အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၁၆၅၀ ထက်မနည်း ဖျက်သိမ်းရ
အမေရိကန်နိုင်ငံ၏ဒုတိယအကြီးဆုံးပြည်နယ်ဖြစ်သော တက္ကဆက်ပြည်နယ်တွင် ဆောင်းရာသီမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက တက္ကဆက်ပြည်နယ်လေဆိပ်များရှိ လေကြောင်းခရီးစဉ် ၁၆၅၀ ထက်မနည်း ဖျက်သိမ်းခဲ့ကြောင်း FlightAware နည်းပညာကုမ္ပဏီက ပြောကြားသည်။
အဆိုပါနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၉ ရက်မနက်ပိုင်းအထိ ထိုပြည်နယ်၏အဓိကလေဆိပ်များတွင် လေကြောင်းခရီးစဉ်ပေါင်း ၁၃၀၀၀ ကျော် နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ကြောင်း FlightAware နည်းပညာကုမ္ပဏီက အချက်အလက်ဖော်ပြထားသည်။
နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်မှ ကာရိုလိုင်းနားပြည်နယ်အထိ မိုင် ၈၀၀ ခန့် ရေခဲ၊ ဆီးနှင်းများသည်းထန်စွာကျဆင်းခြင်းနှင့် အပူချိန်အလွန်အမင်းကျဆင်းခြင်းတို့ဖြစ်ပေါ်ခဲ့သည်ဟု အမေရိကန် ရာသီဉတုဝန်ဆောင်မှုအဖွဲ့ကဆိုသည်။
တက္ကဆက်ပြည်နယ်မြောက်ဘက်နေရာအနှံ့အပြားတွင် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲပိုင်းအထိ နှင်းမုန်တိုင်းသတိပေးချက်အသက်ဝင်နေမည်ဖြစ်ပြီး မြစ်နီနှင့်အနီးနားတွင် ဆီးနှင်းများပိုမိုကျဆင်းဖွယ်ရှိပြီး နှစ်လက်မမှ ငါးလက်မအထိ ရှိမည်ဟုသိရသည်။
၂၀၂၁ ခုနှစ်က ထိုပြည်နယ်တွင် မုန်တိုင်းများဆက်တိုက်တိုက်ခတ်မှုကြောင့် ဓါတ်အားလိုင်းများပြတ်တောက်ကာ လူ ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရ သည်။
Source: Myanmar Digital News