ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုစည်းမျဉ်းသစ်များ ချမှတ်ရန် ပြင်ဆင် နေကြောင်း အမေရိကန်ပြည်ထောင်စု၏ ယူကရိန်းနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ပြောကြား

News Image

  • ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုစည်းမျဉ်းသစ်များ ချမှတ်ရန် ပြင်ဆင် နေကြောင်း အမေရိကန်ပြည်ထောင်စု၏ ယူကရိန်းနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ပြောကြား

အမေရိကန်အစိုးရသည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေသစ်အား ပြဋ္ဌာန်းရန် ပြင်ဆင်နေပြီး ရုရှားရေနံတင်ပို့မှုအပေါ် အဓိကထား၍ ဒဏ်ခတ်ပိတ်ဆို့သွားမည်ဖြစ်သည်။

အဆိုပါဒဏ်ခတ်ပိတ်ဆို့မှုစည်းမျဉ်းသစ်များ ပါဝင်သည့် ဥပဒေကြမ်း (Russian Sanctions Act 2025) ပြဋ္ဌာန်းရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် လွှတ်တော်၏ အတည်ပြုချက်ရရှိရန်သာ လိုတော့ကြောင်း အမေရိကန်ပြည်ထောင်စု၏ ယူကရိန်းနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Keith Kellogg က ပြောကြားခဲ့သည်။ 

အဆိုပါစည်းမျဉ်းသစ်များတွင် ရုရှား၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် ဒဏ်ခတ်ပိတ်ဆို့မည့် အစီအစဉ်များလည်း ပါဝင်ပြီး ရုရှားရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ယူရေနီယမ်နှင့် အခြားကုန်စည်များအား ဝယ်ယူသည့် နိုင်ငံ များမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ၅၀၀ ရာခိုင်နှုန်းအထိ ကောက်ခံသွားရန် အကြံပြုထားသည်။

ထိုစည်းမျဉ်းသစ်များသည် အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေး အပေါ် မည်သို့အကျိုးသက်ရောက်မည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။

ကိုးကား - TASS

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃