သတင်းများ

နိုင်ဂျီးရီးယား၌ စက်သုံးဆီတင်ယာည်ပေါက်ကွဲမှုကြောင့် လူပေါင်း ၈၀ ကျော်သေဆုံး

အဘူဂျာ  ဇန်နဝါရီ ၂၀

နိုင်ဂျီးရီးယားနိုင်ငံ၌ စက်သုံးဆီတင်ဆောင်လာသော ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၈၀ ကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း သမ္မတ ဘိုလာတီနူဘူးက အတည်ပြုပြောသည်။

မကြာခဏ ဖြစ်ပွား

ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုပေးရန် သမ္မတဘိုလာတီနူဘူးက သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ နိုင်ဂျီးရီးယားနိုင်ငံ၌ စက်သုံးဆီတင်ယာဉ်ပေါက်ကွဲမှုမှာ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယမန်နှစ်တွင်လည်း စက်သုံးဆီယာဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့

ယမန်နှစ် စက်တင်ဘာလတွင် နိုက်ဂျာပြည်နယ် အဝေးပြေးလမ်း၌ စက်သုံးဆီယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ လူပေါင်း ၄၉ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့သည်။

Source: မြန်မာ့အလင်းသတင်းစာ

ဆက်စပ်သတင်း- https://sacministry.gov.mm/my/news/1809

 ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ တူကီယဲကောင်စစ်ဝန်ရုံးချုပ်ကို ပြန်လည်ဖွင့်လှစ်

အစ္စတန်ဘူလ် ဇန်နဝါရီ ၂၀

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အနောက်မြောက်ပိုင်းရှိ တူကီယဲ၏ ကောင်စစ်ဝန်ရုံးချုပ်မှာ ဇန်နဝါရီ ၂၀ ရက်တွင် ၎င်း၏ လုပ်ငန်းများ ပြန်လည်စတင်ပြီ ဖြစ်ကြောင်း တူကီယဲနိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ထားသည်။ အဆိုပါ ကောင်စစ်ဝန်ရုံးကို ဆီးရီးယားလက်နက်ကိုင် ပဋိပက္ခကြောင့် ပိတ်ထားခဲ့ရပြီးနောက် ၁၃ နှစ်အကြာတွင် ကောင်စစ်ဝန် ရုံးအဆောက်အအုံတွင် တူကီယဲတာဝန်ရှိသူများက တူကီယဲအလံ လွှင့်တင်ထားသည်ကို နိုင်ငံပိုင် တီအာတီရုပ်သံက ထုတ်လွှင့် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံရှိ တူကီယဲ သံတမန်ရေးရာအဖွဲ့သည် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်ရေး၊ စစ်ရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ပါဝင်ကူညီမည်ဖြစ်ကြောင်း ဒမတ်စကတ်မြို့ရှိ တူကီယဲသံရုံးမှ ခေတ္တသံအမတ် ဘူဟန်ခိုရိုဂ်လူက ပြောကြားသည်။ လာမည့် အချိန်ကာလအတွင်း တူကီယဲနှင့် ဆီးရီးယား နိုင်ငံတို့အကြား ဆက်ဆံရေးမှာ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

Source: Myanmar Digital News

အသံထက်လေးဆ ပိုမိုမြန်ဆန်သည့် အမြန်နှုန်းဖြင့်ပျံသန်းနိုင်ပြီး နာဆာ၏ Son of Concorde အတွက်အဓိကပြိုင်ဘက်ဖြစ်လာမည့် ယွမ်ရှင်းအသံထက်မြန်လေယာဉ်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင်အခြေပြုသည့် Space Transportation ကုမ္ပဏီသည် နာဆာအတွက်  လော့ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်နေသည့် Son of Concorde လေယာဉ်ထက် ပိုမိုမြန်ဆန်သည့် လေယာဉ် အင်ဂျင်တစ်မျိုးကို ထုတ်လုပ်လျက်ရှိသည်။

စမ်းသပ်မှုများလုပ်ဆောင်စဉ်အတွင်း အဆိုပါလေယာဉ်အင်ဂျင်သည် တစ်နာရီလျှင် ၃၀၄၅ မိုင်အထိ ရောက်ရှိခဲ့ကြောင်းတွေ့ရသည်။ ယင်းအရှိန်နှုန်းမှာ အသံထက် လေးဆပိုမြန်သည်။ ထို့ကြောင့်   အဆိုပါအင်ဂျင်သည် အရပ်ဘက်သုံးလေကြောင်းပျံသန်းရေးကဏ္ဍအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ကြောင်း   Space Transportation ကုမ္ပဏီကပြောသည်။

Space Transportation ကုမ္ပဏီက အဆိုပါလေယာဉ်အင်ဂျင်ကို ကျင်းတော့ယွမ် ဟုအမည်ပေးထားသည်။ ၎င်းကုမ္ပဏီသည် အဆိုပါအင်ဂျင်အား ၂၀၂၄  ခုနှစ်ဒီဇင်ဘာလ ၁၇ ရက်က   တရုတ်နိုင်ငံအနောက်မြောက်ပိုင်းတွင်   အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း တရုတ် Global Times သတင်းစာကဖော်ပြထားသည်။

ကျင်းတော့ယွမ်ဟု အမည်ပေးထားသည့် အဆိုပါအင်ဂျင်သည် လေထုအတွင်းမှ အောက်ဆီဂျင်ကို တိုက်ရိုက်လောင်ကျွမ်းစေသည့် ramjet အင်ဂျင်အမျိုးအစားဖြစ်သည်။ အင်ဂျင်အားစမ်းသပ်ရာတွင်  ၎င်းအင်ဂျင်၏ အရေးပါသည့်အချက်အလက်များဖြစ်သည့် လောင်စာထောက်ပံ့မှု၊ လျှပ်စစ်နှင့် ထိန်းချုပ်ရေးစနစ်များ စသည့်အချက်အလက်များကို ဖော်ပြထားသည်။

ထို့ပြင် အဆိုပါအင်ဂျင်အား အောင်မြင်စွာစမ်းသပ်နိုင်ခြင်းသည် ယွမ်ရှင်းအသံထက်မြန်အရပ်ဘက်သုံး လေယာဉ်တည်ဆောက်ရေးအတွက် အရေးပါသည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ ထို့ပြင် ကျင်းတော့ယွမ်အင်ဂျင်အား ယွမ်ရှင်းအသံထက်မြန် အရပ်ဘက်သုံးလေယာဉ်တွင် တပ်ဆင်အသုံးပြုခြင်းအားဖြင့် ခရီးသည်များနှင့် အားလပ်ရက်အပန်းဖြေခရီးထွက်သူများအတွက် ဝေးကွာသည့်ဒေသများသို့ အချိန်တိုအတွင်းခရီးသွားလာနိုင်သည့်   အတွေ့အကြုံများကိုဖြစ်ပေါ်စေမည်ဖြစ်သည်။

Space Transportation ကုမ္ပဏီသည် ယွမ်ရှင်း အသံထက်မြန်အရပ်ဘက်သုံးလေယာဉ်   သို့မဟုတ် ခရီးသည်တင်လေယာဉ်ကို   လာမည့် ၂၀၂၇ ခုနှစ်တွင်ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပျံသန်းရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ခရီးသည်များကိုပထမဆုံးအကြိမ်အဖြစ် တင်ဆောင်ပျံသန်းနိုင်မည်ဟုရည်မှန်းထားသည်။

ယွမ်ရှင်း အသံထက်မြန်အရပ်ဘက်သုံးလေယာဉ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ကြာချိန်နှစ်နာရီအတွင်း ပျံသန်းနိုင်မည်ဖြစ်သည်။ ထို့ပြင် ခရီးသည်များအနေဖြင့် မြေပြင်မှအမြင့် ပေ ၆၅၆၀၀ ကျော်မှပျံသန်းရမည်ဖြစ်သောကြောင့်   မိုးကုပ်စက်ဝိုင်းကို   သာမန်အတိုင်းမဟုတ်ဘဲထူးခြားစွာတွေ့မြင်ရမည်ဖြစ်သည်။

ယွမ်ရှင်း အသံထက်မြန်အရပ်ဘက်သုံးလေယာဉ်၏ပုံသဏ္ဌာန်မှာ သွယ်လျပြီး မျက်မှောက်ခေတ် လေဆိပ်များတွင်တွေ့မြင်နေရသည့် သမားရိုးကျလေယာဉ်များထက် Thunderbirds ရုပ်ရှင်ပြကွက်များအတွင်းမှ အနာဂတ်လေယာဉ်ဒီဇိုင်းမျိုးဖြစ်သည်။

Space Transportation ကုမ္ပဏီအနေဖြင့် အဆိုပါအသံထက်မြန် ခရီးသည်တင်လေယာဉ်ကို ထုတ်လုပ်ရာတွင် ပေါ့ပါးပြီးခံနိုင်စွမ်းရည်မြင့်မားသည့် ပစ္စည်းအစိတ်အပိုင်းများဖြင့် တည်ဆောက်မည်ဖြစ်သည်။ အထူးသဖြင့် အသံထက်လေးဆပိုမြန်သည့် အရှိန်နှုန်းဖြင့် ပျံသန်းရာတွင် တွေ့ကြုံရမည့် အပူချိန်ကို ခံနိုင်စေရန်အတွက်ဖြစ်သည်။

ထို့ပြင်  လေယာဉ်ပျံသန်းထွက်ခွာရာတွင်လည်း သာမန်လေယာဉ်များကဲ့သို့ ရေပြင်ညီအတိုင်း ပျံသန်းထွက်ခွာခြင်းမဟုတ်ဘဲ ယွမ်ရှင်းအသံထက်မြန်လေယာဉ်အနေဖြင့် ဒေါင်လိုက်အတက်အဆင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် တရုတ် Space Transpor-tation ကုမ္ပဏီက   ထုတ်လုပ်နေသည့်ယွမ်ရှင်းအသံထက်မြန်လေယာဉ်သည်နာဆာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းကထုတ်လုပ်ဖော်ပြခဲ့သည့် Son of Concordeဟုအမည်ပေးထားသော X-59 အသံထက်မြန်လေယာဉ်၏  ထူးခြားသည့် ပြိုင်ဘက် လေယာဉ်တစ်စင်းဖြစ်လာမည်ဖြစ်သည်။

X-59 အသံထက်မြန်လေယာဉ်ကိုအမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် လော့ဟိမာတင်က  ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ကုန်ကျစရိတ်မှာ ဒေါ်လာ ၂၄၇ ဒသမ ၅ သန်းရှိသည်ဟုဆိုသည်။ သို့သော် နာဆာ၏ Son of Concorde လေယာဉ်သည် တစ်နာရီလျှင် ၉၃၇ မိုင်သာ မောင်းနှင်ပျံသန်းနိုင် ခြင်းရှိသောကြောင့် အသံထက်မြန်သည်ဟုဆိုနိုင်သော်လည်း အသံထက်လေးဆပိုမိုမြန်ဆန်သည့်နှုန်းကိုမူ လိုက်၍မီနိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများကခန့်မှန်းထားသည်။   ။

Source: Myawady Web Portal

အမေရိကန်တွင် TikTok ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သဖြင့် ဒေါ်နယ်ထရမ့်အား ကျေးဇူးတင်ကြောင်း ပြောကြား

အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားလုံခြုံရေးကို အကြောင်းပြ၍ TikTok ပိတ်ပင်သော ဉပဒေ အတည်ပြုခဲ့သောကြောင့် ခဏတာ ရပ်ဆိုင်းခဲ့သော TikTok မှာ ဇန်နဝါရီ ၁၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ပြန်လည် အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါသည်။

ဇန်နဝါရီ ၁၉ ရက်တွင် ရာထူး သက်တမ်းကုန်သွားပြီ ဖြစ်သည့် ဘိုင်ဒင်အစိုးရ၏ ပိတ်ပင်မှုအပေါ် ပြောင်းပြန်ဖြစ်သွားစေရန် ဆောင်ရွက်ပေးသည့်အတွက် ဒေါ်နယ်ထရမ့် ကို TikTok က ချီးကျူးလိုက်ပါသည်။ 

တရုတ်ပိုင် ByteDance ၏ TikTok ကို တရုတ် နိုင်ငံသားမဟုတ်သူထံရောင်းချရန် နောက်ဆုံးသတ်မှတ်ချိန်ဟု သတ်မှတ်ထားသော ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် Tik Tok သည် အမေရိကန် ပြည်ထောင်စု၌ ပိတ်သွားခဲ့ပါသည်။ ဇန်ဝါရီ ၁၉ ရက် နံနက်အစောပိုင်းတွင် တုန်လှုပ်ချောက်ချားနေသော အသုံးပြုသူ သန်းပေါင်းများစွာက TikTok သုံးမရရန် ပိတ်ပင်ခံထားသည်ကို ကြုံတွေ့ရသဖြင့် ထရမ့်က သဘောတူညီမှုရရှိအောင် ဆောင်ရွက်ရန် အချိန်ဆွဲထားမည့်သမ္မတအမိန့် ထုတ်ပေးမည်ဟု ကတိပြုပြောကြားထားပါသည်။ 

TikTok ကို အမေရိကန်နှင့် တရုတ်ပူးတွဲ ပိုင်ဆိုင်မှု ပုံစံအဖြစ် အမေရိကန်က ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်စေ လိုကြောင်း၊ TikTok၏ တန်ဖိုးမှာ ဒေါ်လာဘီလီယံ ရာချီထိုးတက်သွားနိုင်ပြီး ထရီလီယံအထိပင် ရောက်ရှိသွားနိုင်ကြောင်း ဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social တွင် တိုက်တွန်းထားပါသည်။

“ယခုလို လုပ်ဆောင်လိုက်ခြင်းက TikTok ကို ကယ်တင်ရန် ကောင်းကောင်းမွန်မွန်စီမံလိုက်ခြင်း ဖြစ်ပါကြောင်း” ထရမ့်က ရေးသားထားပါသည်။ 

အမေရိကန်တွင် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်း အချိန်တွင် TikTok ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သဖြင့် အမေရိကန်ပြည်သူသန်း ၁၇၀ ကျော်ကို ဝန်ဆောင်မှု ပေးနေသည့် TikTok အပေါ် ပြစ်ဒဏ်ရင်မဆိုင်ရစေရန် ပံ့ပိုးကူညီပေးလိုက်သည့် သမ္မတဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ပါကြောင်း TikTok က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ 

ကိုးကား-CNA

Photo: ABC News- The Walt Disney Company

လူသားနည်းတူ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသည့်   o3 mini AI model အသစ် OpenAI မကြာမီ မိတ်ဆက်မည်

ChatGPT ထုတ်လုပ်သူ OpenAI သည် လူသား များကဲ့သို့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိသော AI မော်ဒယ်အသစ်ဖြစ်သည့်  o3 mini ဗားရှင်းအသစ်ကို ဇန်နဝါရီလ ကုန်ပိုင်းခန့်တွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း  CEO Sam Altman ကပြောကြားထားသည်။

သုံးစွဲသူများ၏ တုံ့ပြန်ချက်များကို ထည့်သွင်းစဉ်းစားပြီး အကျိုးဆက်အနေဖြင့် ကြားခံဆက်သွယ်ပေးနိုင်မည့် ကွန်ပျူတာနည်းစနစ်များဖြစ်သည့်  (API)နှင့်ChatGPT ကိုလည်း  တစ်ပြိုင်နက် မိတ်ဆက်ရန်  စီစဉ်နေကြောင်း Altman က ဆိုရှယ်မီဒီယာ ပလက်ဖောင်း X  တွင် ပြောကြားထားပါသည်။

o3 mini AI model အသစ်၌ ပိုမိုအားကောင်းသော ဘာသာစကားမော်ဒယ်သစ် အမျိုးအစားများစွာ ပါဝင်မည်ဖြစ်သကဲ့သို့  နည်းပညာပိုင်းဆိုင်ရာတွင်လည်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ထားခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများနှင့်သုံးစွဲသူများကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း Sam Altmanက မျှော်မှန်းထားပါသည်။

OpenAI သည်လွန်ခဲ့သော ၂၀၂၄ခုနှစ် စက်တင်ဘာလကတည်းက  ရှုပ်ထွေးသည့် အလုပ်များကို  ဆင်ခြင်နိုင်စွမ်းရှိပြီး ပိုမိုခက်ခဲသော သိပ္ပံ၊ ကုဒ်နှင့်  သင်္ချာအပိုင်းများကို တွက်ဆဖြေရှင်းနိုင်စွမ်းရှိသော  o1 AI မော်ဒယ် များ  မိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။

o3နှင့် o3 mini မော်ဒယ်အသစ်များသည် ယခင်ထွက်ရှိထားသော o1 မော်ဒယ်များထက် နည်းပညာပိုင်းတွင်သာမက စွမ်းဆောင်ရည်ပိုင်းများတွင်ပါ ပိုမို အားကောင်းလာမည်ဖြစ်ကြောင်း CEO Sam Altman က ပြောကြားထားပါသည်။

ကိုးကား-Reuters

Titok အသုံးပြုမှုပိတ်ပင်ခြင်းကို ရက်ပေါင်း ၉၀ ကြာ သက်တမ်းတိုးနိုင်ဖွယ်ရှိဟု ထရမ့်ပြော

အမေရိကန်အနေဖြင့် TikTok အသုံးပြုမှုပိတ်ပင်ခြင်းကို  ရက်ပေါင်း ၉၀ ကြာသက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်း သမ္မတသစ်အဖြစ် တက်ရောက်လာသည့် ဒေါ်နယ်ထရမ့်ကပြောသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍   မိမိအနေဖြင့် ဆုံးဖြတ်ချက်တစ်ရပ်ကို အပြီးသတ်ချမှတ်ရခြင်း မရှိသေးသော်လည်းဇန်နဝါရီလ ၁၉ ရက်တွင်   အပြီးသတ်ဆုံးဖြတ်မည်ဖြစ်ကြောင်း ထရမ့်က NBCသတင်းဌာနနှင့် ဇန်နဝါရီလ ၁၈ ရက်ကတယ်လီဖုန်းမှတစ်ဆင့်   ပြုလုပ်သည့်မေးမြန်းခန်းတစ်ခုတွင်ပြောခြင်းဖြစ်သည်။

ထို့ကြောင့် TikTok အသုံးပြုမှု ပိတ်ပင်ခြင်းကို ရက်ပေါင်း ၉၀ ကြာ သက်တမ်းတိုးခြင်းအား အမေရိကန်က ဇန်နဝါရီလ၂၀ ရက်တွင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်။

အမေရိကန်အစိုးရအနေဖြင့် အဆိုပါကိစ္စရပ်အား သတိထားဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းကိစ္စရပ်သည် အလွန်အရေးကြီး သည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။

TikTok ၏ မိခင်ကုမ္ပဏီဖြစ်သည့် ByteDance အနေဖြင့် အမေရိကန်မဟုတ်သည့် ကုမ္ပဏီတစ်ခုသို့ TikTok အား ရက်ပေါင်း၂၇၀ ကြာ  ရောင်းချရန်  အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုထားသည့် မူကြမ်းတစ်ရပ်ကို သမ္မတဟောင်းဂျိုးဘိုင်ဒင်က ၂၀၂၄ ခုနှစ်  ဧပြီလအတွင်း၌လက်မှတ်ရေးထိုးခဲ့သည်။

Byte Dance အနေဖြင့် TikTok အပလီကေးရှင်းအား အမေရိကန်ကုမ္ပဏီတစ်ခုသို့ရောင်းချရန် အမေရိကန်တရားရုံးချုပ်ကဇန်နဝါရီလ ၁၈ ရက်တွင် တောင်းဆိုလိုက်ပြီး လိုက်နာခြင်းမရှိပါက TikTok အသုံးပြုမှုကို      အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံး၌  တားမြစ်ပိတ်ပင်မည်ဟု တရားရုံးက   ဆက်လက်ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုအတွင်းရှိ လူဦးရေ သန်း  ၁၇၀ ခန့်သည် TikTok အပလီကေးရှင်းအား ဇန်နဝါရီလ ၁၉ ရက်မှစ၍ ယာယီအသုံးပြုနိုင်မည်မဟုတ်ဟု အဆိုပါကုမ္ပဏီက    အပလီကေးရှင်းအသုံးပြုသူများအား   ဇန်နဝါရီလ   ၁၈  ရက်နှောင်းပိုင်းတွင် အသိပေးခဲ့ကြောင်းသိရသည်။     

ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် တောမီးဆက်လက်လောင်လျက်ရှိ

ဂျပန်နိုင်ငံ တောင်တန်းဒေသတွင် လောင်ကျွမ်းနေသည့်  တောမီးကိုလက်ရှိအချိန်အထိငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း NHK သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်တွင် ဖော်ပြသည်။ တောမီးသည်  ယာမာနာရှီစီရင်စုအတွင်းရှိ ကိုဖူမြို့နှင့် ဖူဖူကူးမြို့တို့တွင်ဇန်နဝါရီလ ၁၈ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က   စတင်လောင်ကျွမ်းခြင်းဖြစ်သည်။ တောမီးလောင်ကျွမ်းရာဒေသများသို့ အာဏာပိုင်အဖွဲ့က ရဟတ်ယာဉ်များစေလွှတ်၍ မီးကိုထိန်း ချုပ်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း   မီးကိုအပြီးသတ်ငြှိမ်းသတ်နိုင်ခြင်းမရှိသေးကြောင်း သတင်းဌာနကဆက်လက်ဖော်ပြသည်။

လက်ရှိတွင်   တောမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူမရှိသေးကြောင်းနှင့် လူနေရပ်ကွက်များသို့ ခြိမ်းခြောက်ခြင်းမရှိသေးကြောင်း သိရသည်။

နိုင်ဂျီးရီးယားတွင် ဓာတ်ဆီတင်ကား တိမ်းမှောက် သဖြင့် လူ ၇၀ သေဆုံး

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်(စနေနေ့)က နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်း နိုင်ဂျာပြည်နယ်တွင် ဓာတ်ဆီ လီတာ ၆၀၀၀၀ သယ်ဆောင်လာသော ဓာတ်ဆီတင်ကား တစ်စီးတိမ်းမှောက်ပြီး လောင်စာဆီများ ယိုဖိတ်ကာ ပေါက်ကွဲမီးလောင်သွားသဖြင့် အနည်းဆုံး လူ ၇၀ သေဆုံးသွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများ များပြား ကြောင်း နိုင်ဂျီးရီးယား အမျိုးသားအရေးပေါ် အေဂျင်စီ က ကြေညာထားပါသည်။ 

လွန်ခဲ့သည့် အောက်တိုဘာကလည်း ဂျီဂါဝါ ပြည်နယ်တွင် အလားတူပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၅၃ ဦး သေဆုံးခဲ့ရကာ နိုင်ဂျီးရီးယားတွင် အဆိုးရွားဆုံး ဖြစ်ရပ် ဖြစ်ခဲ့ရသည်။ 

အစီရင်ခံစာအရ ယခုဖြစ်စဉ်တွင် ရုပ်အလောင်း ၇၀ ကျော် ရရှိထားပြီး လူ ၅၆ ဦး ဒဏ်ရာရရှိထားပါကြောင်း၊ ဆိုင်ခန်း ၁၅ ခန်း ပျက်စီးသွားကြောင်း အမျိုးသား စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကိုးကား-CNN

Time မဂ္ဂဇင်းသည် ဇန်နဝါရီ ၂၀ ရက်အတွက် စာစောင် အသစ်၏ မျက်နှာဖုံးတွင် အိမ်ဖြူတော်ရှိ စာရွက်စာတမ်း များလွှင့်ပစ်နေသည့် Trump ၏ ပုံကို အသုံးပြု

Time မဂ္ဂဇင်းသည် ဇန်နဝါရီ ၂၀ ရက်အတွက် စာစောင်အသစ်၏ မျက်နှာဖုံးတွင် အိမ်ဖြူတော်ရှိ စာရွက်စာတမ်းများ လွှင့်ပစ်နေသည့် Trump ၏ ပုံကို အသုံးပြုထားသည်။ မျက်နှာဖုံးတွင်လည်း “သူပြန်လာပြီ” ဆိုသည့် စာတန်း ရေးသားဖော်ပြထားသည်။

ကိုးကား - Time မဂ္ဂဇင်း

ရုရှားနှင့်အမေရိကန်တို့ကြားသဘောတူညီချက် ချမှတ်လုနီးပါးဖြစ်ခဲ့သည့် Beriev Be-200 မီးသတ်လေယာဉ် သို့မဟုတ် လော့အိန်ဂျလိတောမီးကိုငြှိမ်းသတ်ရာတွင် အလွန်အထောက်အကူပြုစေမည့် ရုရှား၏အစွမ်းထက် လက်နက်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိတွင် ဇန်နဝါရီလ ၇ ရက်က စတင်ပြီး ၁၁ ရက်ကြာ ဆက်လက်လောင်ကျွမ်းနေသည့် တောမီးများသည် အဖျက်စွမ်းအားကြီးမားလှကြောင်း လက်ရှိအချိန်အထိ သက်သေပြလျက်ရှိသည်။ တောမီးလောင်ကျွမ်းမှုများကြောင့် လူ ၂၇ ဦးခန့်   သေဆုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများမှာ ဒေါ်လာဘီလီယံနှင့် ချီလာနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

အမေရိကန် မီးသတ်တပ်ဖွဲ့ဝင်များသည် တောမီးများအား ငြှိမ်းသတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသော်လည်း  မီးကိုအပြီးသတ်ငြှိမ်းသတ်နိုင်ရန် ရုန်းကန်နေရသည့်အခြေအနေတွင် ရှိနေသည်။ တောမီးလောင်ကျွမ်းမှုအတွင်း အဆောက်အအုံအနည်းဆုံး ၁၂၀၀၀ ခန့်ပျက်စီးခဲ့ရပြီး ထောင်ပေါင်းများစွာသော ဒေသခံများမှာ   အိုးမဲ့အိမ်မဲ့ဖြစ်ရသည်။ ထို့ပြင် အခြားထောင်ပေါင်းများစွာကိုလည်း အာဏာပိုင်များက ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် တိုက်တွန်းခဲ့ရသည်။

စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ယခုရက်သတ္တပတ်အတွင်းက  ရုရှားစီးပွားရေးမီဒီယာတစ်ခုက ထုတ်ဖော်ပြောကြားလိုက်သည့်အချက်ဖြစ်သည်။ ရုရှားနှင့် အမေရိကန်တို့သည် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရုရှားနိုင်ငံလုပ် Beriev Be-200 မီးသတ်လေယာဉ် ၁၀ စင်းကို အမေရိကန်နိုင်ငံကဝယ်ယူရန်  စေ့စပ်ဆွေးနွေးခဲ့သည်ဟုဆိုသည်။

ရုရှားနိုင်ငံလုပ် Beriev Be-200 မီးသတ်လေယာဉ်များသည် မီးသတ်ရာတွင် အသုံးပြုမည့်ရေနှင့် မီးငြှိမ်းသတ်နိုင်သည့် ဓာတုပစ္စည်း တန်ချိန်ပေါင်း ၁၂ တန်ကိုသယ်ဆောင်နိုင်စွမ်းရှိသည်။ ထို့ပြင် ရေလှောင်တမံများ၊ ရေကန်များ သို့မဟုတ် သမုဒ္ဒရာများမှ ရေကိုလည်း အချိန်တိုအတွင်း ပြန်လည်ဖြည့်သွင်း ပေးနိုင်သည်။ တစ်နာရီလျှင် ၇၀၀ ကီလိုမီတာအရှိန်နှုန်းဖြင့် အကွာအဝေး ၂၁၀၀ ကီလိုမီတာအထိ မောင်းနှင်ပျံသန်းနိုင်သည်။ ထို့ကြောင့် လော့အိန်ဂျလိတောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရာတွင် Beriev Be-200 မီးသတ်လေယာဉ်များကို   အသုံးပြုမည်ဆိုပါက အခေါက်ပေါင်းများစွာ ပျံသန်းမောင်းနှင်နိုင်မည်ဖြစ်ပြီး ရေတန်ချိန် ၅၀ ကျော်ကို ပက်ဖျန်းပေးနိုင်မည်ဖြစ်သည်။ သို့ရာတွင် ရုရှားမီးသတ်လေယာဉ်များအား   အမေရိကန်သို့ ပေးပို့ခါနီးမှ    အမေရိကန်ပြည်ထောင်စု လေယာဉ်ပျံသန်းရေးစီမံခန့်ခွဲမှုအဖွဲ့၏ ကဖျက်ယဖျက် လုပ်ဆောင်မှုကြောင့် လေယာဉ်ရောင်းချရေး သဘောတူညီချက်မှာ ၂၀၂၀ ပြည့်နှစ်တွင် ပျက်ပြားခဲ့ရသည်။

အဆိုပါ သဘောတူညီချက်ပျက်ပြားရခြင်းကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးသည် သာမန်အသိဖြင့် လုပ်ဆောင်သည့် ဆောင်ရွက်ချက်များအပေါ် ထိခိုက်စေခဲ့ခြင်းဖြစ်သည်ဟု Beriev ၏ မိခင်ကုမ္ပဏီဖြစ်သည့် Rostec က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်တို့အနေဖြင့် မီးငြှိမ်းသတ်ရာတွင် အစွမ်းထက်သည့် Beriev Be-200 လေယာဉ်များကို ထိုအချိန်ကတည်းက ဝယ်ယူနိုင်ခဲ့မည်ဆိုပါက လက်ရှိဆက်လက်ဖြစ်ပွားနေသည့် လော့အိန်ဂျလိတောမီးကြောင့် ဖြစ်ပေါ်လာခဲ့သည့် အပျက်အစီးများကို သိသိသာသာလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ သို့သော် အမေရိကန်ပြည်သူ အများအပြားမှာ နိုင်ငံရေးကစားကွက်၏ သားကောင်များဖြစ်ခဲ့ရသည်ကို စာနာကြောင်း Rostec ကုမ္ပဏီက ဆက်လက်ပြောကြားထားသည်။

Beriev Be-200 မီးသတ်လေယာဉ်များသည် အီတလီ၊ ပေါ်တူဂီ၊ အင်ဒိုနီးရှား၊ ဂရိ၊ အစ္စရေးနှင့် တူကီယဲနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုများတွင် ထိရောက်စွာ မီးငြှိမ်းသတ်နိုင်ခဲ့သည့် ဂုဏ်သတင်းကြီး မီးသတ်လေယာဉ်တစ်စင်းဖြစ်သည်။                

Ref: Sputnik