သုံး၍မကုန်နိုင်သည့် စွမ်းအင်အရင်းအမြစ်ကို ရှာဖွေတွေ့ရှိထားကြောင်း တရုတ်ပြောကြား

News Image

  • သုံး၍မကုန်နိုင်သည့် စွမ်းအင်အရင်းအမြစ်ကို ရှာဖွေတွေ့ရှိထားကြောင်း တရုတ်ပြောကြား

နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို နှစ်ပေါင်း ၆ သောင်းကျော်ဖြည့်ဆည်းပေးနိုင်မည့် သုံး၍မကုန်နိုင်သည့် စွမ်းအင် အရင်းအမြစ်ကို ရှာဖွေတွေ့ရှိထားကြောင်း တရုတ်ဘူမိဗေဒပညာရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် သုံး၍မကုန်နိုင်လောက်အောင် များပြားသည့် ရေဒီယိုသတ္တိကြွသတ္တုဒြပ်စင်တစ်မျိုးဖြစ်သည့် သိုရီယမ်သတ္တု (Thorium) ကို မွန်ဂိုလီးယားနိုင်ငံရှိ Bayan Obo သတ္တုတွင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း မကြာသေးမီက လေ့လာချက်တစ်ခုအရ သိရှိရပါသည်။

Molten salt အမျိုးအစား နျူကလီးယား ဓာတ်ပေါင်းဖိုများတွင် အနည်းငယ်မျှသာ ရေဒီယိုသတ္တိကြွမှုရှိသော သိုရီယမ်သတ္တုကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်သည်။

အဆိုပါ Bayan Obo သတ္တုတွင်းမှ သိုရီယမ်သတ္တုတန်ချိန် ၁ သန်းခန့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း မကြာမီက တရားဝင်ထုတ်ပြန်ခဲ့သည့် လေ့လာချက်ကို ကိုးကား၍ South China Morning Post သတင်းဌာနက ရေးသား ဖော်ပြခဲ့ပါသည်။

လက်ရှိတွင် အဆိုပါ သိုရီယမ်များသည် သတ္တုတူးဖော်ခြင်းလုပ်ငန်း၏ စွန့်ပစ်ပစ္စည်းများနှင့် ရောထွေးလျက်ရှိပြီး ထုတ်ယူရခြင်းမရှိသေးကြောင်း၊ နည်းမှန်လမ်းမှန်ဖြင့် ထုတ်ယူသုံးစွဲမည်ဆိုပါက ကမ္ဘာကြီး၏ ရုပ်ကြွင်းလောင်စာ အပေါ် မှီခိုအားထားနေရမှုကို အဆုံးသတ်နိုင်လောက်သည်အထိ လုံလောက်မှု ရှိနိုင်သည်ဟု လေ့လာမှုက ဖော်ပြ ထားပါသည်။

ကိုးကား- Tagtik.co.uk          

ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄