ကမ္ဘာ့ကုန်သွယ်ရေးတင်းမာမှုက လုပ်အားဈေးကွက်ကို ရိုက်ခတ်လျက် ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် ပြောကြား
ရိုက်ခတ်မှုများဖြစ်ပေါ်စေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညွှန်ကြားရေးမှူးချုပ် Gilbert F. Houngbo က ဇွန် ၂ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် ပြောကြားခဲ့သည်။
၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို ဇွန် ၂ ရက်တွင် ဂျီနီဗာ၌ ဖွင့်လှစ် ကျင်းပ ခဲ့သည်။ ၂၀၂၅ ခုနှစ် ကမ္ဘာတစ်ဝန်း အသစ်တိုးလာသည့် အလုပ်အကိုင်အရေအတွက်သည် ၅၃ သန်း ရှိမည် ဟု ခန့်မှန်းထားပြီး ယမန်နှစ် အောက်တိုဘာလတွင် ခန့်မှန်းထားသည့် သန်း ၆၀ ထက် ၇ သန်း လျော့နည်း သွားရာ အဆိုပါအပြောင်းအလဲ၏ အဓိကအကြောင်းအရင်းမှာ ကုန်သွယ်ရေးတင်းမာမှုအခြေအနေ ပိုမို ဆိုးရွား လာခြင်းကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှောင့်နှေးလာရခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) “ကမ္ဘာ့အလုပ်အကိုင်နှင့် လူမှုအဖွဲ့အစည်း အလားအလာများ အစီရင်ခံစာ” ၏ နောက်ဆုံး ခန့်မှန်းချက်အရ သိရသည်။
ဉာဏ်ရည်တုအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းသည် ကမ္ဘာ့လုပ်အားဈေးကွက်အပေါ် နေ့စဉ် နှင့်အမျှ သိသာစွာသက်ရောက်လျက်ရှိပြီး မီဒီယာ၊ ဆော့(ဖ်)ဝဲ တီထွင်မှုနှင့် ဘဏ္ဍာရေးစသည့် ဒစ်ဂျစ်တယ် နည်းပညာအသွင် မြင့်မားသောအလုပ်အကိုင်များသည် နေ့စဉ်နှင့်အမျှ မြင့်တက်လာသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ဖြစ်သလို တစ်ချိန်တည်းမှာပင် အလုပ်ပုံစံတစ်မျိုးတည်းအား ထပ်တလဲလဲလုပ်ကိုင်ရသည့် ကာယအားကိုးရသော အလုပ်အကိုင်များသည် “ပို၍ ထိလွယ် ခိုက်လွယ်ဖြစ်” လာမည်ဖြစ်ကြောင်း Houngbo က ပြောကြားခဲ့သည်။
ယခုအကြိမ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို ဇွန် ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) မှ အဖွဲ့ဝင် ကိုယ်စားလှယ် ၁၈၇ ဦးက ဇီဝဘေး အန္တရာယ် ကာကွယ်ရေး၊ ဂုဏ်သိက္ခာရှိသောအလုပ်နှင့် “ပင်လယ်ရေကြောင်း အလုပ်သမားရေးဆိုင်ရာ သဘောတူ စာချုပ်” ပြင်ဆင်ရေး စသည့်ကိစ္စရပ်များကို အာရုံစိုက်ကာ အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ၏ အာဏာ အကြီးဆုံး အဖွဲ့အစည်းဖြစ်ပြီး ညီလာခံကို မေလနှင့် ဇွန်လကြားတွင် ဂျီနီဗာ၌ နှစ်စဉ် တစ်ကြိမ် ကျင်းပ လေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ကို ၁၉၁၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်တို့က ဖွဲ့စည်းထားသော သုံးပွင့်ဆိုင်အဖွဲ့အစည်းဖြစ်ရာ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ အလုပ်အကိုင် အပြည့်အဝဖန်တီးရန်၊ အလုပ်သမားနှင့် အလုပ်ရှင်ကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်၊ အလုပ်သမား၏ အခြေအနေများ ပိုမိုကောင်းမွန်စေရန်၊ လူမှုဖူလုံရေးခံစားခွင့် ကျယ်ပြန့်စေရန်၊ အလုပ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားကို အာမခံရန်၊ လူမှုတရားမျှတမှု ထိန်းသိမ်းရန် ဖြစ်သည်။
ကိုးကား- Xinhua