တိုကျိုရှိ တက္ကသိုလ်ပရဝုဏ်အတွင်း ကျောင်းသူတစ်ဦးက တူဖြင့်တိုက်ခိုက်မှုကြောင့် ကျောင်းသား ၈ ဦး ထိခိုက် ဒဏ်ရာရ

News Image

  • တိုကျိုရှိ တက္ကသိုလ်ပရဝုဏ်အတွင်း ကျောင်းသူတစ်ဦးက တူဖြင့်တိုက်ခိုက်မှုကြောင့် ကျောင်းသား ၈ ဦး ထိခိုက် ဒဏ်ရာရ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တက္ကသိုလ်တစ်ခု၏ ပရဝုဏ်အတွင်း၌ ကျောင်းသား ၈ ဦးကိုတူဖြင့်တိုက်ခိုက်ခဲ့သည့် သံသယရှိသူ ကျောင်းသူတစ်ဦးကို ရဲကဖမ်းဆီး လိုက်ကြောင်း သိရပါသည်။

Machida မြို့ရှိ Hosei University ၏ Tama Campus မှ ဝန်ထမ်းတစ်ဦးသည် ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ဖုန်းခေါ်ဆိုခဲ့ပြီး ကျောင်းသူတစ်ဦးက တူဖြင့်တိုက်ခိုက်သဖြင့် ကျောင်းသားများဒဏ်ရာရရှိထားကြောင်း သတင်းပို့ခဲ့ကြောင်း သိရှိရသည်။

စာသင်ခန်းအတွင်းရှိကျောင်းသား ၈ ဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင် တိုက်ခိုက်ခံခဲ့ရကြောင်း မြို့တော်ရဲဌာနကဆိုသည်။ သို့သော် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တိုက်ခိုက်ခဲ့သူသည် အသက် ၂၂ နှစ်အရွယ် လူမှုသိပ္ပံဌာနမှ တောင်ကိုရီးယားနိုင်ငံမှ လာရောက်ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦးဖြစ်ပြီး အခြား အတန်းဖော်များက သူမအား အပေါင်းအသင်းမပြုလုပ်ဘဲ လစ်လျူရှုခြင်းကြောင့် အထီးကျန်မှုခံစားလာရကာ ကျောင်းပရဝုဏ်အတွင်းရှိ တွေ့ရှိသမျှသူများအားလုံးကို လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိများကို ထွက်ဆိုခဲ့သည်။

ကျောင်းသားတစ်ဦးက ကျောင်းပရဝုဏ်အတွင်း ကျောင်းသူတစ်ဦး၏ တိုက်ခိုက်မှုမှာ ထိတ်လန့်ဖွယ်ရာဖြစ်ကြောင်းပြောခဲ့ပြီး အခြားကျောင်းသားတစ်ဦး ကလည်း ၎င်းသာအတန်းထဲတွင်ရှိနေပါက တိုက်ခိုက်ခံရမည့်အရေးတွေးမိကာ လွန်စွာထိတ်လန့်မိကြောင်း ပြောခဲ့ပါသည်။

အဆိုပါတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀,၀၀၀ ကျော်တက်ရောက်လျက်ရှိပြီး နိုင်ငံခြား ကျောင်းသား၊ ကျောင်းသူ ၁၅,၀၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။

ကိုးကား-NHK World

Photo: Kyodo News