ရေနံစိမ်းဈေးနှုန်း ကျဆင်းမှုနှင့် အကျိုးအမြတ်ပမာဏ လျော့ကျလာခြင်းတို့ကြောင့် Petronas ကုမ္ပဏီက လုပ်သားအင်အား ၁၀ ရာခိုင်နှုန်း လျှော့ချမည်

News Image

  • ရေနံစိမ်းဈေးနှုန်း ကျဆင်းမှုနှင့် အကျိုးအမြတ်ပမာဏ လျော့ကျလာခြင်းတို့ကြောင့် Petronas ကုမ္ပဏီက လုပ်သားအင်အား ၁၀ ရာခိုင်နှုန်း လျှော့ချမည်

ကျဆင်းလာသည့် ရေနံစိမ်းဈေးနှုန်းနှင့် အကျိုးအမြတ် ပမာဏလျော့ကျလာခြင်းတို့ကြောင့် မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီကြီးဖြစ်သည့် Petronas က ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် ၎င်း၏လုပ်သားအင်အားကို ၁၀ ရာခိုင်နှုန်း လျှော့ချမည်ဖြစ်သည်။

Petronas ကုမ္ပဏီအနေဖြင့် အကျိုးအမြတ် ကျဆင်းလာမှုနှင့် ဈေးကွက် မတည်ငြိမ်မှုများ၏ သက်ရောက်မှုများကြောင့် လုပ်သားဦးရေ ၅၀၀၀ ခန့်ကို လျှော့ချမည်ဖြစ်ကြောင်း အလုပ်အမှုဆောင်ချုပ် မူဟာမက် တောဖစ်က ဇွန်လ ၅ ရက်တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ပြောသည်။ ထို့ပြင် အဆိုပါကုမ္ပဏီက လုပ်ဆောင်နေသည့် ဝန်ထမ်း အလုပ်ခန့်ထားခြင်းကိုလည်း လာမည့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။

Petronas ရေနံကုမ္ပဏီ၏ အကျိုးအမြတ် ပမာဏသည် ၂၀၂၃ ခုနှစ်တွင် ၂၁ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းအသီးသီး ကျဆင်းခဲ့သည်။ ထို့ပြင် ရေနံစိမ်းဈေးနှုန်းများ ကျဆင်းလာမှုနှင့် ဈေးကွက်မတည်ငြိမ်မှုတို့ကြောင့် ၎င်းကုမ္ပဏီ၏ အကျိုးအမြတ်သည် ယခု ၂၀၂၅ ခုနှစ်တွင် ဆက်လက်ကျဆင်း လာနိုင်သည်ဟု ခန့်မှန်းထားသည်။

MWD Web Portal