ထူးခြားသတင်းများ - ပြည်တွင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက်အမှာ စကားပြောကြား

နေပြည်တော်     ဇန်နဝါရီ ၇

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်၏ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အွန်လိုင်းစနစ်ဖြင့် တက်ရောက်

အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူတစ်ဦး တက်ရောက်ကြပြီး ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အွန်လိုင်းစနစ်ဖြင့် တက်‌ရောက်ကြသည်။

တိုင်ပင်ညှိနှိုင်း အဖြေရှာသွားကြရမည်

ဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ (၂)ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ကော်မရှင်အဖွဲ့ဝင်များနှင့် ပညာရှင်များ၏ တတ်သိကျွမ်းကျင်မှုများဖြင့် ခေတ်စနစ်နှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း(Development Trends) ရရှိနိုင်ရေးနှင့် လတ်တလော အောင်မြင်စွာ‌ ဖြေရှင်းနိုင်မည့် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများ တိုင်ပင်ညှိနှိုင်းအဖြေရှာသွားကြရမည် ဖြစ်ပါကြောင်း။

ပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝတိုးတက်မြင့်မားရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပိုမို ဝင်ရောက်လာစေရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ရရှိရေးသည် အရေးကြီးသည့် အခြေခံအဆောက်အအုံ(Infrastructure) ဖြစ်နေသည့်အတွက် ကဏ္ဍ (၂) ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နိုင်ရန် ကော်မရှင်ကို ဖွဲ့စည်းပေးရခြင်းဖြစ်ပါကြောင်း။ 

လျှပ်စစ်ကဏ္ဍတွင် မိမိတို့နိုင်ငံရှိ လျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်အမျိုးမျိုးရှိရာ ရေအားနှင့် သဘာဝဓာတ်ငွေ့တို့အပေါ် အဓိကမှီခိုနေရပါကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အသုံးပြုမှုကို ယခုထက်ပိုမိုတွင်ကျယ်အောင် ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့်အတွက် သဘာဝဓာတ်ငွေ့ရည်(LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။ 

လက်ရှိအနေအထားအရ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့မရခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အားအပြည့်အဝ မထုတ်လုပ်နိုင်သည့်အပြင် သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံခြင်းများကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်၍မရသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသော ကာလဖြစ်ပါကြောင်း။

ပြန်လည်လေ့လာသုံးသပ်

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးတွင်လည်း ရရှိသမျှ လျှပ်စစ်ဓာတ်အားနှင့် အချိန်လိုက် အုပ်စုခွဲပြီး လျှပ်စစ်ဓာတ်အားသုံးသူများကို တတ်နိုင်သလောက် အဆင်ပြေချောမွေ့အောင် ဖြန့်ဖြူးပေးနေပါကြောင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်သည့်အနေရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုတို့သည် အဓိကကျသည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဖိတ်ခေါ်ဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်နိုင်ပြီး အကာအကွယ်ပေးနိုင်သည့် မူဘောင်များဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

အမြန်ဆုံးအကောင်အထည်ဖော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ဧရာဝတီမြစ်‌ရေကိုထိန်း၍ ရသည့်နေရာများ၌ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း၊ ဧရာဝတီမြစ်အတွင်း အနိမ့်တမံများ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့် နေရာ ၁၆ ခုရှိပြီး ဦးစားပေး လေးနေရာအနက်မှ အသင့်လျော်ဆုံးတစ်နေရာကို အကျိုးအပြစ်များနှင့်အတူ ပြန်လည်တင်ပြရန် လမ်းညွှန်မှုပြုထား၍ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပညာရှင်များက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။ 

နိုင်ငံတကာတွင် ဆိုလာစွမ်းအင်ကို ဦးစားပေးဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းတူ Renewable Energy အား အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး အဆောက်အအုံသစ်များ တည်ဆောက်မည်ဆိုပါက ဆိုလာစနစ်ပါ တပ်ဆင်အသုံးပြုရေးနှင့် ပိုလျှံလျှပ်စစ်များအား National Grid အတွင်း ပေးသွင်းနိုင်ရေးအတွက် ဥပဒေ၊ အမိန့်ကြော်ငြာစာများ ထုတ်ပြန်နိုင်သည်အထိ ဆောင်ရွက်သွားရမည်ဖြစ်၍ အားလုံးက အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း။

ဖြည့်ဆည်းပေးနိုင်ရန်လိုအပ်

စွမ်းအင်ကဏ္ဍအနေဖြင့်လည်း ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်သစ်များ၊ လုပ်ကွက်ဟောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ၊ ရေနံချက်လုပ်ခြင်းလုပ်ငန်းများအတွက် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အကြံပြုပေးစေလိုပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် လိုအပ်ချက်သည် ယခုထက်ပိုပြီး ဆက်လက် မြင့်တက်နေဦးမည်ဖြစ်၍ လုံလောက်ဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်နေဦးမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်အဖွဲ့ဝင်များကလည်း မိမိတို့နှင့် သက်ဆိုင်သည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အနာဂတ်အစီအစဉ်များကို တင်ပြသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂) စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က လျှပ်စစ်နှင့်စွမ်းအင် ထုတ်ယူသုံးစွဲနိုင်ရေး အကောင်အထညဖော်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ၊ နောင်ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ပြည်‌ထောင်စုဝန်ကြီးများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း လျှပ်စစ်ဓာတ်အား ရရှိမှုနှင့် သုံးစွဲမှုအခြေအနေများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစီအစဉ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

Source: မြန်မာ့အလင်းသတင်းစာ

(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး ရိုးရာအစဉ်အလာနှင့်အညီ မနောတိုင်စိုက်ထူ

မြစ်ကြီးနား   ဇန်နဝါရီ ၅

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သော (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားတွင် ပြည်ထောင်စု၏ စည်းလုံးခြင်း၊ စီးပွားလာဘ်လာဘ တိုးပွားစေခြင်းနှင့် အောင်မြင်ခြင်းအထိမ်းအမှတ် မနောအကဖြင့် ဆင်နွှဲနိုင်ရေး ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ရုံးရှေ့မြက်ခင်းပြင်၌ မနောတိုင်ကို ရိုးရာအစဉ်အလာနှင့်အညီ စိုက်ထူခဲ့ကြသည်။

တက်ရောက်

ဦးစွာ မနောတိုင်စိုက်ထူပွဲအခမ်းအနားကို ကတ်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး ဖာသာဒေါက်တာဂေါ်လူယုံဝါ၊ နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာတော်များ ဦးဆောင်၍ မနောပွဲဦးဆောင်သူ နောင်ရှောင်များနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဝတ်ပြုပွဲအစီအစဉ်ကို သိက္ခာတော်ရဆရာတော်က ဆုတောင်းဆက်ကပ်ပေးသည်။

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထိမ်းအမှတ်အဖြစ် ပြည်ထောင်စု၏ စည်းလုံးခြင်း၊ အေးချမ်းသာယာခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် အောင်မြင်စွာ ကျင်းပဆင်နွှဲနိုင်ရေး ဆုမွန်တောင်းခံပေးနိုင်ရန် ပြောကြားပြီး ဖာသာဒေါက်တာ ဂေါ်လူယုံဝါက ဆုတောင်းဆက်ကပ် ကောင်းချီးတောင်းခံပေးသည်။

ဆက်လက်၍ မနောပွဲဦးဆောင်သူ နောင်ရှောင်ခေါင်းဆောင်က ရိုးရာအစဉ်အလာနှင့်အညီ မနောပွဲတော် ကျင်းပနိုင်ရေး၊ မနောတိုင်စိုက်ထူခြင်းတို့အတွက် ဆုမွန်ကောင်းများတောင်းခံပေးကာ သိက္ခာတော်ရဆရာက ကောင်းချီးပေးပြီး မနောတိုင်အား စုပေါင်းစိုက်ထူခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)

Source: ကြေးမုံသတင်းစာ

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကျင်းပ , (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကျင်းပ , (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ဦးစွာ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုဆောင်ခန်းမ ဥပစာမြက်ခင်းပြင်သို့ ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကိုအတူတကွသုံးဆောင်ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှအနုပညာရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုဆောင်ခန်းမ၌ ပြုလုပ်သည့် ပဒေသာကပွဲကို ကြည့်ရှုအားပေးကြသည်။

ပဒေသာကပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ၊ အနုပညာဦးစီးဌာနတို့မှ တေးသံရှင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါ(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းနှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှသံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတိုင်းရင်းသူများ၊ အနုပညာရှင်များ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၄

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းနှင့် ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသည့် ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကအမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ ပြည်ထောင်စုဖွားတိုင်းရင်းသားများသည် ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနှင့် ပြည်ထောင်စုကြီး၏ အရိပ်အာဝါသအောက်၌ စည်းလုံးညီညွတ်စွာ အတူတကွစုပေါင်းနေထိုင်ခဲ့ကြကြောင်း၊ သမိုင်းတစ်လျှောက် ကုန်းဘောင်ခေတ်အထိ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ်ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာနှင့် ထည်ထည်ဝါဝါ ရပ်တည်နေထိုင်ခဲ့ကြကြောင်း။

သို့သော် ကိုလိုနီစနစ်ဆိုးကြောင့် သယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံသည် ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်များတွင်နယ်ချဲ့ဗြိတိသျှတို့၏ ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲမှုနှင့် မတရားကျူးကျော်သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး လွတ်လပ်ရေးနှင့်အတူ အချုပ်အခြာအာဏာကိုပါ ဆုံးရှုံးခဲ့ရကြောင်း။

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တန်ဖိုးထားမြတ်နိုးကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးက မဆုတ်မနစ်သည့် ဇွဲ၊ လုံ့လ၊ ရဲစွမ်းသတ္တိ၊ မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တပ်မတော်နှင့်အတူလက်တွဲပြီး နယ်ချဲ့ကိုလိုနီများကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်တွန်းလှန်ခဲ့ကြကြောင်း၊ စုစည်းညီညွတ်မှုစွမ်းအားကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်သည့်အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင်ဝင့်ထည်စွာ ပြန်လည်ရပ်တည်နိုင်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် (၇၇)နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း ကိုလိုနီနယ်ချဲ့တို့၏ အမွေဆိုးနှင့် ပြည်တွင်းပြည်ပပယောဂများကြောင့် ပဋိပက္ခများနှင့်အတူ မိမိတို့နိုင်ငံသည် ယနေ့ကာလအထိ တည်ငြိမ်အေးချမ်းမှုအားနည်းနေဆဲဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

မိမိတို့၏ ဘိုးဘေးအစဉ်အဆက် အသက်သွေးချွေးရင်းနှီးပေးဆပ်ပြီး လက်ဆင့်ကမ်းခဲ့သည့် လွတ်လပ်ရေးအမွေကို ထာဝစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည့် တာဝန်သည် မိမိတို့အားလုံးအတွက် သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏ လွတ်လပ်ရေးအစဉ်တည်တံ့အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရုံသာမကဘဲ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ၏ မျှော်မှန်းချက်များနှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရေးကိုလည်း အားကြိုးမာန်တက် ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကိုရှေးရှုပြီး “လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ် အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်သွားမည်” ဆိုသည့်အချက်အပါအဝင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ထားကြောင်း၊

“စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး” အပါအဝင် ဦးတည်ချက်(၉)ရပ်ကိုလည်း နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်ကစပြီး တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်ကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ အင်အားသည် အဓိကကျပြီး အားလုံးပူးပေါင်းပါဝင်မှုသည် အရေးကြီးကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး တတ်စွမ်းသမျှ အသိပညာ၊ အတတ်ပညာများနှင့် ထူးကဲစွာဆောင်ရွက်သူ၊ ကိုယ်ကျိုးမဖက်နိုင်ငံ့အတွက် စွန့်လွှတ်စွန့်စား အကျိုးဆောင်သူများကို နိုင်ငံတော်၏ လွတ်လပ်ရေးနေ့နှင့် အခြားနေ့ထူးနေ့မြတ်အခါသမယများတွင် ထိုက်တန်သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းလျက်ရှိကြောင်း။

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာအားထုတ်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီအောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့်အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်သည့် ပုဂ္ဂိုလ်များအပေါ်တွင် လေးစားတန်ဖိုးထားသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နှစ်စဉ်ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်လျက်ရှိကြောင်း။

ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်ချီးမြှင့်အပ်နှင်းရေးဆိုင်ရာ လုပ်ငန်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်တွေနှင့်အညီ အဆင့်ဆင့် ထောက်ခံတင်ပြချက်များအပေါ်တွင် စနစ်တကျစိစစ်ရွေးချယ်ပြီး အမှန်တကယ်ဂုဏ်ပြုချီးမြှင့်ထိုက်သူများကိုသာ ထိုက်ထိုက်တန်တန် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သဖြင့် ဘွဲ့ခံပုဂ္ဂိုလ်များနဲ့ မိသားစုဝင်များအတွက် အထူးဂုဏ်ယူဝမ်းမြောက်မိသည်ကို ပြောကြားလိုကြောင်း။

ယနေ့ကျင်းပသည့်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် ၂၀၂၄ ခုနှစ် လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့နှင့် အမျိုးသားအောင်ပွဲနေ့များတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့ (၂)ဦး၊ သူရဘွဲ့ (၉) ဦး၊ သီရိပျံချီဘွဲ့ (၅) ဦး၊ ဇေယျကျော်ထင်ဘွဲ့ (၃) ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့(၉၆) ဦး၊ အလင်္ကာကျော်စွာဘွဲ့ (၅) ဦး၊ သိပ္ပကျော်စွာဘွဲ့ (၂) ဦး၊ စုစုပေါင်း(၁၂၂) ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်အခါသမယများတွင် မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျင့်သုံးခဲ့ကြသည့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သူများကို နိုင်ငံတော်က ကျေးဇူးတုံ့ပြန်ခြင်းဖြစ်သဖြင့် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံညီညွတ်ကြောင်းလည်း ပြောကြားလိုကြောင်း။

နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်စသည့် လုပ်ငန်းစဉ်များသည် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အလွန်ကျယ်ပြန့်နက်ရှိုင်းကြောင်း၊ ဥပမာအားဖြင့် တိုင်းပြည်သာယာဝပြောရေးလုပ်ငန်းစဉ်များထဲတွင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ပြည်သူများကိုယ်စိတ်နှလုံးအေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး စသည့်အချက်များစွာ ပါဝင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့ဦးတည်ချက်လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်တိုင်းတွင် ကဏ္ဍအလိုက် အသေးစိတ်ဖော်ဆောင်ရမည့် လုပ်ငန်းတာဝန်များ များစွာရှိနေကြောင်း။

ထို့ကြောင့် အဆိုပါလုပ်ငန်းစဉ်အားလုံး အချိန်တိုအတွင်းတွင် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံက အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းမှာကြားလိုကြောင်း။

နိုင်ငံတော်အတွက် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသူများ၊ စွန့်လွှတ်စွန့်စားမှု၊ အနစ်နာခံမှုတို့ဖြင့် တာဝန်ကျေခဲ့ကြသူများကို နိုင်ငံတော်အစိုးရအနေဖြင့် ကျေးဇူးတင်ရှိသည်ကို ထပ်လောင်းပြောကြားလိုကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ပေးရခြင်းကို ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ဆက်လက်၍လည်း ဂုဏ်ပြုသင့်သူများကိုမှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်ကြသည့် စည်သူဘွဲ့ရရှိသူ ၁ ဦး၊ တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ ၈ ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ ၁ ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၃ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၇၈ ဦး၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ ၃ ဦးနှင့်သိပ္ပကျော်စွာ ဘွဲ့ရရှိသူ ၂ ဦးတို့ကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

တရုတ်နိုင်ငံသည် ကိုဗစ်အကျပ်အတည်းအပြီး ငါးနှစ်အကြာတွင် ဗိုင်းရပ်စ်အသစ်နှင့် ရင်ဆိုင်နေရ

တရုတ်နိုင်ငံတွင် Human Metapneumovirus (HMPV) သည် လျင်မြန်စွာပျံ့နှံ့နေပြီး တုပ်ကွေးနှင့် COVID-19 ကဲ့သို့သော ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်အသစ်နှင့် ရင်ဆိုင်နေရသည်။

အစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ဗိုင်းရပ်စ် ပျံ့နှံ့မှု လျင်မြန်စွာ ဖြစ်ပွားနေကြောင်း အချို့က ဆိုကြသည်။ အွန်လိုင်းတွင် မျှဝေထားသည့် ဗီဒီယိုများတွင် "Influenza A, HMPV, Mycoplasma pneumoniae, နှင့် Covid-19 အပါအဝင် တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်များစွာကို အရှိန်အဟုန်ဖြင့် ရင်ဆိုင်နေရကြောင်း ဖော်ပြလျက်ရှိသည်။ ကလေးဆေးရုံများ၌ အဆုတ်ရောင်ရောဂါနှင့် "အဆုတ်ဖြူရောဂါ" ကူးစက်ခံရသူလူနာများဖြင့် ပြည့်နေကြောင်းကို ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသည် အရေးပေါ်အခြေအနေ ကြေညာထားသော်လည်း ယင်းကိုအတည်မပြုနိုင်သေးကြောင်း အခိုင်အမာဆိုထားသည်။ HMPV သည် တုပ်ကွေးကဲ့သို့ လက္ခဏာများကို ဖြစ်စေကြောင်းသိရှိရပြီး Covid-19 နှင့်ဆင်တူသော လက္ခဏာများလည်းပြသသည်။ ဗိုင်းရပ်စ်ပြန့်ပွားနေခြင်းကြောင့် ကျန်းမာရေးအရာရှိများကအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဖော်ပြထားပါသည်။

ကိုးကား-NDTV World

သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅ဝ) ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား , သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅ဝ) ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား , သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅ဝ) ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား , သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅ဝ) ပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒလသင်္ဘောကျင်းမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒလသင်္ဘောကျင်းသို့ရောက်ရှိကြရာ ဒလသင်္ဘောကျင်းမှ မိသားစုဝင်ကလေးငယ်လေးများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် သမိုင်းဝင် ဒလသင်္ဘောကျင်းနှစ် (၁၅၀) ပြည့် အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် ၁၉၀၈ ခုနှစ်တွင် တည်ဆောက်ထားခဲ့ပြီး ပြန်လည်အဆင့်မြှင့်တင် မွမ်းမံတည်ဆောက်ထားသော အမှတ်-၁ လွန်းလမ်း၊ လွန်းလှည်းအသစ်နှင့် တန်- ၁၅၀၀ တွဲရေယာဉ်အသစ်တို့အား ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅၀) ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ၁၈၇၅ ခုနှစ်က တည်ဆောက်ထားခဲ့သော ဒလသင်္ဘောကျင်း၏ သမိုင်းဝင်ရှေးဟောင်းဒီဇယ်စက်ပြင်အလုပ်ရုံအား ရှေးမူမပျက် အကြီးစားပြန်လည်မွမ်းမံပြီးစီးမှု ကမ္ပည်းမော်ကွန်းကျောက်စာနှင့် သမိုင်းဝင်အဆောက်အဦဆိုင်းဘုတ်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပါသည်။

ထို့နောက် သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို ရှေးဟောင်းဒီဇယ်စက်ပြင်အလုပ်ရုံအတွင်း ကျင်းပပြုလုပ်ရာ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အခမ်းအနား တက်ရောက်လာကြသူများသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် သမိုင်းဝင်ဒလ သင်္ဘောကျင်း နှစ်(၁၅၀) ပြည့် အထိမ်းအမှတ် မှတ်တမ်း Video Clip ကိုကြည့်ရှုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ဒလသင်္ဘောကျင်းသည် မြန်မာနိုင်ငံ၏ ရေကြောင်းကဏ္ဍသမိုင်းကို အစပျိုးခဲ့သည့် သင်္ဘောကျင်းတစ်ခုဖြစ်ခြင်းကြောင့် အစဉ်အလာကြီးမားသည့် သမိုင်းဝင်သင်္ဘောကျင်းတစ်ခုဟု ဆိုရမည်ဖြစ်ကြောင်း၊ သမိုင်းအထောက်အထားများအရ "ခေတ်မီသင်္ဘောကျင်း အစ ဒလ က" ဟု ခေါ်ဆို မှတ်တမ်းတင် မော်ကွန်းပြုရမည့် သင်္ဘောကျင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို အခုကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ကိုလိုနီခေတ် ဧရာဝတီ ဖလော်တီလာကုမ္ပဏီမှ သန္ဓေတည်လာခဲ့သည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ဧရာဝတီဖလော်တီလာကုမ္ပဏီသည် ဒလသင်္ဘောကျင်းကို ၁၈၇၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကုမ္ပဏီ၏ အုပ်ချုပ်မှုအောက်ကို စတင်ထည့်သွင်းခဲ့သည်ကို တွေ့ရကြောင်း၊ ၁၉၄၈ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် ဧရာဝတီဖလော်တီလာကုမ္ပဏီကို နိုင်ငံပိုင်ပြုလုပ်ခဲ့သည့်အတွက် ဒလသင်္ဘောကျင်းသည် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၏ သမိုင်းစဉ်နှင့်အတူ ယှဉ်တွဲတည်ရှိရှင်သန်ခဲ့သည့် နိုင်ငံပိုင်သင်္ဘောကျင်း တစ်ခုဖြစ်လာခဲ့ကြောင်း။

ဧရာဝတီဖလော်တီလာကုမ္ပဏီမှ မြစ်ဖျားခံပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ဒလသင်္ဘောကျင်းသည် ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ကိုလိုနီခေတ်၊ ဂျပန်ခေတ်စသည်များကို အောင်မြင်စွာ ဖြတ်သန်းကျော်လွှားခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး ကာလမှယနေ့ထက်တိုင် အစိုးရအဆက်ဆက် နိုင်ငံတော်၏စီမံကိန်းများစွာတွင် ပို့ဆောင်ရေးကဏ္ဍအတွက် လိုအပ်သည့်ရေယာဉ်များ တည်ဆောက်ပေးခြင်းနှင့် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများနှင့်အတူ အထောက်အကူပြုခဲ့သည်ကို တွေ့ရကြောင်း။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းသည် သမိုင်းဝင်ရှေးကျသည့် သင်္ဘောကျင်းတစ်ခုဖြစ်သကဲ့သို့ လက်ရှိကာလအထိ သင်္ဘောကျင်းအတွင်း၌ ရှေးဟောင်းအဆောက်အဦ၊ အလုပ်ရုံ၊ စတိုဂိုဒေါင်များ၊ လွန်းကျင်း လွန်းလမ်းများ ကျန်ရှိနေသေးသည်ကိုလည်း တွေ့မြင်ရကြောင်း၊ ၁၈၈၀ ပြည့်နှစ် မတိုင်မီကတည်းက တည်ဆောက်ခဲ့သည့် ရှေးဟောင်းဒီဇယ်စက်ပြင်အလုပ်ရုံ အဆောက်အအုံကြီးသည်လည်း တည်ရှိဆဲဖြစ်ပြီး ၁၉၂၀ ပြည့်နှစ်မတိုင်မီက တည်ဆောက်ခဲ့သည့် အလုပ်ရုံများ၊ အဆောက်အအုံများ များစွာကျန်ရှိနေသေးသည်ကိုလည်း တွေ့မြင်ရကြောင်း၊ ယခုကဲ့သို့သမိုင်းဝင်အဆောက်အအုံများကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး လက်ရှိကာလအထိ အသုံးပြုနေဆဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုများအတွက် အသိအမှတ်ပြု ဂုဏ်ယူမိကြောင်းကိုလည်း ပြောကြားလိုကြောင်း။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများတွင် ပို့ဆောင်ရေးကဏ္ဍသည် အလွန်အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အဆိုပါပို့ဆောင်ရေးကဏ္ဍများထဲတွင် ရေကြောင်းပို့ဆောင်ရေးသည် ခရီးသွားပြည်သူများ၏ သယ်ယူပို့ဆောင်ရေး (Public Transport) လုပ်ငန်းစဉ်နှင့်အတူ ကုန်စည်ပို့ဆောင်မှု မှန်ကန်မြန်ဆန်စေရေးအတွက် တာဝန်ယူရသည့် ကဏ္ဍလည်းဖြစ်ကြောင်း။

နိုင်ငံတော်၏ လမ်းပန်းဆက်သွယ်ရေးတွင် လေယာဉ်ကွင်းများ၊ လေယာဉ်ပြေးလမ်းများ၊ ကားလမ်း၊ ရထားလမ်းများ၊ ချောင်းကူး၊ မြစ်ကူးတံတားများကို ကွန်ရက်ဖြစ်အောင် တည်ဆောက်ခဲ့သဖြင့် လက်ရှိကာလ ခရီးသည်ပို့ဆောင်ရေးအတွက် ရေယာဉ်လိုအပ်ချက် နည်းပါးလိမ့်မည်ဟု ယူဆစရာရှိကြောင်း၊ သို့သော် ကုန်စည်ပို့ဆောင်မှုအပိုင်းတွင် ရေလမ်းမှပို့ဆောင်ခြင်းသည် ကုန်စည်ပမာဏများစွာကို တစ်စုတစ်စည်းတည်းပို့ဆောင်နိုင်ပြီး ကုန်ကျစရိတ်ပိုမို သက်သာနေဆဲဖြစ်သည်ကို တွေ့ရကြောင်း၊ နိုင်ငံတကာတွင်လည်း ရေကြောင်းသယ်ယူပို့ဆောင်ရေးကို အလေးထားဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမြောက်ဖျားမှ တောင်ဘက် ဧရာဝတီမြစ်ဝှမ်းအထိ ကူးသန်းသွားလာမှုများစွာ အထောက်အကူပြုနေသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များကို ရာသီမရွေးထိထိရောက်ရောက် အသုံးချနိုင်အောင်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ပင်လယ်လမ်းကြောင်းတစ်လျှောက် ကူးသန်းသွားလာမှုမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်စည်ပို့ဆောင်ရေးအတွက် လိုအပ်မည့်ဈေးကွက်ဝင်၊ စီးပွားရေးတွက်ချေကိုက်သည့် ကုန်တင်ရေယာဉ်၊ ကုန်တင်တွဲ၊ တွန်းရေယာဉ်၊ ကွန်တိန်နာတင်ရေယာဉ်များကို ထိန်းသိမ်းပြုပြင်ခြင်း၊ ပိုမိုတည်ဆောက်ခြင်းတို့ဖြင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးကဏ္ဍသည် အဓိကကျကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရေကြောင်းကဏ္ဍမှ ထောက်ပံ့ပေးနိုင်ရန်တီထွင်ကြံဆမှုများ၊ မြစ်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကမ်းရိုးတန်း ရေကြောင်းပို့ဆောင်ရေး၊ မြစ်တွင်းကုန်စည်ပို့ဆောင်မှုမှ ကမ်းရိုးတန်းခရီးစဉ်နှင့် ရေကြောင်းကုန်စည်ပို့ဆောင်မှု၊ ကွန်တိန်နာဖြင့် ကုန်စည်ပို့ဆောင်မှု၊ ကမ်းရိုးတန်းခရီးစဉ်ဖြင့် မြစ်တွင်းခရီးစဉ်ပေါင်းစပ်ပြီး ရေကြောင်းကုန်စည် ပို့ဆောင်မှုစနစ်များ ပိုမိုထိုးဖောက်တိုးမြှင့်ပို့ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ကြရမည်လည်းဖြစ်ကြောင်း၊ ရေရှည်မျှော်မှန်းပြီး ဒလသင်္ဘောကျင်းကဲ့သို့ သင်္ဘောကျင်းများမှ လိုအပ်သည့် ရေယာဉ်များကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်သင်္ဘောကျင်းများအနေဖြင့် ရေရှည်ကိုမျှော်မှန်းပြီး စွမ်းဆောင်ရည်ပိုမိုမြင့်မားစွာဖြင့် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

သင်္ဘောခုတ်မောင်းသွားလာရန် အင်ဂျင်များသည် ကျောက်မီးသွေးသုံးဘွိုင်လာမှ ဒီဇယ်အင်ဂျင်အထိ နည်းပညာပိုင်းအရပါ ပြောင်းလဲလာကြောင်း၊ အလားတူ ယနေ့ကာလတွင် ကုန်းလမ်းပို့ဆောင်ရေးယာဉ်များ၌ လျှပ်စစ်၊ ဘက်ထရီ စသည်ဖြင့် စွမ်းအားများ အသုံးပြုနေပြီဖြစ်သည့်အတွက် သင်္ဘောများတွင်လည်း ဘက်ထရီစွမ်းအင်စနစ်ဖြင့် အသုံးပြုနိုင်ရေး သုတေသနပြုဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း။

ရုပ်ဝတ္ထုပိုင်းအနေဖြင့်လည်း သင်္ဘောကျင်းများတွင်ရှိသည့် ရေယာဉ်တည်ဆောက်မှုဆိုင်ရာ လွန်းကျင်းလွန်းလမ်းများ၊ စက်ကိရိယာပစ္စည်းများ၊ တည်ဆောက်ရေးအလုပ်ရုံများ၊ ဝန်ချီစက်နှင့်ယာဉ်ယန္တရားများ၊ သင်္ဘောကျင်းလမ်းများ၊ လွန်းတင်မှုစနစ်များ၊ ရေယာဉ်ဒီဇိုင်းပြုစုမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့်တကွ လိုအပ်ချက်များကို နိုင်ငံတကာစံသတ်မှတ်ချက်များနဲ့အညီ ဖြည့်ဆည်းပြင်ဆင်ထားရမည်ဖြစ်ကြောင်း။

နိုင်ငံတော်အတွင်း ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမိုင်းဝင်သင်္ဘောကျင်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရေကြောင်းဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးတို့ ပေါင်းစပ်ကြပြီး နိုင်ငံပိုင်သင်္ဘောကျင်းများအချင်းချင်း ရေယာဉ်တည်ဆောက်မှုဆိုင်ရာ နည်းပညာဖလှယ်မှု၊ နည်းပညာဖြန့်ဝေမှုများပြုလုပ်ကြပြီး ရေကြောင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်ကြရန်၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေနှင့် မြစ်တွင်းသယ်ယူ ပို့ဆောင်ရေးသာမက ကမ်းရိုးတန်းရေယာဉ်များနှင့် ကမ်းရိုးတန်းကုန်စည်ပို့ဆောင်ရေး၊ ကမ်းရိုးတန်းခရီးစဉ်နှင့် မြစ်တွင်းခရီးစဉ်ပေါင်းစပ်ပြီး ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဘေးကင်းလုံခြုံစွာဖြင့် ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ရန်ပုံငွေ ချထားပေးနိုင်မှု၊ ဈေးကွက်ရှိမှုအခြေအနေ၊ စီးပွားရေးအရ အကျိုးအမြတ်ရရှိနိုင်မှု အခြေအနေတို့ကို သုံးသပ်ပြီးဒလသင်္ဘောကျင်း၏ စွမ်းအားကိုရယူ၍ ကမ်းရိုးတန်း ရေကြောင်းမှ ကုန်စည်ပို့ဆောင်နိုင်ရေးကို တိုးမြှင့်ဆောင်ရွက်သွားကြရန်၊ ယနေ့ကျင်းပပြုလုပ်သည့် ဒလသင်္ဘောကျင်း နှစ် (၁၅၀) ပြည့် အခမ်းအနား ပြုလုပ်နိုင်သကဲ့သို့ ဒလသင်္ဘောကျင်းကဲ့သို့ သမိုင်းဝင်ဌာနဆိုင်ရာ စက်ရုံအလုပ်ရုံ အဆောက်အုံများကို အစဉ်တည်တံ့နေစေရေးအတွက် စောင့်ရှောက်ခြင်း၊ ပြင်ဆင်ခြင်းများနှင့် ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းပြောကြားလို ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက သမိုင်းဝင်ဒလသင်္ဘောကျင်းဖြစ်တည်ခဲ့မှု၊ သမိုင်းကြောင်းတစ်လျှောက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိကာလတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုများနှင့်အညီ သင်္ဘောကျင်းဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ အနာဂတ်ကာလအတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမိုင်းဝင်ဒလသင်္ဘောကျင်း နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ရေယာဉ်ပုံစံငယ်နှင့် အထိမ်းအမှတ်လက်ဆောင်ပစ္စည်းအားပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒလသင်္ဘောကျင်း ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဒလသင်္ဘောကျင်းမှဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ သမိုင်းဝင် ရှေးဟောင်းဒီဇယ်စက်ပြင်အလုပ်ရုံအတွင်း ပြသထားသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ဒလသင်္ဘောကျင်း၏ သမိုင်းမှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံများနှင့် ရေယာဉ်ပုံစံငယ်များကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သမိုင်းဝင် ဒလသင်္ဘောကျင်း လုပ်ငန်းခွင်အတွင်း အကြီးစားမွမ်းမံ ပြင်ဆင်လျက်ရှိသော ရေယာဉ်ကြီးများ၏ ပြင်ဆင်နေမှုအခြေအနေများ၊ ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်တည်ဆောက်နိုင်ရေးအတွက် ရေယာဉ်ပုံစံငယ် စမ်းသပ်မှုလုပ်ငန်းစဉ် ရှင်းလင်းမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သမိုင်းဝင်ဒလသင်္ဘောကျင်း ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့သည်။

ဒလသင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအနက် ရှေးအကျဆုံးနှင့် အကြီးဆုံးသင်္ဘောကျင်းကြီးတစ်ခုဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်များအား စီမံချက်နှင့်အညီ မွမ်းမံခြင်း၊ ပို့ဆောင်မှုလိုအပ်ချက်နှင့် ဒေသရေကြောင်းအခြေအနေ လိုအပ်ချက်များအရ ရေယာဉ်ပုံစံထုတ်လုပ်ခြင်းနှင့် တည်ဆောက်ပေးခြင်း၊ ရေယာဉ်သစ်တည်ဆောက်မှုနှင့် မွမ်းမံပြင်ဆင်မှုများတွင်လိုအပ်သော ရေယာဉ်ဆိုင်ရာပစ္စည်းများနှင့် စက်ပိုင်းဆိုင်ရာပစ္စည်းများ ထုတ်လုပ်ပေးခြင်း၊ တီထွင်စမ်းသပ်ပေးခြင်း၊ အခြားဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ ရေယာဉ်များကို တည်ဆောက်ပြင်ဆင်မှုလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ကြောင်း၊ ဒလသင်္ဘောကျင်းသည် အလွန်ရှေးကျသော သမိုင်းဝင် သင်္ဘောကျင်းဖြစ်သည်နှင့်အညီ စက်ရုံ၊ အလုပ်ရုံ၊ အဆောက် အဦများ၊ လွန်းကျင်းလွန်းလမ်းများ၊ စက်ကရိယာများ အိုမင်းဟောင်းနွမ်းလျက် စွမ်းဆောင်ရည်လျော့နည်းလျက်ရှိနေမှုကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုများဖြင့် လွန်းကျင်းလွန်းလမ်းများ ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း၊ စက်ကိရိယာ အသစ်များတပ်ဆင်ခြင်း၊ အဆောက်အဦများ ပြန်လည်မွမ်းမံခြင်းများ ဆောင်ရွက်ထားရှိကြောင်းနှင့် ဒလသင်္ဘောကျင်းအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် ကုန်သွယ်မှုစနစ်ကို မျက်ခြည်မပြတ်လေ့လာလျက် တိုးတက်ဖြစ်ထွန်းလာသော လူသားအရင်းအမြစ်အားအခြေခံကာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ အနာဂတ်ရည်မှန်းချက်တာဝန်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ဒီနေ့ကျရောက်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြပါသော မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်တကွ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဦးစွာဆုတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ကတည်းက နိုင်ငံတော်ရဲ့ရှေ့ဆက်လျှောက်လှမ်းရမယ့်လမ်းကြောင်းကို မျှော်မှန်းပြီး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ခိုင်ခိုင်မာမာနဲ့ ကြိုးစားလျှောက်လှမ်းခဲ့ကြလို့ သိသာထင်ရှားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုလည်း တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူများက တက်တက်ကြွကြွနဲ့ ဝိုင်းဝန်းကူညီပေးခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်။ ရှေ့ဆက်လျှောက်လှမ်းရမယ့်ခရီးမှာ စိန်ခေါ်မှုတွေ၊ အကျပ်အတည်း၊ အခက်အခဲတွေကို ရင်ဆိုင်တွေ့နိုင်ရပေမယ့် ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်တဲ့ ပူးပေါင်းစွမ်းအားနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့နိုင်ငံသားများရဲ့ ကောင်းကျိုးကို မလိုလားသူတွေအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း မြို့ရွာများလုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိကပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ကြပါတယ်။ ကိုယ်နေထိုင်ရာ ကိုယ့်ရဲ့ဒေသနဲ့ လူမျိုးကို ထိခိုက်ပျက်စီးစေတဲ့ အသိဉာဏ်မဲ့တဲ့သူများရဲ့ လုပ်ရပ်များပဲဖြစ်ပါတယ်။ လူမျိုးရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးဆိုတဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အကြောင်းအရာများကို အကြမ်းဖက်လုပ်ရပ်များအပေါ် ခေါင်းစဉ်တပ်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို အောက်ကျနောက်ကျ လုပ်နေတာပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျွန်တော်တို့ ကာကွယ်တားဆီးကြဖို့၊ ရပ်တန့်အောင် ကြိုးစားကြဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ခဲ့ပါတယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့ အားကစားအဆင့်အတန်းမြင့်မားအောင် အုတ်မြစ်ချနိုင်ခဲ့ပါတယ်။ တိုင်းပြည်ကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှုဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ် ခိုင်မြဲစေရေးအတွက် စွန့်လွှတ်စွန့်စားစွာ ဆောင်ရွက်နေကြသူများ ရှိနေကြလို့ပဲဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြတဲ့ သူရဲကောင်းတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူနိုင်ငံသားများအားလုံးကို ကျွန်တော်အလေးအနက်ဂုဏ်ပြုပါကြောင်း ပြောလိုပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တမ်းတွေအဖြစ် ကျန်ရစ်ခဲ့မှာဖြစ်သလို ကျွန်တော်တို့အားလုံးရဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်နေမှုနဲ့ စည်းလုံးညီညွတ်မှုတို့ကို ဖော်ထုတ်ပြသနိုင်ခြင်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဟာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်အကျိုးအတွက်၊ ပြည်သူတို့ရဲ့အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်သာ ရှိပါတယ်။ ဒါကိုပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒီလိုနည်းလမ်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒသက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတူပဲ အချို့သော တိုင်းရင်းသားခေါင်းဆောင်များဟာ ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးလို့ ပြောနေကြသော်လည်း ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြတာကိုလည်း တွေ့နေရပါတယ်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့သင့်တယ်လို့ ပြောလိုပါတယ်။ ဒီလို ဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့ လမ်းကြောင်းမတူညီတဲ့အတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာကိုလည်း ဖြစ်ပါတယ်။ ဒါတွေကိုဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူများကလည်း လက်နက်ကိုင်အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးကြဖို့ လိုအပ်ကြောင်းလည်း ပြောကြားလိုပါတယ်။

ဒီကမ္ဘာလောကကြီးမှာ တိုင်းပြည်နိုင်ငံတစ်ခုဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ ကောင်းစွာရှင်သန်ရပ်တည်နေနိုင်ဖို့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနဲ့ မိမိတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို မြှင့်တင်နေကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝရပ်တည်ရေးကို ကိုယ်စွမ်းကိုယ်စနဲ့ မထိန်းသိမ်းနိုင်ရင် နိုင်ငံရဲ့အချုပ်အခြာအာဏာအားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝကို ကျရောက်စေနိုင်တာကိုလည်း သတိချပ်စေလိုပါတယ်။ လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေဖို့၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေဖို့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးက သွေးစည်းညီညွတ်ကြရပါမယ်။ နိုင်ငံတော်ကို ဘေးအန္တရာယ်ကျရောက်လာရင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိတဲ့ တပ်မတော်နဲ့ ပြည်သူတို့ ခိုင်ခိုင်မြဲမြဲလက်တွဲပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ သူရသတ္တိအပြည့်အဝနဲ့ နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ ကာကွယ်ပြီး နိုင်ငံတော်ကြီးကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ကြမယ်ဆိုတဲ့ စိတ်ဓာတ်တွေ မွေးကြရပါမယ်။

ကျွန်တော့်အနေနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်၍တရားမျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပေးနိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူများက ၂၀၂၄ ခုနှစ်မှာ ပြသနိုင်ခဲ့ကြတဲ့ တိုင်းချစ်ပြည်ချစ်စိတ်များ၊ မျိုးချစ်စိတ်များကိုအခြေခံပြီး စည်းလုံးညီညွတ်စွာနဲ့ ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ ပန်ကြားလိုပါတယ်။ ၂၀၂၅ ခုနှစ်မှာ ပြည်သူများရဲ့အောင်ပွဲအဖြစ် နိုင်ငံသားအားလုံးလိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်လှမ်းပြီး သက်သေပြကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

မြန်မာနိုင်ငံသား မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး တစ်ဦးပေါ်တစ်ဦး အပြန်အလှန်မေတ္တာထားပြီး နိုင်ငံနဲ့လူမျိုးကောင်းကျိုးကို ဖော်ဆောင်နိုင်ကြသူများဖြစ်ပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။

Source: myanmar.gov.mm

false news

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဘေးရှောင်တဲများနှင့် ဆိုင်ကယ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရန်နှင့် အဖျက်အမှောင့်လုပ်ငန်းများ မလုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ခြင်းများမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများကသာ ၎င်းတို့နှင့် အမြင်မတူသည့် ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများ၊ ဒေသခံပြည်သူများကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာ/ရပ်ကွက်များအား မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင် တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြုလုပ်သည်ဟု ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Source: moi.gov.mm

နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာယာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။ 

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာများအတွင်း ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း မရှိကြောင်း ၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများဆောင်ရွက်လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်းသတင်းရရှိသည်။

Source : (၂၆-၁၂-၂၀၂၄) ရက်နေ့ထုတ် မြဝတီနေ့စဉ်သတင်းစာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဒီဇင်ဘာ ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေရာသို့ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မြို့တော်ဝန်ဦးဗိုလ်ဌေးက မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသားအင်ဂျင်နီယာပညာရှင်များဖြင့် တည်ဆောက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဦးဝိစာရလမ်း မြေအောက်လမ်းကူးလူသွားဥမင်(Underpass) တည်ဆောက်ခဲ့မှုနှင့်ပတ်သက်သည့် Video Clip ကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက မြေအောက်လမ်းကူးလူသွားဥမင် (Underpass)ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Underpass တည်ဆောက်ရေးလုပ်ငန်းတွင်ပါဝင်ခဲ့သည့် အင်ဂျင်နီယာများအား အမှတ်တရဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်မြို့တော်ဝန်တို့က မြေအောက်လမ်းကူးလူသွားဥမင် (Underpass)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အဆောက်အဦဝင်ပေါက်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင်ပါဝင်ခဲ့သည့်ဘင်ခရာနှင့်ပန်းပွားအကအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် လူသွားဥမင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်နေရာသည် ရွှေတိဂုံစေတီတော်သို့ ဝင်ရောက်ဖူးမြော်မှု များပြားသည့်နေရာတစ်ခုဖြစ်သဖြင့် ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာစွာဖြင့် ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားရောက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာဖြတ်သန်းသွားလာနိုင်စေရန်နှင့် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေအောက်လမ်းကူးလူသွားဥမင် (Underpass)အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျားစုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် ၄ ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ဦးခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း၊ မြေအောက်လမ်းကူးလူသွားဥမင် (Underpass) အတွင်းရွေ့လျားစက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၂ စင်း ထည့်သွင်းတည်ဆောက်ထားခြင်းကြောင့် သက်ကြီးရွယ်အိုများအတွက်လည်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့မြေအောက်လမ်းကူး လူသွားဥမင်ဖွင့်လှစ်ခဲ့ခြင်းကြောင့် အများပြည်သူများ၊ ဘုရားဖူးလာပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့်သွားလာနိုင်မည်ဖြစ်ပြီး ဦးဝိစာရလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ယာဉ်ကြောပိတ်ဆို့မှုကိုအထိုက်အလျောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်ခဲ့သည့် မြေအောက်လမ်းကူး လူသွားဥမင်(Underpass)သည် အများပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သောအဆောက်အဦဖြစ်ရုံသာမက ရန်ကုန်မြို့၏ တိုးတက်သောမြို့အင်္ဂါပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm