ထူးခြားသတင်းများ - ပြည်တွင်း

 နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ,  နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ,  နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများ ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ St. Mary’s Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ် သာသနာမှဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် St. Mary’s Cathedral Church သို့ ရောက်ရှိကြရာ ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် အခမ်းအနားကိုစတင်ကျင်းပရာ သိက္ခာတော်ရဆရာမျိုးမြင့်ဦးက အဖွင့်ဆုတောင်းပြီး သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် “အိုသာယာသောမြန်မာပြည်” ဓမ္မသီချင်းကို သံပြိုင်သီဆိုချီးမွှမ်းကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယေရှုခရစ်တော်မွေးဖွားခြင်းကို အထိမ်းအမှတ်ပြုသည့်နေ့အဖြစ် ခရစ္စမတ်နေ့ကိုကျင်းပကြခြင်းဖြစ်ပြီး ခရစ္စမတ်ကာလသည် လူအများကို ပြုံးပျော်စေသည့်၊ ပျော်ရွှင်ချမ်းမြေ့စေသည့် ကာလတစ်ခုဟု ဆိုနိုင်ကြောင်း။

ဘာသာတရားနှင့်ပတ်သက်ပြီး လူသားတိုင်းသည် မိမိတို့ယုံကြည်ရာ ဘာသာ၊ သာသနာကိုလွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဘာသာ၊ သာသနာများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ပုဒ်မများပြဋ္ဌာန်းပြီး ဥပဒေကြောင်းအရအာမခံချက်ပေးထားပြီးဖြစ်ကြောင်း၊  နိုင်ငံသားတိုင်း၏ ဘာသာ၊ သာသနာရေးတွင်လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ခွင့်အညီအမျှရရှိရေးကိုလည်း ‌ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားပြီးဖြစ်ကြောင်း။

ဘာသာတရားဟူသည်မှာ လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစေရေးအတွက် အဆုံးအမတစ်ခုပင်ဖြစ်သည်ဟု မိမိယုံကြည်ပါကြောင်း၊ အသိတရားတစ်ခုလည်းဖြစ်ပြီး ဘာသာတရားမှတစ်ဆင့် ငြိမ်းချမ်းမှုနှင့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးရမည်ဖြစ်ကြောင်း၊ လူသားတို့၏ အတွင်းစိတ်သန္တာန်အေးချမ်းမှသာ လူမှုဝန်းကျင်တစ်ခုလုံးငြိမ်းအေးမှုအရသာကို ခံစားကြရမည်ဖြစ်ကြောင်း၊ ကိုးကွယ်သည့်ဘာသာတရားများ မတူကွဲပြားသော်လည်း လူအချင်းချင်းကြားတွင် မေတ္တာတရားများ ဖုံးလွှမ်းနေရေးအတွက် ဘာသာတရားများ၏အခြေခံဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်သကဲ့သို့ အစွန်းရောက်ခြင်း၊  တစ်ယူသန်ခြင်းတို့ကိုလည်း ရှောင်ကြဉ်ကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယုံကြည်မှုပေါင်းစုံ သဟဇာတဖြစ်စွာ အတူယှဉ်တွဲစုစည်းနေထိုင်ခဲ့ကြသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထိုသို့မတူကွဲပြားမှုများကြားတွင် မိမိတို့သည် သဘောထားကြီးစွာဖြင့် အပြန်အလှန်သည်းခံမှု၊ နားလည်ပေးနိုင်မှုများဖြင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ကြကြောင်း၊ ယင်းကို မိမိတို့ ဆက်လက်ကာကွယ်ထိန်းသိမ်းသွားကြရန်လိုပြီး အထူးသဖြင့် သက်ဆိုင်ရာဘာသာအလိုက် ဘာသာရေးခေါင်းဆောင်များက မိမိတို့ဘာသာဝင်များကို အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းမွန်အောင် တည့်မတ်ပေးကြရန် တိုက်တွန်းလိုကြောင်း။

မိမိတို့အစိုးရအနေဖြင့်လည်း ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသားရေးနှင့် နိုင်ငံရေးရည်မှန်းချက်များချမှတ်ပြီး ကြိုးစားဆောင်ရွက်ပေးနေကြောင်း၊ အတူယှဉ်တွဲနေထိုင်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်း၌ ကြုံတွေ့လာသည့်ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံရေးပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်း။

မြန်မာနိုင်ငံအတွင်း၌ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေအများဆုံးရှိပြီး ခရစ်ယာန်ဘာသာကိုးကွယ်သူဦးရေသည် ဒုတိယအများဆုံးဖြစ်ကြောင်း၊  မိမိတို့ နိုင်ငံတည်ငြိမ်အေးချမ်းရန်၊ ကြွယ်ဝချမ်းသာရန် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများနှင့် ဘာသာဝင်များက အရေးကြီးသည့်နေရာတွင်ရှိနေကြောင်း၊ ထို့ကြောင့် ကျရာကဏ္ဍအသီးသီးမှ ပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းပြောကြားလိုကြောင်း၊ ယခုခရစ္စမတ်အချိန်အခါကစပြီး ဘုရားရှင်၏လမ်းညွှန်ချက်များနှင့်အညီ မိမိတို့မြန်မာနိုင်ငံသာမကဘဲ ကမ္ဘာတစ်ဝန်းရှိ ပြည်သူပြည်သားအားလုံး  တစ်ဦးအပေါ်တစ်ဦးနားလည်မှု၊ သည်းခံပေးမှုစိတ်ထားများဖြင့် တည်ငြိမ်အေးချမ်းသာယာလှပသည့် လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်သွားကြရန် နှိုးဆော်လျက် ခရစ္စမတ်ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နော်အယ်ဆရီးဝါးက ဂုဏ်တော်ချီးမွမ်းခြင်းကို လည်းကောင်း၊  သိက္ခာတော်ရဆရာ ဒေါက်တာမောရစ်လျန်နာဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မွေးနေ့တော်ပွဲ အတုံ့အပြန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ Sister မေရီဇင်မာဆွေက ကျမ်းစာဖတ်ကြားခြင်းကိုလည်းကောင်း၊ ဓမ္မဒေသနာချီးမြှင့် ဟောကြားခြင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကလည်းကောင်း အသီးသီးဆောင်ရွက်ကြပြီး ခရစ္စမတ်သံစုံကို ကျေးဇူးတော်မြတ် နှစ်ချင်းအသင်းတော်မှ သီဆိုဟစ်ကြွေးကြသည်။ ထို့နောက် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အထူးဆုတောင်းခြင်းကိုဆောင်ရွက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ထံ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရဆရာ ဒေါက်တာအေးမင်းတို့က ခရစ္စမတ်အမှတ်တရမေတ္တာလက်ဆောင်၊ ခရစ္စမတ်ဆုတောင်းလွှာနှင့် ကျောက်စီပန်းချီကားကိုပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။

ထို့နောက် သိက္ခာတော်ရဆရာမန်းပါမာစတန်က ကျေးဇူးတင်စကားပြောကြားပြီး သိက္ခာတော်ရဆရာ စောဆားနေက ခရစ္စမတ်အခါသမယ မိတ်သဟာယ ညစာစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော်ချီးမွှမ်းခြင်းကို ဆောင်ရွက်သည်။

ယင်းနောက် “ခရစ်တော်ကြွလာကျူး” ဓမ္မသီချင်းကို ပရိသတ်များက သံပြိုင်သီဆိုကြသည်။

ထို့နောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် ကောင်းချီးဆုမွန်စကားမျှဝေပြောကြားရာတွင် မင်္ဂလာရှိသောခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိလူသားအားလုံး ခရစ္စမတ်၏ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး မိသားစု၊ အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာပြည်သူပြည်သားအားလုံး ကောင်းချီးမင်္ဂလာများ ရရှိပါစေကြောင်းဖြင့် ဆုမွန်စကားပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများမှ တည်ခင်းဧည့်ခံသည့် မိတ်သဟာယညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

Source: www.moi.gov.mm

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့် , ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့် , ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့် , ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကထိကများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့က ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရာပြည့်ခန်းမ ကမ္ပည်းမော်ကွန်းကျောက်စာနှင့် ရာပြည့်ခန်းမဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။ ထို့နောက် တက်ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရာပြည့်ဘက်စုံသုံးခန်းမအတွင်း လှည့်လည်ကြည့်ရှုကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကျင်းပမည့် ဘွဲ့နှင်းသဘင်ခန်းမသို့ သွားရောက်ကြရာ လမ်းဘေးဝဲယာတစ်လျှောက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားမောင်မယ်များက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကိုကျင်းပပြုလုပ်ရာ ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တက္ကသိုလ်နှစ် (၁၀၀) ပြည့် သမိုင်းမှတ်တမ်းရုပ်သံဖိုင်အား ကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းသည် တိုင်းရင်းသားပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏နိုင်ငံရေး၊ လူမှုရေးကဏ္ဍများနှင့်လည်း တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကြောင်း၊ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ပြည်သူလူထု၏ လူမှုဘဝအခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် စားရေရိက္ခာဖူလုံရုံမက ပိုလျှံရေးအတွက် စိုက်ပျိုးရေးကို အလေးထားလုပ်ဆောင်ပေးခဲ့သည့် အစဉ်အလာရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်က အစိုးရအဆက်ဆက်ကလည်း မြန်မာနိုင်ငံ၏စိုက်ပျိုးရေးတိုးတက်ဖွံ့ဖြိုးဖို့ မူဝါဒများချမှတ်ပြီး ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ဒေသအလိုက် သီးနှံမျိုးစုံဖြစ်ထွန်းရှင်သန်စေနိုင်မည့် မတူညီသည့်ရာသီဥတု၊ မြေအမျိုးအစား၊ သဘာဝဂေဟစနစ်၊ စိုက်ပျိုးရေးအရင်းအမြစ်စသည့် စိုက်ပျိုးရေးကို အထောက်အကူပြုသည့်အခြေခံကောင်းများ ပြည့်စုံကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းသားလူမျိုးပေါင်းစုံက ဒေသအနှံ့တွင်ပျံ့နှံ့နေထိုင်နေကြခြင်းကြောင့် စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် လူသားစွမ်းအင်အရင်းအမြစ်များ ခိုင်မာတောင့်တင်းနေပြီး စိုက်ပျိုးရေးအတွက် အားသာချက်ကို ဖြစ်စေကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်၏ သမိုင်းမှတ်တမ်းကိုလေ့လာကြည့်သည့်အခါ၌ ကိုလိုနီလက်အောက်ကျရောက်ခဲ့ပြီး ဆယ်စုနှစ်ကာလများတွင် မြန်မာနိုင်ငံ၏ ရေခံမြေခံကောင်းကို အသုံးချနိုင်ရန်အိန္ဒိယနိုင်ငံကို စိုက်ပျိုးရေးအတတ်ပညာသင်များ စေလွှတ်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ယင်းကာလတွင် ပညာသင်စေလွှတ်ခဲ့သူ (၄၀) ဦးအနက် (၁၉) ဦးသည် မိမိတို့နိုင်ငံ စိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး (၂၁) ဦးမှာ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်ဟု သိရပါကြောင်း။

မိမိတို့နိုင်ငံ၏သီးနှံများကို နိုင်ငံတကာဈေးကွက်ဝင်စေရန် မိမိတို့၏ မိရိုးဖလာသီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်သည် လိုအပ်ချက်များ၊ အားနည်းချက်များရှိနေသည်ကို လေ့လာသိရှိလာခဲ့ကြကြောင်း၊ အကျိုးအမြတ်ရှိပြီး ခိုင်မာသေချာသည့် သီးနှံထုတ်လုပ်မှုဖြစ်လာနိုင်ရန် တိုးတက်ဖွံ့ဖြိုးလာသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များနှင့်အညီ လိုက်ပါတွေးခေါ်ဆောင်ရွက်နိုင်စွမ်းရှိသည့် ပြည်တွင်းစိုက်ပျိုးရေးပညာရှင်များ ရှိမှဖြစ်မည်ဆိုသည်ကို သတိပြုမိလာခဲ့ကြကြောင်း။

ထို့ကြောင့် လိုအပ်သည့်စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဗိမာန်ကို ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင်မန္တလေးမြို့၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်ဟုသိရကြောင်း၊ ယင်းကာလကတည်းက စိုက်ပျိုးရေးပညာရှင်များအနေဖြင့် နိုင်ငံ၏ရေခံမြေခံကောင်းကိုအသုံးချပြီး လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးပမ်းခဲ့ကြသည်ကို လေးစားဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်တွင် စိုက်ပျိုးရေးကောလိပ်ကို စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်ကို စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်များ ပြည့်စုံနေသည့် ပျဉ်းမနားမြို့နယ်၊ ရေဆင်းဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်အနေဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရှင်ပေါင်းများစွာကို သင်ကြားမွေးထုတ်ဖြည့်ဆည်းပေးနေသောကြောင့် ဂုဏ်ယူဖွယ်တက္ကသိုလ်ကြီးဖြစ်ကြောင်းကို ပြောလိုကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ်သည်လည်း နိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာ လူသားအရင်းအမြစ်များကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးပညာသင်ကြားမှုအစပြုခဲ့သည်မှာ နှစ်(၁၀၀) ပြည့်မြောက်သည့်နှစ်ဖြစ်သဖြင့် အင်မတန်ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း။

စိုက်ပျိုးရေးကောလိပ် စတင်ဖွင့်လှစ်ချိန်၌ “၃ နှစ် စိုက်ပျိုးရေး ဒီပလိုမာ” အောင်လက်မှတ် ချီးမြှင့်သည့်အဆင့်မှ ဥပစာတန်းအောင်မြင်သူများ (၂) နှစ် တက်ရောက်နိုင်သည့် သိပ္ပံဘွဲ့ (စိုက်ပျိုးရေး) B.Sc (Agri)၊ သိပ္ပံဘွဲ့ (ပိုးမွေးမြူရေး) B.Sc (Sericulture) တို့ကို ပေးအပ်ခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ် စနစ်သစ်ပညာရေးကစပြီး စိုက်ပျိုးရေးပညာဘွဲ့ (Bachelor of Agriculture)၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (Bachelor of Agricultural Science) တို့ကို အပ်နှင်းခဲ့ကြောင်း၊ လက်ရှိအချိန်၌မဟာဘွဲ့၊ ပါရဂူဘွဲ့များအပြင် တိုးတက်ပြောင်းလဲလာနေသည့် ခေတ်နှင့်အညီသင်ကြားပေးနိုင်ရေး သင်ရိုးညွှန်းတမ်း၊ သင်နည်းစနစ်၊ သုတေသနများကို နိုင်ငံတကာရှိတက္ကသိုလ်များ အဆင့်နှင့်ကိုက်ညီအောင် ပြုပြင်မွမ်းမံသင်ကြားပေးနေပြီး စိုက်ပျိုးရေးနှင့်နှီးနွှယ်သော ပညာရပ်ဆိုင်ရာဘွဲ့များ တိုးချဲ့သင်ကြားပေးနေသည့်အတွက် အလွန်အားရဖွယ်အနေအထား ဖြစ်ကြောင်းကို အသိအမှတ်ပြုပြောကြားလိုကြောင်း။

နှစ် (၁၀၀) ကာလအတွင်း တက္ကသိုလ်အနေဖြင့် နိုင်ငံတော်ကအားထားရမည့် အသိပညာရှင် အတတ်ပညာရှင်များအဖြစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ (၁၃,၁၉၇) ဦး၊ မဟာသိပ္ပံဘွဲ့ရ(၆၇၃)ဦး၊ ပါရဂူဘွဲ့ရ (၈၅) ဦး၊ ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ရ (၇၀) ဦးနှင့် မဟာဒဿနဘွဲ့ရ (၁၁) ဦးတို့ကို မွေးထုတ်နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ ထိုကဲ့သို့ မွေးထုတ်ပေးနိုင်ခဲ့သောကြောင့် နိုင်ငံ့အတွက် အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်ကိုယူပြီးချိန်တွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” နှင့် “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟူသည့် စီးပွားရေးဦးတည်ချက်များကို ထည့်သွင်းချမှတ်ပြီး နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင်၊ နိုင်ငံအတွင်းစားရေရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်နေကြောင်း။

နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧကစုစုပေါင်း (၃၃) သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ ပြည်ပကို တိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုး ပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း၊ ပန်းတိုင်းရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်သဖြင့် ဒေသအလိုက် ပန်းတိုင်ပြည့်မီရေး စနစ်တကျသုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည်လည်း နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ကြသည့်နေရာတွင် စိုက်ပျိုးရေးပညာရှင်များ၏အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းနှင့်ဆက်စပ်နေသည့် အခြားဆက်စပ်ကဏ္ဍများကပညာရှင်များဖြင့် ချိတ်ဆက်လုပ်ဆောင်မှုသည်လည်း အရေးကြီးကြောင်း။

ထိုသို့ ချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများ အဆင်ပြေအောင်မြင်စေရေး တက္ကသိုလ်စတင်တည်ထောင်စဉ်ကာလတွင် “သင်ကြားရေးနှင့်သုတေသန”ဟူသည့် လုပ်ငန်းနယ်ပယ် (၂) ရပ်ကို ဦးစားပေးခဲ့ကြောင်း၊ ယခုအချိန်တွင် “သင်ကြားရေး၊ သုတေသနနှင့် နည်းပညာပြန့်ပွားရေး” ဟူသည့် လုပ်ငန်းစဉ်ကြီး (၃) ရပ်အဖြစ် တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် အများဆုံးအသက်မွေးဝမ်းကျောင်းပြုနေကြသည့် ကျေးလက်နေပြည်သူများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဦးစားပေးရမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

ထိုကဲ့သို့ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းစေမည့် သိပ္ပံနည်းကျ စိုက်ပျိုးရေးပညာများကို ကျေးလက်နေစိုက်ပျိုးရေးပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး အသုံးချနိုင်စေရေး စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ ပညာရှင်များသာမက အလယ်အလတ်တန်း စိုက်ပျိုးရေးပညာရှင်များနှင့် အခြေခံအဆင့် စိုက်ပျိုးရေးကျွမ်းကျင်လုပ်သားများ များစွာမွေးထုတ်ပေးရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်ပေးသည့် ယခင်စိုက်ပျိုးရေးသိပ္ပံကျောင်းများအပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကစပြီး စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်း (၈၅) ကျောင်းကိုလည်း နိုင်ငံတစ်ဝန်းဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့် စိုက်ပျိုးရေးဘာသာရပ်သင်ကြားပေးသည့် အထက်တန်းကျောင်းများမှ ထူးချွန်စွာအောင်မြင်ကြသူများကိုလည်း သတ်မှတ်အရည်အချင်းနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး စိုက်ပျိုးရေးပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရေး တက္ကသိုလ်က အားထုတ်ဆောင်ရွက်နေကြသည်ကို သိရှိရသည့်အတွက် ကျေနပ်အားရဖြစ်မိကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်၏အရေးပါမှုကို အသိအမှတ်ပြုချီးမြှောက်သည့်အနေဖြင့် အစိုးရအဆက်ဆက်သည် တက္ကသိုလ်၏အထင်ကရ အထိမ်းအမှတ်နှစ်များတွင် အထင်ကရအဆောက်အဦများဆောက်လုပ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုခဲ့ကြကြောင်း၊ စိန်ရတုနှစ်ဖြစ်သည့် ၁၉၉၉ ခုနှစ်တွင် ဂုဏ်ကျက်သရေတင့်တယ်သည့် စိန်ရတုဓမ္မာရုံနှင့် သေသပ်လှပသည့် စိန်ရတုအစည်းအဝေးခန်းမ၊ တက္ကသိုလ်နှစ် (၉၀) ပြည့်သည့် ၂၀၁၄ ခုနှစ်တွင် ခမ်းနားထည်ဝါသည့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကို တည်ဆောက်မှတ်တမ်းတင်ပေးခဲ့ကြောင်း၊ ယခုတက္ကသိုလ်နှစ် (၁၀၀) ပြည့် အခါသမယတွင် နိုင်ငံတကာအဆင့်မီ ရာပြည့်ခန်းမအဆောက်အဦကြီးကို အထင်ကရသမိုင်းမှတ်တိုင်တစ်ခုအဖြစ် ဂုဏ်ပြုချီးမြှင့်တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့သည်မှာ အလွန်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ တည်ဆောက်ပေးခဲ့သည့် အဆောက်အဦများကို တန်ဖိုးရှိစွာအသုံး ပြုနေကြဆဲဖြစ်သကဲ့သို့ ယခုဖွင့်လှစ်သည့် ရာပြည့်ခန်းမအဆောက်အဦကိုလည်း ပညာရပ်ဆိုင်ရာအခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးပြုသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ကိုယ့်ခွန်၊ ကိုယ့်အား၊ ကိုယ့်စွမ်းပကားဖြင့် နိုင်ငံအကျိုးပြုစားရေရိက္ခာ ပြည့်စုံဖူလုံစေရေး ဆောင်ရွက်နေကြသည့် စိုက်ပျိုးရေးပညာရှင် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်များ၏ အခန်းကဏ္ဍသည် ရာပြည့်သမိုင်းတွင် မှတ်တမ်းထိုးခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ မွန်မြတ်လှပြီးအတ္တနှင့်ပရ အကျိုးနှစ်ဝကိုရစေသည့် စိုက်ပျိုးနည်းပညာရပ်များကို ပြန့်ပွားတိုးတက်စေရေး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းမျှဝေပေးပြီး အနာဂတ်စိုက်ပျိုးရေးကဏ္ဍ အောင်မြင်တိုးတက်စေရန် စွမ်းစွမ်းတမံ ဆက်လက်လုပ်ဆောင်သွားကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။

စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအပြင် အခြားသောဌာနနှင့် နယ်ပယ်အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ဦးလည်မသုန်ထမ်းရွက်ခဲ့ကြသည့် ပညာရှင်များကို ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် တာဝန်ထမ်းဆောင်နေဆဲပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် စိုက်ပျိုးရေးအကျိုးကိုဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံအကျိုးဆတက်ထမ်းပိုးလုပ်ဆောင်နိုင်ကြရန်လည်း ဆန္ဒပြုအပ်ပါကြောင်း။

Source: www.moi.gov.mm

ဂျပန်နိုင်ငံတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု ကျယ်ပြန့်လာနေ

ဂျပန်နိုင်ငံတွင် တုပ်ကွေးရောဂါ ဖြစ်ပွားမှု ဆက်လက် ပျံ့နှံ့လာနေပြီး ခန့်မှန်းခြေ လူနာဦးရေသည် ယခင် သီတင်းပတ်ထက် ကူးစက်မှု နှစ်ဆကျော် တိုးလာခဲ့ ပါသည်။

ဂျပန် ကူးစက်ရောဂါ သုတေသနဌာနနှင့် အခြား အဖွဲ့ အစည်းများ၏ ပြောကြားချက်အရ နိုင်ငံတစ်ဝန်းမှ ဆေးရုံနှင့်ဆေးခန်းပေါင်း ၅,၀၀၀ ခန့်က ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၇ ရက်တာကာလအတွင်း တုပ်ကွေး လူနာပေါင်း ၉၄,၂၅၉ ဦးရှိကြောင်း အစီရင်ခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိန်းဂဏန်းကိုအခြေခံပြီး တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် လူနာပေါင်း ၇၁၈,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်းနှင့် ယခင်သီတင်းပတ်က ရှိခဲ့သည့် ကိန်းဂဏန်းထက် နှစ်ဆပိုများနေကြောင်း ဖော်ပြထား သည်။ ပျမ်းမျှလူနာဦးရေသည် ခရိုင် ၄၇ ခုစလုံး၌ တိုးလာနေပြီး တစ်နိုင်ငံလုံး ပျမ်းမျှအားဖြင့် ၁၉.၀၆ ရှိနေသည်။

ဂျပန်အနောက်ပိုင်း အိုးအိတ နှင့် ဖူကုအိုက ခရိုင်များ၌ အဆိုပါပျမ်းမျှကိန်းဂဏန်းသည် သတိပေးရမည့် အဆင့် ဖြစ်သော အဆင့် ၃၀ တွင်ရှိနေသည်။ ပျမ်းမျှကိန်း ဂဏန်းသည် ခရိုင်ပေါင်း ၄၀ ၌ ပျမ်းမျှအားဖြင့် သတိထားရမည့်အဆင့်ဖြစ်သည့် အဆင့် ၁၀ ကို ကျော်လွန်ခဲ့သည်။

ကူးစက်ရောဂါများဆိုင်ရာ ဂျပန်အသင်း၏ အကြီးအကဲ Ishida Tadashi က ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကာလ အတွင်း တုပ်ကွေးဗိုင်းရပ်စ်နှင့် ထိတွေ့မှု နည်းပါးခဲ့ သည့်အပြင် ယခုအခါ လူများ၏ ကိုယ်ခံစွမ်းအား လျော့ကျနေမှုများကြောင့် ယခုရာသီတွင် တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်မားဖွယ်ရှိကြောင်း ပြောဆိုထားသည်။

မစ္စတာ Ishida က ယခုကဲ့သို့ ကူးစက်ပြန့်ပွားမှုသည် ဇန်နဝါရီလအတွင်း အမြင့်ဆုံးအနေအထားကို ရောက်ရှိ နိုင်ပါကြောင်းနှင့် လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းစသည့် အစီအမံများကို လုပ်ဆောင်ကြရန် ၎င်းကတိုက်တွန်းခဲ့ပါသည်။

ထို့အပြင် ကာကွယ်ဆေးထိုးခြင်းကိုလည်း ထည့်သွင်း စဉ်းစားကြရန် ၎င်းက အကြံပေးခဲ့ကြောင်း ဖော်ပြထား ရှိပါသည်။

ကိုးကား-NHK World

holiday

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။
(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)
( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)
( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)
(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)
ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

Soure: MRTV

ပြန်ပေးမှု ၊ လုယက်မှုများကြောင့် မန္တလေးတွင် ညဦးပိုင်း အပြင်မထွက်ဖို့ လူငယ်များအချင်းချင်း သတိပေးမှုများရှိလာနေ

ပြန်ပေးဆွဲမှု၊ လုယက်မှုများ ဖြစ်ပေါ်ထားသည့် မန္တလေးမြို့တွင် ညဦးပိုင်းကစပြီး လူငယ်များ အပြင်မထွက်ကြရန် လူငယ်များအချင်းချင်း သတိပေးမှုများရှိလာနေကြောင်း သိရသည်။

“ကြားတယ်၊ အိမ်ကလည်း စိုးရိမ်နေတယ်။ မနေ့ကဆို သိပ္ပံလမ်းမကြီးပေါ်မှာတောင် ပြန်တဲ့လူ သိပ်မရှိတော့ဘူး၊ သတိထားသွားလာနေကြရတယ်”ဟု မန္တလေးမြို့ခံလူငယ်တစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။

မန္တလေးမြို့ပေါ်၌ အခုရက်ပိုင်း လူပျောက်မှုများအပြင် ခိုးမှု၊ လုယက်မှု၊ ဓါးပြတိုက်မှုများလည်း ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် မြို့ခံများသည်လည်း စိုးရိမ်ပူပန်နေကြကြောင်း အထက်ပါဒေသခံကပင် ဆိုသည်။

အဆိုပါ အဖြစ်အပျက်များကြောင့် အချို့သော ဆိုင်များ၊ အရောင်းဆိုင်များသည်လည်း (၆)နာရီခွဲမတိုင်ခင် ရုံးစောဆင်းပေးနေပြီး အိမ်ကိုသာစောစောပြန်ကြရန် တိုက်တွန်းမှုများလည်း ပြုလုပ်နေသည်ဟုလည်း သိရသည်။

လတ်တလောတွင် မန္တလေးမြို့ပေါ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်မှ ကျပ်သိန်း (၃၀,၀၀၀) ကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ဓါးပြတိုက်ခံခဲ့ရမှုနှင့် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲကာ သတ်ဖြတ်မှု ဖြစ်စဉ်တို့ကြောင့် မန္တလေးမြို့၏ လုံခြုံရေးမှာ မေးခွန်းထုတ်စရာအခြေအနေဖြစ်နေပြီး မြို့ခံပြည်သူများ၏ စိုးရိမ်ထိတ်လန့်မှုရေချိန်မှာလည်း မြင့်သထက် မြင့်တက်လာနေသည်။

Source: Popular Journal

ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း အကြမ်းဖက် သမား ၉၀၀ နီးပါး နှိမ်နင်းခဲ့ရ

အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်မှုမှတ်တမ်းများ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း နယ်မြေရှင်းလင်းရေး၊ အကြမ်းဖက် နှိမ်နင်းရေးဆောင်ရွက်ရာ အကြမ်းဖက်သမား ၈၅၁ ဦး အသေဖမ်းဆီးရမိပြီး၊ ၂၃ ဦး အရှင်ဖမ်းဆီးရမိကြောင်း စစ်တမ်းအရ သိရသည်။

တိုင်းစစ်ဌာနချုပ်အလိုက် နှိမ်နင်းဆောင်ရွက်မှု စာရင်းတွင် ဒီဇင်ဘာ ပထမပတ်နှင့် ဒုတိယပတ်အတွင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် အကြမ်းဖက် သမား ၅၉၀ ဦးအထိ နှိမ်နင်းဆောင်ရွက်ခဲ့ရပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၂၁၀ ဦးအထိ နှိမ်နင်းဆောင်ရွက်ခဲ့ရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တိုက်ပွဲ ဖြစ်စဉ်များတွင် ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး အကြမ်းဖက်သူပုန်များက ကချင်ပြည်နယ်၊ ဗန်းမော် မြို့နယ်အတွင်း တပ်စခန်းများအား လာရောက် တိုက်ခိုက်ရာတွင် KIA/PDF အကြမ်းဖက်သမား (သေဆုံးမှုအနေဖြင့် ၁၈၇ ဦး၊ ဒဏ်ရာရ ၂၂၈ ဦး)၊ မိုးမောက်မြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်များတွင် KIA/PDF အကြမ်းဖက်သမားများ (သေဆုံးမှုအနေဖြင့် ၈ ဦး ဒဏ်ရာရ ၂၄ ဦး)၊ မံစီမြို့နယ်အတွင်း တပ်စခန်းများအား လာရောက်တိုက်ခိုက်စဉ် KIA/PDF အကြမ်းဖက်သမား (သေဆုံး ၁ ဦး)၊ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ် တွင်  KIA/PDF အကြမ်းဖက်သမား (သေဆုံးမှုအနေဖြင့် ၅ ဦး၊ ဒဏ်ရာရ ၂ ဦး) အထိရှိခဲ့ကြောင်း၊ ကချင် ပြည်နယ်တိုက်ပွဲများအတွင်း KIA/PDF အကြမ်းဖက်သမားများသေဆုံးမှု ၂၁၀ ဦးအထိရှိခဲ့၍ ဒဏ်ရာရ ၂၆၂ ဦးရှိခဲ့ကြောင်း တွေ့ရှိရပြီး ဗန်းမော်မြို့နယ်တွင်KIA/PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ပိုင်းများအပါအဝင် အများအပြား သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် တပ်မတော်မှ ဗန်းမော်မြို့အား ဆက်လက်ထိန်းချုပ်ထားပြီး ဗန်းမော်မြို့နယ်အတွင်း ခိုအောင်းနေသော အကြမ်းဖက်သမားများကို လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

၁၉-၁၂-၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ သတင်းအရ အမ်းမြို့တွင် နံနက် ၇ နာရီအချိန်ခန့်က တိုင်းရုံးအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့်‌ နေ့လည် ၁၁ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲ ၄ နာရီခန့် ဖြစ်ပွားခဲ့‌ကြောင်း၊ နံနက် ၈ နာရီအချိန်ခန့်က ဆင်ခုံတိုင် စခန်း၏ အနောက်ဘက် မီတာ ၃၀၀ ခန့် အကွာရှိကာကင်းစခန်းများအား သောင်းကျန်းသူများမှလာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်တွေမြို့တွင် ယနေ့ည ၈ နာရီခန့်က AA သောင်းကျန်းသူများမှ ခမောင်းတောကျေးရွာမှနေ၍ စစ်တွေမြို့ အရှေ့မြောက်ဘက်ရှိ ကာကင်းစခန်း တစ်ခုအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းတို့ပစ်ခတ်သည့်နေရာအား အမြောက်လက်နက်ကြီးများဖြင့်လည်းကောင်း၊ ရေတပ်သ‌င်္ဘောမှ လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရသည်။

ကိုးကား - Myanmar National Post

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ် , တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ် , တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်

နေပြည်တော် ဒီဇင်ဘာ ၁၆

တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ China Texmatech Co. Ltd. မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မိတ္ထီလာမြို့နယ်မှ ရပ်မိရပ်ဖများ၊ စက်ရုံမှူး၊ စက်ရုံဝန်ထမ်းများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းမြတ်က စက်ရုံတည်ဆောက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)၊ ၂/၈၀ ချည်ချောစက်ရုံခွဲ မှတ်တမ်းရုပ်သံကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူတို့အနေဖြင့် စတင်ဖြစ်တည်စဉ်ကတည်းပင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် ကိစ္စရပ်ကြီး ၃ ခုကို နေ့စဉ် မလွဲမသွေရင်ဆိုင်နေကြရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ယင်းအရေးကိစ္စကို အဆင်ပြေစွာဖြေရှင်းနိုင်ရေး နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ချိန်ကတည်းက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိလာသည့် ကုန်ကြမ်းများကို ခိုင်မာသည့်ကုန်ထုတ်လုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ခဲ့ကြောင်း၊ စား၊ ဝတ်၊ နေရေးတွင် ဝတ်ရေးဟူသည့် အဝတ်အထည်သည် လူသားများမွေးဖွားချိန်မှ သေဆုံးချိန်အထိ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်ကြောင်း၊ အဝတ်အထည် အသုံးအဆောင်ဖူလုံရန်မှာ လူ့ဘဝတစ်လျှောက် အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်တွင်းအဝတ်အထည် ဖူလုံစေရေးအတွက် ပြည်တွင်း၌စိုက်ပျိုးနေသည့် ဝါမှတန်ဖိုးမြင့် ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ကြောင်း။

ဝါစိုက်ပျိုးရေးနှင့်ပတ်သက်ပါကလည်း ၂၀၁၆ ခုနှစ်ကစ၍ ဝါစိုက်ပျိုးမှုနှုန်း လျော့ကျလာသည့်အခြေအနေကို သုံးသပ်ပြီး ဝါစိုက်ပျိုးနိုင်သည့်ဒေသများတွင် အထွက်နှုန်းကောင်းပြီး အဆင့်မီချည်ထုတ်လုပ်နိုင်သည့် ချည်မျှင်ရှည်ဝါမျိုးများ စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပမာဏများစွာတင်သွင်းနေရကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးရေးကို အောင်မြင်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ချည်ထည်များကို အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပကိုပြန် လည်တင်ပို့ခြင်းဖြစ်စေ ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေများရရှိနိုင်မည်ဖြစ်ကြောင်း။

ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ချည်ချောများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်ကို ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုကြောင်း။

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ကို ဝတ်ရေးဆိုင်ရာ အထည်အလိပ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်ပမှ မှာယူတင်သွင်းမှု လျော့နည်းစေရန်အတွက် တရုတ်-မြန်မာ အစိုးရတို့အကြား သဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) ကို ၁၉၆၆-၁၉၆၇ တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စက်ရုံကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း။

မိမိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင်လည်း တပ်မတော်အတွက် လိုအပ်သည့်စစ်ဝတ်ပစ္စည်းများ ဆက်လက်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်စက်ပစ္စည်းများကို ဝယ်ယူပေးခဲ့ပြီး နိုင်ငံတကာတပ်မတော်များနည်းတူ စစ်ဝတ်ပစ္စည်းများ အဆင့်မီစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင် တပ်မတော်သားများအတွက် လိုအပ်သည့်ဝတ်စုံအမျိုးမျိုးအပြင် တပ်မတော်သားများနှင့် ပြည်သူများအတွက် လိုအပ်သည့်အခြားသော အထည်အလိပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ပြီဖြစ်ကြောင်း။

ယခုကဲ့သို့ စက်ရုံအဆင့်မြှင့်တင်ခြင်းများ၊ စက်အသစ်ပြောင်းလဲ တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အဆင့်မြင့် ၂/၈၀ ချည်များ မထုတ်လုပ်နိုင်သေးသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် ၂/၈၀ ချည်များကို ပြည်တွင်းကထွက်သည့် ဝါများနှင့်ထုတ်လုပ်နိုင်ရေးစက်ပစ္စည်းများကို ဖြည့်ဆည်းပေးခဲ့သည်မှာ ယခုဆိုပါက စတင်လည်ပတ်နိုင်ပြီဖြစ်ကြောင်း၊ ယခုတည်ဆောက်တပ်ဆင်ပြီးစီးသည့် စက်ရုံသည် စက်စွမ်းအားပြည့် လည်ပတ်မည်ဆိုပါက တစ်ရက်ချည်ပေါင်ချိန် ၄၈၄၀၊ တန်အားဖြင့် ၂ တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့်လုံချည်နှင့်ပိတ်များအဖြစ် ရက်လုပ်မည်ဖြစ်ပြီး ပိုလျှံသည့်ချည်များကို ပြင်ပဈေးကွက်ကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း။

ယခု ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ ချည်ထည်ခေတ်တစ်ခေတ်ပြောင်းလဲမှု၏ အစဖြစ်သည်ဟုပြောလိုကြောင်း၊ မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး ဝါအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန်လို လိုကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့်အထည်စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့်စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် သဘာဝကပေးထားသည့် စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများကို အသုံးချပြီးနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ဝါစိုက်ပျိုးတောင်သူများအနေဖြင့် နိုင်ငံတော်၏ ဝါစိုက်ပျိုးမှု၊ ဝါထွက်ရှိမှုများတိုးတက်အောင် ကြိုးစားကြရန်တိုက်တွန်းလိုကြောင်း၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) က တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့်စစ်ဝတ်ထည်ပစ္စည်းများကို ဝါဂွမ်းကုန်ကြမ်းမှ စစ်ဝတ်ကုန်ချောအထိ ထုတ်လုပ်ပေးနေသကဲ့သို့ ယနေ့ဖွင့်လှစ်လိုက်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အဆင့်မီအဝတ်အထည်နှင့် အထည်အလိပ်များကို ထုတ်လုပ်ပေးနိုင်မည့်၊ မြန်မာ့အဝတ်အထည်လောကကို တစ်ခေတ်ဆန်းစေမည့် ဆောင်ရွက်ချက်များကို ယခုစက်ရုံကအစပြုပြီး တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ အထည်အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များတစ်ခုလုံးက ဦးတည်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် China Texmatech Co. Ltd. မှတာဝန်ရှိသူတစ်ဦးက စက်ပစ္စည်းတပ်ဆင်မှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို စက်ရုံမှူးထံသို့လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက ဖွင့်ပွဲအထိမ်းလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံတည်ဆောက်ရာတွင်ပါဝင်ခဲ့သည့် CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးအား သစ်သီးခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ပြီး၊ CTMTC ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ဂါရဝပြုလက်ဆောင် ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်တပ်ဆင်ရေးလုပ်ငန်းများကို ဦးစီးကြပ်မတ်ဆောင်ရွက်ခဲ့သည့် Project Chief Engineer အား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်ထုတ်လုပ်မှုအဆင့်ဆင့်ပြကွက်များနှင့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ)၊ ၂/၈၀ ချည်ချော စက်ရုံခွဲမှ ထုတ်လုပ်ထားသည့် ချည်ထည်ပစ္စည်းများကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစောတို့က ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံကမ္ပည်းမော်ကွန်းအားအမွှေး နံ့သာရည်များပက်ဖျန်းပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စက်ရုံအတွင်းရှိ ချည်ငင်အလုပ်ရုံ၊ ချည်ကျစ်အလုပ်ရုံနှင့် ချည်ဆေးဆိုးအလုပ်ရုံများအတွင်းချည်များအဆင့်ဆင့် ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှတာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

အဆိုပါတပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့် ဝတ်စုံများကိုချုပ်လုပ်ပေးလျက်ရှိ သကဲ့သို့ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ဝတ်ရေးကို ပိုမိုအထောက် အကူပြုစေရန်နှင့် ပြည်တွင်းချည်ချောထုတ်လုပ်မှုများ တိုးတက်စေရေးဆောင်ရွက် လျက်ရှိချိန်တွင် ယခုကဲ့သို့ ၂/၈၀ ချည်ချောစက်ရုံခွဲကို ထပ်မံတိုးချဲ့တည်ဆောက် နိုင်ခဲ့ခြင်းဖြင့် ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်ရှိနေသည့် ချည်မျှင်နှင့်အထည်အလိပ်များကို အတိုင်းအတာတစ်ခု အထိထုတ်လုပ်ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် အရည်အသွေးစံနှုန်းများအတိုင်း ပြည့်မီစွာထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ဆော်ဒီအာရေဗျကို ရွေးချယ်အတည်ပြု

၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏  အိမ်ရှင်နိုင်ငံအဖြစ် ရေနံချမ်းသာကြွယ်ဝသည့် ဆော်ဒီအာရေဗျနိုင်ငံကို ပြိုင်ဘက်မရှိ ရွေးချယ်အတည်ပြုလိုက်ကြောင်း  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က  ၁၁-၁၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)တွင်  တရားဝင်ထုတ်ပြန်လိုက်ပါသည်။ 

၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက်အိမ်ရှင်ရွေးချယ်ပွဲကို  ဖီဖာအဖွဲ့ဝင် ၂၀၀ ကျော်က အွန်လိုင်းမှတစ်ဆင့်ရွေးချယ်လိုက်ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံသည် တစ်နိုင်ငံတည်းအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ပြိုင်ဘက်မရှိ ရွေးချယ်ခံလိုက်ရခြင်း ဖြစ်ပါသည်။ ရွေးချယ်ပွဲတွင် ရှင်းလင်းပြတ်သားသည့် လက်ခုပ်သံများ၊ ကျယ်လောင်သည့် ထောက်ခံသံများနှင့်အတူ ချီးကျူးဂုဏ်ပြုသံများဖြင့်  ဖုံးလွှမ်းသွားကြောင်း ဖီဖာဘောလုံးအဖွဲ့ဥက္ကဋ္ဌ Gianni Infantino က ဂုဏ်ပြု ပြောကြားလိုက်ပါသည်။ 

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က  မိမိတို့နိုင်ငံကို ရွေးချယ်လိုက်မှုအပေါ် အလွန်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊  ယခုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အားကစားပြိုင်ပွဲကို မိမိတို့အနေဖြင့် ငွေကြေးအမြောက်အမြားသုံးစွဲကာ တစ်ကမ္ဘာလုံးပရိသတ်များ အံ့ဩရှုမောဖွယ်ရာ ဖြစ်စေမည့် ခေတ်မီဆန်းပြားသည့် ဘောလုံးကွင်းများ၊ အားကစားကွင်းများ၊ အခြေခံအဆောက်အအုံများဖြင့် သမိုင်းတစ်လျှောက် အကြီးကျယ်အခမ်းအနားဆုံး ပြိုင်ပွဲတစ်ခုအဖြစ် ကျင်းပနိုင်ရေး စီစဉ်သွားမည်ဟု ကတိပြု ပြောကြားလိုက်ပါသည်။ 

ကိုးကား - CNA

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့်ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ကာလ်မီးကီယာပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်ကျင်းပသွားမည့်အခြေအနေများနှင့် ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာနိုင်ငံမှကူညီ ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာလ်မီးကီယာပြည်နယ်တို့အကြား ကိုးကွယ်ယုံကြည်မှုအရ၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းမှတစ်ဆင့် ခရီးသွားလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေးပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နှစ်ဖက်တာဝန်ရှိသူများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် , ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် , ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် , ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် , ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၉

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အိုလံပစ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အနုပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ တပ်မတော်သားများ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။

အမွှေးနံ့သာရည်များ ပက်ဖျန်းပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်အား စိုက်ပျိုးပေးပြီး အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးခြင်း ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားအား စတင်ကျင်းပရာ အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးစစ်သည်များက အမျိုးသားအားကစားပွဲတော်အလံနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလံများကို ဝေဟင်ထက်မှ မြေပြင်သို့ ချိတ်ဆွဲသယ်ဆောင်၍ ကွင်းအတွင်းသို့ ဂုဏ်ပြုဆင်းသက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား အလေးပြုကြသည်။

ယင်းနောက် တေးသံရှင်ထူးအယ်လင်းက “ကျွန်ုပ်တို့မြန်မာပြည်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေပြီး မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့တူရိယာများနှင့် ခေတ်မီဆန်းသစ်စွာ မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ထားသည့် တေးသံသာနှင့်အတူ မီးအလှပြမှု (Lighting Show) ကို တင်ဆက်ပြသသည်။ ဆက်လက်၍ အခမ်းအနားအား အမှတ်စဉ်ရေတွက်၍ ဖွင့်လှစ်ပြီး တစ်ချိန်တည်းတွင် မီးရှူး၊ မီးပန်းများပစ်ဖောက်ကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “လှပချစ်စရာ တို့ရွှေမြန်မာ” တေးသီချင်းဖြင့် သရုပ်ဖော်တင်ဆက်ကပြကြသည်။

နိုင်ငံတော်အလံကို လွှင့်တင်

ထို့နောက် နိုင်ငံတော်စစ်တီးဝိုင်းက ကွင်းအတွင်း နေရာယူပြီး အလံတော်အဖွဲ့ ဦးဆောင်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အားကစားအသင်းများ ကွင်းအတွင်းသို့ ဝင်ရောက်ချီတက်နေရာယူကြကာ နိုင်ငံတော်အလံကို လွှင့်တင်၍ အလေးပြုကြသည်။       

ယင်းနောက် မြန်မာ့အားကစားရွှေခေတ်ကာလ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားဟောင်းကြီးများက အမျိုးသားအားကစားပွဲတော်အလံကို ကွင်းအတွင်းသို့ သယ်ဆောင်လာပြီး အလံကို လွှင့်တင်ကြသည်။

ဦးတည်ချက်များ ချမှတ်ဆောင်ရွက်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကိုအကျိုးပြုမည့် လူ့စွမ်းအားအရင်းအမြစ်များရရှိရန်ဆိုပါက နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက် (၉) ရပ်မှ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့်အချက်ကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးကို “နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာစေရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစား လှုပ်ရှားမှုများမှာ ပါဝင်လှုပ်ရှားကစားလာစေရေး” ဟူသည့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသ

ထို့အပြင် ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးမှ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင်သည့် ပွဲတော်ကြီးပင်ဖြစ်ကြောင်း၊ ယခုအားကစားပြိုင်ပွဲကြီး ခမ်းနားထည်ဝါစွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက်ပေးသည့် တာဝန်ရှိသူများ၊ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်တို့က အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် လေးကြိမ်ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ယခုပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ၁၀ နှစ်နီးပါးအကြာတွင် ပြန်လည်ကျင်းပနိုင်ခြင်းလည်းဖြစ်ကြောင်း၊ အားကစားကို မြှင့်တင်ဆောင်ရွက်ခြင်းကို မွန်မြတ်သည့် လုပ်ငန်းစဉ်တစ်ရပ်၊ နိုင်ငံတော်အတွက်အရေးပါသည့် အမျိုးသားရေးတာဝန်တစ်ရပ်ကဲ့သို့ တန်ဖိုးထားပြီးဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံအတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့်၊ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံကို အကျိုးပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း။

အမြင့်မားဆုံးခံယူချက်ပင်ဖြစ်

အားကစားယှဉ်ပြိုင်ရာတွင်လည်း အားကစားစိတ်ဓာတ်ရှိရန် အလွန်အရေးကြီးကြောင်း၊ လူတိုင်း ဘဝတွင် အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရသည့်အခါ အနိုင်မခံအရှုံးမပေးသည့်စိတ်၊ မိမိကိုယ်ကို ယုံကြည်ရဲရင့်သည့်စိတ်များနှင့် ရင်ဆိုင်ကျော်လွှားနိုင်သည့်စိတ်မျိုးကို အားကစားစိတ်ဓာတ်က ရစေနိုင်ကြောင်း၊ ထို့ကြောင့်လည်း အားကစားနှင့်ပတ်သက်၍ ခံယူချက်အမျိုးမျိုးရှိသည့်အတွက် “အားကစားမြှင့်တင်တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဟူသည့်အချက်သည် အမြင့်မားဆုံးခံယူချက်ပင်ဖြစ်ကြောင်း။

၁၉၉၂ ခုနှစ်က စတင်ကျင်းပခဲ့သည့် အမျိုးသားအားကစားပွဲတော်အပါအဝင် ကျင်းပပြီးစီးခဲ့သည့် အမျိုးသားအားကစားပွဲတော်များမှ အားကစားနည်းအလိုက် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ပေါင်းများစွာ ပေါ်ထွက်ခဲ့ကြောင်း၊ မြန်မာ့အားကစားသမိုင်းကို ကြည့်ပါက ၁၉၇၀ ပြည့်နှစ်ဝန်းကျင်သည် မြန်မာ့အားကစားရွှေရောင်လွှမ်းခဲ့သည့်ကာလများ ဖြစ်သည်ကို တွေ့ရကြောင်း။

တတ်စွမ်းသရွေ့ ထမ်းဆောင်လျက်ရှိနေ

၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် အသန့်ရှင်းဆုံးအသင်းဆုကို ဆွတ်ခူးပိုင်ဆိုင်ခဲ့သည့် မှတ်တမ်းကောင်းများလည်းရှိခဲ့ကြောင်း၊ အဆိုပါ ရွှေခေတ်ကာလ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားသမားဟောင်းကြီးများစွာ ရှိခဲ့သည့်အနက် ဗိုလ်ကြီးတင်အောင် (ဂိုး)၊ ဦးအေးမောင်ကြီး၊ ဦးသန်းစိုး (ခ) ဆပ်သီး၊ ဦးနန္ဒကျော်စွာ၊ ဦးဘုန်းမြင့်၊ ဦးမြင့်အောင်၊ ဦးသန့်ဇင်၊ ဒေါ်ဂျနီဖာတင်လေး၊ ဒေါ်သန်းသန်း၊ ဒေါ်မာမာမင်း၊ ဒေါ်ခင်မူမူ၊ ဒေါ်နုနုရီ၊ ဗိုလ်မှူး မြင့်စိုး၊ ဒေါ်ကျင်လွမ်တို့ကဲ့သို့ ပုဂ္ဂိုလ်များသည် ယနေ့ထိတိုင် သက်ရှိထင်ရှားကျန်းမာစွာဖြင့် အားကစားလုပ်ငန်းများကို တတ်စွမ်းသရွေ့ ထမ်းဆောင်လျက်ရှိနေကြကြောင်း၊ ယင်းအတွက် များစွာဂုဏ်ယူပါကြောင်းကို ထည့်သွင်းပြောကြား လိုကြောင်း။

ခေတ်အဆက်ဆက်က မိမိတို့၏တိုင်းရင်းသားညီအစ်ကို နိုင်ငံ့လက်ရွေးစင်အားကစားသမားများ သည် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့ကြောင်း၊ မိမိတို့၏ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတကာအလယ်တွင် အလံတိုင်ထိပ်ရောက်အောင် လွှင့်ထူစေနိုင်ခဲ့ပြီး တာဝန်ကျေပွန်ခဲ့ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့အလံကို တိုင်ထိပ်ရောက်အောင် လွှင့်ထူနိုင်စွမ်းရှိသည့် အားကစားအောင်မြင်မှုများသည် နိုင်ငံ့ ဂုဏ်သိက္ခာကို အလွန်မြင့်မားစေပြီး နိုင်ငံ၏အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို နိုင်ငံသားတိုင်းက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်မှာကြားလိုကြောင်း။

လူငယ်များ၏ ပညာရေးနှင့်ကျန်းမာရေးကို အားကစားကဏ္ဍနှင့်ပေါင်းပြီး တိုးမြှင့်ဆောင်ရွက်နိုင်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန်အားကစားသမားများ ပေါ်ထွက်ရေးအတွက် လူထုအားကစား Mass Sports အဆင့်မှ Excellent Sports အဆင့်အထိ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်လျက်ရှိသောကြောင့် ကျောင်းသားလူငယ်များနှင့် မသန်စွမ်းသူများအပါအဝင် ပြည်သူတစ်ရပ်လုံးက လိုက်ပါဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးနေသည့်အတွက် ယခုအချိန်တွင် နိုင်ငံ၏အားကစားအဆင့်အတန်းသည် ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း၊ တိုးတက်အောင်မြင်မှုအထိုက် အလျောက်ရနေပြီလည်းဖြစ်ကြောင်း၊ အားလုံးက ထိုအပေါ်တွင် ကျေနပ်မနေဘဲ ယခုထက် ပိုပြီးအောင်မြင်အောင်၊ အတိတ်ကကဲ့သို့ အောင်မြင်မှုမျိုးရရှိအောင်၊ နိုင်ငံတကာအလယ်တွင် မြင့်မြင့်မားမားရပ်တည်နိုင်အောင် “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” ဟူသည့် ရည်မှန်းချက်အတိုင်း ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ထိုက်ထိုက်တန်တန် တိုးမြှင့်

မိမိတို့အနေဖြင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို ဆုကြေးငွေအပါအဝင် ဂုဏ်ပြုချီးမြှင့်မှုများကို ထိုက်ထိုက်တန်တန် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တစ်ချိန်က နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားဟောင်းကြီးများကိုလည်း ဂုဏ်ပြုသည့်အနေဖြင့် လစဉ်ထောက်ပံ့ကြေးများနှင့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယခုအားကစားပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများအနေဖြင့်လည်း အောင်မြင်မှုရအောင်၊ နိုင်ငံ့လက်ရွေးစင်ဖြစ်အောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ဝိုင်းဝန်းကူညီပေါင်းစပ်

အားကစားကဏ္ဍ တိုးတက်အောင်မြင်ရေး ဆောင်ရွက်ရာတွင်လည်း အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန တစ်ခုတည်းအင်အားဖြင့် ဆောင်ရွက်နိုင်ရန်မှာ အခက်အခဲများရှိနိုင်ကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အားကစားနည်းအလိုက် အဖွဲ့ချုပ်များကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူတစ်ရပ်လုံးကလည်း အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူပြီး စိတ်ပါဝင်စားစွာဖြင့် ဝိုင်းဝန်းကူညီပေါင်းစပ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း။

ပညာရေးနှင့် အားကစားကဏ္ဍ၏ ဆက်စပ်မှုကို ပြောရမည်ဆိုပါက နိုင်ငံ၏ပညာရေးစနစ်သည် ကျောင်းသားဗဟိုပြုပညာရေးစနစ်ဖြစ်သည့်အတွက် အားကစားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် အားသာချက်တစ်ရပ်ကဲ့သို့ဖြစ်နေကြောင်း၊ ထို့ကြောင့် ကျောင်းစာသင်ချိန်များတွင် အားကစားချိန်ကို ထည့်သွင်းပေးထားပြီး အားကစားနည်းတစ်ခုခုကို မသင်မနေရသင်ကြားစေရေး ထည့်သွင်းပြဋ္ဌာန်းပေးထားကြောင်း၊ အားကစားကို အမှတ်ပေးစနစ်တွင် ထည့်သွင်းပေးခြင်း၊ အားကစားထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများသို့ တက်ရောက်နိုင်ရေး စီစဉ်ပေးခြင်းနှင့် အားကစားပညာသင်ဆုများ ချီးမြှင့်စေလွှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားလူငယ်တိုင်း အားကစားနည်းတစ်မျိုးမျိုးကို ပါဝင်ကစားစေရေး စီမံကိန်းချမှတ်ဆောင်ရွက်ခြင်းနှင့် အားကစားပြက္ခဒိန်ရေးဆွဲပြီး အခြေခံပညာအဆင့်မှ ကောလိပ်၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက်ပေးနိုင်ခြင်းတို့ကို စီစဉ် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ သို့မှသာ အားကစားနှင့်ပညာရေး ပေါင်းစပ်လုပ်ငန်းများတွင် အဆင်ပြေချောမွေ့လာပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာမှုနှင့်အတူ မြန်မာ့အားကစား စဉ်ဆက်မပြတ်တိုးတက်ရေး (Sustainable Sports Development) ကို အထောက်အပံ့ဖြစ်စေမည် ဖြစ်ကြောင်း။

မိမိတို့ အိမ်နီးချင်းနိုင်ငံတချို့တွင် ကျောင်းသားလူငယ်အားကစားပွဲတော်များမှ ကမ္ဘာ့လူငယ်စံချိန်သာမက ကမ္ဘာ့စံချိန်တို့ကိုပါ ချိုးနိုင်ခဲ့သည့် လူငယ်လက်ရွေးစင်များ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လည်း လာမည့်နှစ်များတွင် ကျောင်းသားနှင့်လူငယ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးနှင့် ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများအပြင် အဆင့်မြင့်အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးတို့ကို အားကစားပြက္ခဒိန်တွင် ထည့်သွင်းရေးဆွဲပြီး မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်တိုးတက်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း။

ယခုအမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲအတွက် အားကစားနည်း ၂၃ မျိုး၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲအတွက် အားကစားနည်း ၆ မျိုးနှင့် မသန်စွမ်းအားကစားပြိုင်ပွဲ ၄ မျိုးတို့ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း။

ပြိုင်ပွဲဝင်ကြမည့် အားကစားသမားများနှင့် အသင်းများအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှု၊ ခွန်အား၊ သက်လုံ၊ နည်းစနစ်၊ စိတ်ဓာတ်စသည်တို့ကို မှတ်ကျောက်တင်ခံနိုင်သည်အထိ ပြိုင်ပွဲဝင်ရန် ပြင်ဆင်လာခဲ့ကြပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားပွဲတော်ကြီး၏ဂုဏ်ပုဒ်နှင့်အညီ အားကစားစိတ်ဓာတ်၊ အားကစားယဉ်ကျေးမှုကိုပါ မြင့်မြင့်မားမား လေးစားမြှင့်တင် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

အနိုင်မခံအရှုံးမပေးယှဉ်ပြိုင်

အားကစားပြိုင်ပွဲများ၏ သဘောသဘာဝအတိုင်း ပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် အငြင်းအခုံများရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း အားကစားစိတ်ဓာတ်နှင့် အားကစားယဉ်ကျေးမှုကို မြင့်မြင့်ထားပြီး ဂုဏ်သိက္ခာရှိစွာ ယှဉ်ပြိုင်ကြရန်ပြောကြားလိုကြောင်း၊ အားကစားသမားတိုင်းသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ တရားမျှတစွာ ယှဉ်ပြိုင်ခြင်း၊ မလျှော့သည့်ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိတို့ဖြင့် အနိုင်မခံအရှုံးမပေး ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် အနိုင်ရပါက ရှုံးနိမ့်သူကို အားပေးရန်၊ မိမိရှုံးခဲ့ပါကလည်း အရှုံးကိုလက်ခံပြီး အနိုင်ရသူကို မုဒိတာပွားအားပေးရန်၊ ပြိုင်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ ဘေးဒုက္ခ တစ်စုံတစ်ရာဖြစ်လာပါကလည်း ကူညီခြင်းဖြင့် အားကစားယဉ်ကျေးမှုကို မြှင့်တင်ကြရန် မှာကြားလိုကြောင်း။

တာဝန်ရှိသူများအနေဖြင့်လည်း ပြိုင်ပွဲအသီးသီးမှ ထွက်ပေါ်လာသည့် အရည်အသွေးမြင့် အားကစားသမားများကို စနစ်တကျ စခန်းသွင်းလေ့ကျင့်ပေးပြီး (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများဖြစ်လာအောင် လေ့ကျင့်ပေးသွား ရမည်ဖြစ်ကြောင်း။

အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကိုလည်း တိုးတက်မြင့်မားစေနိုင်ကြောင်း၊ ထို့ကြောင့် အားကစားသမားမောင်မယ်များအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် အနိုင်ရရှိအောင် ပါဝင်ယှဉ်ပြိုင်ကြပြီး ယခုအားကစားပွဲတော်မှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအဖြစ်မှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များစွာပေါ်ထွက်မည်ဟု ယုံကြည်မျှော်လင့်ရင်း ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။

မီးရှူးမီးပန်းများ ပစ်ဖောက်

မိန့်ခွန်းပြောကြားပြီးသည်နှင့်တစ်ပြိုင်နက် ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။

ထို့နောက် ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် မီးရှူး တိုင်ကို မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများက လက်ဆင့်ကမ်းသယ်ဆောင်၍ အထူးတန်းပွဲကြည့်စင်ရှေ့ စင်မြင့်ပေါ်ရှိ မီးရှူးတိုင်တွင် မီးထွန်းညှိကြသည်။ ထိုသို့မီးထွန်းညှိလိုက်သည်နှင့်တစ်ပြိုင်တည်း ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီး၏ အရှေ့တောင်ထောင့်အပေါ်ဆုံးတွင်ရှိသည့် ပင်မအထိမ်းအမှတ် မီးရှူးတိုင်သည်လည်း မီးထွန်းညှိပြီးဖြစ်သည်။

ဆက်လက်၍ အားကစားသမားများနှင့် ဒိုင်လူကြီးများကိုယ်စား အားကစားသမားတစ်ဦးနှင့် ဒိုင်လူကြီးတစ်ဦးတို့က အားကစားသစ္စာဓိဋ္ဌာန်ကို ရွတ်ဆိုကြပြီး အလံတော်အဖွဲ့နှင့် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ မြန်မာ့သမိုင်းစဉ်တစ်လျှောက် အထင်အရှားရှိခဲ့သည့် ခေတ် ၆ ခေတ်ကို ကိုယ်စားပြုသည့် ယိမ်းအကများဖြင့် သရုပ်ဖော်တင်ဆက်မှု၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၊ နေပြည်တော်နည်းပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးတို့မှ အဖွဲ့ဝင်များ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ကျောင်းသား ကျောင်းသူများက သရုပ်ပြဖျော်ဖြေမှုများ၊ တေးသီချင်းများဖြင့် သီဆိုတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

လက်ပြနှုတ်ဆက်

ထို့နောက် ၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူး၊မီးပန်းများကို ပစ်ဖောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများအား လက်ပြနှုတ်ဆက်ခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အားကစားသမားဟောင်းကြီးများနှင့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် မေ ၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း ၂၂ နည်းဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း ၂၄ နည်းဖြင့်လည်းကောင်း၊ တတိယအကြိမ်ကို ၁၉၉၇ ခုနှစ်တွင် ဇန်နဝါရီ ၁၁ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၌ အားကစားနည်း ၂၉ နည်းဖြင့်လည်း ကောင်း၊ စတုတ္ထအကြိမ်ကို ၂၀၁၅ ခုနှစ်တွင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက်အထိ နေပြည်တော်၌ အားကစားနည်း ၂၇ နည်းဖြင့်လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်သည်။ ယခု ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင် လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နေပြည်တော်၌ ဝန်ကြီးဌာနအဆင့် အားကစားနည်း ခြောက်နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်းနှင့် မသန်စွမ်းအားကစားနည်း လေးနည်း စုစုပေါင်း ၃၃ နည်းတို့ဖြင့် ဒီဇင်ဘာလအစောပိုင်းမှစတင်၍ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိပြီး မသန်စွမ်းအားကစားနည်းပြိုင်ပွဲများအား ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအဆင့် အားကစားနည်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်းများကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm