အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် သဘောတူညီချက်များ ဆွေးနွေးရန် ယခုအပတ်အတွင်း မလေးရှားသို့ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက တနင်္လာနေ့ (ဇူလိုင် ၇) တွင် ကြေညာလိုက်ပါသည်။

၎င်း၏ ယခုခရီးစဉ်မှာ အမေရိကန်၏ နိုင်ငံခြားရေးဝန်ကြီး (အဆင့်မြင့် သံတမန်) အဖြစ် ပထမဆုံးအကြိမ်သွားရောက်မည့် အာရှခရီးစဉ် ဖြစ်ပါသည်။ ထိုသို့ခရီးစဉ်ပြင်ဆင်နေချိန်မှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အိမ်ရှင် မလေးရှားနိုင်ငံနှင့် အခြားဒေသတွင်းမဟာမိတ်များအပေါ် ကုန်သွယ်ခွန်မြင့်တင်မှုများ ကျင့်သုံးမည်ဟု ကြေညာထားခဲ့ပါသည်။
အမေရိကန်နိုင်ငံခြားရေးဌာနကမူ နိုင်ငံခြားရေးဝန်ကြီး၏ ဇူလိုင် ၈ မှ ၁၂ ရက်အတွင်း ဖြစ်မည့် ခရီးစဉ်မှာ အိန္ဒိယ-ပစိဖိတ်ဒေသနှင့်ပတ်သက်၍ ဝါရှင်တန်၏ ကတိကဝတ်ကို ပြန်လည်အတည်ပြုရန် လုပ်ဆောင်ချက် တစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။ နာရီအနည်းငယ်အကြာတွင် ထရမ့်က အရေးပါသော အမေရိကန်၏ ဒေသဆိုင်ရာ မဟာမိတ်နိုင်ငံများဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားတို့မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအပေါ် ဩဂုတ်လ ၁ ရက်မှစ၍ ၂၅ ရာခိုင်နှုန်း ကုန်သွယ်ခွန် စတင်ကောက်ခံမည် ဟု ကြေညာခဲ့ပါသည်။
ဒေါ်နယ်ထရမ့်က မလေးရှားနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အခြားအဖွဲ့ဝင် နိုင်ငံ ၅ နိုင်ငံအပေါ်လည်း ကုန်သွယ်ခွန် များ ကောက်ခံမည်ဟု ကြေညာခဲ့ပါသည်။ ရူဘီယိုသည် အာဆီယံနိုင်ငံ များမှ ဝန်ကြီးများနှင့် မလေးရှားမြို့တော် ကွာလာလမ်ပူတွင် သီးသန့် တွေ့ဆုံမည် ဖြစ်ပါသည်။
အမေရိကန်သည် အာဆီယံနိုင်ငံများဖြစ်သည့် မလေးရှားအပေါ် ၂၅ ရာခိုင်နှုန်း၊ လာအိုနှင့် မြန်မာအပေါ် ၄၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနှင့် မဟာမိတ် ထိုင်းနိုင်ငံတို့အပေါ် ၃၆ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားအပေါ် ၃၂ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက်ခံစည်းကြပ်မည် ဖြစ်ပါသည်။
ကိုးကား- CNA
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt သည် တက္ကဆက် ပြည်နယ်ရှိ သေဆုံးမှုများဖြစ်ပွားသည့် ရေကြီးမှု ဘေးအန္တရာယ်ဆိုးကြီးအတွင်း အစိုးရကို မဆိုင်းမတွ အပြစ်တင်ခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့သည်။
“ဒီမိုကရက်တစ်ပါတီမှ အမတ်အများအပြားက အဆိုပါ အဖြစ်အပျက်ကို နိုင်ငံရေးလှည့်ကွက်အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေကြသည်ဆိုသည်မှာ လုံးဝမဟုတ်ပါ” ဟု Leavitt က အဆိုပါဘေးအန္တရာယ်ဆိုးနှင့် ထရမ့် ၏ အမျိုးသားမိုးလေဝသဝန်ဆောင်မှု (National Weather Service) ဘတ်ဂျက် ဖြတ်တောက်မှုနှင့်စပ်လျဉ်းသည့် ဆက်စပ်ဖော်ပြချက်များကို တုံ့ပြန်ပြောကြားခဲ့သည်။

သူမက ထပ်လောင်းပြောကြားရာတွင် “အမေရိကန်ပြည်သူများစွာ မိမိတို့ မိသားစုများ ဆုံးရှုံးရသည့်ဝမ်းနည်းမှုကို ခံစားနေရချိန်မှာ ယခုလို မတရား ပြောဆိုမှုများသည် စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်ညံ့သည့် အပြုအမူဟု ထင်မိပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
Leavitt ၏ထုတ်ဖော်ပြောဆိုချက်မတိုင်မီ ၂၄ နာရီအတွင်းမှာပင် ထရမ့် က ယခင်အစိုးရ (ဘိုင်ဒင်) ကိုအပြစ်တင်နေခဲ့သည်။ ထရမ့် က “အဆိုပါ ရေဘေးအခြေအနေကို ကြည့်မည်ဆိုပါက ဘိုင်ဒင် အစိုးရလက်ထက်က စနစ်ကြောင့်ပါ” ဟု ပြောခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ထရမ့် က ဘိုင်ဒင်ကို တကယ်တမ်း အပြစ် မတင်ကြောင်း၊ ရေကြီးမှုသည် သမိုင်းတွင်သည့် သဘာဝဘေးဖြစ်ကြောင်း ရှင်းပြခဲ့သော်လည်း၊ အစိုးရ၏ချွတ်ချော်မှုများအတွက် အပြစ်တစ်စိတ် တစ်ပိုင်းကို ယခင် သမ္မတဟောင်း (ဘိုင်ဒင်) အပေါ် လွှဲချနေကြောင်း သံသယဖြစ်ဖွယ်မရှိပေ။
ဤသည်မှာ ထရမ့် ၏ အမူအကျင့်တစ်ခု ဖြစ်နေပြီး အဆိုးရွားဆုံးသော အဖြစ်အပျက်များ (ဘေးအန္တရာယ်များအထိပါ) ကြုံတွေ့ရတိုင်း ထရမ့်၏ ပထမဆုံး တုံ့ပြန်မှုမှာ ယခင် သမ္မတဟောင်း (ဘိုင်ဒင်) ကို အပြစ်တင် လေ့ရှိသည်။ Leavitt ၏ သတိပေးမှုရှိသော်လည်း ၎င်းသည် မကြာခဏ အလျင်အမြန် အပြစ်တင်လေ့ရှိသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

“လက်နက်ကိုင် အဖွဲ့များသည် အပြည့်အဝလွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို လုံခြုံရေးကို ချိုးဖောက်ရန်အတွက် အသုံးပြုလိမ့်မည်” ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။
တနင်္လာနေ့ (ဇူလိုင် ၇) က နေတန်ယာဟုနှင့် ညစာစားပွဲတွင် သတင်း ထောက်တစ်ဦးက လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်နိုင်ခြေရှိ၊မရှိ ထရမ့်အား မေးမြန်းခဲ့သည်။ “မိမိ မသိပါ” ဟု ထရမ့်က ပြန်ဖြေကာ မေးခွန်းကို အစ္စရေးခေါင်းဆောင်ထံ လွှဲခဲ့သည်။

“ပါလက်စတိုင်းလူမျိုးများတွင် မိမိကိုယ်ကို အုပ်ချုပ်နိုင်သည့် အခွင့်အာဏာ အားလုံး ရှိသင့်သော်လည်း၊ မိမိတို့ကို ခြိမ်းခြောက်နိုင်သည့် အာဏာ တစ်စုံတစ်ရာ မရှိစေရ။ ဆိုလိုသည်မှာ အချုပ်အခြာအာဏာနှင့်ဆိုင်သော လုံခြုံရေးကဲ့သို့သော အရာများကို အစ္စရေး၏ လက်ထဲတွင် အမြဲထားရှိမည်” ဟု နေတန်ယာဟုက ဆိုသည်။
ထို့နောက် ၎င်းက ဟားမက်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်မှုအတွက် ဂါဇာထိန်းချုပ်ခွင့်ကို အသုံးပြုခဲ့သည် ဟု ဆက်လက်ရှင်းပြခဲ့သည်။ “ထို့ကြောင့် လူတွေက ‘၎င်းတို့ကို နိုင်ငံ တစ်နိုင်ငံ ထပ်ပေးလိုက်ကြစို့’ ဟု ပြောမည်မထင်ပါ။ အဲဒါက အစ္စရေးကို ဖျက်ဆီးဖို့ ခြေကုပ်တစ်ခုဖြစ်လာလိမ့်မည်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
“လူတွေက ‘ဒါဟာ အပြည့်အဝနိုင်ငံတစ်ခုမဟုတ်သလို၊ လွတ်လပ်သည့် နိုင်ငံမဟုတ်ပါ’ ဆိုပြီး ပြောလာကြမည့်အပေါ် မိမိတို့အနေဖြင့် ဂရုမစိုက်ပါ၊ နောက်တစ်ခါ ဘယ်တော့မှမဖြစ်စေရပါ ဟု ကတိပြုထားပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂနှင့် အမေရိကန်တို့သည် ဆယ်စုနှစ်များစွာကတည်းက “နိုင်ငံနှစ်နိုင်ငံဖြေရှင်းနည်း" (two-state solution) ကို ထောက်ခံခဲ့ သော်လည်း၊ အချို့သော အစ္စရေးနိုင်ငံရေးသမားများနှင့် ဝါရှင်တန်ရှိ ရီပတ်ပလီကန်ပါတီဝင်များက ယင်းသည် လက်တွေ့မကျဟု ဝေဖန် ပြောဆို လာကြသည်။
ပြီးခဲ့သည့်လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခြားနိုင်ငံများ အား ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းမပြုရန် သတိပေး ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် Al Jazeera ၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ထုတ်ပြန်ချက်အရ ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင် ၇၅% ခန့် ဖြစ်သော နိုင်ငံပေါင်း ၁၄၀ ကျော်က အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည်။
မတ်လတွင် နှစ်လကြာ စစ်ရပ်စဲမှု ပျက်ပြယ်ပြီးနောက် အစ္စရေးသည် ဂါဇာရှိ ဟားမက်အပေါ် စစ်ဆင်ရေးပြန်လည်စတင်ခဲ့သည်။ အကြောင်း မှာ နှစ်ဖက်အကြား ထပ်မံသဘောတူညီမှုရရန် ပျက်ကွက်ခဲ့သောကြောင့် ဖြစ်သည်။ နေတန်ယာဟုက အကျဉ်းသားများ အားလုံးလွတ်မြောက်ပြီး လက်နက်ကိုင်အဖွဲ့များ ဖျက်သိမ်းသည်အထိ အဆိုပါ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သည် “ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ပိုမိုဆိုးရွားလာမှုကို စိုးရိမ်နေကြောင်း” ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အစားအစာနှင့် အခြားအကူအညီများ မရရှိမှုကြောင့် အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ဂါဇာတွင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၅၇,၅၂၃ ဦး သေဆုံးခဲ့ပြီဟု ဒေသခံ အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ကိုးကား- RT

ရီယိုဒီဂျနေရိုး ဇူလိုင် ၇
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်သည် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီနှင့် ဇူလိုင် ၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ ကျင်းပနေသည့် ဘရစ်အုပ်စု ထိပ်သီးညီလာခံ၌ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပြီး ထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် အီရန် နျူကလီးယား အဆောက်အအုံများအား အစ္စရေးနှင့် အမေရိကန် နိုင်ငံတို့က တိုက်ခိုက်ခဲ့မှုကို ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က ရှုတ်ချထားကြောင်း သိရသည်။
ယင်းအပြင် အီရန်နိုင်ငံနျူက လီးယားအစီအစဉ်များနှင့်ဆက်စပ်နေသောပြဿနာများကို သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောကြားထားသည်။
အလားတူ အီရန်နျူကလီးယားပြဿနာကို ဖြေရှင်းရာ၌ နှစ်ဦးနှစ်ဖက်လက်ခံနိုင်မည့် အဖြေမျိုးရှာဖွေရာတွင် နိုင်ငံက ကူညီရန်အသင့်ရှိကြောင်း ဆာဂေးလက်ဗရော့ဗ်က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် အီရန်နိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်ရယူထားသော နိုင်ငံဖြစ်ကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper

တိုကျို ဇူလိုင် ၇
ဂျပန်ဧကရာဇ်နာရူဟီတိုသည် ရက်သတ္တပတ်ကြာ မွန်ဂိုလီးယား ခရီးစဉ်ကို ဇူလိုင် ၅ ရက်တွင် စတင်ခဲ့ကြောင်း ဂျပန်မီဒီယာများ က သတင်းထုတ်ပြန်ထားသည်။
အဆိုပါခရီးစဉ်အတွင်း ဂျပန် ဧကရာဇ် နာရူဟီတိုသည် ဒုတိယ ကမ္ဘာစစ်ကာလအတွင်း မွန်ဂိုလီး ယားနိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသော ဂျပန်စစ်သည်များကို ဂုဏ်ပြုရန် စီစဉ်ထားသည်။
ဂျပန်ဧကရာဇ် နာရူဟီတိုသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် မွန်ဂိုလီးယားခရီးစဉ်ကို စတင်ခဲ့ ခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်အင်အားအများစုမှာ ဆိုက်ဘေးရီးယားဒေသ၌ တိုက်ပွဲဝင်ခဲ့သော်လည်း ဂျပန်တပ်ဖွဲ့ဝင် ၁၂၀၀၀မှ ၁၄၀၀၀ထိတို့မှာ မွန်ဂိုလီးယား၌ တိုက်ပွဲဝင်ခဲ့ရသည်။
မွန်ဂိုလီးယားနိုင်ငံသည် ဒုတိယ ကမ္ဘာစစ်အတွင်း ဆိုဗီယက်တပ်များနှင့်လက်တွဲ၍ ဂျပန်တပ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့သောနိုင်ငံ ဖြစ်သည်။
ဂျပန်အစိုးရမှတ်တမ်းများအရ ဂျပန်တပ်ဖွဲ့ဝင် စစ်သုံ့ပန်းအများအပြားမှာ မွန်ဂိုလီးယားနိုင်ငံရှိအလုပ်ကြမ်းစခန်းများ၌ အလုပ် လုပ်ခဲ့ကြရပြီး ၁၄၀၀ ခန့်မှာ မွန်ဂို လီးယားနိုင်ငံ၌ သေဆုံးခဲ့ရကြောင်း သိရသည်။

မြောက်ကိုရီးယားဟက်ကာများနှင့် ပေါင်း၍ ထိုင်းနိုင်ငံအပေါ် ဆိုက်ဘာ တိုက်ခိုက်သည်ဆိုသော ထိုင်း၏ စွပ်စွဲချက်မှာ ကမ္ဘောဒီးယားနိုင်ငံ ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲနေခြင်းသာ ဖြစ်သည်ဟု ကမ္ဘောဒီးယား က တနင်္လာနေ့ (ဇူလိုင် ၇) တွင် တုံ့ပြန်ပြောကြားလိုက်ပါသည်။ နှစ်နိုင်ငံ အကြား ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သံတမန်ဆိုင်ရာ အချေအတင်ဖြစ်ပွားနေချိန်မှာပင် ယခုပြောကြားချက် ထွက်ပေါ်လာ ပါသည်။

အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံဖြစ်သည့် ထိုင်းနှင့် ကမ္ဘော ဒီးယားတို့သည် ပြီးခဲ့သည့် မေလကုန်ပိုင်းက အငြင်းပွားဖွယ် နယ်နိမိတ် ဒေသတွင် စစ်သားများ ပစ်ခတ်မှုဖြစ်ပွားစဉ် ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ပြီးနောက် ဆက်ဆံရေး တင်းမာလာကြပါသည်။
ကမ္ဘောဒီးယားက ထိုင်းထုတ်ကုန်အချို့ကို တားမြစ်ခဲ့သည့်အတွက် နယ်စပ် ဖြတ်ကျော်မှုများစွာ ပိတ်ထားရပါသည်။ ထိုင်းတွင်လည်း ဝန်ကြီးချုပ် ရှင်နာဝပ်ထရာကိုလည်း ကျင့်ဝတ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု စောင့်ဆိုင်း နေစဉ် ယခုအပတ်က ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်ဆိုင်းထားပါသည်။
ထိုင်းနိုင်ငံရှိ ထိုင်းအွန်လိုင်းပို့စ်များတွင် ကမ္ဘောဒီးယားသည် မြောက်ကိုရီးယား ဟက်ကာများနှင့်ပူးပေါင်း၍ ထိုင်းအဖွဲ့အစည်းအချို့ကို တိုက်ခိုက်ခဲ့သည် ဟု စွပ်စွဲပြောဆိုဖော်ပြခဲ့ကြပါသည်။
ကမ္ဘောဒီးယားအစိုးရအနေဖြင့် မြောက်ကိုရီးယားဟက်ကာအဖွဲ့များနှင့် မည်သည့်ဆက်စပ်မှုမျှ မရှိပါကြောင်း၊ ထိုစွပ်စွဲချက်မှာ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ ဂုဏ်သတင်းကို နိုင်ငံတကာတွင် ညှိုးနွမ်းစေရန် မကောင်းသောရည်ရွယ်ချက်ဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည် ဟု မှတ်ယူ ပါကြောင်း ကမ္ဘောဒီးယား စာတိုက်နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MPTC) က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ထို့အပြင် "BlackEye-Thai" အမည်ရှိ ထိုင်းဟက်ကာအဖွဲ့သည် လွန်ခဲ့သော နှစ်ပတ်အတွင်းက ကမ္ဘောဒီးယားအစိုးရ၏ အွန်လိုင်း စနစ် များ အားလုံးနီးပါးကို တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ခိုက်မှုများကို မိမိ တို့ ကောင်းစွာကာကွယ်နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားဘက်က ပြောကြား ထားပါသည်။

အကြမ်းဖက်ဝါဒသည် လူသားမျိုးနွယ်အတွက် "အကြီးမားဆုံးစိန်ခေါ်မှု" ဖြစ်လာပြီဟု အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက ဘရာဇီးနိုင်ငံ ရီယိုဒီ ဂျနေးရိုးမြို့တွင် ကျင်းပသည့် BRICS ထိပ်သီးညီလာခံ၌ တနင်္ဂနွေနေ့ (ဇူလိုင် ၆) က ပြောကြားခဲ့သည်။ ၎င်းက အဖွဲ့ဝင်နိုင်ငံများအား အကြမ်းဖက် ဝါဒကို ပြတ်ပြတ်သားသား ရှုတ်ချရန်နှင့် အကြမ်းဖက်သမားများအား အရေးယူအပြစ်ပေးရာတွင် မတွန့်ဆုတ်ရန် တိုက်တွန်းခဲ့သည်။

ကက်ရှ်မီးယားဒေသ ပါဟယ်ဂမ်တွင် လူ ၂၆ ဦး သေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှုကို ကိုးကားပြီး မိုဒီက ၎င်းမှာ “အိန္ဒိယ၏ စိတ်ဓာတ်၊ ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်သိက္ခာကို တိုက်ရိုက်ထိပါးမှု” ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“အဆိုပါတိုက်ခိုက်မှုသည် အိန္ဒိယအတွက်သာမက လူသားတစ်ရပ်လုံး အတွက် ဒဏ်ရာဖြစ်စေခဲ့သည်” ဟု ၎င်းက ပြောကြားကာ မိမိတို့နှင့် အတူ ရပ်တည်ပေးခဲ့ပြီး ထောက်ခံမှုနှင့် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည့် မဟာမိတ်နိုင်ငံများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
“အကြမ်းဖက်ဝါဒကို ရှုတ်ချခြင်းသည် 'အဆင်ပြေမှသာ' လုပ်ရမည့် ကိစ္စ မဟုတ်ဘဲ 'အခြေခံမူ' ဖြစ်သင့်သည် ၊ ကိုယ်ကျိုးစီးပွား သို့မဟုတ် နိုင်ငံရေး အရ အကြမ်းဖက်ဝါဒကို တိတ်တဆိတ် ထောက်ခံခြင်း (သို့) အကြမ်းဖက်သမားများကို အားပေးခြင်းသည် မည်သည့်အခြေအနေတွင်မဆို လက်မခံ နိုင်စရာဖြစ်သည်” ဟု မိုဒီက ထပ်လောင်းပြောကြားခဲ့သည်။
BRICS ခေါင်းဆောင်များက တနင်္ဂနွေနေ့ (ဇူလိုင် ၆) တွင် ပါဟယ်ဂမ် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အကြမ်းဖက်ဝါဒကို “လုံးဝ သည်းမခံမှု” (zero tolerance) မူဖြင့် ကိုင်တွယ်ရန်နှင့် မူဝါဒနှစ်မျိုး ကျင့်သုံးခြင်းကို ရှောင်ကြဉ်ရန် အိန္ဒိယ၏သဘောထားကို ထောက်ခံခဲ့ ကြသည်။
“အကြမ်းဖက်သမားများ နယ်စပ်ဖြတ်ကျော်လှုပ်ရှားမှု၊ အကြမ်းဖက်ဝါဒ အတွက် ငွေကြေးထောက်ပံ့မှုနှင့် ခိုလှုံရာနေရာများအပါအဝင် အကြမ်းဖက် ဝါဒ၏ ပုံစံအမျိုးမျိုးကို တိုက်ဖျက်ရန် မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုပါသည်။ အကြမ်းဖက်ဝါဒအား လုံးဝသည်းမခံမှုမူဖြင့် ကိုင်တွယ် ရန်နှင့် မူဝါဒနှစ်မျိုးကျင့်သုံးခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းပါသည်” ဟု ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ BRICS နိုင်ငံများအကြား အကြမ်းဖက်ဝါဒကို ဆန့်ကျင်သည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ၎င်းစာတမ်းက ကြိုဆိုထားသည်။

(The Tribune, ဇူလိုင် ၄)
ကြာသပတေးနေ့ (ဇူလိုင် ၃) က အိန္ဒိယ၏ ပထမဆုံးဝန်ကြီးချုပ်အဖြစ် ဂါနာပါလီမန်တွင် မိန့်ခွန်း ပြောကြားရာ၌ ကမ္ဘာ့တောင်ခြမ်းကိစ္စနှင့်ပတ်သက်၍ ကျယ်ကျယ်လောင်လောင် ထည့်သွင်း ပြောကြား သွားခဲ့ပါသည်။

မိုဒီသည် နှစ်နိုင်ငံ၏ ကိုလိုနီစနစ်၏ ကောင်းမွေ ဆိုးမွေများ၊ နိုင်ငံနှစ်နိုင်ငံ၏ ဒီမိုကရက် အစဉ်အလာ များကို ပြန်ပြောင်းမျှဝေ၍၊ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုပြုပြင်ပြောင်းလဲရန်၊ ယုံကြည်စိတ်ချရလောက် သည်အထိ အားကျိုးမာန်တက် ဆောင်ရွက်ခဲ့ရကြောင်း “ကမ္ဘာ့တောင်ခြမ်းအရေး မပါပဲ တိုးတက်မှု ရရှိနိုင်မှာမဟုတ်”ဟု ပြောကြားခဲ့ပါသည်။ ၎င်းမိန့်ခွန်းပြောကြားစဉ် မကြာခဏ လက်ခုပ် လက်ဝါး တီး၍ အားပေးကြကြောင်း၊ ဂါနာ၏ ပထမဆုံးသော သမ္မတ Kwame Nkrumah ပြောကြားချက်ကို ညွှန်းဆို၍ မိုဒီက “မိမိတို့၏ စည်းလုံးမှု ပင်ကိုယ် စွမ်းအားသည်၊ မိမိတို့ကို ကွဲပြား စေလိုသော ဩဇာ အာဏာ လွှမ်းမိုးခြင်းထက် စွမ်းအား ပိုမိုကြီးမားပါသည်”ဟု ပြောကြားခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့ဖြစ်စဉ်များ အလျှင်အမြန် ပြောင်းလဲနေပါကြောင်း မိုဒီက “ကမ္ဘာ့ အုပ်ချုပ်မှု အစဉ် ပြောင်းလဲနေသည့် အခြေအနေတွေက ယုံကြည်စိတ်ချရရန်လိုကြောင်းပြီး ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုဖြစ်ရန်လိုပါသည်” ဟု ပြောကြားပါသည်။
စီးပွားရေး တိုးတက်မှု အလျင်မြန်ဆုံးသောနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံကိုကျော်လွန်၍ ကမ္ဘာ့စီးပွားရေး တွင် တတိအဆင့်ကို ရောက်ရှိခဲ့သည့် အိန္ဒိယနိုင်ငံ၏ ကူးပြောင်းရောက်ရှိလာမှုနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ် က “အားကောင်းလာသည့် အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့တည်ငြိမ်ရေးနှင့် သာယာဝပြောရေးမှာ ပါဝင် ဆောင်ရွက်သွားမှာဖြစ်ပါသည်” ဟု ပြောကြားခဲ့ပါသည်။
မိန့်ခွန်းပြောကြားစဉ်အတွင်း ဂါနာသမ္မတ John Mahama နှင့် ဂါနာနိုင်ငံ၏ ရိုသေလေးစားထိုက် သည့် ဂါနာနိုင်ငံ၏ ဘွဲ့ထူးဂုဏ်ထူးရရှိခဲ့သူများကို ကျေးဇူးတင်ရှိကြောင်း “မိမိတို့အနေဖြင့် ဒီမိုကရေစီ သည် စနစ်တစ်ခုမျှသာမဟုတ်ပဲ၊ မိမိတို့၏ အခြေခံတန်ဖိုးများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်”ဟု ပြောကြားခဲ့ပါသည်။ အလားတူ အိန္ဒိယနှင့် ဂါနာတို့ ကိုလိုနီ အုပ်ချုပ်မှုအောက်တွင် ထိခိုက် ခံစား ခဲ့ရသည့် သမိုင်းကြောင်းများကို ပြောကြားခဲ့ပြီး၊ ကိုလိုနီစနစ်၏ စိန်ခေါ်မှုများသည် မပြီးဆုံးသေး ကြောင်း၊ ပုံသဏ္ဍန်အရသာ ပြောင်းလဲနေခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယနေ့အစောပိုင်းက အိန္ဒိယနှင့် ဂါနာတို့၏ ဆက်ဆံရေး မြှင့်တင်ရန် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ကို သဘောတူညီမှုရရှိခဲ့ကြပါသည်။ မိုဒီနှင့် မဟာမာ တို့သည် ကုလသမဂ္ဂပြုပြင် ပြောင်းလဲရေး ကိစ္စ၊ ကမ္ဘာ့အရေးပေါ်၌ ဘက်စုံ အကျိုးရှိစေမည့်ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြပါသည်။ မိုဒီက ပါဟယ်ဂမ် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုနှင့်စပ်လျဉ်း၍ ထောက်ခံခဲ့မှုနှင့် ကမ္ဘာ့အကြမ်းဖက် တိုက်ဖျက်ရာတွင် အားကောင်းလာစေသည့် နှစ်ဖက်သဘောတူညီခဲ့ခြင်းတို့အတွက် မဟာမာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။
ကာကွယ်ရေးနှင့် လုံခြုံရေးတို့တွင် အားကောင်းခိုင်မာသည့် မိတ်ဖက်ဖြစ်လာစေရေး၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ သက်တမ်းတစ်ခု တာဝန်ထမ်းဆောင်ခွင့်ရခြင်း၊ ဂါနာနိုင်ငံခြားရေး ဝန်ကြီး ကို ဓနသဟာယ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခြင်းစသည့် နိုင်ငံတကာမျက်နှာစာ တွင် ကြီးထွားလာနေသည့် ဂါနာ၏ ပုံရိပ်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်က ချီးကျူးစကားဆိုခဲ့ပါသည်။
ဒီမိုကရက်တန်ဖိုးအပေါ် ကတိကဝတ်များ၊ ကမ္ဘာ့တောင်ခြမ်း အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အပေါ် ခေါင်းဆောင်နှစ်ဦး၏ အမြင် အသီးသီး ကို ဖလှယ်ခဲ့ကြပါသည်။
ယဉ်ကျေးမှုဆိုင်ရာ၊ စံနှုန်းသတ်မှတ်မှုဆိုင်ရာ၊ အာယုဗေဒဆိုင်ရာနှင့် တိုင်းရင်းဆေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန အချင်းချင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်မှု ယန္တယား ပူးတွဲကော်မရှင်ထူထောင်ရေး တို့ အတွက် နားလည်မှုစာချွန်လွှာ လေးခု လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါသည်။
၁၉၉၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် အနောက်အာဖရိကရှိ အလျင်မြန်ဆုံး စီးပွားရေး တိုးတက် လျက်ရှိသည့် ဂါနာနိုင်ငံသို့ အိန္ဒိယဝန်ကြီးချုပ် သွားရောက်လည်ပတ်ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည် ဂါနာနိုင်ငံ၏ ကြီးမားသော ပို့ကုန်ဈေးကွက်ကြီးဖြစ်ကာ၊ ဂါနာ၏ ရွှေထည် ၇၀ ရာခိုင်နှုန်းကို အိန္ဒိယ နိုင်ငံသို့ တင်ပို့ပါသည်။ ထို့နောက် မိုဒီသည် ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံသို့ ၎င်း၏ကိုးရက်ကြာ ငါး နိုင်ငံ အလည်အပတ် ခရီးစဉ်၏ ဒုတိယခြေလှမ်းအဖြစ် သွားရောက်မည်ဖြစ်ပါသည်။
ကိုးကား- The Tribune
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ

အီလွန်မက်က ၎င်း၏နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုအသစ်သည် ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ရီပတ်ပလီကန်နှင့် ဒီမိုကရက် တို့၏ ကြီးစိုးမှုကို စိန်ခေါ်ရန် ရည်ရွယ်သည့် “အမေရိကန်ပါတီ” အဖြစ် ကွန်ဂရက်ရှိ နှစ်ပါတီစနစ်ကို ဖြိုခွင်းရန် အာရုံစိုက်မည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်များသည် နည်းပညာရှင် ဘီလီယံနာ မက်၏ လွန်ခဲ့သည့် သီတင်းပတ်က နိုင်ငံရေးပါတီအသစ်တစ်ခု ထူထောင်ရန် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဟု ကြေညာချက်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ မက်က အမေရိကန်ပါတီကို ရီပတ်ပလီကန်/ ဒီမိုကရက် တစ်ပါတီစနစ် ဟုခေါ်ဆိုနိုင်သည့် အဓိကပါတီနှစ်ခုအား နိုင်ငံ၏ဘဏ္ဍာငွေများကို အလွဲသုံးစားပြုလုပ်ခြင်းနှင့် မဲဆန္ဒရှင်တို့၏ ရွေးချယ်မှုကို ဟန့်တားခြင်းတို့အတွက် ဝေဖန်ခဲ့ကာ အခြားရွေးချယ်စရာ အဖြစ် ရပ်တည်မည်ဟု ရည်ရွယ်ထားသည်။
“သမ္မတလောင်းတစ်ဦးအား ထောက်ခံခြင်းသည် မေးခွန်းထုတ်စရာ မဟုတ်သော်လည်း လာမည့် ၁၂ လအတွင်း အာရုံစိုက်မည့်အရာမှာ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ဖြစ်သည်” ဟု မက်က တနင်္ဂနွေနေ့ (ဇူလိုင် ၆) တွင် X တွင် ရေးသားခဲ့သည်။ ၎င်း၏ ကာလတို ဦးစားပေးမှုမှာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကို ပစ်မှတ်ထားရန်ဖြစ်ပြီး အထက်လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၀၀ အနက် ၃၃ နေရာနှင့် အောက်လွှတ်တော် ကိုယ်စားလှယ်နေရာ ၄၃၅ ခုစလုံး အတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
တနင်္ဂနွေနေ့ (ဇူလိုင် ၆) အစောပိုင်းက Truth Social တွင် ရေးသား ခဲ့သော ပို့စ်တစ်ခုတွင် ထရမ့်က မက်၏ ပြုမူဆောင်ရွက်မှုများကို မတည်ငြိမ်သော အပြုအမူဟုဖော်ပြကာ စီးပွားရေးလုပ်ငန်းရှင်အား ရှုတ်ချခဲ့ပြီး အမေရိကန်နိုင်ငံရေးစနစ်၏ တည်ငြိမ်မှုကို ထိခိုက်စေသည့် “ဖရိုဖရဲနှင့် ကမောက်ကမဖြစ်စေမှုများ” ကို မြှင့်တင်နေသည်ဟု စွပ်စွဲ ခဲ့သည်။

ပြီးခဲ့သည့်လအတွင်း ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် သွင်းကုန်စည်းကြပ် အခွန်များ တစ်ဖက်သတ် တိုးမြှင့်ချမှတ်ပြီး နောက်တရုတ်အစိုးရကလည်း ဥရောပသမဂ္ဂမှ ဆေးပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်ခြင်းအားဖြင့် လက်တုံ့ပြန်လိုက်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာန က ဇူလိုင်လ ၆ ရက်တွင် ထုတ်ပြန်သည်။
ဥရောပသမဂ္ဂက တရုတ်နိုင်ငံ၌ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအင်သုံးယာဉ်များအပေါ် သွင်းကုန်အခွန်တိုးမြှင့် ကောက်ခံပြီးနောက် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ တို့ကြား ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံမှကုမ္ပဏီများအနေဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၌ တစ်နှစ်လျှင် ယူရိုဘီလီယံ ၆၀ နှင့်အထက် တန်ဖိုးရှိသော ဆေးပစ္စည်းများအတွက် တင်ဒါ ယှဉ်ပြိုင်မှုတွင် ပါဝင်ခြင်းကို ထိုသမဂ္ဂက ကန့်သတ်ထားသည်။ ထို့ကြောင့် တရုတ် အစိုးရက ဥရောပသမဂ္ဂမှ ယွမ် ၄၅ သန်း နှင့်အထက်တန်ဖိုးရှိသည့် ဆေးပစ္စည်း များတင်သွင်းမှုကို ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှု နှင့် ရိုးသားမှုတို့ကို ဖော်ထုတ်ပြသသော်လည်း ဥရောပသမဂ္ဂအနေဖြင့် ၎င်းတို့၏ နည်းလမ်းအတိုင်း ကိုယ်ကျိုးစီးပွား ကာကွယ်ရေးအတွက် ကန့်သတ်ချက်များကို ချမှတ်သောကြောင့် တရုတ်နိုင်ငံကလည်း လက်တုံ့ပြန်ဆောင်ရွက်ချက်များကို လုပ်ဆောင်ခြင်းမှလွဲ၍ အခြားမရှိသောကြောင့် ယခု ကဲ့သို့ ကန့်သတ်ချက် ချမှတ်လိုက်ရခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားသည်။
MWD Web Portal