ဂျပန်တရားသူကြီး ICJ ဥက္ကဋ္ဌဖြစ်လာ

News Image

  • ဂျပန်တရားသူကြီး ICJ ဥက္ကဋ္ဌဖြစ်လာ

ဂျပန်တရားသူကြီး ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ကြောင်း ICJ တရားရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ယခင် ICJ ဥက္ကဋ္ဌဖြစ်သူ Nawaf Salam က လက်ဘနွန်နိုင်ငံ၏ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရန် ဇန်နဝါရီ ၁၄ ရက်၌ အဆိုပါရာထူးမှ နုတ်ထွက်သွားသည့်နေရာတွင် ယူဂျီ အီဝါဆာဝါကို ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။

 Nawaf Salam ၏ ဥက္ကဋ္ဌတာဝန်ယူသောအဖွဲ့မှာ ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သဖြင့် ယူဂျီ အီဝါဆာဝါ မှာ ထိုနေ့အထိ ICJ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ယူဂျီ အီဝါဆာဝါသည် ၂၀၁၈ ခုနှစ်၊ ဇွန် ၂၂ ရက်မှစ၍ အပြည်ပြည် ဆိုင်ရာတရားရုံး၏ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခင်က ၎င်းသည် တိုကျို တက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ကိုးကား- TASS

Photo: armenpress.am

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃