သတင်းများ

ယူကရိန်းစစ်တပ် အကြီးအကဲရာထူး အပြောင်းအလဲလုပ်

ယူကရိန်းသမ္မတ ဇီလန်စကီးသည် ယူကရိန်းစစ်တပ်ဦးစီးချုပ် (Chief of General Staff) ဖြစ်သူ Anatoly Bargilevich ၏ ရာထူးနေရာတွင် ဒုတိယဦးစီးချုပ် Andrey Gnatov အား မတ်လ ၁၆ ရက်တွင် အစားထိုး ခန့်အပ်လိုက်ကြောင်း ကြေညာလိုက်ပါသည်။

ဦးစီးချုပ်ဟောင်း Bargilevich ကို ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးအရာရှိချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်ပြီး အဆိုပါ ရာထူးအပြောင်းအလဲအတွက် အကြောင်းအရင်းကို ကြေညာချက်၌ ဖော်ပြ ထားခြင်းမရှိပါ။

ထိုသို့ ယူကရိန်းစစ်တပ် အကြီးအကဲရာထူးအပြောင်းအလဲမှာ ကာ့ဒ်ဒေသ၌ ယူကရိန်းတပ်ဖွဲ့ဝင်များ ပိတ်ဆို့ဝန်းရံထားခံရသည့်အချိန်တွင် လုပ်ဆောင် လိုက်ခြင်းဖြစ်ပါသည်။

“ကာ့ဒ်ဒေသရှိ ပိတ်မိနေသော ယူကရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချလိုက်ပါက လူသားချင်းစာနာထောက်ထားမည်ဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုနှင့် လုံခြုံမှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားထားပြီးဖြစ်ပါသည်။ သို့ရာတွင် အဆိုပါတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဘက်နှင့်နိုင်ငံ့ခေါင်းဆောင်များ၏ တရားဝင်အမိန့်မရရှိဘဲ လက်နက်ချပေးရန် အခက်အခဲရှိနိုင်ကြောင်း ပူတင်က ထပ်မံ သတိပေးပြောကြားထားပါသည်။ 

ကိုးကား- TASS

Photo: 24 News HD

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

တရုတ်-ဥရောပသမဂ္ဂ သံတမန်ထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနားတက်ရန် ရှီကျင့်ဖျင် ငြင်းပယ်

ဘရပ်ဆဲလ်တွင် ကျင်းပမည့် တရုတ်-ဥရောပသမဂ္ဂ သံတမန် ထူထောင်ခြင်း နှစ် ၅၀ ပြည့်အခမ်းအနား တက်ရောက်ရန် ဥရောပသမဂ္ဂ၏ ဖိတ်ကြား ချက်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းပယ်လိုက်ပါသည်။

ထိုအခမ်းအနားသို့ ၎င်းအစား တရုတ်ဝန်ကြီးချုပ် Li Qiang တက်ရောက် သွားမည် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ထိုအခမ်းအနားမျိုးကို ဝန်ကြီးချုပ် အဆင့်သာ တက်ရောက်လေ့ရှိသော်လည်း နှစ် ၅၀ (ရွှေရတု) ပြည့် ဖြစ်သည့်အတွက် သမ္မတကိုယ်တိုင် လာရောက်တက်စေလိုသဖြင့် ဥရောပသမဂ္ဂက ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲစတင်ကတည်းက ဥရောပက တရုတ် အပေါ် ရုရှားဘက်ကို ထောက်ခံသည်ဟု စွပ်စွဲလာခဲ့ပြီး တရုတ်ထုတ် လျှပ်စစ်ကားများအတွက် အခွန်များတိုးမြှင့်ခဲ့သော်လည်း ယခုအခါ ဥရောပ က အမေရိကန် အစားထိုးရေး ပြင်ဆင်နေချိန်တွင် တရုတ်- ဥရောပ ဆက်ဆံရေး ရှုပ်ထွေးနေမှုကို ထင်ရှားစွာ ပြသနေပါသည်။

ကိုးကား- Reuters

Putin နှင့် Witkoff တွေ့ဆုံမှုသတင်းအပေါ် သတင်းမှားများ ဖော်ပြခဲ့သည့် မီဒီယာများကို Trump ပြင်းထန်စွာဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏အထူးကိုယ်စားလှယ် Steve Witkoff သည် မကြာသေးမီက မော်စကိုတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမှုမတိုင်မီ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်ဟု ဖော်ပြခဲ့ကြသည့် မီဒီယာသတင်းများကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ထိုသတင်းများကို “အဆင့်အတန်းမရှိသော သတင်းမှားများ” ဟု ပယ်ချ ခဲ့သည်။

မီဒီယာကျင့်ဝတ် စောင့်ထိန်းမှုမရှိသော သတင်းဌာနများသည် ၎င်းတို့၏ အလေ့အထများအတိုင်း သတင်းမှားများဖြန့်ကာ အထင်အမြင်မှားစေရန် လုပ်ဆောင်နေကြသည်ဟု ထရမ့်က ၎င်း၏ Social Platform ၌ ရေးသားခဲ့သည်။ ထရမ့်က Witkoff သည် ပူတင်နှင့်တွေ့ဆုံရန် စောင့်ဆိုင်း ခဲ့ရခြင်းမရှိဟု အတိအလင်းပြောကြားခဲ့သည်။

Sky News ၏ သတင်းတစ်ရပ်တွင် Witkoff သည် “ကရင်မလင်တွင် ပူတင်နှင့်တွေ့ဆုံရန် အနည်းဆုံးရှစ်နာရီကြာစောင့်ဆိုင်းခဲ့ရသည်” ဟု ဖော်ပြခဲ့ပြီး ထိုသတင်းကို မီဒီယာများစွာက ထပ်ဆင့်ဖော်ပြခဲ့ကြသည်။

ထရမ့်၏ ကိုယ်စားလှယ်အဖွဲ့နှင့် ပူတင်အပါအဝင် ရုရှားအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် အခြားဆက်စပ်အစည်းအဝေးများကိုလည်း ကျင်းပ ဆွေးနွေးခဲ့ကြပြီး အချိန်ကြာမြင့်မှုရှိခဲ့သော်လည်း ထိုဆွေးနွေးမှုများသည် လွန်စွာအကျိုးရှိခဲ့သည်ဟုဆိုသည်။

မီဒီယာများသည် သံတမန်၏ စောင့်ဆိုင်းမှုဆိုင်ရာသတင်းကို ဂုဏ်သိက္ခာ ကျစေရန် လုပ်ကြံဖန်တီးခဲ့ခြင်းဖြစ်ကာ ၎င်းတို့သည် သတင်းမှန်များကို ဖော်ပြရန်စိတ်မဝင်စားဘဲ လုပ်ကြံသတင်းများကိုသာ ဖော်ပြနေကြပြီး “စိတ်ဓာတ်ရေးရာ ယိုယွင်းပျက်စီးနေသူများဖြစ်သည်” ဟု ထရမ့်က ဆိုသည်။

ထရမ့်၏ ရေရှည်လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အိမ်ခြံမြေလုပ်ငန်းရှင် Witkoff သည် ယူကရိန်းပဋိပက္ခတွင် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရန် ကြိုးပမ်းမှု များအပါအဝင် အရေးပါသည့် သံတမန်ရေးရာတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။

အမေရိကန်နှင့် ရုရှား နှစ်ဘက်ကိုယ်စားလှယ်များသည် စစ်ရေး ရပ်စဲရေး ၏ အလားအလာကို ကောင်းမွန်သော ခြေလှမ်းများဖြင့် အစပြုနိုင်ရေး ကြိုးပမ်းလျက်ရှိပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က စိန်ခေါ်မှုများ ရှိနေသေးသော်လည်း ဆွေးနွေးပွဲများသည် ပဋိပက္ခကို အဆုံးသတ်ရန် လှေကားထစ်တစ်ခုဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အန်ဒရေရူဒင်ကို ဦးဆောင်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ ရောက်ရှိ

ရုရှားဒုတိယနိုင်ငံခြားရေး ဝန်ကြီး အန်ဒရေရူဒင်ကို ဦးဆောင်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း KCNA  သတင်းအေဂျင်စီက မတ်လ ၁၅ ရက်တွင်ဖော်ပြသည်။

ရူဒင်ကိုသည် ရုရှားအစိုးရက ယူကရိန်းနိုင်ငံအတွင်း  အထူးစစ်ဆင်ရေးစတင် ဆင်နွှဲပြီးနောက်ပိုင်းမှစ၍ မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးဖော်ဆောင်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၎င်း၏ယခုခရီးစဉ်သည် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်ရန် အမေရိကန်က အဆိုပြုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရူဒင်ကိုသည် ယူကရိန်းလက်နက်ကိုင် ပဋိပက္ခစတင်ဖြစ်ပွားသည့် အစောပိုင်းကာလတွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးသည့် ရုရှားကိုယ်စားလှယ် အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ သို့သော် ၎င်း၏  မြောက်ကိုရီးယားခရီးစဉ်နှင့် စပ်လျဉ်း၍  အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိတွင် ရုရှားနိုင်ငံနှင့် ကာကွယ်ရေးအရ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ တိုးတက် ကောင်းမွန်လျက်ရှိသည်။             

Source: https://myawady.net.mm/

ပူတင်နှင့်ထရမ့် လာမည့်အပတ် တွေ့နိုင်ဖွယ်ရှိသည် ဟု အမေရိကန် အထူးကိုယ်စားလှယ် ပြော

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့သည် လာမည့်အပတ်တွင် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အမေရိကန် သမ္မတ အထူးကိုယ်စားလှယ် စတီဗင်ဝှစ်ကော့က CNN ကို ပြောကြားလိုက် ပါသည်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုက အမှန်တကယ်ကောင်းမွန်ပြီး အနာဂတ်အတွက် အကျိုးအမြတ် ရရှိနိုင်မည် ဟု ထင်မြင်ကြောင်း အမေရိကန် အနေဖြင့်လည်း ယူကရိန်းတာဝန်ရှိသူများကို လိုအပ်သည့် အကြံပြုချက်များ ပံ့ပိုးပေးလျက်ရှိကြောင်း ၎င်းက ပြောကြားထားပါသည်။

အထူးကိုယ်စားလှယ် စတီဗင်ဝှစ်ကော့သည် ရုရှားသမ္မတ ပူတင်နှင့် ပြီးခဲ့သည့် မတ်လ ၁၃ ရက် (ကြာသပတေးနေ့) ညနှောင်းပိုင်းတွင် ၃ နာရီမှ ၄ နာရီ အထိ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ဆော်ဒီဆွေးနွေးပွဲ၌ ကိယက်ဗ်က အောင်မြင်ခဲ့ကြောင်း အများကလက်ခံ ဟု ဇီလန်စကီးဆို

ဗလာဒီမာဇီလန်စကီးက ဆော်ဒီအာရေဗျတွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်နှင့် ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲများ၌ ကိယက်ဗ်၏ သံတမန်ရေးရာ ကျွမ်းကျင်မှုများကို ၎င်းအားထောက်ခံသူ အနောက် ဥရောပနိုင်ငံများက လှိုက်လှဲစွာချီးကျူးဂုဏ်ပြုခဲ့ကြကြောင်း ပြောကြား ခဲ့သည်။ ၎င်းက ကိယက်ဗ်၏ သံတမန်ရေးရာအောင်ပွဲသည် ရုရှားကို ခက်ခဲသောအခြေအနေတစ်ရပ်သို့ ရောက်ရှိစေပြီး ရုရှားအနေဖြင့် ထို အခြေအနေမှလွတ်မြောက်ရန်ခက်ခဲနိုင်ကြောင်း ပြောကြားခဲ့သည်။

မတ်လ ၁၃ ရက်နေ့က ဂျီဒါမြို့တွင် ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်မှ အဆိုပြုထားသည့် ၃၀ ရက်ကြာ စစ်ရပ်စဲရေးကို သဘောတူညီခဲ့သည်။

အစည်းအဝေးမစတင်မီ ရက်ပိုင်းအတွင်း ယူကရိန်းတို့ ကျူးကျော် သိမ်းပိုက် ထားသော Kursk ဒေသတွင် ရုရှားက တန်ပြန်ထိုးစစ် ပြင်းထန်စွာ ဆင်နွှဲ ခဲ့ကာ ၎င်း၏နယ်မြေ စတုရန်းကီလိုမီတာရာနှင့်ချီကာ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး ယူကရိန်းတပ်များ ယခင်က သိမ်းပိုက်ထားခဲ့သည့် Sudzha မြို့ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ရုရှားစစ်ဦးစီးချုပ် General Valery Gerasimov က ထိုဒေသတွင်ရှိသော ယူကရိန်းတပ်များသည် ရုရှားတပ်ဖွဲ့များ၏ ဝိုင်းပတ်ပိတ်ဆို့မှုကို ခံနေ ရကြောင်းပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုဒေသ တွင်ပိတ်မိနေသည့် ထောင်ချီသောယူကရိန်းစစ်သားများကို မသတ်ဖြတ် ရန် မော်စကိုကို တောင်းဆိုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က ပိတ်ဆို့ ခံထားရသည့် ယူကရိန်းစစ်သားများ လက်နက်ချပါက ကျင့်ထုံးများနှင့် အညီ ဆောင်ရွက်မည်ဟု အာမခံခဲ့သည်။

ယူကရိန်းစစ်ဦးစီးချုပ်နှင့် ဇီလန်စကီးတို့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယူကရိန်းတပ်များ Kursk ဒေသတွင် ဝိုင်းပတ် ပိတ်ဆို့ ခံထားရသည်ဟူသော အချက်ကိုငြင်းဆိုခဲ့သည်။

ယူကရိန်းခေါင်းဆောင်က အမေရိကန်မှ အဆိုပြုထားသည့် စစ်ရပ်စဲရေး အစီစဉ်ကို မော်စကိုမှ “ကန့်သတ်ချက်မရှိ” သဘောတူညီရန် တောင်းဆို ခဲ့သည်။ ပူတင်က အမေရိကန်၏ စစ်ရပ်စဲရေးအဆိုပြုချက်ကို အကြမ်းဖျင်း အားဖြင့် လက်ခံနိုင်ကြောင်း၊ ထပ်မံဆွေးနွေးရမည့် အသေးစိတ်အချက်များ ကျန်ရှိနေသေးကြောင်းနှင့် Kursk ဒေသတွင်ရှိသော ယူကရိန်း တပ်များ ၏ ကံကြမ္မာအပါအဝင် စစ်ရပ်စဲရေးကို စောင့်ကြည့်ဖြေရှင်းရန် အစီအမံ များ လိုအပ်ကြောင်း ဆိုခဲ့သည်။

ပြင်သစ်နှင့် ဗြိတိန်တို့ကလည်း ရုရှားအား ကန့်သတ်ချက်မရှိသော ယာယီ အပစ်အခတ်ရပ်စဲရေးကို သဘောတူရန်တောင်းဆိုခဲ့ပြီး ရုရှားသမ္မတ ဟောင်း Dmitry Medvedev က ဗြိတိန်သည် ထိုကဲ့သို့သော အကြံဉာဏ် များကို မည်သည့်နေရာမှ ရရှိခဲ့သည်ကို ပြန်လည်စဉ်းစားသင့်ကြောင်း ပြင်းပြင်းထန်ထန် ပြန်လည်ဝေဖန်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားနိုင်ငံက သဘောတူညီခြင်း မရှိပါက ပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်မည်ဟု G7 အဖွဲ့ခြိမ်းခြောက်

ရုရှားနိုင်ငံအနေဖြင့်  အမေရိကန်က အဆိုပြုသည့်   အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူညီခြင်းမရှိပါက ပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်မည်ဟု စက်မှုအင်အားကြီးနိုင်ငံ(G7) က ခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ G7 အဖွဲ့ဝင်နိုင်ငံများကြား ကွဲပြားမှုများကို ကျော်လွှားနိုင်ခဲ့ပြီး  သဘောတူညီချက် တစ်ရပ်ချမှတ်နိုင်ခဲ့ကြောင်း၊   ထို့ကြောင့် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကဲ့သို့ အပစ်အခတ်ရပ်စဲရန် သဘောတူညီခြင်း မရှိပါက ပိတ်ဆို့မှုသစ်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်ဟု G7 အဖွဲ့မှ သံတမန်များ၏ ပြောကြားချက်ကို ကိုးကား၍   မီဒီယာများက  မတ်လ ၁၄ ရက်တွင်   ဖော်ပြသည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီရန်အတွက်   ရုရှားနိုင်ငံအား  G7 အဖွဲ့ဝင်နိုင်ငံများက  ထောက်ခံကြောင်း ၎င်းအဖွဲ့ကထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။

အကယ်၍ ရုရှားနိုင်ငံက အပစ်အခတ် ရပ်စဲရေးကို သဘောတူညီခြင်းမရှိပါက G7 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံ၏ ရေနံဈေးနှုန်းများကို ထိန်းချုပ်ကန့်သတ်ခြင်းအားဖြင့်   စွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်၍  ယူကရိန်းနိုင်ငံသို့ အကူအညီများ ဆက်လက်ပေးအပ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မေ ၉ အခမ်းအနားတက်ရောက်ရန် ဗင်နီဇွဲလားသမ္မတ အား ပူတင် ဖိတ်ကြား

၂၀၂၅ ခုနှစ်၊ မေ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ဆိုဗီယက်အောင်ပွဲနေ့ အခမ်းအနား တက်ရောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗင်နီဇွဲလား သမ္မတ နီကိုလစ် မာဒူရိုကို ဖိတ်ကြားလိုက်ပါသည်။ ထိုဖိတ်ကြားချက်မှာ ၁၉၄၅ ခုနှစ်က မဟာမိတ်အောင်ပွဲ ရရှိစေရန် ဗင်နီဇွဲလား၏ ပါဝင်ကူညီမှု ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါသည်။ 

သမိုင်းဝင် အောင်ပွဲခံမှု နှစ် ၈၀ ပြည့်အခမ်းအနား တက်ရောက်ရန် နိုင်ငံ အများအပြားမှ ခေါင်းဆောင်များကို ရုရှားသမ္မတက ဖိတ်ကြားထားပါသည်။ ဂျာမန်နာဇီဝါဒကို တိုက်ခိုက်ခဲ့သော မိတ်ဆွေနိုင်ငံများအနက် အီတလီနှင့် ဂျပန်တို့က မော်စကိုရှိ ရင်ပြင်နီတွင် ပြုလုပ်မည့် အဆိုပါ အခမ်းအနားတွင် စစ်ရေးပြ ပါဝင်ချီတက်ရန် တပ်ဖွဲ့ဝင်များစေလွှတ်မည်ဖြစ်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဂျိုးဘိုင်ဒင်လက်ထက် ရုရှားဘဏ္ဍာရေး အဖွဲ့အစည်းများအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို အမေရိကန်က ရက်ပေါင်း ၆၀ ကင်းလွတ်ခွင့်ပြု

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်က ရုရှားဘဏ္ဍာရေး အဖွဲ့အစည်းများအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ရက်ပေါင်း ၆၀ ကင်းလွတ်ခွင့်ပြုခဲ့ကြောင်းသိရသည်။

ဘိုင်ဒင်အစိုးရသည် အမေရိကန်ဒေါ်လာဖြင့် ပေးချေသည့် အခြေခံအဆောက်အဦများအား အသုံးပြုခွင့်ကန့်သတ်နိုင်ရန်အတွက် ရုရှားဗဟိုဘဏ် အပါအဝင် စွမ်းအင်ကဏ္ဍရှိ ရုရှားဘဏ္ဍာရေး အဖွဲ့အစည်း ၁၂ ခုအပေါ် ပိတ်ဆို့မှုများ ချမှတ်ထားခြင်းဖြစ်ပြီး ၎င်းပိတ်ဆို့မှုများကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက မတ်လ ၁၃ ရက်တွင် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပိတ်ဆို့မှုများအား ကင်းလွတ်ခွင့်ပြုထားသည့် ကာလအတွင်း ရုရှားနိုင်ငံအနေဖြင့် ပေးချေရန် ကျန်ရှိနေသည့် ငွေကြေးကိစ္စရပ်များကို ရှင်းလင်းနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိသမ္မတဒေါ်နယ်ထရမ့်သည် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍  ရုရှားနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ရုရှားအစိုးရအနေဖြင့် ယူကရိန်းပဋိပက္ခတွင် အပေးအယူ လုပ်ဆောင်ရန် တွန့်ဆုတ်နေမည်ဆိုပါက ပိတ်ဆို့မှုများ ထပ်မံချမှတ်သွားမည်ဟု ထရမ့်အစိုးရက သတိပေးထားကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် စစ်မက်ဖြစ်ပွားခြင်းကို ဖြေရှင်းနိုင်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းအပေါ် အဓိကထားလုပ်ဆောင်လျက်ရှိပြီး    မိမိတို့၏ ရည်မှန်းချက်များ  ပြည့်ဝစေရန်အတွက် ပိတ်ဆို့မှုများကို ဖိအားပေးမှုအဖြစ် ဆက်လက်ဖော်ဆောင်သွားမည်ဟု အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့် တရုတ်တို့ကြား ဖြစ်ပွားသည့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်ကအကျိုးအမြတ်ရရှိဟုဆို

အမေရိကန်နှင့် တရုတ်တို့ကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေး သဘောထားကွဲလွဲမှု  သို့မဟုတ်   ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်နိုင်ငံက အကျိုးအမြတ်ရရှိနေသည်ဟု ဥရောပသံတမန်ရေးရာ အကြီးအကဲ ကာယာကောလက်က မတ်လ ၁၄ ရက်တွင်ပြောသည်။

အမေရိကန်အစိုးရသည် လက်ရှိတွင် တရုတ်နိုင်ငံနှင့်သာမက ဥရောပနှင့်လည်း ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲလျက်ရှိပြီး အထူးသဖြင့် ပြင်သစ်နိုင်ငံမှ တင်သွင်းလာသည့် ယမကာများအပေါ်  အခွန် ၂၀၀ ရာခိုင်နှုန်းချမှတ်မည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်ထားသည်ဟု  ကာယာကောလက်က Bloomberg နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင်  ပြောကြားသည်။ ထို့ကြောင့် အမေရိကန်၏အဆိုပါ လုပ်ဆောင်ချက်အား    ဥရောပသမဂ္ဂ (အီးယူ)က  တုံ့ပြန်ရန်အသင့် ရှိနေပြီဖြစ်သည်။

ထို့ပြင် ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည်  မဟာမိတ် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကနေဒါနှင့်လည်း အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် အငြင်းပွားလျက်ရှိသည်။  ထို့ကြောင့် အမေရိကန်၏ ကုန်သွယ်ရေးစစ်ပွဲတွင်  အကျိုးအမြတ်ရရှိနေသည့် နိုင်ငံမှာ  တရုတ်နိုင်ငံဖြစ်သည်ဟု ကာယာကောလက်က  ပြောကြားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အီးယူအဖွဲ့ဝင်နိုင်ငံများက   အမေရိကန်မှတင်ပို့သည့် ဝီစကီများအပေါ် အခွန်တိုးမြှင့် ကောက်ခံမည့်အစီအစဉ်အား တုံ့ပြန်မည်ဟုထရမ့်က ခြိမ်းခြောက်ထားသည်။ ထို့ကြောင့် အမေရိကန်နှင့်   ၎င်း၏မဟာမိတ်များအကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပွားနေခြင်းသည် တရုတ်နိုင်ငံအား  ထရမ့်အစိုးရနှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေး စစ်ပွဲ၌ အသာစီးရရှိစေရန် ဖန်တီးပေးလျက်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားထားသည်။   