နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများအား ပြည်ဝင်ခွင့်လုံးဝပိတ်ပင်ခြင်းနှင့် အခြားသော နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများအား ကန့်သတ်ပိတ်ပင်ခြင်းအမိန့်ကို သမ္မတ ထရမ့်က ဇွန်လ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပြောကြားခဲ့ပါသည်။

ဇွန်လ ၄ ရက်(ဗုဒ္ဓဟူးနေ့)က ထုတ်ပြန်ချက်တွင် အာဖကန်နစ္စတန်၊ ချက်၊ ကွန်ဂို၊ အီကွေတာဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ မြန်မာ၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင် စသည့် နိုင်ငံပေါင်း (၁၂)နိုင်ငံမှ နိုင်ငံသားများအား ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည့်အပြင် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရာလီယွန်၊ တွန်ဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလား စသည့် နိုင်ငံ(၇)နိုင်ငံမှ နိုင်ငံသားများ ကိုလည်း ကန့်သတ်ပိတ်ပင်ခြင်းများ ထပ်မံလုပ်ဆောင်သွားမည် ဖြစ်သည်။
အဆိုပါအမိန့်ထုတ်ပြန်ချက်တွင် ထရမ့်က “အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံသားများ၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် လုပ်ရမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။
အဆိုပါအမိန့်သည် ၉-၆-၂၀၂၅ ရက်(တနင်္လာနေ့)၊ ဝါရှင်တန်ဒီစီ၏ ဒေသစံတော်ချိန် မွန်းလွဲ (၁၂၀၁)နာရီ (ဂရင်းနစ်စံတော်ချိန် ၀၄၀၁ နာရီ)တွင် စတင်အာဏာသက်ဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ နေ့ရက်/အချိန်မတိုင်မီက ခွင့်ပြုထုတ်ပေးထားသည့် ပြည်ဝင်ခွင့်ဗီဇာများအား ပယ်ဖျက် ရုတ်သိမ်းသွားမည်မဟုတ်ကြောင်း အမိန့်တွင် ဖော်ပြပါရှိကြောင်း ALJAZEERA သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား - ALJAZEERA
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်၊ နစက(၄)

အမေရိကန်အစိုးရသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေသစ်အား ပြဋ္ဌာန်းရန် ပြင်ဆင်နေပြီး ရုရှားရေနံတင်ပို့မှုအပေါ် အဓိကထား၍ ဒဏ်ခတ်ပိတ်ဆို့သွားမည်ဖြစ်သည်။
အဆိုပါဒဏ်ခတ်ပိတ်ဆို့မှုစည်းမျဉ်းသစ်များ ပါဝင်သည့် ဥပဒေကြမ်း (Russian Sanctions Act 2025) ပြဋ္ဌာန်းရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် လွှတ်တော်၏ အတည်ပြုချက်ရရှိရန်သာ လိုတော့ကြောင်း အမေရိကန်ပြည်ထောင်စု၏ ယူကရိန်းနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Keith Kellogg က ပြောကြားခဲ့သည်။

အဆိုပါစည်းမျဉ်းသစ်များတွင် ရုရှား၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် ဒဏ်ခတ်ပိတ်ဆို့မည့် အစီအစဉ်များလည်း ပါဝင်ပြီး ရုရှားရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ယူရေနီယမ်နှင့် အခြားကုန်စည်များအား ဝယ်ယူသည့် နိုင်ငံ များမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ၅၀၀ ရာခိုင်နှုန်းအထိ ကောက်ခံသွားရန် အကြံပြုထားသည်။
ထိုစည်းမျဉ်းသစ်များသည် အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေး အပေါ် မည်သို့အကျိုးသက်ရောက်မည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။
ကိုးကား - TASS
ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃

NATO ခေါင်းဆောင်များသည် ယခုလအတွင်း ကျင်းပမည့်အရေးပါသော အစည်းအဝေးတွင် ယူကရိန်း၏ အဖွဲ့ဝင်ရေးကိစ္စကို တမင် ရှောင်ရှား သွားမည်ဖြစ်ကြောင်း AFP သတင်းဌာနက ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဦးဆောင်သော စစ်ရေးမဟာမိတ် အဖွဲ့ဝင် များသည် ယူကရိန်းအဖွဲ့ဝင်ရေးကိစ္စကို အလေးပေးပါက EU နှင့်အမေရိကန်ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟူသော စိုးရိမ်မှုကြောင့် အဆိုပါကိစ္စကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဇွန်လကုန်ပိုင်းတွင် နယ်သာလန်နိုင်ငံ၊ The Hague ၌ ကျင်းပမည့် အစည်းအဝေးတွင် NATO အဖွဲ့ဝင်များသည် “ယူကရိန်းသည် NATO အဖွဲ့ဝင်ဖြစ်လာရန် လမ်းစရှိသည်” ဟူသော ယခင်က ပြောကြားခဲ့သည့် အတည်ပြုချက်များကို ရှောင်ရှားသွားဖွယ်ရှိကြောင်း AFP က ဖော်ပြ ခဲ့သည်။
NATO အဖွဲ့ဝင်နိုင်ငံများကြား ညီညွတ်မှုကို ထိန်းသိမ်းရန်အတွက် နောက်ဆုံး ကြေညာချက်တွင် ယူကရိန်း၏ အဖွဲ့ဝင်ရေးကိစ္စကို ဖော်ပြခြင်းမရှိဘဲ အခြားကိစ္စများကိုသာ ဆွေးနွေးသွားမည်ဟု သံတမန်အရင်းအမြစ် တစ်ခုက AFP သို့ ပြောကြားခဲ့သည်။ “ထိုကိစ္စနှင့်ပတ်သက်၍ ဘာမှ ဖော်ပြမည်မဟုတ်ပါ” ဟု NATO သံတမန်တစ်ဦးက ပြောကြားခဲ့ပြီး “မိမိတို့ လုံးဝအသံတိတ်နေမည်ဟု မျှော်လင့်ပါသည်” ဟု ထပ်လောင်း ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်း၏ NATO အဖွဲ့ဝင်ရေး ကြိုးပမ်းမှုကို အခိုင်အမာ ကန့်ကွက်ခဲ့ကာ ဖေဖော်ဝါရီလအတွင်းတွင် ၎င်းက “ယူကရိန်းသည် NATO အကြောင်း မေ့ထားနိုင်သည်” ဟုပြောကြားခဲ့ပြီး ကိယက်ဗ်၏ အဖွဲ့ဝင်ရေး ကြိုးပမ်းမှုသည် “ရုရှားနှင့် ပဋိပက္ခ စတင်ရသည့် အဓိကအကြောင်းရင်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ရည်ညွှန်းပြောဆိုခဲ့သည်။
ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် အစည်းအဝေးသို့ တက်ရောက်လာမည်ဟု မျှော်လင့်ရသော်လည်း NATO နှင့် ကိယက်ဗ် အကြား တရားဝင်ဆွေးနွေးမှုများ ဖြစ်နိုင်ခြေနည်းကြောင်း AFP က ဖော်ပြ ခဲ့သည်။ “၎င်းမရှိခဲ့ပါက PR အရ အရှုံးကြီးဖြစ်သွားမည်” ဟု အခြား သံတမန်တစ်ဦးက သတင်းဌာနအား ပြောကြားခဲ့သည်။
NATO အထွေထွေအတွင်းရေးမှူး Mark Rutte က ယူကရိန်း ပြဿနာ သည်အစည်းအဝေး၏ အဓိကအချက်အဖြစ် ဆက်ရှိနေကြောင်း ဇောင်းပေး ပြောဆိုခဲ့သော်လည်း AFP ၏ သတင်းရင်းမြစ်များက ကွဲလွဲသော အခြေ အနေကို ဖော်ပြခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေး အသုံး စရိတ်ကို သိသိသာသာတိုးမြှင့်ရန် ထရမ့်၏ တောင်းဆိုချက်များကိုဖြည့်ဆည်းရန်သာ အဓိကအာရုံစိုက်မည်ဟု ဆိုသည်။ “ဒါကအရေးအကြီးဆုံး အပိုင်းဖြစ်ပြီး ဘယ်သူမှ ဒီကိစ္စကိုအန္တရာယ်မဖြစ်စေချင်ပါ” ဟု သတင်းဌာန၏ အရင်းအမြစ်က ပြောကြားခဲ့သည်။
ရုရှားဘက်မှ ယူကရိန်း၏ NATO အဖွဲ့ဝင်ရေးသည် Red line ဖြစ်ပြီး ပဋိပက္ခ၏ အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ကြောင်း၊ ယူကရိန်း အနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အဓိကအခြေခံ သဘောတူညီချက်တစ်ခုဖြစ်သည့် ဘက်မလိုက်သည့် အခြေအနေကို လက်ခံရမည်ဟု လေးလေးနက်နက် တောင်းဆိုထားသည်။
ထရမ့်အစိုးရ အရာရှိများက NATO အဖွဲ့ဝင်ရေးကို “အလှမ်း ဝေးလွန်းသော တံတား” အဖြစ် ရှုမြင်သော်လည်း၊ ကိယက်ဗ်ဘက်မှ ဘက်မလိုက်ရေး သို့မဟုတ် နိုင်ငံအတွင်း နိုင်ငံခြားတပ်များ အခြေချခွင့်မပြုရေးကတိပြုရန် ငြင်းဆန်ခဲ့ပြီး မော်စကိုကလည်း ယင်းကိစ္စကို Red line အဖြစ် သတ်မှတ်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က ဇွန်လ ၃ ရက်နေ့တွင် “Elon Musk ကို နားလည်မှုလွဲမှားနေပါသည်။ ဒါက လူထု ကိစ္စဖြစ်ပြီး ပုဂ္ဂလိကကိစ္စမဟုတ်ပါ။ လျှပ်စစ်ကားရန်ပုံငွေ အစီအစဉ်တွေ က ၎င်းအတွက် အရေးကြီးသည်ကို သိသော်လည်း Musk က ယင်း အစီအစဉ် တစ်ခုလုံးကို ဝေဖန်ပြောဆိုသည့်ပုံစံက စိတ်ပျက်စရာပါ။ အထူးသဖြင့် မနေ့က (ဇွန် ၂) ၎င်းနှင့်ဖုန်းပြောပြီးသည့်နောက်မှာ ယခုလို ပြောကြားသည်ကို အရမ်းအံ့ဩမိပါသည်” ဟု ပြောကြားခဲ့သည်။

ဥက္ကဋ္ဌ Johnson က ဇွန်လ ၂ ရက်နေ့တွင် Musk နှင့် ဖော်ရွေသော စကားဝိုင်းပြုလုပ်ခဲ့ကြောင်း၊ ဥပဒေကြမ်းပါအကြောင်းအရာများကို ရှင်းပြ ခဲ့ပြီး ယခင်က DOGE ခေါင်းဆောင်၏ စိုးရိမ်မှုများကို ဖြေသိမ့်ပေးခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ လွန်ခဲ့သည့်လက အမေရိကန်အောက်လွှတ်တော်မှ အတည်ပြုခဲ့သည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ Musk ၏အမြင်မှာ လွန်စွာ မှားယွင်းနေကြောင်း ၎င်းက ထပ်လောင်း၍ အတိအလင်း ပြောကြား ခဲ့သည်။
အဆိုပါကြေညာချက်သည် Elon Musk မှ အမေရိကန်ကွန်ဂရက်တွင် Republican ပါတီမှ တင်ပြဆွေးနွေးနေသော ဘတ်ဂျက်နှင့် အခွန် လျှော့ချမှု ဥပဒေကြမ်းကို အပြင်းအထန်ဝေဖန်ခဲ့ပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။ အဆိုပါအမေရိကန်ဘီလီယံနာ၏အဆိုအရ Donald Trump အစိုးရ၏ “One Big, Beautiful Bill” (OBBBA) အခွန်နှင့် အသုံးစရိတ်ဆိုင်ရာပြည့်စုံသောဥပဒေကြမ်းသည် အမေရိကန်အစိုးရ၏ ဒေါ်လာ ၃၆,၀၀၀ ဘီလီယံအထိ ရှိနေပြီးသားနိုင်ငံ့ကြွေးမြီကို ပိုမိုမြင့်တက် စေမည်ဖြစ်သည်။
Musk က အဆိုပါဥပဒေကြမ်းကို ဆိုးရွားစက်ဆုပ်ရွံရှာဖွယ် ကောင်းသော ဥပဒေ အဖြစ်သတ်မှတ်ကာ ၎င်းကိုအတည်ပြုမဲပေးခဲ့သည့် အမေရိကန် အောက်လွှတ်တော်ရှိ Republican များကို ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့သည်။ “အလွန်ကြီးမားပြီးသားလိုငွေပြမှုသည် ဒေါ်လာ ၂.၅ ထရီလီယံ အထိ တိုးလာမည်။ အဆိုပါလက်မခံနိုင်သောအကြွေးသည် အမေရိကန် ပြည်သူများကို ဖိစီးနှိပ်စက်လိမ့်မည်” ဟု ၎င်းကရေးသားခဲ့သည်။
အမေရိကန်သမ္မတ Trump ၏ ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က Musk ၏ အသုံးစရိတ်ဥပဒေကြမ်းဆိုင်ရာဝေဖန်မှုမှာ “အလေးအနက် ထားစရာမဟုတ်” ဟုမှတ်ချက်ပြုကာ သမ္မတ Trump သည် “အဆိုပါ ကိစ္စနှင့်ပတ်သက်၍ Elon Musk ၏အမြင်ကို ကောင်းစွာ နားလည်ထားသော်လည်း ၎င်း၏သဘောထားကို ပြောင်းလဲမည်မဟုတ်ကြောင်း” ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်ဆီးနိတ်လွှတ်တော်အများစုခေါင်းဆောင် John Thune က Elon Musk ၏ဝေဖန်မှုသည် “သာမန်သဘောထားကွဲလွဲမှုတစ်ခု” သာဖြစ်ပြီး ဇူလိုင် ၄ ရက်မတိုင်မီ ဥပဒေကြမ်းအတည်ပြုနိုင်ရန် “အပြည့်အဝ ဆက်လက်အားထုတ်သွားမည်” ဟုပြောကြားခဲ့သည်။
Politico သို့ အချက်အလက်ပေးပို့သူများ၏ အဆိုအရ အသုံးစရိတ် ဥပဒေကြမ်းနှင့်ပတ်သက်၍ Musk ၏မကျေနပ်မှုများကို မေလ ကပင် အများအပြားထုတ်ဖော်ပြောဆိုခဲ့သော်လည်း DOGE ၏ ငွေကြေးချွေတာရေး အားထုတ်မှုများနှင့်ပတ်သက်၍မူ ပိုမိုတိုတောင်းသော ဝေဖန်မှုများသာ ပြုလုပ်ခဲ့သည်ကို အိမ်ဖြူတော်အရာရှိများက အံ့အားသင့်ခဲ့ကြသည်။
“စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဥပဒေကိုဝေဖန်သည့်အခါ မီဒီယာများသည် ၎င်းတို့၏စကားကိုသာမက ၎င်းတို့၏စီးပွားရေး အကျိုးစီးပွား မည်သို့ထိခိုက်နိုင်သည်ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်” ဟု အိမ်ဖြူတော်နှင့်နီးစပ်သော Republican အမတ်တစ်ဦးက မှတ်ချက်ပြု ခဲ့သည်။
အခွန်ဖြေလျှော့မှုများနှင့် အသုံးစရိတ်သက်သာမှုများကြောင့် ဖြစ်ပေါ် လာမည့်အစိုးရ၏ဝင်ငွေဆုံးရှုံးမှုကို အနည်းငယ်ဖြည့်ဆည်းနိုင်ရန်အတွက် အဆိုပါဥပဒေကြမ်းတွင် ဝင်ငွေနည်းပါးသူများအတွက် ကျန်းမာရေးအာမခံနှင့် အစားအသောက်ကူညီငွေများကို လျှော့ချထားပြီး အထူး သဖြင့် အဆိုပါအကျိုးခံစားခွင့်ရရှိသူများအား အလုပ်လုပ်ရန် လိုအပ်ချက် ထည့်သွင်းထားသည်။
ယခင်သမ္မတ Joe Biden အစိုးရလက်ထက်က စိမ်းလန်းစိုပြေ စွမ်းအင်ဆိုင်ရာ အခွန်မြှင့်တင်မှုများကိုလည်း သိသိသာသာ ဖြတ်တောက်ခဲ့သည်။
လေ့လာသူများ၏အဆိုအရ အမေရိကန်ကွန်ဂရက်သည် အဆိုပါ ဥပဒေကြမ်း ကိုအတည်ပြုပါက Elon Musk ၏စီးပွားရေးအကျိုးစီးပွားများ ထိခိုက် နိုင်သည် ဟုဆိုသည်။ အဆိုပါအသုံးစရိတ်အစီအစဉ်သည် လျှပ်စစ်ကားများနှင့် နည်းပညာဆိုင်ရာအထောက်အပံ့များအတွက် ဘတ်ဂျက်ကိုသိသိသာသာလျှော့ချမည်ဖြစ်ပြီး Tesla လက်ရှိရရှိထားသော အထောက်အပံ့များကို ထိခိုက်စေနိုင်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟိုးဝဒ် လတ်နစ် (Howard Lutnick) က အိန္ဒိယ-အမေရိကန် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၌ ပြောကြားရာတွင် အိန္ဒိယနှင့် ရုရှားတို့၏ ရှည်ကြာစွာ တည်ရှိခဲ့သော လက်နက်ကုန်သွယ်မှုသည် ဝါရှင်တန်နှင့် အငြင်းပွားဖွယ်ရာ အကြောင်းအရာတစ်ခု ဖြစ်လာကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အိန္ဒိယအစိုးရထံ အဆိုပါကိစ္စရပ်များကို ရှင်းလင်းစွာ တင်ပြခဲ့ပြီး အိန္ဒိယအစိုးရက ယင်းပြဿနာများကိုဖြေရှင်းရန် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် လတ်နစ်က အိန္ဒိယသည် “ယခု အခါ အမေရိကန်ထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် စတင် လှုပ်ရှား လာကြောင်း” ဖြည့်စွက်ပြောဆိုခဲ့သည်။
၎င်းက “အိန္ဒိယအစိုးရက ယခင်က ပြုလုပ်ခဲ့သည့် အချို့အရာများသည် အမေရိကန်ကို မနှစ်မြို့ဖွယ် ဖြစ်စေခဲ့သည်။ ရုရှားထံမှ လက်နက်ဝယ်ယူခြင်း သည် အမေရိကန်ကို စိတ်အနှောင့်အယှက်ဖြစ်စေသော နည်းလမ်းတစ်ခုပင် ဖြစ်သည်” ဟု ရှင်းပြခဲ့သည်။
ထို့အပြင် ၎င်းက အိန္ဒိယ၏ BRICS အုပ်စုတွင် ပါဝင်မှုသည် “အမေရိကန်နိုင်ငံတွင် မိတ်ဆွေဖွဲ့ရန် သို့မဟုတ် လွှမ်းမိုးနိုင်ရန် နည်းလမ်းမဟုတ်” ဟု ထောက်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် BRICS အုပ်စုသည် အမေရိကန်ဒေါ်လာ၏ စီးပွားရေးအရှိန်အဝါကို စိန်ခေါ်နေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ၌ ၂၁ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို ဇွန်လ ၃ ရက်တွင် ကျင်းပရာ လက်ရှိမဲရေတွက်မှုအရ ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လီဂျေးမြောင်က မဲအများစုကိုရရှိပြီး အနိုင်ရရှိရန် တစ်ပြေး နေကြောင်း သိရသည်။
လက်ရှိအချိန်အထိ တစ်နိုင်ငံလုံး၏ မဲအရေအတွက် ၅၇ ရာခိုင်နှုန်း နီးပါးကိုရေ တွက်ပြီးချိန်တွင် လီဂျေးမြောင်ကို ထောက်ခံမဲသည် ၄၉ ရာခိုင်နှုန်းခန့် ရှိနေကြောင်း Yonhap သတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် မဲပေးပြီးနောက်ထွက်လာသည့် ပြည်သူများကိုမေးမြန်းမှုများအရ သမ္မတ ဖြစ်လာနိုင်သူမှာ လီဂျေးမြောင်ဖြစ်သည်ဟု သတင်းဌာနများက ကောက်ယူထားသည့် စစ်တမ်းများတွင် ဖော်ပြထားသည်။
လီဂျေးမြောင်၏ အဓိကပြိုင်ဘက်ဖြစ်သည့် ပြည်သူ့အင်အားပါတီမှ ကင်မွန်ဆူး က ထောက်ခံမဲ ၄၃ ရာခိုင်နှုန်းနီးပါး ရရှိထားကြောင်း သိရသည်။
Source: MWD Web Portal

ဇန်နဝါရီလမှစ၍ ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်အတွက် နှစ်နှစ်သက်တမ်း တာဝန်ယူရမည့် ကုလသမဂ္ဂ၏ ဩဇာ ကြီးမားသော ကုသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် ၅ နိုင်ငံကို အင်္ဂါနေ့ (ဇွန် ၃ )က ရွေးကောက်လိုက်ပါသည်။

အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသည့် ကုလသမဂ္ဂအထွေထွေညီလာခံက လျှို့ဝှက်မဲစနစ်ဖြင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ အနက် အလှည့်ကျ ငါးနိုင်ငံအတွက် မဲပေးရွေးချယ်ရာတွင် ဘာရိန်းနိုင်ငံက ၁၈၆ မဲ၊ ကွန်ဂိုနိုင်ငံက ၁၈၃ မဲ၊ လိုက်ဘေးရီးယားနိုင်ငံက ၁၈၁ မဲ၊ ကိုလံဘီယာနိုင်ငံက ၁၈၀ မဲနှင့် လတ်ဗီးယားနိုင်ငံက ၁၇၈ မဲ အသီးသီး ရရှိခဲ့ကြ ပါသည်။
လတ်ဗီးယားနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် လွတ်လပ်လာသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အဆိုပါ ကောင်စီတွင် ပထမဆုံးအကြိမ်ရွေးကောက်ခံရခြင်းဖြစ်ပါသည်။ “မိမိတို့ သမိုင်းအတွေ့အကြုံအရ ကမ္ဘာ့ဒေသ အသီးသီးမှ မိတ်ဖက်နိုင်ငံများ၏ အခြေအနေကို နားလည်သဘောပေါက်ခြင်း၊ စာနာနားလည်ခြင်းများဖြင့် တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်မှုရဲ့တန်ဖိုးကို နားလည်ကြောင်း၊ ငြိမ်းချမ်းရေးကို ထိပါး စေနိုင်မည့်အချက်များနှင့် ဗဟုမဏ္ဍိုင်ဝါဒ၏ စွမ်းအားဖြင့် ကာကွယ်ဖို့လိုကြောင်း” လတ်ဗီးယား နိုင်ငံခြားရေးဝန်ကြီး Baiba Brazeက ဘောလ်တစ်နိုင်ငံအဖြစ် ရွေးချယ်ခံရအပြီး သတင်းသမားများအား ပြောကြားလိုက်ပါသည်။ ယူကရိန်း ငြိမ်းချမ်းရေး အဓွန့်ရှည်ရေးနှင့် အရှေ့အလယ်ပိုင်း၊ ဂါဇာ၊ အာဖရိကတွင် ခံစားနေရသည့် ဆင်းရဲဒုက္ခများ လျော့ပါးရေး နှင့် ကမ္ဘာအဝှမ်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား ဖြေလျော့စေရေးတို့ကို ဆောင်ရွက်သွားဖြစ်ကြောင်းလည်း ပြောကြား ခဲ့ပါသည်။
ဘာရိန်းနိုင်ငံသည် အာရပ်နိုင်ငံများကိုယ်စား ဒုတိယအကြိမ် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် “တက်ကြွစွာ ပါဝင်ဆောင်ရွက်သူ” အဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီး Abdullatif Bin Rashid AL Zayani က ဆိုပါသည်။ “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ခိုင်မာအားကောင်းစေရေးသည် မိမိတို့၏ ရည်မှန်းချက် ဖြစ်ကြောင်း၊ ပါလက်စတိုင်း-အစ္စရေး အရေးသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်သည့် ပဋိပက္ခဖြစ်ပါကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် မှတ်ကျောက်တင်စရာဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့ပါသည်။
အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ဂါဇာသို့ ရောက်ရှိရေး၊ အစ္စရေးမှ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဖမ်းဆီးသွားသူများအား ပြန်လွှတ်ပေးရေး စသည်တို့သည် ချက်ချင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို တာဝန်ယူထားရ သော်လည်း၊ အဓိက အချက်နှစ်ချက်ဖြစ်သည့် ရုရှားနိုင်ငံက ယူကရိန်းအရေးတွင် ဗီတိုအာဏာသုံးခြင်းနှင့် ဂါဇာအရေး တွင်လည်း အစ္စရေးနိုင်ငံက အမေရိကန်နိုင်ငံ၏ အနီးကပ်ဆုံးသော မိတ်ဖက်ဖြစ်နေခြင်းတို့ကြောင့် ဆောင်ရွက်နိုင် ခြင်း မရှိခဲ့ပါ။
လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ်ပြီးခဲ့သည့် ကုလသမဂ္ဂထူထောင်ခဲ့သည့် နှစ် ၈၀ အကြာ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ပထဝီနိုင်ငံရေး ပကတိအခြေအနေကို ထင်ဟပ် စေရန် ဆောင်ရွက်ခဲ့သော်လည်း အားလုံး မအောင်မြင်ခဲ့ပါ။
လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ ဆုပ်ကိုင်ထားသည့် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ ဗြိတိန်နှင့် ပြင်သစ်တို့ရှိနေပြီး ကုလသမဂ္ဂ၏ အဖွဲ့ဝင် ဒေသအသီးသီးမှ ရွေးကောက်ခံ ၁၀ နိုင်ငံ အစုအဖွဲ့တို့ရှိပါသည်။ အာဖရိက သို့မဟုတ် လက်တင်အမေရိကနှင့် ကာရေဘီယံတို့အား အမြဲတမ်းအဖွဲ့ဝင် တစ်နေရာ ပေးရေးမှာ ကြီးမားစွာ ပျက်ကွက်နေဆဲဖြစ်ပါသည်။
လက်ရှိစည်းမျဉ်း စည်းကမ်းများအရ အဖွဲ့ဝင်အသစ် ငါးနိုင်ငံကို နှစ်စဉ် ရွေးကောက်နေရပြီး လာမည့် ဇန်နဝါရီလ အတွက် ရွေးချယ်ခံထားရသည့် နိုင်ငံများသည် အယ်လ်ဂျီးရီးယား၊ ဂိုင်ယာနာ၊ တောင်ကိုရီးယား၊ ဆီယာရာ လီယွန်နှင့် စလိုဗီးနီးယားနိုင်ငံတို့အစား တာဝန်ထမ်းဆောင်ရမည် ဖြစ်ပါသည်။
ကွန်ဂိုနိုင်ငံသည် တတိယအကြိမ်မြောက် လုံခြုံရေးကောင်စီတွင် တာဝန်ယူရမည်ဖြစ်ပြီး “ကောင်စီ အနေဖြင့် မိမိတို့ နိုင်ငံကို ယုံကြည်မှုရှိသည်ကို ပြသရုံမျှမကပဲ အာဖရိက၏ စည်းလုံးမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဖော်ဆောင်ရာမှာ နေရာမှန်မှန်မှ ပါဝင်နေသည်မှာ ထင်ဟပ်ပေါ်လွင်စေကြောင်း” နိုင်ငံခြားဝန်ကြီး Thérèse Kayikwamba Wagner က ပြောကြားပါသည်။ ဓာတ်သတ္တုကြွယ်ဝသည် နိုင်ငံ၏ အရှေ့ပိုင်းဒေသတွင် လက်နက်ကိုင် အုပ်စုများနှင့် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဆောင်ရွက်ချက်များနှင့် အရပ်သားများအား ကာကွယ်စောင့်ရှောက်ရေးအတွက် ကွန်ဂိုနိုင်ငံ၏ ဆယ်စုနှစ်ပေါင်း များစွာ ပဋိပက္ခဖြေရှင်းခဲ့ရသည့် အတွေ့အကြုံများကို လုံခြုံရေးကောင်စီသို့ ယူဆောင်လာမှာ ဖြစ်ကြောင်း၊ “သယံဇာတ နှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုများသည် ပဋိပက္ခ၏ ဆုံမှတ် ဖြစ်ပါကြောင်း” သူမက ဖြေကြားခဲ့ပါသည်။
လိုက်ဘေးရီးယားနိုင်ငံသည် ၁၉၆၁ ခုနှစ်က လုံခြုံရေးကောင်စီတွင်ပါဝင်ခဲ့ဖူးပြီး “အာဖရိကအတွက် ရွေးချယ်ခံ ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အာဖရိက ဘုံရပ်တည်ချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ရင်ဆိုင်နေရသည့် ပဋိပက္ခများ၊ စိန်ခေါ်မှုများနှင့် ရာသီဥတုဖောက်ပြန်မှုများကို မယိမ်းမယိုင် ရင်ဆိုင် ဖြေရှင်းရန်သွားမည်”ဖြစ်ကြောင်း လိုက်ဘေးရီးယား နိုင်ငံခြားရေးဝန်ကြီး Deweh Gray ကပြောကြားပါသည်။
ကုလသမဂ္ဂဆိုင်ရာ ကိုလံဘီယာ သံအမတ်ကြီး Leonor Zalabata က “လက်ရှိအနေအထားကို ထိန်းသိမ်းထား ကြရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောင်ရန် မိမိတို့၏ သဘာဝကျကျ ညီညွတ်စွာ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြပါစို့”ဟု တိုက်တွန်းခဲ့ပြီး၊ “လူ့အခွင့်အရေး လမ်းကြောင်းမှန်အပေါ် လျှောက်လှမ်းကြရန် ဖိတ်ခေါ် ပါကြောင်း” ပြောကြားပါသည်။
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ
ကိုးကား- AP

ဂျာမနီနိုင်ငံရှိ ဝါရင့်အမတ်တစ်ဦးက ရုရှား၏ စပ်ယှက်သည့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဘာလင်အား မော်စကိုနှင့် သံတမန်ဆက်ဆံရေး ထိရောက်စွာ ဖြတ်တောက်ရန် တိုက်တွန်းခဲ့သည်။
ရုရှားဆန့်ကျင်ရေး အစွန်းရောက်အမြင်များကြောင့် လူသိများသည့် Roderich Kiesewetter က အင်္ဂါနေ့ (ဇွန် ၃) တွင် Handelsblatt သို့ပြောကြားရာတွင် “ကျန်ရှိနေသေးသော သံတမန်များအားလုံးကို နှင်ထုတ်သင့်သည်” ဟု ဆိုသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မော်စကို၏ ဂျာမနီအပေါ် ဩဇာလွှမ်းမှုကို လျှော့ချနိုင်မည်ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

Kiesewetter ၏ အဆိုအရ ဂျာမနီသည် လက်ရှိတွင် “ဆိုက်ဘာ တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်း မလုံလောက်သေးပါ” ဟုဆိုကာ ထို တိုက်ခိုက်မှုများ၏ အဓိက အရင်းအမြစ်မှာ ရုရှားဖြစ်သည်ဟု စွပ်စွဲ ခဲ့သည်။ အထူးသဖြင့် မော်စကိုသည် ထိုကဲ့သို့သော လုပ်ရပ်များဖြင့် ဂျာမနီရှိ ပြည်သူများ၏အမြင်ကို ပြောင်းလဲရန် ကြိုးပမ်းနေသည်ဟု ၎င်းက စွပ်စွဲခဲ့သည်။ ထို့အပြင် ၎င်းက တရုတ်၊ မြောက်ကိုရီးယားနှင့် အီရန်တို့အား “ဟက်ကာတိုက်ခိုက်မှုများ” လုပ်ဆောင်နေသည်ဟုလည်း စွပ်စွဲခဲ့သည်။
အဆိုပါ အမတ်က အဆိုပြုထားသော တန်ပြန်အရေးယူမှုများစာရင်းတွင် မဟုတ်မမှန်သောသတင်းများကိုချေပခြင်း သို့မဟုတ် ပေါင်းစပ် လှုပ်ရှားမှုများမှ တစ်ဆင့် တိုက်ဖျက်ရန် အစိုးရအဖွဲ့အစည်းတစ်ရပ်ထူထောင်ခြင်း၊ ရုရှားခရီးသွားများနှင့် သတင်းထောက်များအား ဂျာမနီသို့ဝင်ရောက်ခွင့် ပိတ်ပင်ခြင်း၊ ဝါဒဖြန့်ဝက်ဘ်ဆိုက်များကိုပိတ်ခြင်းနှင့် အစိုးရက သံသယ ရှိသည်ဟုယူဆသော လူမှုမီဒီယာအကောင့်များကို ဖျက်သိမ်းခြင်းတို့ ပါဝင်သည်။
ထိုအမတ်က ရုရှားအစိုးရအေဂျင်စီ Rossotrudnichestvo မှ စီမံခန့်ခွဲသော ဘာလင်ရှိ ယဉ်ကျေးမှုအခမ်းအနားများနှင့် ဘာသာစကားသင်တန်းများ ပို့ချပေးသည့် “ရုရှားယဉ်ကျေးမှုစင်တာ (Russian House)” ကိုလည်း ပိတ်သိမ်းရန်တောင်းဆိုခဲ့ပြီး ၎င်းကို ရုရှား၏ ဩဇာလွှမ်းမိုးမှု ကွန်ရက် အဖြစ် တံဆိပ်ကပ်ခဲ့သည်။
မော်စကိုကလည်း သံတမန်များနှင်ထုတ်ခံရပါက တုံ့ပြန်မှုအနေဖြင့် အလားတူအရေးယူမည်ဟု အသိပေးခဲ့သည်။
Rossotrudnichestvo မှ Kiesewetter ၏ ထုတ်ပြန်ချက်ကို အဓိပ္ပာယ် မရှိသော စကားများအဖြစ် ပြင်းပြင်းထန်ထန် ပယ်ချခဲ့သည်။ ၎င်းတို့သည် လက်တွေ့နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါဟု အေဂျင်စီ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားရင်း အဆိုပါအမတ်သည် “ဘာလင်ရှိ ရုရှား ယဉ်ကျေးမှုစင်တာ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ မည်သည့်အရာမျှမသိသကဲ့သို့ ယခင်က တစ်ခါမျှပင် မရောက်ဖူးကြောင်း” ဖြည့်စွက် ပြောဆိုခဲ့သည်။
ရုရှားယဉ်ကျေးမှုစင်တာ (Russian House) ၏ ခေါင်းဆောင်ကလည်း TASS သတင်းဌာနသို့ ထိုသို့သော ပြောဆိုမှုများသည် နိုင်ငံတကာ ညှိနှိုင်းမှုကို မြှင့်တင်ပေးခြင်းမရှိဘဲ သံသယ၏ အငွေ့အသက်ကို ပိုမိုအားကောင်းစေပြီး အမုန်းတရားနှင့် ရန်လိုမှုများကို လှုံ့ဆော်ပေးနေသည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

ရုရှား-ယူကရိန်း နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရုရှား-ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့်စပ်လျဉ်း၍ ကျင်းပသော ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ် ညှိနှိုင်းမှု ပြီးဆုံးခဲ့သည်။

ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်းများကို လဲလှယ်ရန် ရှေ့တန်းတချို့ဒေသများတွင် နှစ်ရက်မှ သုံးရက် အကြာ အပစ်အခတ်ရပ်စဲရန် ရုရှားဘက်က သဘောတူညီခဲ့ပြီး ယူကရိန်းဘက်က သုတေသနပြုပြီး အစီအစဉ် ကို အမြန်ဆုံးရေးဆွဲရန် ကတိပြုခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ရုရှားဘက်က လာမည့်ရက်သတ္တပတ် တွင် ယူကရိန်းထံ ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်း ၆,၀၀၀ ကို တစ်ဖက်သတ် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ရုရှားသမ္မတ လက်ထောက်၊ ရုရှားစေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Medinsky က မီဒီယာများထံ ကြေညာချက်ထုတ်ပြန် ခဲ့သည်။
စေ့စပ်ညှိနှိုင်းမှုတွင် နှစ်ဖက်သည် စစ်သုံ့ပန်းများ လဲလှယ်ရန်နှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ပြီး အပြင်းအထန် နာမကျန်းဖြစ်နေသော စစ်သုံ့ပန်းများနှင့် အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများ အားလုံးကို လဲလှယ်ရန် အဆိုပြုထားကြောင်း ရုရှားသမ္မတ လက်ထောက်၊ ရုရှားစေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Medinsky က တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့သည်။
ကိုးကား- Xinhua

အိမ်ဖြူတော်သည် သမ္မတ Trump ၏ တရားဝင်ပုံတူအသစ်ကို ထုတ်ပြန် ခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီကဓာတ်ပုံနှင့် ကွဲပြားမှုအချို့ရှိသည်။
ဇွန် ၂ ရက်တွင် အိမ်ဖြူတော်မှ ထုတ်ပြန်လိုက်သော တရားဝင် ဓာတ်ပုံတွင် သမ္မတ Donald Trump သည် အပြာရောင် ကုတ်အင်္ကျီ၊ ၎င်း၏ အမှတ်လက္ခဏာဖြစ်သော အနီရောင်လည်စီးနှင့် အင်္ကျီကော်လံပေါ်တွင် အမေရိကန်အလံရင်ထိုးတပ်ဆင်ထားသည်။ အလင်းရောင်သည် အဓိက အားဖြင့် ၎င်း၏မျက်နှာအလယ်ပိုင်းကို အာရုံစိုက်ထားပြီး အနက်ရောင် နောက်ခံတွင် ရိုက်ကူးထားသည်။ အမေရိကန်သမ္မတသည် ကင်မရာကို စူးစိုက်ကြည့်နေကာ လေးနက်သောအမူအရာ ဆောင်နေသည်။

အိမ်ဖြူတော်သည် Eisenhower Executive Office Building တွင် အသစ်တင်ထားသော ဓာတ်ပုံ၏ ဗီဒီယိုကိုလည်း မျှဝေထားသည်။ အိမ်ဖြူတော်က မည်သည့်အတွက်ကြောင့် တရားဝင် သမ္မတဓာတ်ပုံကို ပြောင်းလဲခဲ့သည်ဆိုသည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂