သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေးခရီးစဉ်တွင်လိုက်ပါလာသည့် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ဆာမားရား၌ တွေ့ဆုံဆွေးနွေးစဉ်ပါဝင်သည့် အမျိုးသမီးများအား ဂုဏ်ပြု

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှနေ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆာမားရားမြို့သို့ အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့သည်။

ဂုဏ်ပြုစကားပြောကြား

ထိုသို့ သွားရောက်နေစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ချစ်ကြည်ရေးခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အထူးလေယာဉ်ပေါ်၌ ဂုဏ်ပြုစကားပြောကြားခဲ့သည်။

သွားရောက်လေ့လာ

အလားတူ ဆာမားရားမြို့ရှိ Roscosmos အာကာသကော်ပိုရေးရှင်း၊ JSC Progress စက်ရုံသို့ သွားရောက်လေ့လာစဉ်၌လည်း JSC Progress စက်ရုံမှ အမျိုးသမီးများအား အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဂုဏ်ပြုပန်းစည်းပေးအပ်

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ဝင်များအား ဆာမားရားမြို့မှ တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုပန်းစည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Source: MOI

COVID 19 ဆက်စပ်ပြဿနာအတွက် ဒေါ်လာ ၂၄ ဘီလီယံကို တရုတ်က ပေးဆောင်ရန် အမေရိကန်တရားသူကြီးက အမိန့်ချမှတ်

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုအစပိုင်းကာလက မှန်ကန်မှုမရှိသည့် သတင်းအတုအယောင်များ ဖြန့်ချိခြင်းနှင့် ကာကွယ်ရေးပစ္စည်းများ သိမ်းဆည်းထားခြင်းတို့ကြောင့် တရုတ်အစိုးရကို ဒေါ်လာ ၂၄ ဘီလီယံ ပေးဆောင်ရန် အမေရိကန်ဖက်ဒရယ်တရားသူကြီးက မတ်လ ၇ ရက် တွင် အမိန့်ချမှတ်လိုက်ကြောင်း သိရပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင်  Missouri ပြည်နယ် ဥပဒေချုပ်က တရုတ်နိုင်ငံသည်  ကိုဗစ်ကပ်ရောဂါ စတင်ကူးစက်ချိန်ကာလ၌ ရောဂါပြန့်ပွားမှုနှင့် အသိပေး အကြောင်းကြားမှုများကို လိမ်လည်ခဲ့ကြောင်း၊ ရောဂါကာကွယ်ရေးပစ္စည်း (PPE) တို့ကို သိမ်းဆည်းထားပြီး အခြားနိုင်ငံများသို့ ထောက်ပံ့မှု လျှော့ချဆောင်ရွက်ခဲ့ကြောင်း စွဲချက်တင်ခဲ့ပါသည်။ ထိုသို့လုပ်ဆောင်ခဲ့သဖြင့် ကာကွယ်ရေးပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်ခဲ့ပြီး အခြားလိုအပ်သော နိုင်ငံများအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း စွဲချက်တွင် ဖော်ပြထားပါသည်။

Missouri ပြည်နယ်သည် ကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀-၂၀၂၁ ခုနှစ်များတွင် သေဆုံးမှုအများဆုံး တတိယနေရာတွင် ရှိခဲ့သည်ဟု ထုတ်ဖော်ပြောကြားထားပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အီတလီ နှင့် တူရကီကာကွယ်ရေးကုမ္ပဏီတို့က ဒရုန်းလုပ်ငန်းတစ်ခုကို ပူးတွဲထူထောင်

ကာကွယ်ရေးကုမ္ပဏီများသည် ဥရောပ စစ်အသုံးစရိတ် မြင့်တက်လာမှု ကို တုံ့ပြန်ရန်အတွက် အပြိုင်အဆိုင်ကြိုးပမ်းမှုများ လုပ်ဆောင်နေချိန် တွင် အီတလီအခြေစိုက် Leonardo ကာကွယ်ရေးကုမ္ပဏီနှင့် တူရကီ အခြေစိုက် Baykar ကာကွယ်ရေးကုမ္ပဏီတို့သည် ဒရုန်းများ ထုတ်လုပ်ရန် အတွက် ပူးတွဲလုပ်ငန်းတစ်ခုကို ထူထောင်လိုက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါသဘောတူညီချက်သည် ဒရုန်းစက်မှုလုပ်ငန်းတွင် ဥရောပ၏ အားနည်းချက်များကို ဖြေရှင်းရန်ရည်ရွယ်ထားပြီး ကုမ္ပဏီနှစ်ခုသည် လာမည့် (၁၀) နှစ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ (၁၀ဝ) ဘီလီယံခန့်ရှိမည့် ဒရုန်း ထုတ်လုပ်မှုများနှင့်အတူ ဥရောပ ဒရုန်းဈေးကွက်ကို အခွင့်ကောင်းယူမည်ဖြစ်ကြောင်း သိရသည်။

Leonardo ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ရောဘတ်တိုဆင်ဂိုလာနီက “ဥရောပမှာ မောင်းသူမဲ့ နည်းပညာနှင့်ပတ်သက်ပြီး ကွာဟချက်များ ရှိကြောင်း၊ ယင်းကွာဟချက်များက ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အာမခံချက် က အခြေခံကျသည့် အချက်တစ်ခုပဲဖြစ်ပါကြောင်း” ပြောဆိုခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် လာမည့် အနာဂတ်တွင် ဒရုန်းများ အတွက်အဓိကကျသော အခန်းကဏ္ဍတစ်ခုကိုပေးဆောင်မည်ဖြစ်ပြီးလေကြောင်းဆိုင်ရာ လွှမ်းမိုးမှုကို တည်ဆောက်ရန်အတွက် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်၏ သားမက်ဖြစ်သူ Baykar ကုမ္ပဏီ၏ဥက္ကဋ္ဌ Selcuk Bayraktar က ပြောကြားခဲ့သည်။

အီတလီတွင် အခြေစိုက်မည့် အဆိုပါပူးတွဲလုပ်ငန်းသည် ဒရုန်းများ ထုတ်လုပ်ရန်အတွက် ကုမ္ပဏီနှစ်ခုစလုံး၏ ရှိပြီးသား အဆောက်အအုံ များကို အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့သည် ဒရုန်းများထုတ်လုပ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အမျိုးသား စစ်တပ် များနှင့် ဆွေးနွေးမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရောဘတ်တို ဆင်ဂိုလာနီနှင့် Selcuk Bayraktar တို့က ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် Baykar ကုမ္ပဏီက အချိန်များစွာယူကာ စီစဉ် နေခဲ့သော အရာတစ်ခုဖြစ်ပြီး ဥရောပတွင် ၎င်းတို့အတွက် ခိုင်မာ အားကောင်းသော အနေအထားတစ်ခုကို ပေးဆောင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား-NP News

မေ ၉ ရက် Victory Day စစ်ရေးပြအခမ်းအနား ဆားဘီးယားတပ်ဖွဲ့ ပါဝင်မည်

လာမည့် မေလ ၉ ရက်နေ့တွင် မော်စကိုမြို့၌ ကျင်းပမည့် ဆိုဗီယက် ပြည်ထောင်စု၏ အောင်ပွဲနေ့ (Victory Day) နှစ် ၈၀ ပြည့် အခမ်းအနား၏ စစ်ရေးပြပွဲတွင် ဆားဘီးယားနိုင်ငံမှ တပ်ဖွဲ့ဝင်များ ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်စန္ဒာ ဗူချစ်ချ်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ဖုန်းဖြင့် ဆက်သွယ်ပြီးနောက် ရုရှားသမ္မတရုံး က ထုတ်ပြန်ကြေညာလိုက်ပါသည်။

ဆားဘီးယား၏ ထိုဆုံးဖြတ်ချက်မှာ အနောက်နိုင်ငံများက ရုရှားမှ ဝေးကွာစေရန် ဖိအားပေးသော်လည်း သမ္မတဗူချစ်ချ်က ရုရှားနှင့် စစ်ရေး၊ စီးပွားရေး ဆက်ဆံမှုများကို ဆက်လက်ထိန်းသိမ်းထားလိုသည့် သဘောကို ပြသလိုက်ခြင်း ဖြစ်ပါသည်။

ယခုလုပ်ရပ်ကြောင့် ဥရောပသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများ၏ ဝေဖန်မှုကို ရင်ဆိုင်ကြုံတွေ့နိုင်သော်လည်း ဆားဘီးယားသည် ၎င်း၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို လိုက်နာသည့်အနေဖြင့် အရှေ့ဘက်နှင့် အနောက်ဘက်တို့ကြား ဟန်ချက်ညီညီ ဆောင်ရွက်နေခြင်း ဖြစ်သလို ရုရှား၏ ဒုတိယကမ္ဘာစစ်အတွင်း ပါဝင်ခဲ့မှုကို လေးစားမှုပြုသည့် သင်္ကေတတစ်ခုအဖြစ် တွေ့မြင်နိုင်မှာဖြစ်ပြီး ရုရှားနှင့် ဆက်ဆံရေးကို ထပ်မံ၍ ပိုမိုခိုင်မာစေရန် ကြိုးပမ်းနေသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko က ဂုဏ်ပြုကြိုဆို တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၇

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံသမ္မတက သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ချစ်ကြည်ရေးအဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့်နေရာသို့ရောက်ရှိရာ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။

ထိုအချိန်တွင် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံတော်သီချင်းတို့အား တီးမှုတ်ကြသည်။

 ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှအဆင့်မြင့်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

သီးသန့်တွေ့ဆုံဆွေးနွေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့သည် သီးသန့်တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ ဘယ်လာရုစ်နိုင်ငံသမ္မတက ယခုကဲ့သို့ တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအဆွေတော်၏ ချစ်ကြည်ရေးခရီးစဉ်မှတစ်ဆင့် လုပ်ငန်းများ အောင်မြင်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြားမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ မိမိတို့နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်သည့်အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။

အကျိုးဖြစ်ထွန်းမှုများ

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်မှာ ယခုအခါ ဒုတိယကြိမ် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း မျက်မြင်တွေ့မြင်ရပါကြောင်း၊ မိမိအားယခုကဲ့သို့ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်အနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလတွင် အနိုင်ရရှိခဲ့မှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့် ယခင်လာရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှုများနှင့် တိုးတက်မှုများကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြားတွင် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နှစ်နိုင်ငံအကြားစီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မိမိဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့မှုအပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား စသည့် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာမည့် အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်‌ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များအား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ သံစုံတီးဝိုင်းက နှစ်နိုင်ငံတေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်သို့ဝင်ရောက်လာသည့် ယူကရိန်းနိုင်ငံသား၂၄၀၀၀၀ ခန့်၏  ယာယီနေထိုင်ခွင့်များကို ရုပ်သိမ်းရန် ထရမ့်စီစဉ်

ဝါရှင်တန်၊ ပြည်တွင်းရေး

ယူကရိန်းပဋိပက္ခကြောင့်  ယူကရိန်းနိုင်ငံမှ   အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသည့် ယူကရိန်းနိုင်ငံသား ၂၄၀၀၀၀ ခန့်၏ ယာယီနေထိုင်ခွင့်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ရုပ်သိမ်းရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို ထရမ့်အစိုးရကယခုနှစ် ဧပြီလအတွင်း  စတင်ရန်စီစဉ်ထားပြီး  နောက်ပိုင်းတွင် ၎င်းယူကရိန်းနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးနိုင်ဖွယ်ရှိကြောင်း အမေရိကန်အစိုးရအဖွဲ့မှအဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုရှိ ယူကရိန်း နိုင်ငံသားများ၏ ယာယီနေထိုင်ခွင့်အားပြန်လည်ရုပ်သိမ်းမည့် အစီအစဉ်သည်ထရမ့်အစိုးရ၏ နိုင်ငံအတွင်းရှိ တရားမဝင် ဝင်ရောက်လာသူ  တိုက်ဖျက်ရေးလုပ်ငန်းစဉ်၏   တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ယူကရိန်းနိုင်ငံမှအမေရိကန်ပြည်ထောင်စုသို့ဝင်ရောက်လာသည့် ယူကရိန်းနိုင်ငံသားများအား   ယခင်ဂျိုးဘိုင်ဒင်အစိုးရက လူသားချင်းစာနာမှုဖြင့်လက်ခံ၍  နိုင်ငံအတွင်း၌ ယာယီနေထိုင်ခွင့်ပေးထားခြင်းဖြစ်သည်။

ထရမ့်အစိုးရသည်  ယခုလအတွင်း အမေရိကန်နိုင်ငံအတွင်းရှိ ကျူးဘား၊ဟေတီ၊ နီကာရာဂွါနှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ နိုင်ငံသား ၅၃၀၀၀၀ ခန့်၏ ယာယီနေထိုင်ခွင့်ကို  ရုပ်သိမ်း၍   ၎င်းတို့၏ နေရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Ref: Sputnik, DM

Source: https://myawady.net.mm/

၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်သူထက်ဝက်ကျော် အဝလွန်လာနိုင်

နယူးယောက်  မတ် ၆

၂၀၅၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်သူစုစုပေါင်းအနက် ထက်ဝက်ကျော်တို့မှာ အဝလွန်သူများဖြစ်လာနိုင်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ မတ် ၅ ရက်သတင်းများတွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာတစ်ဝန်းရှိ ကလေး၊ ဆယ်ကျော်သက်နှင့် လူငယ် စုစုပေါင်း၏ သုံးပုံတစ်ပုံတို့မှာလည်း အဝလွန်သူများဖြစ်လာနိုင်ကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားထားသည်။

သို့ရာတွင် ၂၀၅၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ တွေ့ကြုံရနိုင်သည့် အဝလွန်မှုပြဿနာကို ကိုင်တွယ်ရေးအတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် အချိန်ရသေးကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ အရွယ်ရောက်သူ အမျိုးသားတစ်ဘီလီယံနှင့် အမျိုးသမီး ၁ ဒသမ ၁၁ ဘီလီယံအနက် ထက်ဝက်နီးပါးမှာ ပုံမှန်ထက် ကိုယ်အလေးချိန်လွန်ကဲနေသူ သို့မဟုတ် အဝလွန်သူများဖြစ်နေကြောင်း သိရသည်။

လက်ရှိနှုန်းထားအတိုင်းဆိုပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် အရွယ်ရောက်အမျိုးသားလူဦးရေ၏ ၅၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီးလူဦးရေ၏ ၆၀ ဒသမ ၃ ရာခိုင်နှုန်းမှာ အဝလွန်သူများဖြစ်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

Source: ရတနာပုံသတင်းစာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် မတ် ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒားဘယ်ဂ်လော့နှင့် မတ်လ ၅ ရက်နေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့၊ အစိုးရဧည့်ဂေဟာ K2 ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ ဖွံဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ စိန့်ပီတာစဘတ်မြို့တွင် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ သိမ်၊ ကျောင်း၊ စေတီတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်များအား စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးက စိန့်ပီတာစဘတ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲတွင် ဖျော်ဖြေခဲ့သည့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံအတွင်း မြေရှားသတ္တု တူးဖော်ရေး ပိုမိုအားစိုက်ကြရန် ဘယ်လာရုစ် သမ္မတ မှာကြား

ဘယ်လာရုစ်နိုင်ငံတွင် မြေရှားသတ္တုရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြင့် လုပ်ဆောင်ကြရန် ဘယ်လာရုစ်နိုင်ငံသမ္မတ အလက် ဆန်းဒါး လူကာရှန်ကိုသည် မတ်လ ၄ ရက်က အသစ်ခန့်အပ်လိုက်သည့် ဒုတိယဝန်ကြီးချုပ် Yuri Shuleiko ဦးဆောင်သော အစိုးရအဖွဲ့သစ်နှင့် တွေ့ဆုံချိန်၌ မှာကြားလိုက်ပါသည်။

မြေရှားသတ္တုသည် ယနေ့အခါ ကမ္ဘာပေါ်တွင် အရေးအပါဆုံး ခေါင်းစဉ်တစ်ခုဖြစ်လာကြောင်း ၊ မိမိတို့နိုင်ငံတွင် မြေရှားသတ္တုများ ရှိနေသည်ဟု ပြောပြနေကြပါကြောင်း၊ ဘယ်လာရုစ်အနေဖြင့် ဓာတုဗေဒ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့်တို့အပါအဝင် အခြား သယံဇာတများကိုလည်း လေ့လာရှာဖွေတူးဖော်ရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ထိုတာဝန်ကို သက်ဆိုင်ရာဝန်ကြီးထံ တာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း လူကာရှန်ကို က ပြောထားပါသည်။

ထို့ပြင် မိမိတို့နိုင်ငံတွင် ဘူမိဗေဒဆိုင်ရာ တူးဖော်ရေး ခေတ်မမီတော့သည်ကို တွေ့ရှိရပါကြောင်း၊ ဒေသခံကျွမ်းကျင်သူများအနေဖြင့် ထိုကိစ္စကို မေ့လျောနေကြကြောင်း၊ ယခုအစိုးရသစ်အဖွဲ့အနေဖြင့် သက်ဆိုင်ရာဝန်ကြီးနှင့်ပူးပေါင်း၍ မြေရှားသတ္တုတူးဖော်ရေးကို ပိုမိုလုပ်ဆောင်ကြရန် ဖြစ်ကြောင်း ဘယ်လာရုစ်ခေါင်းဆောင်က ထပ်လောင်းပြောကြားထားပါသည်။

ကိုးကား- BelTA (ဘယ်လာရုစ်)

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘီလာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ဘီလာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးဆက်လက်သွားရောက်ရန်အတွက် စိန့်ပီတာစဘတ်မြို့ရှိ Pulikovo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဘီလာရုစ်နိုင်ငံ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ဘီလာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Maxim Ryzhenkov ၊ မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်သံအမတ်ကြီး၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

လေဆိပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဘီလာရုစ်သမ္မတနိုင်ငံနိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မင့်စ်မြို့ The Victory Monument ရှိ လွမ်းသူ့ပန်းခွေချ အလေးပြုမည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

လွမ်းသူ့ပန်းခွေချအလေးပြု

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က The Victory Monument ၌ လွမ်းသူ့ပန်းခွေချအလေးပြုသည်။ လွမ်းသူပန်းခွေချအလေးပြုစဉ်အချိန်၌ ဘီလာရုစ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ဘီလာရုစ်သမ္မတနိုင်ငံတော်သီချင်းတို့အား တီးမှုတ်ကြသည်။

ရင်းရင်းနှီးနှီး နှုတ်ဆက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။