ရုရှား-ယူကရိန်း ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုပြီးစီး၊ ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်းများ လဲလှယ်ရန်သဘောတူ

News Image

  • ရုရှား-ယူကရိန်း ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုပြီးစီး၊ ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်းများ လဲလှယ်ရန်သဘောတူ

ရုရှား-ယူကရိန်း နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရုရှား-ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့်စပ်လျဉ်း၍ ကျင်းပသော ဒုတိယအကြိမ် တိုက်ရိုက်စေ့စပ် ညှိနှိုင်းမှု ပြီးဆုံးခဲ့သည်။

ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်းများကို လဲလှယ်ရန် ရှေ့တန်းတချို့ဒေသများတွင် နှစ်ရက်မှ သုံးရက် အကြာ အပစ်အခတ်ရပ်စဲရန် ရုရှားဘက်က သဘောတူညီခဲ့ပြီး ယူကရိန်းဘက်က သုတေသနပြုပြီး အစီအစဉ် ကို အမြန်ဆုံးရေးဆွဲရန် ကတိပြုခဲ့ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ရုရှားဘက်က လာမည့်ရက်သတ္တပတ် တွင် ယူကရိန်းထံ ကျဆုံးပြီးသော စစ်သည်ရုပ်အလောင်း ၆,၀၀၀ ကို တစ်ဖက်သတ် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ရုရှားသမ္မတ လက်ထောက်၊ ရုရှားစေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Medinsky က မီဒီယာများထံ ကြေညာချက်ထုတ်ပြန် ခဲ့သည်။

စေ့စပ်ညှိနှိုင်းမှုတွင် နှစ်ဖက်သည် စစ်သုံ့ပန်းများ လဲလှယ်ရန်နှင့် စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ပြီး အပြင်းအထန် နာမကျန်းဖြစ်နေသော စစ်သုံ့ပန်းများနှင့် အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းများ အားလုံးကို လဲလှယ်ရန် အဆိုပြုထားကြောင်း ရုရှားသမ္မတ လက်ထောက်၊ ရုရှားစေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Medinsky က တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့သည်။ 

ကိုးကား- Xinhua