အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ချော်ရည်ပူများပန်းထွက်မှုကြောင့် မီးတောင်သတိပေးချက်ထုတ်ပြန်
အင်ဒိုနီးရှားနိုင်ငံ ရိုဂျာကာတာပြည်နယ်အထူးဒေသ၊ လူဦးရေထူထပ်သောမြို့တော်အနီးတွင်တည်ရှိသော မီရာပီမီးတောင်သည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ချော်ရည်ပူများပန်းထွက်မှုဖြစ်ပေါခဲ့သည်။
အဆိုပါမီးတောင်ပေါက်ကွဲမှုဖြစ်ပွားသည်မှာ ငါးကြိမ်ရှိပြီဖြစ်ပြီး ချော်ရည်ပူများပန်းထွက်မှု မီတာ ၁၉၀၀ အထက်သို့ ရောက်ရှိခဲ့သည်။ အနီးနားရှိဒေသခံများ ဘေးကင်းစေရန် မီးတောင်နှင့် ဘူမိဗေဒ ဘေးအန္တရာယ်လျော့ပါးရေးစင်တာက မီးတောင်သတိပေးချက်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
မီးတောင်ဝ၏ အနောက်တောင်ဘက်နှင့်တောင်ဘက်ဒေသများတွင် ၇ ကီလိုမီတာအထိ၊ အရှေ့တောင်ဘက်ဒေသများတွင် ၃ ကီလိုမီတာအထိ ချော်ရည်ပူများစီးဆင်းမည့် အလားအလာရှိကြောင်း ဖော်ပြထားသည်။
မိုးသည်းထန်စွာရွာသွန်းစဉ်အတွင်း ချော်ရည်ပူများလွှမ်းမိုးမှုဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်များသောဒေသများအတွင်း ရှောင်ရှားသွားလာကြရန် ဒေသခံများအား အကြံပြုပြောကြားထားသည်။
မီရာပီမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ၏ သက်ဝင်လှုပ်ရှားမီးတောင် ၁၂၇ ခုအနက် တစ်ခုဖြစ်ပြီး ၂၉၆၈ မီတာ အမြင့်ရှိသည်ဟု သိရသည်။
Source: Myanmar Digital News