သက်မဲ့ဂြိုဟ်တုတစ်စင်းအဖြစ် ငြိမ်သက်နေသော ဂြိုဟ်တုတစ်စင်းထံမှ ရဒီယိုအချက်ပြလှိုင်းထုတ်လွှတ်မှုကို ဩစတြေးလျသိပ္ပံပညာရှင်များ ထောက်လှမ်းတွေ့ရှိ

News Image

  • သက်မဲ့ဂြိုဟ်တုတစ်စင်းအဖြစ် ငြိမ်သက်နေသော ဂြိုဟ်တုတစ်စင်းထံမှ ရဒီယိုအချက်ပြလှိုင်းထုတ်လွှတ်မှုကို ဩစတြေးလျသိပ္ပံပညာရှင်များ ထောက်လှမ်းတွေ့ရှိ

ကင်ဘာရာ ဇွန် ၂၄ 
နှစ်ပေါင်းများစွာ သက်မဲ့ ဂြိုဟ်တုတစ်စင်းအဖြစ် ငြိမ်သက်နေသော ဂြိုဟ်တုတစ်စင်းထံမှ ရေဒီယိုအချက်ပြလှိုင်းထုတ်လွှတ်မှုကို ဩစတြေးလျ သိပ္ပံပညာရှင်များက ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ဇွန် ၂၃ ရက် သတင်းများ အရ သိရသည်။

အဆိုပါရေဒီယိုအချက်ပြလှိုင်း ထုတ်လွှတ်မှုကို ဩစတြေးလျသိပ္ပံ ပညာရှင်များက ပတ်သ်မိုင်ဒါအမည် ရှိရေဒီယိုတယ်လီစကုပ်ဖြင့်ထောက်လှမ်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်း ရေဒီယိုအချက်ပြလှိုင်း ထုတ်လွှတ်မှုသည် အမေရိကန် အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသ  စီမံခန့်ခွဲရေးအေဂျင်စီက လွှတ်တင်ထားသည့် ရီလေး-၂ အမည်ရှိ ဂြိုဟ်တု တစ်စင်းမှ ပေါ်ထွက်လာသည့် ရေဒီယိုစွမ်းအင်လှိုင်း ဖြစ်နိုင်သည် ဟု ဩစတြေးလျ သိပ္ပံပညာရှင်များ က ယူဆထားသည်။

နာဆာအဖွဲ့သည် ရီလေး-၂ ဂြိုဟ်ဟုကို ၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် လွှတ်တင်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် ၎င်းဂြိုဟ်တု၏မစ်ရှင် ကို အဆုံးသတ်ခဲ့ရာ သက်မဲ့ဂြိုဟ်တုအဖြစ် ကမ္ဘာကို နှစ်ပေါင်း ၆၀ ကြာ လှည့်ပတ်နေသော ရီလေး-၂ ဂြိုဟ်တုကို ဥက္ကာအမှုန်အစတစ်ခု ဝင်တိုက်မှုကြောင့် ၎င်းဂြိုဟ်တု ကိုယ်ထည်မှ ရေဒီယိုစွမ်းအင်လှိုင်း ဖွင့်ထွက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဩစတြေးလျ သုတေသန ပညာရှင်များက ပြောကြားသည်။ 
ကမ္ဘာပတ်လမ်းကြောင်းပေါ်၌ သက်မဲ့ဂြိုဟ်တုပေါင်း ၃၀၀၀ ကျော်ထိ ရှိနေကြောင်း သိပ္ပံပညာ ရှင်များ၏ အဆိုအရ သိရသည်။

Ref: Russia Today

Trs: KKO

YDNB Newspaper