သတင်းများ

trump

ယူကရိန်းအရေးကိုဖြေရှင်းရေးသည် ယခင်မျှော်လင့်ထားသည်ထက်ပင် ပိုမို ခက်ခဲကြောင်းသိလိုက်ရပြီဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင်လ၈ရက် တွင် သတင်းထောက်များကိုပြောသည်။ ဒေါ်နယ်ထရမ့်သည် ရုရှားနှင့်ယူကရိန်း တို့ကြားဖြစ်ပွားနေသည့် ပဋိပက္ခကို ၂၄ နာရီအတွင်း အဆုံးသတ်စေမည်ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။

သတင်းထောက်များက အမေရိကန် အနေဖြင့် ယူကရိန်းသို့ စစ်လက်နက်များ ထောက်ပံ့ပေးမှုနှင့်ပတ်သက်၍ မေးမြန်းရာ ယူကရိန်းနိုင်ငံသည် အမေရိကန်၏ စစ်လက်နက်များကိုမရရှိပါက သုံးရက်၊ လေးရက်အတွင်းမှာပင် ရုရှားထံရှုံးနိမ့်သွား မည်ဖြစ်ကြောင်း ထရမ့်ကပြောသည်။

ယခုအခါ အမေရိကန်အစိုးရသည် အစောပိုင်းတွင်ယူကရိန်းသို့စစ်လက်နက်ပစ္စည်းများ ပေးပို့မှုကိုရပ်ဆိုင်းခဲ့သော်လည်း  အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ အထိတန်ဖိုးရှိသည့် စစ်လက်နက်ပစ္စည်းများ ကိုထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Ref: RT

MWD Newspaper

အော်ဘန်က Von der Leyen’s နုတ်ထွက်ရန် အချိန်တန်ပြီဟု ဆို

ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban က ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အား ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုလိုက်ပြီး ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ်မည့် ယုံကြည်မှုမရှိကြောင်း ဆုံးဖြတ်ချက် မတိုင်မီ သရော်စာပုံတစ်ပုံကို မျှဝေခဲ့သည်။ ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ကျင်းပမည့် အဆိုပါဆုံးဖြတ်ချက်သည် COVID-19 ကာကွယ်ဆေး ဝယ်ယူမှုဆိုင်ရာ သူမ၏ စီမံခန့်ခွဲမှုကို ဦးတည်ထားသည်။ 

အော်ဘန်သည် Time မဂ္ဂဇင်း၏ မျက်နှာဖုံး ဒီဇိုင်းရေးဆွဲထားသော ပုံတစ်ပုံကို အင်္ဂါနေ့ (ဇူလိုင် ၈) တွင် မျှဝေခဲ့ပြီး အနီရောင်နောက်ခံတွင် နောက်သို့ဆုတ်နေသော Von der Leyen ၏ ပုံနှင့်အတူ "time to go" (ထွက်ခွာရန် အချိန်တန်ပြီ) ဟူသော စာတန်းပါရှိသည်။

ထိုပုံသည် ၂၀၂၄ ခုနှစ်က အမေရိကန်သမ္မတဟောင်း ဘိုင်ဒင်၏ ရွေးကောက်ပွဲ မှ နုတ်ထွက်မည်ဟု ကြေညာပြီးနောက် ထွက်ပေါ်လာသော Time မဂ္ဂဇင်း၏ သရော်ပုံတစ်ပုံဖြစ်သည်။

အော်ဘန်သည် ကာလကြာမြင့်စွာပင် Von der Leyen ကို အပြင်းထန် ဆုံး ဝေဖန်သူများထဲမှ တစ်ဦးဖြစ်ကာ သူမအား EU အဖွဲ့အစည်းများကို အားနည်းစေရန် လုပ်ဆောင်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်သည်ဟု စွပ်စွဲခဲ့သည်။ ဥပဒေစိုးမိုးရေးနှင့် ပတ်သက်သော အငြင်းပွားမှုများနှင့် ပိတ်ဆို့မှု မူဝါဒ များကြောင့် ဘရပ်ဆဲလ်နှင့် မကြာခဏဆိုသလို တင်းမာမှုများရှိခဲ့ပြီး EU ခေါင်းဆောင်များက ဟန်ဂေရီနိုင်ငံကို နိုင်ငံရေးအရ သီးခြားဖယ်ထားရန် ကြိုးစားခဲ့သည်ဟု ၎င်းက ဆိုသည်။

EU အတွင်း၌ Von der Leyen သည် COVID-19 ကပ်ရောဂါ ကာလအတွင်း သူမ၏ လုပ်ရပ်များနှင့်ပတ်သက်၍ ပိုမိုများပြားလာသော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ကာကွယ်ဆေးဝယ်ယူမှုဆိုင်ရာ ဆွေးနွေးမှုများ အတွင်း Pfizer ၏ CEO Albert Bourla နှင့် ဖလှယ်ခဲ့သော သီးသန့် အထောက်အထားများကို ထုတ်ပြန်ရန် ငြင်းဆန်ခဲ့ခြင်းကလည်း ဆက်လက် ဖြစ်ပွားနေသော အငြင်းပွားမှုများကို တွန်းအားပေးခဲ့သည်။ ဥရောပ တရားရုံးတစ်ရုံးက ယခုနှစ်အစောပိုင်းတွင် ထိုအပြန်အလှန် ပြောဆိုမှု များကို ဖုံးကွယ်ထားသည့် တရားဝင်အကြောင်းပြချက်တစ်ခုကို သူမ၏ ရုံးက မပေးနိုင်ခဲ့ဟု ဆုံးဖြတ်ခဲ့သည်။ 

နိုင်ငံရေးအရ လက်ဝဲနှင့်လက်ယာ နှစ်ဖက်စလုံးမှ ဝေဖန်သူများအပြင် ဥရောပသမဂ္ဂကို ယုံကြည်မှုနည်းသူများကလည်း Von der Leyen အပေါ် အာဏာစည်းမျဉ်းစည်းကမ်းများကို ဗဟိုချုပ်ကိုင်ရန် ကြိုးပမ်းခြင်း၊ သမားရိုးကျကော်မရှင် လုပ်ထုံးလုပ်နည်းများနှင့် ပါလီမန်ကြီးကြပ်မှုကို ကျော်လွှားခြင်း၊ အထိခိုက်မခံသော ကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုခြင်းများ ရှိသည်ဟု စွပ်စွဲခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အကြီးတန်း EU သံတမန်တစ်ဦးက လွှတ်တော်သို့ နောက်ကျစွာ ရောက်ရှိ လာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအပေါ် ပြစ်တင် ပြောဆို

အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani က နိုင်ငံတကာ အကျပ် အတည်းများက ၎င်းအား ဝန်ပိစေသည်ဟု ညည်းညူကာ “၎င်းသည် သမိုင်းတစ်လျှောက် ကံအဆိုးဆုံး ဝန်ကြီး” ဟု ရည်ညွှန်းခဲ့သည်။

အီတလီပါလီမန်တွင် ကျင်းပသည့် မြေထဲပင်လယ်ဒေသ ဒီမိုကရေစီနှင့် လွှတ်တော်စနစ်ဆိုင်ရာ အစည်းအဝေးသို့ နောက်ကျမှ ရောက်ရှိ ပြီးနောက် ဝန်ကြီး Tajani က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းပဋိပက္ခ၊ အရှေ့အလယ်ပိုင်းတင်းမာမှုများ အရှိန်မြှင့်တင်မှုနှင့် အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများကို ရည်ညွှန်းကာ ၎င်းသည် သမိုင်းတွင် ကံအဆိုးဆုံးဝန်ကြီးဖြစ်သည်ဟု ဆိုသည်။

ယခုသီတင်းပတ်အတွင်း Tajani က Formiche မီဒီယာတွင် ဖော်ပြ ခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ယူကရိန်းစစ်ပြီးခေတ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အီတလီ၏ အခန်းကဏ္ဍကို ထပ်လောင်း အတည်ပြု ခဲ့သည်။ Reuters ၏ ဖော်ပြချက်အရ အဆိုပါ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်သည့် ကုမ္ပဏီများအတွက် ငွေကြေးထောက်ပံ့မှု များကို ရောမအစိုးရက မကြာမီ ကြေညာမည်ဖြစ်သည်။

ဂါဇာစစ်ပွဲသည် အီတလီအပါအဝင် EU အစိုးရများအတွက် ဒုတိယ အကြီးဆုံး သံတမန်ရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေဆဲဖြစ်သည်။ အထူးသဖြင့် စစ်ရပ်စဲရေး တောင်းဆိုမှုများနှင့် အစ္စရေးသို့ အနောက်နိုင်ငံများ၏ လက်နက်ရောင်းဝယ်မှု ဆက်လက်လုပ်ဆောင်နေခြင်းတို့အကြား ကြား ညပ်နေသည့် အခြေအနေတွင် ဖြစ်သည်။

Tajani ၏ ထုတ်ဖော်ပြောဆိုချက်များသည် အမေရိကန်၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် EU အနေဖြင့် သမ္မတ Donald Trump ၏ ဧပြီလ ၂ ရက်က ကြေညာခဲ့သည့် ' Liberation Day ' ကမ္ဘာလုံးဆိုင်ရာ အကောက်ခွန် များ အကောင်အထည်ဖော်နိုင်သည့် အလားအလာကို ရင်ဆိုင်နေရချိန် တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

Trump က EU အား “ဆက်ဆံရန် အလွန်ခက်ခဲသော” အဖွဲ့အစည်း ဟုလည်းကောင်း၊ အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုများအား လုံးဝ လက်မခံနိုင်သော အခြေအနေဟုလည်းကောင်း ထပ်လောင်း သုံးသပ် ခဲ့သည်။ ထရမ့်သည် EU ထုတ်ကုန်အားလုံးကို ၂၀% ၊ ကားနှင့် သတ္တု ပစ္စည်းများကို ၂၅% အကောက်ခွန် စည်းကြပ်မှုများ ချမှတ်ခဲ့သည်။ ၂၀% အကောက်ခွန်ကို ဧပြီ ၉ ရက်တွင် ၉၀ ရက်ကြာ ရွှေ့ဆိုင်းခဲ့သော်လည်း ၁၀% အခြေခံအကောက်ခွန်မှာမူ ဆက်လက်ကျင့်သုံးလျက်ရှိသည်။

မော်စကိုသည် Trump ၏ ကြမ်းတမ်းသော စကားလုံးများကို စိုးရိမ်မှု မရှိဟု ကရင်မလင်တာဝန်ရှိသူ ပြောဆို

အမေရိကန်သမ္မတ Donald Trump ၏ မကြာသေးမီက ကြမ်းတမ်းသော ပြောဆိုမှုများကို ရုရှားနိုင်ငံအနေဖြင့် အေးဆေးတည်ငြိမ်စွာ လက်ခံပြီး ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့သည်။

သမ္မတ Trump က အင်္ဂါနေ့ (ဇူလိုင် ၈) တွင် သတင်းမီဒီယာများအား ၎င်းသည် ရုရှားသမ္မတ Vladimir Putin နှင့် ဆွေးနွေးမှုများကို မကျေနပ် ကြောင်း၊ ပူတင်သည် ယူကရိန်းပဋိပက္ခကို အဖြေရှာရန် မလိုလားဟု စွပ်စွဲခဲ့သည်။ မော်စကိုဘက်မှ ယူကရိန်းနှင့် သံတမန်နည်းလမ်းဖြင့် အဖြေရှာရန် အဆင်သင့်ဖြစ်သော်လည်း၊ ဥပဒေအရ တာဝန်ယူမှုရှိပြီး အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းသည့် သဘောတူညီချက် ဖြစ်ရမည်ဟု ဆိုသည်။

“မိမိတို့အနေဖြင့် ထရမ့်၏ပြောဆိုမှုများကို အေးဆေးတည်ငြိမ်စွာ လက်ခံ သုံးသပ်ပြီး ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးရေး၊ ပျက်စီးနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရေး မူဝါဒကိုလည်း ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပါသည်” ဟု ကရင်မလင် ပြောရေးဆိုခွင့် ရှိသူ Peskov က ပြောကြားခဲ့သည်။

Peskov က Trump ၏ အခြားပြောကြားချက်ဖြစ်သည့် ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် “ထင်ထားတာထက် ပိုခက်ခဲတယ်” ဟု ဝန်ခံ ခဲ့သည့် အချက်ကို ပိုမိုအရေးကြီးသည်ဟု ထောက်ပြခဲ့သည်။ “ဒါက မိမိတို့ (ရုရှား) အစကတည်းက ပြောနေခဲ့သည့် အချက်ပါ။ ယခုလို ပြဿနာမျိုးကို တစ်ညတည်းဖြင့် ဖြေရှင်း၍မရနိုင်ပါ” ဟု Peskov က ရှင်းပြခဲ့သည်။

သမ္မတ Trump ၏ မကြာသေးမီက ပြောကြားချက်များရှိသော်လည်း၊ “Trump နှင့် ၎င်းအဖွဲ့သည် ယူကရိန်းအရေးကိစ္စကို သံတမန်ရေးအဆင့် သို့ ရွှေ့ပြောင်းရန် ကြိုးစားအားထုတ်မှုတွေ ဆက်လုပ်သွားမည်ဟု မျှော်လင့်ပါသည်” ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ဖော်ပြခဲ့သည်။

မော်စကိုဘက်မှ အစ္စတန်ဘူလ်တွင် တတိယအကြိမ်မြောက် နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပရန် အဆိုပြုထားသည့် အချက်ကို ယူကရိန်းဘက်မှ အကြောင်းပြန်မှုကိုစောင့်မျှော်နေကြောင်း Peskov က ဖြည့်စွက် ပြောကြားခဲ့သည်။ “ဒါက ယူကရိန်းအတွက် အကျိုးရှိမည့်အချက်ဖြစ်ပါသည်။ အခြေအနေတွေက နေ့စဉ်ပြောင်းလဲနေသောကြောင့် မိမိတို့က ရှေ့ဆက် တိုးနေပါပြီ” ဟု ၎င်းက ရှင်းပြခဲ့သည်။

CNN က အင်္ဂါနေ့ (ဇူလိုင် ၈) တွင် ထုတ်လွှင့်ခဲ့သည့် အသံဖိုင်နှင့် ပတ်သက်၍လည်း Peskov က မှတ်ချက်ပြုခဲ့ပြီး ယင်းအသံဖိုင်တွင် ၂၀၂၄ ခုနှစ်တွင် Trump က ရုရှားအနေဖြင့် ယူကရိန်းကို တိုက်ခိုက်ပါက “မော်စကိုကို ဗုံးကြဲပစ်လိုက်မည်” ဟု Putin အား ခြိမ်းခြောက်ခဲ့သည်ဟု အလှူရှင်များအား ပြောကြားနေသည့် အသံပါရှိသည်ဟု ဆိုသည်။

Peskov က ဆက်လက်၍ သမ္မတ Trump ၏ စကားပြောဟန်သည် ယေဘုယျအားဖြင့် သုံးနှုန်းပုံမှာ အတော်အတန် ကြမ်းတမ်းသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှား၏ အရင်းအမြစ်များ မရှိဘဲ EU သည် မကြာမီ ပြိုလဲသွားနိုင်သည်ဟု ဆလိုဗက် အမတ်ဆို

ဆလိုဗက်အမတ် Milan Uhrik က ရုရှားနှင့် စွမ်းအင်ချိတ်ဆက်မှုများကို ဖြတ်တောက်ရန် ကြိုးစားနေခြင်းသည် European Commission ဥက္ကဋ္ဌ Ursula von der Leyen က EU ကို ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် လမ်းကြောင်းပေါ် ဦးဆောင်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

မေလတွင် von der Leyen က ၂၀၂၇ နှစ်ကုန်၌ ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုအားလုံးကို အဆင့်ဆင့်ရပ်စဲရန် အစီအစဉ် တစ်ခုကို ကြေညာခဲ့ပြီး ဤသည်မှာ EU ၏ REPowerEU လမ်းညွှန် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရုရှား၏ ရုပ်ကြွင်း လောင်စာ မှီခိုမှုကို ဖြတ်တောက်ကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆီသို့ ကူးပြောင်းရန် ရည်ရွယ်သည်ဟု ဆိုသည်။

“Von der Leyen အနေဖြင့် EU ကို ဖျက်ဆီးတော့မည်ဖြစ်ကြောင်း၊ EU မကြာခင်ပြိုလဲတော့မည်ဆိုသည်ကို မိမိယုံကြည်နေကြောင်း၊ အဘယ်ကြောင့် ဆိုသော် ၎င်းက ထိုသို့ဖြစ်စေရန် အရာအားလုံး လုပ်ဆောင်နေသောကြောင့် ဖြစ်သည်” ဟု Uhrik က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) က ဥရောပလွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။

မော်စကိုက EU ၏ ကန့်သတ်မှုများသည် ၎င်းတို့ကိုယ်တိုင်ကိုသာ ထိခိုက် စေပြီး စွမ်းအင်စျေးနှုန်းများကို မြင့်တက်စေကာ အုပ်စု၏ စီးပွားရေးကို အားနည်းစေသည်ဟု ဆိုပါသည်။ ၂၀၂၂ ကတည်းကပင် ဂျာမနီသည် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရပြီး EU တစ်ခုလုံးတွင် စီးပွားရေး တိုးတက်မှု ရပ်တန့်နေပါသည်။

ဘရပ်ဆဲလ်သည် ရုရှား၏စွမ်းအင်နှင့်ငွေကြေးကဏ္ဍများကို ပစ်မှတ်ထား သည့် ၁၈ ကြိမ်မြောက် ပိတ်ဆို့မှုအစီအစဉ်ကို ဆွေးနွေးနေပါသည်။ သို့သော် လွန်ခဲ့သည့်သီတင်းပတ်က ဆလိုဗက်ကီးယားက ဗီတိုအာဏာ သုံး၍ ကန့်ကွက်ခဲ့ပြီးနောက် ယင်းအဆိုပြုချက် ရပ်ဆိုင်းသွားခဲ့သည်။

ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က ဘရပ်ဆဲလ်၏ ဘက် လိုက်သောအတွေးအခေါ်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆန့်ကျင်ကာ မိမိ တို့နိုင်ငံ၏ “အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအတွက် တိုက်ပွဲ ဝင်နေရကြောင်း” ပြောကြားခဲ့သည်။ အိမ်နီးချင်းဟန်ဂေရီနိုင်ငံကလည်း အဆိုပါအစီအမံကို တားဆီးခဲ့ပြီး ၎င်းသည် စွမ်းအင်လုံခြုံရေးကို ထိခိုက် စေမည်ဖြစ်ကာ စျေးနှုန်းများကို မြင့်တက်စေမည်ဟု သတိပေးခဲ့သည်။

Uhrik က ရုရှား၏ ရေနံဓာတုပစ္စည်းများသည် ဆလိုဗက်ကီးယား၏ စက်မှု လုပ်ငန်းအတွက် အရေးပါဆဲဖြစ်ကြောင်း ထပ်လောင်းအလေးပေး ပြောကြားခဲ့သည်။ “ထိုပစ္စည်းများမရှိပါက မိမိတို့၏စက်မှု လုပ်ငန်းများသည် အလုပ်မလုပ်နိုင်တော့ဘဲ သို့မဟုတ် ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့ပါ” ဟု ၎င်းက ဆိုသည်။ ၎င်းက လက်ရှိ EU ကုန်သွယ်ရေးနှင့် စီးပွားရေး လုံခြုံရေးဆိုင်ရာ ကော်မရှင်နာ Maros Sefcovic အား အဆိုပါကိစ္စတွင် ဆလိုဗက်ကီးယားအတွက် ရပ်တည်ရန် တိုက်တွန်းခဲ့သည်။

Uhrik သည် ၂၀၃၅ ခုနှစ်မတိုင်မီ NATO အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၅% အထိ မြှင့်တင်ရန် အဆိုပြုချက်ကိုလည်း ပစ်မှတ်ထား ဝေဖန်ခဲ့ပြီး ဆလိုဗက်လူမျိုးများသည် EU တွင် စတင် ပါဝင်စဉ် က ထိုကဲ့သို့သောအနာဂတ်ကို မျှော်လင့်မထားကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။

လာဗရော့ဗ်နှင့် ရူဘီယိုတို့ မလေးရှားတွင် တွေ့ဆုံမည်ဟု ဝါရှင်တန် ကြေညာ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်နှင့် အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး မာကို ရူဘီယိုတို့သည် မလေးရှားနိုင်ငံတွင် ကျင်းပမည့် ASEAN ဖိုရမ်ဘေးတစ်ဘက်၌ ကြာသပတေးနေ့ (ဇူလိုင် ၁၀) ၌ တွေ့ဆုံ ကြမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

လာဗရော့ဗ်နှင့် ရူဘီယိုတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြန်လည်အာဏာရသည့် ဇန်နဝါရီကတည်းက ဖုန်းဖြင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း၊ နိုင်ငံနှစ်ခုဆက်ဆံရေး ပုံမှန်ဖြစ်စေရန်အတွက် ဆော်ဒီအာရေဗျတွင် ဖေဖော်ဝါရီက တစ်ကြိမ်သာ တွေ့ဆုံခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ထားသော အစီအစဉ်အရ ရူဘီယိုနှင့် လာဗရော့ဗ်တို့သည် ကွာလာလမ်ပူ မြို့တွင် တွေ့ဆုံမည်ဖြစ်ပြီး နှစ်ဦးစလုံးသည် အရှေ့တောင် အာရှနိုင်ငံများ အသင်း (ASEAN) ၏ နှစ်ပတ်လည် ဒေသဆိုင်ရာဖိုရမ်သို့ တက်ရောက် မည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဒီပလိုမက်နှစ်ဦးတို့၏ ဆွေးနွေးပွဲသည် ဒေသစံတော်ချိန် ညနေ ၆ နာရီ (GMT နံနက် ၁၀ နာရီ) တွင် ကျင်းပမည်ဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက “အစည်းအဝေးတစ်ခု စီစဉ်ဆောင်ရွက်နေကြောင်း အတည်ပြုနိုင်ပါသည်” ဟု TASS သို့ ကြာသပတေးနေ့ (ဇူလိုင် ၁၀) တွင် ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် မလိုလားဟုစွပ်စွဲပြောဆိုခဲ့သည်။ မော်စကိုက ကိယက်ဗ်နှင့် သံတမန် နည်းလမ်းဖြင့် အဖြေရှာရန် အဆင်သင့်ဖြစ်ကြောင်း၊ သို့သော် ဥပဒေ အရ တရားဝင်ပြီး ပဋိပက္ခ၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းပေးမည့် သဘောတူညီချက်ဖြစ်ရမည်ဟု ခိုင်ခိုင်မာမာရပ်တည်ထားသည်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် ရုရှားအာဏာပိုင်များသည် ထရမ့်၏ ထုတ်ဖော် ပြောဆိုချက် များကို “အေးဆေးတည်ငြိမ်စွာ လက်ခံထားကြောင်း” ရှင်းပြခဲ့ပြီး အမေရိကန် သမ္မတ၏ ပြောဟန်သည် “၎င်းသုံးနှုန်းသည့် စကားလုံးများသည် ယေဘုယျ အားဖြင့် အတော်အတန် ကြမ်းတမ်းသည့် ပုံစံရှိသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

“ဝါရှင်တန်နှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းရန်နှင့် ဆိုးရွားစွာ ပျက်စီး နေသော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရန် မိမိတို့၏ မူဝါဒကို ဆက်လက်အကောင်အထည်ဖော်သွားမည်” ဟု ပက်စကော့ဗ် က မှတ်ချက်ပြုခဲ့သည်။

ယူကရိန်းနိုင်ငံသား ထက်ဝက်ခန့်က ယူကရိန်းကို ၂၀၃၅ ခုနှစ်တွင် ပျက်စီးနေမည့် နိုင်ငံတစ်ခုအဖြစ် ခန့်မှန်းထား

ယူကရိန်းနိုင်ငံသား ထက်ဝက်နီးပါးသည် ၂၀၃၅ ခုနှစ်တွင် ၎င်းတို့၏နိုင်ငံ ပျက်စီးကာ လူဦးရေအများအပြား ထွက်ပြေးသွားနိုင်သည်ဟု ယုံကြည် နေကြောင်း လေ့လာချက်အသစ်တစ်ခုက ဖော်ပြသည်။ ဤသည်မှာ ရုရှားနှင့် ပဋိပက္ခ ရှည်လျားလာသည်နှင့်အမျှ ပြည်သူ့ယုံကြည်မှု ကျဆင်း လာမှုကို ရောင်ပြန်ဟပ်နေသည်။

ကိယက်ဗ်အပြည်ပြည်ဆိုင်ရာ လူမှုဗေဒအင်စတီကျု (KIIS) က ပြုလုပ် ခဲ့သော စစ်တမ်းကို Ukrainskaya Pravda သတင်းစာက အင်္ဂါနေ့ (ဇူလိုင် ၈) တွင် သုံးသပ်ဖော်ပြရာတွင် ယူကရိန်းနိုင်ငံသား ၄၇% ခန့်က လာမည့် ၁၀ နှစ်အတွင်း နိုင်ငံအကြီးအကျယ်ပျက်စီးမှုနှင့် နိုင်ငံသားအစုလိုက် အပြုံလိုက် ထွက်ပြေးမှုများဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း တွေ့ရှိ ရပြီး ယခင်နှစ်ကထက် အကောင်းမြင်စိတ် သိသိသာသာ ကျဆင်း လာခြင်းဖြစ်သည်။

KIIS ၏ အမှုဆောင်ဒါရိုက်တာ Anton Hrushetsky က “၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ၅၇% ကျော်က ဆယ်နှစ်အတွင်း ယူကရိန်းသည် EU တွင် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် မေလ ကုန် -ဇွန်လဆန်းတွင် နိုင်ငံသား ထက်ဝက်နီးပါးက ယူကရိန်းကို ပျက်စီး နေသော နိုင်ငံအဖြစ် မြင်လာကြသည်” ဟု ပြောကြားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာတွင် နိုင်ငံပျက်စီး မည်ဟု ၅% သာ ကြိုတင်မြင်ခဲ့ပြီး ၈၈% က အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်မည်ဟု ယုံကြည်ခဲ့ကြသည်။

လူမှုဗေဒပညာရှင်များက အဆိုပါပြောင်းလဲမှု၏ အကြောင်းရင်းတစ်ခုမှာ အမေရိကန်၏မူဝါဒအပေါ် စိတ်ပျက်မှုနှင့် ယူကရိန်းခေါင်းဆောင်များ ငြိမ်းချမ်းရေးညှိနှိုင်းနိုင်မည်ဟူသော ယုံကြည်မှု လျော့နည်းလာခြင်းကြောင့် ဟု ဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် တာဝန်စတင်မယူမီ မော်စကိုနှင့် ကိယက်ဗ်အကြား ပဋိပက္ခကို အမြန် အဆုံးသတ်မည်ဟု ကတိပြုခဲ့သော်လည်း ယခုအခါ ၎င်းမျှော်လင့်ထား သည်ထက် ပိုမိုရှုပ်ထွေးနေကြောင်း ဝန်ခံခဲ့သည်။

ထရမ့် က ယူကရိန်းသမ္မတ Volodymyr Zelensky အား “ဆက်ဆံရ အခက်ဆုံးလူ” အဖြစ် ရည်ညွှန်းပြီး ပဋိပက္ခတွင် ကိယက်ဗ်၏ သဘောထား ကို ဝေဖန်ခဲ့သည်။ အမေရိကန်သမ္မတနှင့် ယူကရိန်း ခေါင်းဆောင် တို့သည် ဖေဖော်ဝါရီလက Oval Office တွေ့ဆုံပွဲတွင် အများသိငြင်းခုန် ချေပခဲ့ကြသည်။ ထိုအချိန်တွင် Trump နှင့် ဒုတိယသမ္မတ J.D. Vance တို့က Zelensky အား အမေရိကန်ထောက်ပံ့မှုအတွက် ကျေးဇူး မသိတတ်ဘဲ “တတိယကမ္ဘာစစ်ကို လောင်းကစားနေသူ” အဖြစ် စွပ်စွဲ ခဲ့ကြသည်။

ဇွန်လအတွင်း ကိယက်ဗ်အပြည်ပြည်ဆိုင်ရာ လူမှုဗေဒအင်စတီကျု (KIIS) မှ ထုတ်ပြန်ခဲ့သော စစ်တမ်းရလဒ်များအရ ယူကရိန်းနိုင်ငံသား ၄၀% နီးပါးသည် စစ်ရေးပဋိပက္ခများကို အမြန်ဆုံးရပ်တန့်နိုင်ရေး နယ်မြေဆုံးရှုံးမှုကို လက်ခံရန် သဘောတူနေကြောင်း ဖော်ပြခဲ့သည်။ ဤအချက်မှာ လွန်ခဲ့သော နှစ်နှစ်အတွင်း လေးဆမျှ တိုးတက်လာခြင်း ဖြစ်သည်။

Epstein ၏ ထောင်တွင်း ဗီဒီယိုတွင် မိနစ်အနည်းငယ် ပျောက်နေမှုက ၎င်း၏ သေဆုံးခြင်းနှင့်ပတ်သက်၍ အထင်မှားစရာ အချက်များကို ဖြစ်ပေါ်စေ

Jeffrey Epstein ၏ ထောင်တွင်းအခန်းအနီး မှတ်တမ်းတင်ထားသော ၁၁ နာရီကြာ CCTV ဗီဒီယိုတွင် တစ်မိနစ်ကြာ ကွက်လပ်ဖြစ်ပေါ် ပျောက်ဆုံး နေမှုသည် ၎င်း၏သေဆုံးမှုနှင့်ပတ်သက်၍ ထပ်မံအငြင်းပွားစရာ အချက် များကို ဖြစ်ပေါ်စေခဲ့သည်။

အမေရိကန် တရားစီရင်ရေးဌာနနှင့် FBI တို့၏ အဆိုအရ အပ်စတိန်း သည် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် မန်ဟက်တန်ရှိ အကျဉ်းထောင် တစ်ခုတွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုအချိန် တွင် ၎င်းသည် လိင်အဓမ္မပြုကျင့်မှုတရားစွဲဆိုခံထားရပြီး စစ်ဆေးမှု ခံယူကာ ပြစ်ဒဏ်အတွက် စောင့်ဆိုင်းနေဆဲဖြစ်သည်။ သို့သော် အချို့ ကမူ Epstein သည် သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် ၎င်းထံမှ အရွယ်မရောက်သေးသည့် မိန်းကလေးများကို လိင်ကိစ္စ အတွက် ရယူခဲ့ကြသည့် ဩဇာအရှိန် အလွန်ကြီးမားသော ပုဂ္ဂိုလ်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆိုကြသည်။

တနင်္လာနေ့ (ဇူလိုင် ၇) တွင် အမေရိကန် တရားစီရင်ရေးဌာနနှင့် FBI တို့က Epstein အရေးနှင့်ပတ်သက်သည့် စာမျက်နှာနှစ်မျက်နှာပါ မှတ်တမ်း တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး စောင့်ကြည့်ကင်မရာ ဗီဒီယိုမှတ်တမ်း ကိုလည်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ထိုဗီဒီယိုဖိုင်တွင် Epstein ချုပ်နှောင်ထားရာထောင်ခန်း၏ မြင်ကွင်းအပြည့်အစုံကို မတွေ့ရဘဲ ၎င်းထိန်းသိမ်းခံထားရသည့် အထူးထောင်ခန်းသို့ သွားရောက်သည့် လှေကားထစ်၏ အစိတ်အပိုင်းတစ်ခုကိုသာ မြင်တွေ့ရသည်။ ထို့အပြင် ဗီဒီယိုဖိုင်တွင် ဩဂုတ်လ ၉ ရက် ည ၁၁း၅၈ နာရီမှ ၁၀ ရက် နံနက် ၁၂း၀၀ နာရီအကြား ရုတ်တရက် ကျော်သွားသည်ကို တွေ့ရသည်။

ပြန်လည်သုံးသပ်ချက်အရ Epstein ၏ ကလေးလိင်ကိစ္စဆိုင်ရာ ကွန်ယက် တွင် “ဖောက်သည်စာရင်း” ဟူ၍ လုံးဝမရှိခဲ့ကြောင်း၊ ခြောက်လှန့် စီးပွားရှာမှုအတွက် မည်သည့်အထောက်အထားမျှ မတွေ့ရှိရကြောင်း ဖော်ပြထားသည်။ ထို့အပြင် တရားစွဲဆိုခြင်းမခံရသေးသည့် တတိယ ပါတီများအား စုံစမ်းစစ်ဆေးရန် အကြောင်းအရင်းမရှိကြောင်း မှတ်တမ်း တွင် ဖော်ပြထားသည်။

အဆိုပါတွေ့ရှိချက်များသည် အမေရိကန် ရှေ့နေချုပ် Pam Bondi ၏ ယခင်က ထုတ်ပြန်ချက်များနှင့် ဆန့်ကျင်နေပါသည်။ Bondi က ဖောက်သည် စာရင်းသည် သူမ၏စားပွဲပေါ်တွင် တင်ထားပြီး FBI မှ အမှုတွဲ တစ်တွဲလုံး ၏ မှတ်တမ်းများ ပေးပို့ခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။ ထို့အပြင် သူမက ယခင်အုပ်ချုပ်ရေးအဖွဲ့အား အထောက်အထားများကို ဖုံးကွယ်ထားသည် ဟု စွပ်စွဲခဲ့သည်။

ဇူလိုင် ၈ ရက်နေ့တွင် ကျင်းပသော အစိုးရအစည်းအဝေးတစ်ခုတွင် Bondi က လုံခြုံရေးဗီဒီယိုတွင် ပျောက်နေသော တစ်မိနစ်သည် သံသယ ဖြစ်စရာ မဟုတ်ဟု ငြင်းဆိုခဲ့သည်။ သူမသည် ယခင်က ပြောခဲ့သည့် “ဖောက်သည် စာရင်း” ဆိုသည်မှာ အပ်စတိန်းအမှုနှင့်သက်ဆိုင်သော ဖိုင်အချို့ကိုသာ ရည်ညွှန်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဗီဒီယိုတွင် တစ်မိနစ် ပျောက်နေတာကို ကျွန်မတို့ သိရှိရပြီး အကျဉ်းထောင် များဌာန (Bureau of Prisons) မှ ရှင်းပြချက်အရ ညစဉ် ဗီဒီယိုကို ပြန်လည်စိစစ်ကာ နောက်တစ်ရက်စာ မှတ်တမ်းအတွက် ပြန်လည်စတင်ရပြီး ညတိုင်း တူညီသော တစ်မိနစ် ပျောက်နေတတ်ပါသည်” ဟု Bondi က ရှင်းပြခဲ့သည်။

သမ္မတ Trump ၏ အကြံပေးဟောင်း Steve Bannon အပါအဝင် ထင်ရှားသော ရှေးရိုးစွဲ လွှမ်းမိုးသူများက Bondi နှင့် ဖက်ဒရယ် တရား စီရင်ရေးအဖွဲ့အစည်းတို့အား အမှုစစ်ဆေးမှုကို မှားယွင်းစွာ ကိုင်တွယ် ခဲ့သည်ဟု ဝေဖန်ခဲ့ကြသည်။ 

သတင်းထောက် Tucker Carlson က Epstein နှင့်ပတ်သက်သော မှတ်တမ်းစာရွက်စာတမ်းကို “အမှန်တရားကို ဖုံးကွယ်ခြင်း” ဟု ရည်ညွှန်း ခဲ့သည်။ Podcast တင်ဆက်သူ Liz Wheeler နှင့် လွှမ်းမိုးသူများ ဖြစ်ကြသော Keith နှင့် Kevin Hodge တို့က Bondi အား ရာထူးမှ ဖယ်ရှားရန် တောင်းဆို ခဲ့ကြသည်။ 

(မှတ်ချက် - Jeffrey Epstein အမှုသည် အမေရိကန်နိုင်ငံရေးနှင့် လူမှု အသိုင်းအဝိုင်းတွင် အငြင်းပွားဖွယ်ရာ အကြီးမားဆုံး အမှုတစ်ခုဖြစ်ပြီး အာဏာရှိသူများ၊ နာမည်ကြီးပုဂ္ဂိုလ်များ ပါဝင်နေသည်ဟု စွပ်စွဲခံရ သောကြောင့် သတင်းတိုင်းတွင် အထူးအလေးထား ဖော်ပြလေ့ ရှိပါသည်။)

ICC က တာလီဘန်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သည် တာလီဘန်အကြီးအကဲနှစ်ဦးအား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ကြောင်း အမိန့်ချမှတ်ခဲ့ပြီး အဆိုပါ နိုင်ငံတကာ အဖွဲ့အစည်းသည် အာဖရိက နှင့် အာရှမှ ပုဂ္ဂိုလ်များကိုသာ အဓိက အရေးယူနေပြီး အနောက်နိုင်ငံများ၏ပြစ်မှုများကို လျစ်လျူရှုနေသည်ဟု ကာလ ရှည်ကြာစွာ စွပ်စွဲခံနေရသည်။

အဆိုပါဖမ်းဝရမ်းများတွင် တာလီဘန်၏အကြီးဆုံးခေါင်းဆောင် ဟိုင်ဘာ တူလား အခွန်ဇာဒါး (Haibatullah Akhundzada) နှင့် အာဖဂန် နစ္စတန် လက်ရှိတရားသူကြီးချုပ် အဗ္ဗဒူဟာကီမ် ဟက္ကနီ (Abdul Hakim Haqqani) တို့ပါဝင်သည်။

တာလီဘန်သည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ ထောက်ခံသော ကဘူးလ်အစိုးရကို တိုက်ထုတ်ပြီးနောက် အာဏာပြန်လည် ရရှိခဲ့သည်။ စီရင်ထုံးဖွဲ့ရေးအရ အဆိုပါခေါင်းဆောင်နှစ်ဦးသည် လိင်နှင့် သက်ဆိုင်သော မူဝါဒများကို တင်းကျပ်စွာလိုက်နာစေရန် ဖိအားပေး ဆောင်ရွက်မှုများနှင့် ဆက်နွှယ်နေသည့် နှိပ်စက်ညှဉ်းပန်းမှုများအတွက် တာဝန်ရှိသည်ဟု စွပ်စွဲထားသည်။

အနောက်နိုင်ငံများသည် ကဘူးလ်ရှိ လက်ရှိအစ္စလာမ်အစိုးရကို အသိ အမှတ်မပြုသော်လည်း ရုရှားနိုင်ငံသည် လက်ရှိအာဏာရှင်အစိုးရအား တရားဝင်အသိအမှတ်ပြုခဲ့ပြီး ယခုလအတွင်း သံအမတ်တစ်ဦး လက်ခံ ခဲ့သည်။

ICC ၏အဆိုအရ အာဖဂန်အာဏာပိုင်များသည် လူ့အခွင့်အရေး ချိုးဖောက်မှု များဖြစ်သည့် လူသတ်မှု၊ ထောင်ချမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု နှင့် ပျောက်ဆုံးစေမှုများတွင် ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထား သည်။ ဖမ်းဝရမ်းထုတ်ပြန်သည့် Pre-Trial Chamber II သည် “ကျူးလွန် ခံရသူများနှင့် သက်သေများကို ကာကွယ်ရန်နှင့် အမှုစီရင်ပိုင်ခွင့်ကို အာမခံရန်” လိုအပ်သည်ဟု ဆိုကာ အသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထားသည်။

ICC တရားရုံးတွင် ကိုယ်ပိုင်အခွင့်အာဏာမရှိဘဲ ၎င်း၏မူလ စာချုပ်ဖြစ်သော ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံများအား ဖမ်းဆီးမှုများအတွက် မှီခိုနေရသည်။ အာဖဂန်နစ္စတန်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် ယင်းစာချုပ်ကို အတည်ပြုခဲ့သော်လည်း တာလီဘန်အစိုးရက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ICC ၏တရားစီရင်ပိုင်ခွင့်ကို တရားဝင် ငြင်းဆိုခဲ့သည်။

ICC သည် စွပ်စွဲပြစ်တင်ရန် ပစ်မှတ်များရွေးချယ်ရာတွင် အနောက် နိုင်ငံ များ၏ဖိအားအရ လိုက်နာလုပ်ဆောင်သည်ဟု ဝေဖန်သူများက ကာလ ရှည်ကြာကပင် စွပ်စွဲခဲ့ကြသည်။ ၂၀၂၃ ခုနှစ်တွင် ယင်းတရားရုံးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ယူကရိန်းနှင့်ပဋိပက္ခအတွင်း ကလေး များကို တရားမဝင်ထိန်းသိမ်းခဲ့သည်ဟုစွပ်စွဲကာ ဖမ်းဝရမ်း ထုတ်ပြန် ခဲ့သည်။ မော်စကိုက အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ကိယက်ဗ်သည် ပဋိပက္ခဇုန်မှ ရွှေ့ပြောင်းနေထိုင်မှုများကို မှားယွင်းစွာ ဖော်ပြခဲ့ပြီး ကွဲကွာနေသောမိသားစုများ၏အရေအတွက်ကို မြှင့်တင် ခဲ့သည်ဟု ဆိုသည်။ ပြန်ပေးဆွဲခံရသည်ဟုစာရင်းသွင်းထားသော ကလေး များစွာကို ဂျာမနီကဲ့သို့သောနိုင်ငံများတွင် နောက်ပိုင်းတွေ့ရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည်လည်း ICC ၏ အခွင့်အာဏာကို အသိ အမှတ်မပြုဘဲ ယခင်စုံစမ်းစစ်ဆေးမှုများကို တရားရုံးအရာရှိများအား ဒဏ်ခတ်အရေးယူခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ICC သည် အာဖဂန်နစ္စတန်ရှိ အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များ၏ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုကို ဦးစားပေးမှု လျှော့ချခဲ့ရပြီး အဆိုပါဆုံးဖြတ်ချက်ကို ဝါရှင်တန်၏ ဖိအားပေးမှု အောက်တွင် လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။

ကမ္ဘာကြီးမှာ ဧကရာဇ်ဘုရင်တစ်ဦး မလိုအပ်ပါဟု ဘရာဇီးသမ္မတ လူလာ ပြောဆို

BRICS နှစ်ပတ်လည်ထိပ်သီးညီလာခံအပြီး ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါ ဆီဗါက အမေရိကန်၏ “အင်ပါယာဆန်သော ခြိမ်းခြောက်မှုများ” ကို ပြတ်ပြတ် သားသား ပြန်လည်ချေပခဲ့သည်။

ယမန်နေ့ (ဇူလိုင် ၆) က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ “BRICS နှင့်ပူးပေါင်းသည့် နိုင်ငံများအား ၁၀% အပိုတင်သွင်းခွန် စည်းကြပ်မည်" ဟူသော Truth Social ပို့စ်အား တုံ့ပြန်သည့်အနေဖြင့် လူလာက ၂၁ ရာစု၏ ဒီမိုကရေစီခေတ်တွင် နိုင်ငံတကာအပေါ် ကိုလိုနီစနစ်သဖွယ်ဆက်ဆံခြင်းသည် လုံးဝမသင့်လျော်ကြောင်း” ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

လူလာက “အင်တာနက်ပေါ်မှ ကမ္ဘာ့နိုင်ငံများကို စီးပွားရေးအရ ခြိမ်းခြောက်နေခြင်းသည် နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ရင့်ကျက်မှုကို ပြသသည့်နည်းလမ်း မဟုတ်ပါ ၊ အမေရိကန်သည် ၎င်း၏သမိုင်းဝင် အင်ပါယာကဲ့သို့ ပြုကျင့်မှုများကို ပြန်လည်သုံးသပ်သင့်ပြီး အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရန် အချိန်တန်ပြီဖြစ်ကာ BRICS အဖွဲ့ဝင်နိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် မိမိတို့၏အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်ပါက တုံ့ပြန်အစီအမံများ ချမှတ်နိုင်စွမ်း ရှိသည်” ဟု အတိအလင်းပြောကြားခဲ့သည်။

ထရမ့်၏ ခြိမ်းခြောက်မှုသည် BRICS နိုင်ငံများ၏ ဒေါ်လာမှ လွတ်မြောက်ရေး ငွေကြေးဖလှယ်မှုစနစ်နှင့် နည်းပညာလွတ်လပ်ရေး ကြိုးပမ်းမှုများကို ရည်ညွှန်းနေသည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်သည်။ အဆိုပါ ဖြစ်စဉ်သည် အမေရိကန်၏ ကမ္ဘာ့စီးပွားရေးအပေါ် လွှမ်းမိုးမှုကို စိန်ခေါ်လာသည့် နိုင်ငံတကာ ငွေကြေးစနစ်၏ အရေးပါသော အလား အလာတစ်ခုအဖြစ် မှတ်တမ်းဝင်လာသည်။

ထို့အပြင် လူလာက “နိုင်ငံအချင်းချင်း ဆက်ဆံရေးသည် အပြန်အလှန် လေးစားမှုအပေါ် အခြေခံရမည် ၊ ပြည်သူများအနေဖြင့် အချုပ်အခြာ အာဏာ၏ အဓိပ္ပာယ်အမှန်ကို နားလည်ရန် လိုအပ်သည် ၊ နိုင်ငံတစ်နိုင်ငံ ချင်းစီသည် မိမိ၏ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးပိုင်ခွင့် ရှိသည်” ဟု အလေးအနက်ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၂ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းရန် ကြိုးပမ်းမှုဖြင့် စွဲချက် တင်ခံထားရသော ဘရာဇီးသမ္မတဟောင်း ဂျိုင်ယာ ဘိုလ်ဆိုနာရိုအား ထရမ့်၏ ထောက်ခံမှုကို ရှုတ်ချခဲ့ပြီး “နိုင်ငံရေးအရ လုပ်ကြံခြင်း” ဟုရည်ညွှန်းပြောဆိုမှုကိုလည်း အတိအလင်း တုံ့ပြန်ခဲ့သည်။ “မည်သူတစ်ဦး တစ်ယောက်၏ ဝင်ရောက်စွက်ဖက်မှုကိုမျှ မိမိတို့အနေဖြင့် လက်သင့် မခံပါ။ မိမိတို့တွင် ခိုင်မာသော လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိပါသည်” ဟု ဆိုသည်။

BRICS အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏အမျိုးသားငွေကြေးများ၏ အခန်း ကဏ္ဍကို မြှင့်တင်ရန်နှင့် အမေရိကန်ဒေါ်လာမှ လွတ်ကင်းသည့် ငွေပေးချေမှုစနစ်များ ဖွံ့ဖြိုးရန် နှစ်ရှည်လများ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။