မော်တော်ကား ထုတ်လုပ်မှုတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီ Volkswagen သည် လက်နက်နှင့် စစ်ဘက် ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း CEO Oliver Blume က ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ (EU) က ၎င်း၏ ကာကွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၈၇၀ ဘီလီယံ အထိ သုံးစွဲရန် အစီအစဉ်ကို မကြာသေးမီက ကြေညာခဲ့ပြီးနောက် Oliver Blume က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Volkswagen သည် လွန်ခဲ့သည့်နှစ်က ရောင်းအားနှင့် အမြတ်ငွေများ ကျဆင်းခဲ့ပြီး ဂျာမနီနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စက်ရုံများ ပိတ်သိမ်းခြင်းနှင့် ဝန်ထမ်းအင်အားအများအပြား လျှော့ချခြင်းများ ပြုလုပ်ရန် ဖိအားပေးခံခဲ့ရသည်။
၂၀၂၃ ခုနှစ်တွင် ဂျာမနီ၏ စီးပွားရေးကဏ္ဍတွင် စွမ်းဆောင်နိုင်မှု လျော့နည်း ခဲ့ပြီး ၀.၃% ကျဆင်းခဲ့ကာ ၂၀၂၄ ခုနှစ်တွင်လည်း စီးပွားရေးကျဆင်းမှုကို ဆက်လက်ရင်ဆိုင်ခဲ့ရသည်။ ထိုစီးပွားရေးအကျပ်အတည်းသည် ယူကရိန်း နှင့်ဆက်စပ်သော ပိတ်ဆို့မှုများကြောင့် ရုရှား၏ စျေးနှုန်းချိုသာသော စွမ်းအင်ကိုဆုံးရှုံးခဲ့ရခြင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။
Oliver Blume က မကြာသေးမီက ဂျာမန်အစိုးရပိုင် ရုပ်သံလိုင်း NDR သို့ ပြောကြားရာတွင် ကားထုတ်လုပ်ရေးလုပ်ငန်းသည် ကာကွယ်ရေးလုပ်ငန်း ၏ လိုအပ်ချက်များကို နီးကပ်စွာ လေ့လာနေသည်ဟု ဆိုသည်။
အလုံးစုံသော ရွေးချယ်စရာများကို စဉ်းစားထားကြောင်း၊ ၎င်းတွင် အချို့သော စက်ရုံများကို အရပ်ဘက်မှ စစ်ဘက်ထုတ်လုပ်မှုသို့ ပြောင်းလဲခြင်း လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါအကြံဉာဏ်ကို ဂျာမနီနိုင်ငံ၏ အကြီးဆုံးလက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ Rheinmetall က ထောက်ခံခဲ့ပြီး Rheinmetall ၏ CEO Armin Papperger က Osnabrueck ရှိ VW စက်ရုံသည် စစ်ဘက်ထုတ်လုပ်မှုသို့ ပြောင်းလဲရန် သင့်လျော်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

SpaceX အမေရိကန် အာကာသနည်းပညာ ကုမ္ပဏီက လွှတ်တင်လိုက်သည့် Starship အာကာသ လွှတ်တင်ရေးဒုံးပျံသည် လွှတ်တင်ပြီးနောက်မကြာမီ လေထုတွင်း၌ ပေါက်ကွဲသွားရာ ထွက်ပေါ်လာသည့် အပျက်အစီးများကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း လေကြောင်းခရီးစဉ် ၂၄၀ ခန့်အပေါ် သက်ရောက်စေခဲ့ရသည်ဟု အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးအဖွဲ့ (FAA) ကထုတ်ပြန်သည်။

အပျက်အစီးများကြောင့် အာဏာပိုင်အဖွဲ့က လေကြောင်းခရီးစဉ် အများအပြားကို လေကြောင်း ပြောင်းလဲ၍ ပျံသန်းစေခဲ့ရပြီး လေကြောင်းခရီးစဉ် ၁၇၁ ခုမှာလည်း ခန့်မှန်းခြေအားဖြင့် ၂၈ မိနစ်ခန့် နှောင့်နှေးကြန့်ကြာခဲ့ကြောင်း FAA က ဆက်လက် ထုတ်ပြန်ထားသည်။
ထို့ပြင် SpaceX ကုမ္ပဏီက လွှတ်တင်လိုက်သည့် Starship အာကာသလွှတ်တင်ရေးဒုံးပျံ ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် FAA က တောင်းဆိုထားသည်။
SpaceX ကုမ္ပဏီသည် Starship အာကာသ လွှတ်တင်ရေးဒုံးပျံကို တက္ကဆက်ပြည်နယ်ရှိ spaceport မှ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌ စမ်းသပ်လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လွှတ်တင်စဉ် ဒုံးပျံ၏အထက်ပိုင်း၌ ချွတ်ယွင်းမှုဖြစ်ပွားခြင်းကြောင့် လွှတ်တင်ပြီး ၁၀ မိနစ် အတွင်းမှာပင် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။
ယခုဖြစ်ပွားသည့် ဖြစ်စဉ်သည် Starship အာကာသလွှတ်တင်ရေးဒုံးပျံ၏ ဒုတိယအကြိမ်မြောက် မအောင်မြင်မှုဖြစ်ပြီး ဇန်နဝါရီလအတွင်းက လုပ်ဆောင်သည့် စမ်းသပ်မှုအတွင်း၌လည်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပျက်အစီးများသည် တက်နှင့် ကိုင်ကိုကျွန်းစုများ အပေါ်သို့ ကျရောက်ခဲ့သည်။
Source: https://myawady.net.mm/

Elon Musk ၏ Starlink အင်တာနက်ဝန်ဆောင်မှုများကို အိန္ဒိယနိုင်ငံတွင် စတင်မိတ်ဆက်သွားမည်ဖြစ်ပြီး ထိုသို့စတင်ရာတွင် အိန္ဒိယ၏ ဒုတိယ အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် Bharti Airtel နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၁ ရက်နေ့က ကုမ္ပဏီ၏ စတော့အိတ်ချိန်းအချက်အလက်များတွင် ဖော်ပြခဲ့သည်။

SpaceX နှင့် Airtel တို့အကြား သဘောတူညီချက်အရ SpaceX သည် အိန္ဒိယတွင် Starlink ဝန်ဆောင်မှုများကို ရောင်းချရန်လိုအပ်သော လိုင်စင်များရရှိပါက Airtel ၏ နိုင်ငံတစ်ဝှမ်းရှိ ရောင်းချမှု ကွန်ရက်များကို အသုံးပြု၍ ဝန်ဆောင်မှုများနှင့် ပစ္စည်းကိရိယာများကို စျေးကွက်တင် ရောင်းချနိုင်မည်ဖြစ်သည်။
ထုတ်ပြန်ချက်တွင် “ဤသဘောတူညီချက်သည် အိန္ဒိယတွင် ပထမဆုံး ချုပ်ဆိုသည့် သဘောတူညီချက်ဖြစ်ပြီး SpaceX အနေဖြင့် အိန္ဒိယတွင် Starlink ဝန်ဆောင်မှုများ ရောင်းချနိုင်ရန် လိုအပ်သော ခွင့်ပြုချက်များ ကိုရရှိရန် လိုအပ်ပါသည်” ဟု ဖော်ပြထားသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အစီရင်ခံစာတစ်ခုအရ ကမ္ဘာ့လူဦးရေအများစုသည် ညစ်ညမ်းသောလေထုကို ရှူရှိုက်နေရပြီး ယင်းသည် ကျန်းမာရေးအတွက် ကြီးမားသော အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရသည်။ လေထုညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝှမ်းရှိ မြို့ပြဒေသများတွင် အထူးသဖြင့် ပြင်းထန်ပြီး လူသားများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် အမှုန်အမွှားများနှင့် အဆိပ်သင့်ဓာတ်ငွေ့များ ပါဝင်နေသည်။

ဤအခြေအနေသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုဆိုးရွားလျက် ရှိပြီး စက်မှုလုပ်ငန်းများ၊ မော်တော်ယာဉ်များနှင့် စွမ်းအင်ထုတ်လုပ်မှုတို့မှ ထွက်ပေါ်လာသော ညစ်ညမ်းမှုများကြောင့် ဖြစ်သည်။ လေထု ညစ်ညမ်းမှုသည် အဆုတ်ရောဂါ၊ နှလုံးရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကို ဖြစ်ပေါ်စေနိုင်ပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် အထူးသဖြင့် ထိခိုက်နိုင်ခြေများသည်။
အဆိုပါအစီရင်ခံစာသည် လေထုညစ်ညမ်းမှုကို လျှော့ချရန်နှင့် သန့်ရှင်းသောလေထုကို ရရှိရန် နိုင်ငံတကာအဆင့်တွင် ပိုမိုထိရောက်သော မူဝါဒများနှင့် လုပ်ဆောင်ချက်များလိုအပ်ကြောင်း အလေးပေး ဖော်ပြထားသည်။ သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များသို့ ကူးပြောင်းခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ်များကို မြှင့်တင်ခြင်းနှင့် စက်မှုလုပ်ငန်းများတွင် ညစ်ညမ်းမှုလျှော့ချရေး နည်းပညာများ အသုံးပြုခြင်းတို့သည် ထို ပြဿနာကို ဖြေရှင်းရာတွင် အဓိကကျသော အချက်များဖြစ်သည်။
လေထုညစ်ညမ်းမှုသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး လူသားများ၏ ဘဝအရည်အသွေးကို မြှင့်တင်ရန်နှင့် ပတ်ဝန်းကျင်ကို ကာကွယ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းမှုများ လိုအပ်လျက်ရှိသည်။
ကိုးကား-VN Express

အမေရိကန်ဂြိုဟ်တုပုံရိပ် ဖမ်းယူရေးကုမ္ပဏီ Maxar Technologies သည် ယူကရိန်းနိုင်ငံအား ၎င်းကုမ္ပဏီ၏ ဝန်ဆောင်မှုများ ရယူအသုံးပြုနေခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
Maxar Technologies ၏အဆိုပါ လုပ်ဆောင်ချက်သည် အမေရိကန်အစိုးရက ယူကရိန်းအပေါ် ပေးအပ်နေသည့် စစ်ရေး အကူအညီများနှင့် ထောက်လှမ်းရေး အချက်အလက်ဖလှယ်မှုအား ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်းက ရပ်ဆိုင်းလိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Maxar Technologies ကုမ္ပဏီ၏ အဆိုပါ လုပ်ဆောင်ချက်အရ ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်ဂြိုဟ်တုစနစ်မှ ထောက်လှမ်းရေး အချက်အလက်များကို ရယူအသုံးပြု၍ စစ်ဆင်ရေးများ၌ အသုံးချနိုင်မည်မဟုတ်ပေ။
Maxar Technologies ကုမ္ပဏီသည် ယူကရိန်း တပ်မတော်အတွက် ဂြိုဟ်တုမှတစ်ဆင့် ဖမ်းယူရရှိသည့် မြင်ကွင်းရှင်းပုံရိပ်များကို ထောက်ပံ့ပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယူကရိန်း တပ်မတော်သည် အဆိုပါကုမ္ပဏီမှ ပေးပို့သည့် အချက်အလက်များအပေါ် အခြေခံ၍ ရုရှားတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို ခြေရာခံကာ စစ်မြေပြင် အခြေအနေနှင့် အခြေခံအဆောက်အဦများ၏ ပျက်စီးမှုစသည်တို့ကို ကြည့်ရှုထောက်လှမ်းနေခြင်းဖြစ်သည်။
သို့ရာတွင် အဆိုပါ ဝန်ဆောင်မှုများကို ကန့်သတ်ခြင်းရှိ၊မရှိအား Maxar Technologies ကုမ္ပဏီက အတိအကျထုတ်ပြန်ထားခြင်း မရှိသေးပေ။
ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသည့် စစ်ရေးအကူအညီများကို အမေရိကန်က ရပ်ဆိုင်းလိုက်ခြင်းအပေါ် ရုရှားနိုင်ငံက ကြိုဆိုထားပြီး ယင်းလုပ်ဆောင်ချက်သည် ယူကရိန်းအစိုးရအား လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အားပေးအားမြှောက်ပြုနိုင်မည်ဟု ရုရှား အစိုးရက ပြောကြားထားသည်။

တရုတ်နိုင်ငံမှ XPeng ကုမ္ပဏီသည် ကားပျံများအား လာမည့် ၂၀၂၆ခုနှစ်တွင် အများအပြား ထုတ်လုပ်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ကွန်ဂရက်၏ ကုမ္ပဏီများ စီမံခန့်ခွဲရေး ဥက္ကဋ္ဌဖြစ်သူ ရှောင်ပန်းက ပြောကြားလိုက်သည်။
XPeng ကုမ္ပဏီသည် လျှပ်စစ်ကားများကို ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး မောင်းနှင်ပျံသန်းနိုင်သည့် ကားအများအပြားကို ၂၀၂၆ ခုနှစ်တွင် အစင်းရေအများအပြား ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။ ထုတ်လုပ်မှု၏ ပထမအဆင့်အဖြစ် XPeng ကုမ္ပဏီက ကားပျံများကို တစ်နှစ်လျှင် အစင်းရေ ၁၀၀၀၀ ခန့်ထုတ်လုပ်မည်ဖြစ်သည်။

အဆိုပါ XPeng ကုမ္ပဏီသည် ၎င်းတို့၏ ကားပျံ ရှေ့ပြေးပုံစံတစ်ခုကို တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် ကျူဟိုင်လေကြောင်းပြပွဲ၌ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ ၎င်းပြပွဲတွင် XPeng ကုမ္ပဏီ၏ ကားပျံသည် ပြပွဲသို့ တက်ရောက် လာသူများ၏ ရှေ့မှောက်တွင် ပထမဆုံးအကြိမ် မောင်းနှင်ပျံသန်းပြသခဲ့သည်။
XPeng ကုမ္ပဏီသည် ကားပျံများ ထုတ်လုပ်ရန်အတွက် ကွမ်ကျို့ပြည်နယ်တွင် မော်တော်ကား စက်ရုံတစ်ရုံကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး အဆိုပါ ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ကားပျံများကို အများအပြား ထုတ်လုပ်သည့် ပထမဆုံးသော ကုမ္ပဏီဖြစ်လာမည်ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် ရက် ၃၀ ဗီဇာ ကင်းလွတ်ခွင့်မူဝါဒကို ပထမဆုံးအကြိမ်ကျင့်သုံးပြီးနောက် တရုတ်နိုင်ငံမှ ခရီးသွား ၄ သန်းကျော်နှင့် အိန္ဒိယနိုင်ငံမှ ခရီးသွား ၁ သန်းကျော် လာရောက် လည်ပတ်ခဲ့သည်။
The Star သတင်းဌာန၏ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ တရုတ်နိုင်ငံသား ၄.၁ သန်း မလေးရှား နိုင်ငံသို့ဝင်ရောက်ခဲ့သည်။ ထိုကာလအတွင်း အိန္ဒိယနိုင်ငံမှ ခရီးသွား ၁.၄ သန်း ရောက်ရှိခဲ့သည်။

မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် တရုတ်နှင့် အိန္ဒိယခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကိုကျင့်သုံးသည့် အရှေ့တောင်အာရှနိုင်ငံ နှစ်နိုင်ငံ ဖြစ်သည်။
မလေးရှားနိုင်ငံ၏ ခရီးသွားရေး၊အနုပညာနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ပါလီမန်သို့ ပေးပို့ခဲ့သည့်တင်ပြချက်၌ “အဆိုပါ မူဝါဒသည် နိုင်ငံအတွက် ဝင်ငွေများ ရရှိစေပြီး မလေးရှားနိုင်ငံအားနိုင်ငံတကာမြင်ကွင်းတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်း ကဲ့သို့သော ကဏ္ဍများတွင် အဓိကပါဝင်သူအဖြစ် ဆက်လက်တည်ရှိ စေရန် သေချာစေသည်” ဟု ဖော်ပြခဲ့သည်။
“ဤအချက်က ဖြစ်နိုင်ခြေရှိသော နိုင်ငံများအတွက် ဗီဇာကင်းလွတ်ခွင့် မူဝါဒသည် မလေးရှားသို့ ခရီးသွားများ လာရောက်မှုကိုမြှင့်တင်ရာ၌ အထောက်အကူပြုကြောင်းပြသနေသည်” ဟု တင်ပြချက်တွင် ဖြည့်စွက် ဖော်ပြခဲ့သည်။
ဗီဇာကင်းလွတ်ခွင့်မူဝါဒ၏ အပြုသဘောဆောင်သော သက်ရောက်မှု များကြောင့် မလေးရှားနိုင်ငံသည် တရုတ်နှင့် အိန္ဒိယခရီးသွားများ အတွက် ဗီဇာကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ်အထိတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။
အမေရိကန်ငွေကြေးဝက်ဘ်ဆိုဒ် Insider Monkey က ၂၀၂၄ ခုနှစ်တွင် အာရှ၏ “အချစ်ဆုံး” နိုင်ငံအဖြစ် သတ်မှတ်ခံထားရသော မလေးရှားနိုင်ငံ သို့ ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ၃၈ သန်း ရောက်ရှိခဲ့ပြီး ယင်းတွင် တစ်နေ့တာခရီးသွား ၁၃ သန်း ပါဝင်ကာ ယခင်နှစ်ထက် ၃၁.၁% တိုးတက်မှု ရှိကြောင်း ခရီးသွားဝန်ကြီး Datuk Seri Tiong King Sing က ပြောကြား ခဲ့သည်။
ဗီဇာကင်းလွတ်ခွင့်မူဝါဒမူဝါဒသည် နိုင်ငံတကာခရီးသွားများအား ဗီဇာလိုအပ်ချက်များကို လျှော့ချပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
ဤမူဝါဒသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို သိသိသာသာ တိုးတက်စေ ခဲ့ပြီး စီးပွားရေးအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုများ ရှိခဲ့သည်။ ခရီးသွားများသည် နိုင်ငံ၏ ယဉ်ကျေးမှု၊ သဘာဝ အလှတရား များနှင့် ဒေသခံများ၏ ကြင်နာဖော်ရွေသော ဆက်ဆံမှုတို့ကိုခံစားရန် လာရောက်လည်ပတ်ကြပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်ရုံသာမက နိုင်ငံတကာနှင့် ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေခဲ့သည်။
ခရီးသွားလုပ်ငန်းတွင် ဤကဲ့သို့သောအောင်မြင်မှုများသည် နိုင်ငံ၏ စီးပွားရေးကို အားကောင်းစေပြီး ဒေသခံများ၏ လူနေမှုဘဝ အရည်အသွေးကိုမြှင့်တင်ပေးနိုင်ခဲ့သည်။ နိုင်ငံတကာခရီးသွားများအတွက် ဗီဇာ လိုအပ်ချက် များလျှော့ချပေးခြင်းသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးစေရန် ကူညီပေးနိုင်သည့် မူဝါဒတစ်ခုဖြစ်ကြောင်း ဤအောင်မြင်မှုက သက်သေပြခဲ့သည်။

တက်စလာ CEO အီလွန်မက်က ဘီလီယံနာ ဂျော့ခ်ျဆိုရိုးစ်အပါအဝင် ဩဇာကြီးမားသည့် ပုဂ္ဂိုလ်များစွာမှ ငွေကြေးထောက်ပံ့ထားသည့် ဒီမိုကရက်တစ်ပါတီ၏ အဓိကရန်ပုံငွေရှာဖွေရေးပလက်ဖောင်းဖြစ်သော ActBlue ကို ၎င်း၏ကုမ္ပဏီအား ညှိနှိုင်းတိုက်ခိုက်မှုတစ်ခုကို စီစဉ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

တက်စလာဆန္ဒပြမှုများအတွက် တာဝန်ရှိသော ActBlue ကို ငွေကြေးထောက်ပံ့ထားသည့် အဖွဲ့ ၅ ဖွဲ့ကို စုံစမ်းစစ်ဆေးမှုတစ်ခုတွင် တွေ့ရှိခဲ့ကြောင်းနှင့် Troublemakers, Disruption Project, Rise & Resist, Indivisible Project နှင့် Democratic Socialists of America တို့ ဖြစ်သည်ဟု အီလွန်မက်က X တွင် ရေးသားခဲ့သည်။
ActBlue ကို ငွေကြေးထောက်ပံ့သူများတွင် ဂျော့ခ်ျဆိုရိုးစ်၊ Reid Hoffman၊ Herbert Sandler၊ Patricia Bauman နှင့် Leah Hunt-Hendrix တို့ ပါဝင်သည်ဟု ၎င်းက ဖြည့်စွက်ခဲ့သည်။
ဒီမိုကရက်တစ်ပါတီ၏ ရန်ပုံငွေရှာဖွေရေး ပလက်ဖောင်းသည် လက်ရှိတွင် “နိုင်ငံခြားနှင့် တရားမဝင်လှူဒါန်းမှုများကို ခွင့်ပြုခြင်းဖြင့် ရွေးကောက်ပွဲ ငွေကြေးစည်းမျဉ်းများကို ချိုးဖောက်သည့်အတွက် စုံစမ်းစစ်ဆေးမှုခံနေရသည်” ဟု အီလွန်မက်က ပြောကြားခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်အတွင်း ActBlue ၏ အထွေထွေ ရှေ့နေ အဖွဲ့ဝင်အပါအဝင် အကြီးတန်းအရာရှိ ၇ ဦး ရာထူးမှနုတ်ထွက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တက်စလာသည် လွန်ခဲ့သောရက်သတ္တပတ် အနည်းငယ်အတွင်း ပြင်းထန်သော ဆန္ဒပြမှုများဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး အမေရိကန် ပြည်ထောင်စုတစ်ဝှမ်းရှိ နေရာပေါင်း ၅၀ ကျော်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက အီလွန်မက်အား “ထွက်သွားရန်” တောင်းဆိုခဲ့ကြပြီး “အီလွန်မက်သည် နာဇီတစ်ယောက်ဖြစ်သည်” စသည့် ဆောင်ပုဒ်များကို အသုံးပြုခဲ့ကြသည်။ ထို့အပြင် တက်စလာ ကားရောင်းဝယ်ရေး စင်တာများစွာသည်လည်း မီးရှို့တိုက်ခိုက်ခြင်းများခံခဲ့ရသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

လန်ဒန် မတ် ၁၀
အင်္ဂလန်နိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် မိုးရွာသွန်းမှုနှုန်း မြင့်တက်လျက်ရှိပြီး အနာဂတ်တွင်လည်း ဆိုးရွားသော ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း အင်္ဂလန်သဘာဝပတ်ဝန်းကျင် အေဂျင်စီ (EA) ကသုတေသနရလဒ်များနှင့်တကွ ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။

လက်ရှိတွင် အင်္ဂလန်နိုင်ငံအတွင်း အခြေခံအဆောက်အအုံထက်ဝက်ခန့်မှာ ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ရမည့်အခြေအနေဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်အရောက်တွင် အခြေခံ အဆောက်အအုံရှစ်သန့်ခန့်ထိ ရေနစ်မြုပ်သွားဖွယ်ရှိနေကြောင်း၊ ရေလွှမ်းမိုးမှုဖြင့် အဓိက ရင်ဆိုင်ရဖွယ်ရှိနေသည့် ဧရိယာများမှာ စိုက်ပျိုးမြေများဖြစ်ပြီး လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စိုက်ပျိုးမြေအများစုမှာ ၂၀၅၀ ပြုည့်နှစ်အရောက်တွင် ရေအောက် ရောက်သွားကာ စိုက်ပျိုးမှုများ ပြုလုပ်နိုင်ဖွယ်မရှိတော့ကြောင်း၊ ၂၀၅၀ ပြည့်နှစ် အရောက်တွင် ရေအောက်ရောက်ဖွယ်ရှိနေသည့် စိုက်ပျိုးမြေပမာဏမှာ ဧက ၂ ဒသမ ၈ သန်းခန့်ရှိပြီး ၎င်းပမာဏသည် အင်္ဂလန်နိုင်ငံ တစ်နိုင်ငံလုံးရှိ စိုက်ပျိုးမြေပမာဏ၏ ၁၃ ရာခိုင်နှုန်းထိရှိနေကြောင်း EA က သုံးသပ်ထုတ်ပြန်ခဲ့သည်။
ရေအောက်ရောက်ဖွယ်ရှိနေသည့် အခြေခံအဆောက်အအုံပမာဏ၏ ၃၈ ရာခိုင်နှုန်းမှာ ဆက်သွယ်သွားလာရေးလမ်းများဖြစ်ပြီး မော်တော်ကားလမ်းများနှင့် မီးရထားလမ်းများဖြစ်ကြောင်း EA ကထုတ်ပြန်ခဲ့သည်။
Source: ရတနာပုံသတင်းစာ

ဂျပန်နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများသည် လွန်ခဲ့သော ၁၄ နှစ်က ဆူနာမီ ဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ကြသည့် သောင်းနှင့်ချီသော အသက်ဆုံးရှုံးခဲ့ရသူများကို ပြန်ပြောင်းသတိရခဲ့ကြကာ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရှိရပါသည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ငလျင်နှင့် ဆူနာမီလှိုင်းများသည် ဂျပန်အရှေ့ပိုင်းရှိ ပစိဖိတ်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းဒေသအတွင်း၌ ယနေ့အထိ အကျိုးဆက်များအဖြစ် ဖြစ်ပေါ်နေခဲ့သည့် နျူကလီးယား မတော်တဆမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသည့်ဒေသများမှ ပြည်သူများသည် နံနက် စောစောကပင် စုရုံးကာ သေဆုံးသွားခဲ့ရသူများကို ရည်စူးဂါရဝပြုခဲ့ကြပါသည်။
သေဆုံးသူ သို့မဟုတ် ပျောက်ဆုံးသူအဖြစ် တရားဝင် သတ်မှတ်အရေအတွက်သည် ၂၂,၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။ အဆိုပါကိန်းဂဏန်းများထဲ၌ ကျန်းမာရေးပြဿနာများ သို့မဟုတ် ယင်းဘေးအန္တရာယ်နှင့် ဆက်စပ် ဖြစ်ပွားခဲ့သည့် နောက်ဆက်တွဲပြဿနာများကြောင့် နောက်ပိုင်းသေဆုံးမှုများလည်း ပါဝင်သည်။
မဂ္ဂနီကျုဒ် ၉.၀ ရှိသည့် ငလျင်ကြီးတစ်ခု ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းရိုးတန်း၌ လှုပ်ခဲ့ပြီးနောက် အမြင့် ၁၀ မီတာကျော်အထိရှိသော ဆူနာမီလှိုင်းလုံး ကြီးများ ဖြစ်ပေါ်ခဲ့သည်။
ယင်းသဘာဝဘေးကြောင့် တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ၏ ဖူကူရှီမား အမှတ် ၁ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံသည် လောင်စာအရည်ပျော်မှု ဖြစ်ပွားခဲ့ရကာ အဆိုပါ မတော်တဆမှုကြောင့် လူသောင်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါသည်။ ပျက်စီးသွားသည့် စက်ရုံတစ်ဝိုက်ရှိ အချို့နေရာများသို့ ဝင်ရောက်ခွင့်ကို ယခုအချိန်အထိ ကန့်သတ်ထားပြီး ဖူကူရှီမားတွင် နေထိုင်သူ ၂၀,၀၀၀ ကျော်သည် နေအိမ်များဆီသို့ မပြန်နိုင်ကြသေးပေ။
ဆူနာမီဒဏ်မှ ပြန်လည်နာလန်ထူလာခဲ့သည့် တိုးဟိုးကုဒေသတွင် မကြာသေးမီက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ Iwate ခရိုင် Ofunato မြို့၏ အစိတ်အပိုင်းများတွင် သီတင်းတစ်ပတ်ခွဲကြာ မီးလောင်ကျွမ်းခဲ့ပြီး နေထိုင်သူအများအပြား ထွက်ပြေးခဲ့ရသည်။
ကိုးကား-NHK World