်းမှုတွင် ဇီလန်စကီးက ယူကရိန်းစစ်တပ်သည် ရုရှားဒရုန်းများ၏တိုက်ခိုက်မှုကို ၎င်းတို့အစွမ်းနှင့်သာ ရုန်းကန် ကာကွယ်နေရသည်ဟု ဝန်ခံခဲ့ပါသည်။

အီရန်က ရုရှားကို ထောက်ပံ့ပေးထားသည့် Shahed ဒရုန်းများ၏ တိုက်ခိုက်မှုကို အသဲအသန်ကာကွယ်နေရကြောင်းပြောဆိုခဲ့ပြီး ရုရှားနှင့် အီရန်နှစ်နိုင်ငံလုံးက အဆိုပါ ဒရုန်းများနှင့် ပတ်သက်သည့် အချက်ကို ယခင်က ငြင်းဆိုခဲ့ဖူးသည်။

ယခင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်၌ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Lloyd Austin က အထူးနည်းပညာကိုအခြေခံသည့် ဒရုန်းကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည် ၂၀,၀၀၀ ကို ယူကရိန်းကို ပေးအပ်ရန် ကတိပေးခဲ့ကြောင်း ဇီလန်စကီးက ဆိုပါသည်။ 

လက်ရှိကာကွယ်ရေးဝန်ကြီးက အမေရိကန်၏ အဆိုပါလက်နက်များကို အရှေ့အလယ်ပိုင်းဒေသကို ရွှေ့ပြောင်းလိုက်သည်ဟု ဇီလန်စကီးက ပြောကြားခဲ့ပြီး အမေရိကန်၏ စစ်ရေးအကူအညီမရှိပါက ရုရှားသည် စစ်ပွဲတွင်အနိုင်ရရန် အခွင့်အလမ်းပိုများပြီး ယူကရိန်းအနေဖြင့် ဆုံးရှုံးမှု များ ပိုမိုများပြားလာမည်ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် Wall Street Journal က ပင်တဂွန်သည် ယူကရိန်းအတွက် သတ်မှတ်ပေးထားသည့် ဒရုန်းကြားဖြတ် တိုက်ခိုက်ရေး လက်နက်များကို အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များထံ လွှဲပြောင်းပေးပို့နေသည်ဟု ဖော်ပြခဲ့ပါသည်။

သမ္မတထရမ့်သည် ယူကရိန်းကို စစ်ရေးဆက်လက်ထောက်ပံ့မှုနှင့် ပတ်သက်၍ မကြာခဏမေးခွန်းထုတ်လေ့ရှိပြီး မော်စကိုနှင့် ကိယက်ဗ်အား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် တွန်းအားပေး ဆောင်ရွက်လျက် ရှိသည်။

ယူကရိန်းပဋိပက္ခ၌ အမေရိကန်ပါဝင်မှုကို ဝေဖန်ပြောဆိုခဲ့သူ ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် ယူကရိန်းကို စစ်ရေး အကူအညီ ပေးအပ်မှုအပေါ် ညှိနှိုင်းမည့် NATO အစည်းအဝေးကို တက်ရောက်ခြင်း မရှိခဲ့ပေ။ Wall Street Journal ၏ဖော်ပြချက်အရ ထရမ့်အစိုးရသည် ယူကရိန်းကို ဒေါ်လာ ၃.၈၅ ဘီလီယံတန်လက်နက်များပေးအပ်ရန် ယခင် အစိုးရက ကတိပြုခဲ့မှုကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

မော်စကိုက ကိယက်ဗ်ကို ဥရောပ၏လက်နက်တင်ပို့ထောက်ပံ့မှုများကို အဆက်မပြတ်ရှုတ်ချခဲ့ပြီး ယင်းသို့တင်ပို့ခြင်းသည် ပဋိပက္ခကို မပြီးဆုံး စေဘဲ ပိုမိုဆိုးရွားလာစေပြီး ဘေးဒုက္ခများဆီသို့ တွန်းပို့ သကဲ့သို့ ဖြစ်စေ သည်ဟု ဆိုပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များက နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များအား ပစ်မှတ်ထား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ ရိုက်နှက်ညှဉ်းပန်းသတ်ဖြတ်ခြင်းများ လုပ်ဆောင်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များနှင့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
 
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ အောင်မြေသာစံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ တွဲဖက်တာဝန်ထမ်းဆောင်နေသည့် အလုပ်သင် ဒုရဲအုပ် ချမ်းမြေ့အောင်၏ဖခင်ဖြစ်သူ ဦးကြည်ရွှင် (၆၅)နှစ်သည် “ရွှေမင်္ဂလာ” ခရီးသည်တင်မော်တော်ယာဉ်လိုင်းဖြင့် မြင်းခြံမြို့မှ မန္တလေးမြို့သို့ လိုက်ပါလာစဉ် နွားထိုးကြီးမြို့နှင့် ပြင်စည်ကျေးရွာကြားအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးကာ ဦးကြည်ရွှင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
 
အထက်ပါဖြစ်စဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးဝင်းနိုင်စိုး(၅၄)နှစ်သည် ၎င်း၏နေအိမ်မှ တောင်ငူမြို့သို့ ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် အမှတ်(၂) ရပ်ကွက်ရှိ စိုက်ပျိုးရေးခြံဝင်းအနီးအရောက် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ဆိုင်ကယ်အား တားဆီး၍ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ဦးဝင်းနိုင်စိုးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး သေဆုံးကာ၊ ပြည်သူ သုံးဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ် တစ်စီး ပျက်စီးခဲ့မှု မှတ်တမ်းဓာတ်ပုံများ။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာလမ်းဆုံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်နေစဉ် အဆိုပါနေရာနှင့် မီတာ ၁၀၀ ခန့်အကွာ လမ်းဘေးထန်းပင်အနီးမှ KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် တောင်စွန်းမြို့မှ ဘီးလင်းမြို့သို့ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသည့် တောင်စွန်းကျေးရွာနေ ဦးဇော်ဟိန်းအောင်(၅၂)နှစ်တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဇုတ်သုတ်ကျေးရွာနေ ဦးဟိန်းလင်းစိုး(၂၈)နှစ်၊ ဦးအောင်ကျော်ဆန်း(၃၂)နှစ်၊ ဦးနိုင်လင်းဦး(၂၈)နှစ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ရွှေပေါက္ကံမြို့နေ ဦးတင်ထွေးဦး(၅၈)နှစ် မောင်းနှင်လာသည့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ ဘေးလေကာမှန်များ ကွဲကြေကာ ယာဉ်၏ဝဲဘက်ခြမ်း မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အစ္စရေးက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပါလက်စတိုင်း မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ဟု ဆို

အစ္စရေးစစ်တပ်က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က အစ္စရေး တောင်ပိုင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပါလက်စတိုင်း အကြမ်းဖက် အဖွဲ့တစ်ခု၏ ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့သည်ဟု ထုတ်ပြန် လိုက်သည်။

ပါလက်စတိုင်း မုဂျာဟစ်ဒင်လှုပ်ရှားမှုနှင့် ၎င်း၏လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော မုဂျာဟစ်ဒင်တပ်များ၏ ခေါင်းဆောင် အာဆာ့ဒ် အဘူရှာရီယာ ကို အစ္စရေး၏ Shin Bet လုံခြုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကာ သုတ်သင်လိုက်ကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) က စနေနေ့ (ဇွန် ၇) တွင် ကြေညာခဲ့သည်။

၎င်းနှင့်အတူ ၎င်း၏ညီ အာမက်ဒ် အဘူရှာရီယာလည်း သေဆုံး သွားကြောင်း အဆိုပါ အကြမ်းဖက်အဖွဲ့က အတည်ပြုခဲ့သည်။ ယမန်နေ့ (ဇွန် ၆) က ဂါဇာမြို့ Sabra ရပ်ကွက်ရှိ ၎င်းတို့၏မိသားစုအိမ်ကို အစ္စရေး လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဂါဇာမြို့ပြကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြခဲ့သည်။

ဟားမက်အစိုးရထိန်းချုပ်သော Al-Aqsa TV အစီအစဉ်ကမူ အဆိုပါ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး များစွာ ဒဏ်ရာ ရရှိကြောင်း ဖော်ပြခဲ့သည်။ ဗီဒီယိုများတွင် ပြိုကျပျက်စီးနေသော ၄ ထပ် တိုက်အိမ်အပျက်ထဲမှ အသက်ရှင်လျက်ကျန်နေသူများအား ရှာဖွေ နေသည့်ပုံများ တွေ့ရသည်။

မုဂျာဟစ်ဒင်တပ်များသည် အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုတွင် ဟားမက်နှင့် အခြားပါလက်စတိုင်း အကြမ်းဖက်အဖွဲ့များနှင့်အတူပူးပေါင်းပါဝင်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှု၏ သင်္ကေတဖြစ်လာခဲ့သည့် မိသားစု တစ်စုအပါအဝင် အချို့သော အထင်ကရသုံ့ပန်းများကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အစ္စရေးစစ်တပ်အဆိုအရ အဘူရှာရီယာသည် ဂါဇာနယ်စပ်အနီးရှိ အစ္စရေးကျေးရွာ Nir Oz ကီဘုတ်ဇ် ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ကျေးရွာမှ နေထိုင်သူများစွာကို သတ်ဖြတ်ခဲ့ပြီး အချို့ ကို ဖမ်းဆီးခဲ့ကာ ယင်းဖြစ်စဉ်သည် နောက်ပိုင်းတွင် ဂါဇာစစ်ပွဲဆီသို့ ဦးတည်စေခဲ့သည်။

အစ္စရေးစစ်တပ်က ဟားမက်၏အစီအစဉ်ကို ကြိုတင်မသိရှိခဲ့သော်လည်း အဆိုပါ အကြမ်းဖက်အဖွဲ့ဝင်များသည် ဟားမက်၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အစ္စရေး၏အဆိုအရ အဘူရှာရီယာသည် ရှီရီ၊ အဲရီယယ်နှင့် ဖာကီရ် ဘီဘတ်စ် တို့အား ဖမ်းဆီးသတ်ဖြတ်မှုတွင် တိုက်ရိုက်ပါဝင်ခဲ့သည်။ မိခင်နှင့် သားနှစ်ယောက်ဖြစ်သည့် ထိုမိသားစုသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် အထင်ရှားဆုံးသော ဓားစာခံများထဲမှ မိသားစုတစ်စုဖြစ် ခဲ့ပြီး၊ အထူးသဖြင့် ငယ်ရွယ်သေးသော အသက် ၉ လသာ ရှိသေးသည့် ဖာကီရ်နှင့် ၄ နှစ်အရွယ် အဲရီယယ်တို့၏ သတင်းကြောင့် ကမ္ဘာတစ်ဝှမ်းမှ စိတ်မကောင်းဖွယ်ရာ သတင်းအဖြစ် ကျော်ကြားခဲ့သည်။

ဖာကီရ်သည် ဂါဇာသို့ အသက်အငယ်ဆုံး အသက်ရှင်လျက် ဖမ်းဆီး ခံရသူဖြစ်ပြီး၊ အသက်အငယ်ဆုံး သေဆုံးသူလည်းဖြစ်ခဲ့ရသည်။ မိခင် ရှီရီမှာ အသက် ၃၂ နှစ်ရှိပြီဖြစ်ကာ ဖခင်ရာဒန်မှာလည်း အဖမ်းခံခဲ့ ရသော်လည်း ရက်ပေါင်း ၄၄၈ ကြာ ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီတွင် အသက်ရှင်လျက် ပြန်လည် လွတ်မြောက် လာခဲ့သည်။

အဘူရှာရီယာ သေဆုံးမှုသတင်းကို တုံ့ပြန်သည့်အနေဖြင့် ဘီဘတ်စ် မိသားစုက အစ္စရေးစစ်တပ်အား “လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိကြောင်း” ဖော်ပြခဲ့ပြီး၊ ၎င်း၏သေဆုံးမှုသည် “နာကျင်စေရသော အကြမ်းဖက်မှုများ ပြီးဆုံးနိုင်ရန်အတွက် နောက်ထပ်ခြေလှမ်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရှီရီ၊ အဲရီယယ်နှင့် ဖာကီရ်တို့ကို ပြန်လည်ရရှိနိုင်မည် မဟုတ်သော်လည်း အဆိုပါအကျည်းတန်သည့် လူသတ်သမားများ အခြားမိသားစုတစ်ခုကို ထပ်မံအန္တရာယ်မပြုနိုင်တော့သည်ကို သိရခြင်းဖြင့် မိမိတို့၏ နာကျင်မှုအား အနည်းငယ်သက်သာရာရစေပါသည်” ဟု ဘီဘတ်စ်မိသားစုက “ဓားစာခံအဖြစ် ဖမ်းဆီးခံရသူများနှင့် ပျောက်ဆုံးနေသော မိသားစုများ ဖိုရမ်” မှတစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

IAEA အကြီးအကဲက Zaporozhye ဓာတ်အားပေးစက်ရုံ တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချ

ဥရောပ၏ အကြီးဆုံး Zaporozhye အဏုမြူ စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ Zaporozhye Nuclear Power Plant (ZNPP) ကို တိုက်ခိုက်မှု များသည် လက်သင့်မခံနိုင်ဖွယ်ရာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ခေါင်းဆောင် Rafael Grossi က ထုတ်ဖော် ပြောဆိုခဲ့သည်။

ရုရှားအာဏာပိုင်များက Zaporozhye ဒေသတွင် ဒရုန်းတိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး ယူကရိန်းစစ်တပ်ကို အပြစ်တင်ခဲ့သည့်အချိန်တွင် ၎င်း၏ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ မော်စကိုဘက်မှ ယခင်ကတည်းက ZNPP ကို ယူကရိန်းက ပစ်မှတ်ထားသည်ဟု မကြာခဏ စွပ်စွဲခဲ့ဖူးသည်။

၂၀၂၂ ခုနှစ်၊ မတ်လတွင် အဆိုပါစက်ရုံကို ရုရှားက ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်းတွင် ဒေသခံများက ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒခံယူပွဲတစ်ခုတွင် မဲပေးခဲ့ကြသည်။ ယူကရိန်းက ယင်းဆန္ဒခံယူပွဲကို ဟန်ပြဖြစ်သည်ဟု ငြင်းဆို ခဲ့သည်။ အလားတူအချိန်တွင် IAEA သည် ZNPP သို့ စောင့်ကြည့်ရေး အဖွဲ့စေလွှတ်ခဲ့ပြီး ယနေ့အထိ အဆိုပါနေရာတွင် ဆက်လက်တည်ရှိ နေဆဲဖြစ်သည်။

ရုရှား၏ Kaliningrad ဒေသရှိ Khrabrovo လေဆိပ်တွင် သတင်းထောက် များနှင့် ပြောဆိုရာတွင် Grossi က “အဏုမြူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၊ အထူးသဖြင့် Zaporozhye (ZNPP) တွင် မည်သည့် တိုက်ခိုက်မှုကိုမဆို လုံးဝလက်မခံနိုင်ပါ” ဟု ပြင်းပြင်းထန်ထန် ပြောကြား ခဲ့သည်။

သို့သော် ၎င်းသည် ယင်းဖြစ်စဉ်အတွက် ယူကရိန်း သို့မဟုတ် ရုရှား ဘက်ကို တရားခံအဖြစ် တိုက်ရိုက်အပြစ်မတင်ဘဲ IAEA ၏တာဝန်သည် နည်းပညာဆိုင်ရာသက်သက်သာဖြစ်ကြောင်း ထောက်ပြခဲ့သည်။

IAEA အကြီးအကဲ Grossi က အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ ၏ စောင့်ကြည့်မှတ်တမ်းတင်မှုများသည် တိုက်ခိုက်မှုများကို တားဆီးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

၎င်းသည် ရုရှား၏ အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom ၏ CEO Aleksey Likhachev နှင့် Kaliningrad တွင် တွေ့ဆုံခဲ့ပြီး သောကြာနေ့ (ဇွန် ၆) က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် Likhachev က ၎င်းဆွေးနွေးပွဲကို ကျယ်ပြန့်၍ အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးပွဲ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၎င်းက Zaporozhye အဏုမြူစွမ်းအင်စက်ရုံရှိ IAEA ၏ မစ်ရှင်သည် ကမ္ဘာတစ်ဝှမ်းရှိ အခြေအနေမှန်ကို သိရှိစေသည့် တံခါးတစ်ချပ်အဖြစ် အရေးပါကြောင်း ထောက်ပြခဲ့ပြီး ယင်းက သတင်းအချက်အလက်အမှားများနှင့် စိန်ခေါ်မှုများကို တိုက်ဖျက်ရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။

ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် IAEA အကြီးအကဲက စက်ရုံ တည်ရှိရာနေရာတွင် တာဝန်ထမ်းဆောင်နေသော အဖွဲ့သည် ဒရုန်း တိုက်ခိုက်မှုများကို ပြန်လည်ပစ်ခတ်နေသည့် ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း ဖော်ပြခဲ့ပြီး ယင်းဒရုန်းများသည် စက်ရုံ၏လေ့ကျင့်ရေးစင်တာကို တိုက်ခိုက်နေသည်ဟု ဆိုသည်။

Grossi က “စက်ရုံအပြင်ဘက်တွင် တည်ရှိသော လေ့ကျင့်ရေးစင်တာကို ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ယခုနှစ်အတွင်း စတုတ္ထ အကြိမ် ဖြစ်သည်” ဟု ပြောကြားကာ ZNPP ကို ဒရုန်းတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် လိုအပ်ကြောင်း သတိပေးခဲ့ပြီး ထိုသို့ဆက်လက် ဖြစ်ပွားပါက ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်နိုင်ကြောင်း သတိ ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် ည ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာနေ ဦးသန်းဇော်(၅၀)နှစ်သည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ ရှိနေစဉ် အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းဇော်တွင် နဖူးနှင့်ယာရင်အုံတို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။ 
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် ည ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာနေ ဦးသန်းဇော်(၅၀)နှစ်သည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ ရှိနေစဉ် အကြမ်းဖက်သမား သုံးဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းဇော်တွင် နဖူးနှင့်ယာရင်အုံတို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း သိရသည်။ 
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆားကျင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်အောင်(၄၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် နေအိမ်ရှေ့လမ်းမပေါ်သို့ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၆ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆားကျင်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးအောင်အောင်(၄၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် နေအိမ်ရှေ့လမ်းမပေါ်သို့ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်အောင်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် တိုက်မိုင်း တစ်လုံး ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၅ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်တောကျေးရွာ၏ တောင်ဘက်ရှိ တောအုပ်အတွင်း မျောခုတ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း တစ်လုံးအား တိုက်မိပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ ပြည်သူ့စစ်အဖွဲ့ဝင် ဦးအောင်ဆန်းဦး(၂၅)နှစ်နှင့် ဦးပိုင်ဦး(၂၈)နှစ်တို့ နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ထရမ့်က ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းရန် National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ ကို စေလွှတ်

လူဝင်မှုကြီးကြပ်ရေးစစ်ဆင်ရေးကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇွန်လ ၇ ရက်ညတွင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့သို့ National Guard တပ်ဖွဲ့ဝင် ၂,၀၀၀ စေလွှတ်ရန် အမိန့်ပြန်တမ်းတစ်စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ပြောကြားခဲ့သည်။ 

အိမ်ဖြူတော်က National Guard စေလွှတ်မည်ကို အတည်ပြုချက် မထုတ်ပြန်မီ တစ်နာရီခန့်အလိုတွင် ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆမ် (Gavin Newsom) က အဆိုပါဆောင်ရွက်ချက်ကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

“ဤသည်မှာ တမင်တကာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး တင်းမာမှုများကိုသာ ပိုမိုမြင့်တက်စေမည်” “မိမိတို့သည် မြို့တော်နှင့် ခရိုင်အရာရှိများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေပြီး လက်ရှိတွင် ဖြည့်ဆည်းမပေးနိုင်သော တောင်းဆိုချက်များ မရှိပါ” ဟု ၎င်းက လူမှုကွန်ရက်ပေါ်တွင် ရေးသား ခဲ့သည်။ 

National Guard သည် အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အရံတပ်ဖွဲ့ဖြစ်သည်။ ပြည်နယ်နှင့် နယ်မြေတစ်ခုစီတွင် ၎င်းတို့၏ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် National Guard ရှိသည်။ ထို့အပြင် အမေရိကန်သမ္မတသည် စစ်ဖြစ်ပွားချိန် သို့မဟုတ် အမျိုးသားအရေးပေါ်အခြေအနေများတွင် ဖက်ဒရယ်တာဝန်များကို ထမ်းဆောင်ရန် အဆိုပါတပ်ဖွဲ့ကို စုစည်းနိုင်သည်။

အိမ်ဖြူတော်၏ အဆိုပါလုပ်ဆောင်ချက်သည် လော့စ်အိန်ဂျလိစ်မြို့ရှိ ဆန္ဒပြမှုများ ဒုတိယညသို့ ရောက်ရှိလာချိန်တွင် ဖြစ်ပေါ်ခဲ့ပြီး ဇွန် ၆ ရက် က အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အေဂျင်စီ (ICE) ၏ တရားမဝင် ဝင်ရောက်လာသူများကို နှိမ်နင်းရန် စစ်ဆင်ရေးများကို ဆန္ဒ ပြခဲ့ခြင်းဖြစ်သည်။ 

မျက်နှာဖုံးစွပ်ထားပြီး လက်နက်ကိုင်ထားသည့် ICE အေးဂျင့်များသည် လော့စ်အိန်ဂျလိစ်မြို့၏ မတူညီသောနေရာများရှိ အလုပ်ခွင်များသို့ ဝင်ရောက်စီးနင်းခဲ့ပြီး အမျက်ဒေါသများဖြင့် နာရီပေါင်းများစွာ တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ 

ဇွန် ၇ ရက်တွင် Paramount ဧရိယာတွင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများသည် ICE အရာရှိများမှ စုဝေးရာနေရာအဖြစ် အသုံးပြုသည့် စတိုးဆိုင်တစ်ခုအနီးတွင် စုဝေးခဲ့ကြသည်။ ဒေသခံ မီဒီယာများအရ ၎င်းတို့ကို မျက်နှာဖုံး စွပ်ထားပြီး မီးကျည်များနှင့် မျက်ရည်ယို ဗုံးများ အသုံးပြုသည့် အေးဂျင့်များက ရင်ဆိုင်ခဲ့သည်။ 

ဆန္ဒပြသူများသည် ICE အေးဂျင့်များ ထွက်ခွာရန် အော်ဟစ်ခဲ့ကြကာ အချို့က မက္ကဆီကိုအလံများကို လွှင့်ထူခဲ့ကြပြီး ၎င်းတို့သည် ဘိလပ်မြေအုတ်များနှင့် ဈေးဝယ်လှည်းများဖြင့် ယာယီအတားအဆီးများ ပြုလုပ်ခဲ့ကြသည်။ 

အနီးရှိ ကားလမ်းမကြီးမှ ထွက်ခွာနေသည့် အမေရိကန်ရဲတပ်ဖွဲ့ (U.S. Marshals Service) ဘတ်စ်ကားတစ်စီးကို လူအုပ်က ဝိုင်းဝန်းခဲ့သည်။ ထို့နောက် အရာရှိများသည် ဆန္ဒပြသူများ ဝင်ရောက်မှုကို တားဆီးရန် ကားလမ်းမကြီး၏ ထွက်ပေါက်များကို ပိတ်ခဲ့သည်။

လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကရင်ဘတ်စ် (Karen Bass) က ICE ၏လုပ်ရပ်များနှင့်ပတ်သက်၍ မြို့သူမြို့သားအချို့ စိတ်မသက်မသာဖြစ်နေကြောင်း ပြောကြားခဲ့သည်။ “လူတိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်ရှိသော်လည်း အကြမ်းဖက်မှုနှင့် ပစ္စည်းဖျက်ဆီးမှုများကို လက်သင့်မခံနိုင်ပါ။ တာဝန်ရှိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်မည်” ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ဖက်ဒရယ်စုံစမ်းရေးဗျူရို (FBI) ၏ ဒုတိယညွှန်ကြားရေးမှူး Dan Bongino က ဇွန် ၆ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအပြီး လူများစွာကို ဖမ်းဆီးခဲ့ကြောင်း ပြောကြား ခဲ့သည်။ 

အိမ်ဖြူတော်သို့ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိပြီးနောက် ထရမ့် အုပ်ချုပ်ရေးအဖွဲ့သည် လူဝင်မှုထိန်းချုပ်ရေးနှင့် ရွှေ့ပြောင်း အခြေချသူများကို မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိပြီး ၎င်း၏ ရွေးကောက်ပွဲကတိကဝတ်များထဲမှ တစ်ခု ကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ 

လော့စ်အိန်ဂျလိစ်မြို့သည် ရွှေ့ပြောင်းအခြေချသူများအတွက် “အကာအကွယ်မြို့တော်” (sanctuary City) အဖြစ် သတ်မှတ်ခံထားရသည်။ ၂၀၂၄ ခုနှစ်အထိ အဆိုပါမြို့တွင် ရွှေ့ပြောင်းအခြေချသူ ၁.၃၅ သန်းကျော် နေထိုင်ပြီး မြို့၏လူဦးရေ၏ ၃၄% ရှိသည်။

ကိုးကား- VN Express