အိမ်ဖြူတော်က သမ္မတ Trump ၏ ဓာတ်ပုံအသစ်ကို ထုတ်ပြန်
အိမ်ဖြူတော်သည် သမ္မတ Trump ၏ တရားဝင်ပုံတူအသစ်ကို ထုတ်ပြန် ခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီကဓာတ်ပုံနှင့် ကွဲပြားမှုအချို့ရှိသည်။
ဇွန် ၂ ရက်တွင် အိမ်ဖြူတော်မှ ထုတ်ပြန်လိုက်သော တရားဝင် ဓာတ်ပုံတွင် သမ္မတ Donald Trump သည် အပြာရောင် ကုတ်အင်္ကျီ၊ ၎င်း၏ အမှတ်လက္ခဏာဖြစ်သော အနီရောင်လည်စီးနှင့် အင်္ကျီကော်လံပေါ်တွင် အမေရိကန်အလံရင်ထိုးတပ်ဆင်ထားသည်။ အလင်းရောင်သည် အဓိက အားဖြင့် ၎င်း၏မျက်နှာအလယ်ပိုင်းကို အာရုံစိုက်ထားပြီး အနက်ရောင် နောက်ခံတွင် ရိုက်ကူးထားသည်။ အမေရိကန်သမ္မတသည် ကင်မရာကို စူးစိုက်ကြည့်နေကာ လေးနက်သောအမူအရာ ဆောင်နေသည်။
အိမ်ဖြူတော်သည် Eisenhower Executive Office Building တွင် အသစ်တင်ထားသော ဓာတ်ပုံ၏ ဗီဒီယိုကိုလည်း မျှဝေထားသည်။ အိမ်ဖြူတော်က မည်သည့်အတွက်ကြောင့် တရားဝင် သမ္မတဓာတ်ပုံကို ပြောင်းလဲခဲ့သည်ဆိုသည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂