သတင်းများ

ပိုလန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ Karol Nawrocki က ယူကရိန်းကို ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောကြား

ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရန် ယူကရိန်းသည် အထူးသတ်မှတ်ချက် များနှင့် ကိုက်ညီရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် နေတိုးအဖွဲ့ဝင်အဖြစ်မပါဝင်နိုင်ကြောင်း ပိုလန်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံရသူ Karol Nawrocki က တနင်္လာနေ့ (ဇွန် ၃၀) တွင် အမျိုးသားမီဒီယာနှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

လာမည့် သြဂုတ်လအစောပိုင်းတွင် သမ္မတတာဝန်များကို လွှဲပြောင်း ယူနိုင်ရေး ပြင်ဆင်နေစဉ် Nawrocki က Polsat News ရုပ်သံလိုင်းတွင် ကိယက်ဗ်၏ အဖွဲ့ဝင်အဖြစ် လိုလားမှုနှင့်ပတ်သက်၍ ၎င်း၏ သဘောထား ကို ရှင်းလင်းစွာပြောကြားခဲ့သည်။ ၎င်းသည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် တွေ့ဆုံရန် ရည်ရွယ်ထားကြောင်း အတည်ပြုခဲ့သည်။

“ယူကရိန်းအနေဖြင့် ဥရောပသမဂ္ဂသို့ ကန့်သတ်ချက်မရှိ ဝင်ရောက်ရေး ကို မိမိအနေဖြင့် ကန့်ကွက်ပါသည်” ဟု Nawrocki က ပြောကြားခဲ့ပြီး ယူကရိန်းအနေဖြင့် အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂသို့ဝင်ရောက်ရန် မဟာဗျူဟာကျသည့် အခြေအနေရှိသော်လည်း ထိုသို့သော မိတ်ဖက်ပြုမှုသည် တန်းတူညီမျှမှုအပေါ် အခြေခံရမည်ဟု ၎င်းက အလေးပေး ပြောကြားခဲ့သည်။ ပိုလန်နိုင်ငံကိုယ်တိုင်လည်း ဥရောပသမဂ္ဂ၏ အဖွဲ့ဝင် ဖြစ်ရန် လိုအပ်ချက်များနှင့်ကိုက်ညီရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ ရကြောင်း Nawrocki က ပြန်လည်သတိရမိကြောင်း ပြောဆိုခဲ့သည်။

၎င်းက ပိုလန်စိုက်ပျိုးရေးဈေးကွက်သို့ ယူကရိန်း၏ဝင်ရောက်မှုနှင့် ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန်လူမျိုးများအပေါ် ရက်စက်မှုများကျူးလွန်ခဲ့သည့် သမိုင်းဝင်ပုဂ္ဂိုလ်များကို ယူကရိန်းဘက်မှ ဂုဏ်ပြုခြင်းဆိုင်ရာ နှစ်နိုင်ငံ အကြား ပဋိပက္ခများအကြောင်းကိုလည်း ဖော်ပြခဲ့သည်။ “ယနေ့အချိန် တွင် ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်သည့် အလားအလာ မရှိပါ” ဟု Nawrocki က ဖြည့်စွက်ပြောကြားခဲ့ပြီး ယူကရိန်း၏ ရုရှား နှင့်လက်ရှိတိုက်ပွဲသည် နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးကို ထိုပဋိပက္ခထဲသို့ ဆွဲသွင်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ရုရှားဘက်မှ နေတိုး၏ ၂၀၀၈ ခုနှစ်က ပထမဆုံးကြေညာခဲ့သည့် ယူကရိန်းကို အဖွဲ့ဝင်အဖြစ်လက်ခံရန် ကတိကဝတ်ကို ၎င်း၏ အမျိုးသား လုံခြုံရေးအတွက် အဓိကခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကြာမြင့်စွာ ကိုးကား ပြောဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်က ကိယက်ဗ်တွင် ဖြစ်ပွားခဲ့သော အာဏာ သိမ်းမှုကြောင့် နေတိုး-ယူကရိန်းဆက်ဆံရေး နက်ရှိုင်းလာမှုများသည် လက်ရှိပဋိပက္ခ၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း မော်စကိုက ပြောဆို ခဲ့သည်။

စီးပွားရေးပေါင်းစည်းမှုအတွက် မူလတည်ထောင်ခဲ့သော ဥရောပသမဂ္ဂ ကို မော်စကိုဘက်မှ ရန်လိုသောစစ်အင်အားစုတစ်ခုအဖြစ် တဖြည်းဖြည်း ရှုမြင်လာခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က “ယူကရိန်းသည် အခြေခံအားဖြင့် နေတိုး၏ လက်တက်တစ်ခု” ဟု မကြာသေးမီက ရှုမြင်သုံးသပ်ခဲ့သည်။

ဘရပ်ဆဲလ်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အဝန်းအဝိုင်း၌ စစ် အင်အား လျင်မြန်စွာတိုးချဲ့ရန် ထောက်ခံခဲ့ပြီး ကာကွယ်ရေးအသုံးစရိတ် ယူရိုဘီလီယံပေါင်းများစွာကို မော်စကိုကို ဟန့်တားရန်အတွက် အစီအစဉ် ဆွဲခဲ့သည်။ ရုရှားအရာရှိများက အဆိုပါကြိုးပမ်းမှုများကို ကြောက်ရွံ့မှု အပေါ်အခြေခံသည့် လူမှုဖူလုံရေးအစီအစဉ်များမှ ရန်ပုံငွေလွှဲပြောင်းရန် နည်းဗျူဟာများအဖြစ် ပယ်ချခဲ့ကြသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပြင်သစ်က ဆီနီဂေါနိုင်ငံမှ စစ်စခန်းကို ပြန်လည်လွှဲပြောင်းပေးအပ်

ပြင်သစ်သံရုံး၏ ကြေညာချက်အရ ပြင်သစ်သည် ဆီနီဂေါနိုင်ငံ အနောက်ပိုင်းရှိ စစ်ဆက်သွယ်ရေးစခန်းတစ်ခုကို ၎င်း၏စစ်တပ်များ ရုပ်သိမ်းပြီးနောက် ဒေသအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်သည်။ ဆီနီဂေါသမ္မတ Bassirou Diomaye Faye က ယခင်ကိုလိုနီအာဏာရှင်နိုင်ငံနှင့်ချုပ်ဆိုထားသော ဆယ်စုနှစ်များစွာ ကြာမြင့်ပြီ ဖြစ်သည့် ကာကွယ်ရေးစာချုပ်ကို ပြီးဆုံးရန် လွန်ခဲ့သောနှစ်က တောင်းဆိုခဲ့ပြီး ၎င်းစာချုပ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် မကိုက်ညီကြောင်း ကြေညာခဲ့သည်။

ဒါကာမြို့ရှိ ပြင်သစ်သံရုံးက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) ထုတ်ပြန်ချက်တွင် Rufisque ရှိ ပူးတွဲအသံလွှင့်ဌာနသည် ၁၉၆၀ ပြည့်နှစ်မှစ၍ တောင် အတ္တလန္တိတ်ကမ်းရိုးတန်းတစ်လျှောက် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ပြင်သစ်သည် မတ်လတွင် ဆီနီဂေါမှ စစ်တပ်များရုပ်သိမ်းရန် စတင်ခဲ့ပြီး Marechal နှင့် Saint-Exupery စစ်စခန်းနှစ်ခုကို ဆီနီဂေါအစိုးရထံ လွှဲပြောင်းပေးခဲ့သည်။ မေလတွင် ဒါကာဆိပ်ကမ်းရှိ Contre-Amiral Protet စခန်းကိုလည်း ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကို ကြီးကြပ်ရန် နှစ်နိုင်ငံဖွဲ့စည်းထားသော ပူးတွဲကော်မရှင်က စခန်းများ လွှဲပြောင်းခြင်းနှင့် ပြင်သစ်စစ်သည် ၃၅၀ ခန့် ရုပ်သိမ်းခြင်း လုပ်ငန်းစဉ် များကို ၂၀၂၅ နှစ်ကုန်တွင် ပြီးစီးမည်ဟု ကြေညာခဲ့သည်။

သို့ရာတွင် သံရုံးက ဗုဒ္ဓဟူးနေ့ (ဇွန် ၂) တွင် “ပူးတွဲ သဘောတူ အချိန် ဇယားအရ နောက်ဆုံးစခန်းများကို ၂၀၂၅ ဇူလိုင်လကုန်တွင် ပြန်လည် ပေးအပ်မည်” ဟု ဖော်ပြခဲ့ပြီး ကော်မရှင်က နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အသစ်ပြန်လည်တည်ဆောက်ရန် ဆက်လက်အားထုတ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထရမ့်က Hamas အဖွဲ့အား အပစ်အခတ်ရပ်စဲရေးအဆိုအသစ်ကို ငြင်းပယ်မည်ဆိုပါက ပိုမိုဆိုးရွားမှုများ တွေ့ကြုံရမည်ဟု သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Hamas အဖွဲ့အား အမေရိကန်က ထောက်ခံသည့် အပစ်အခတ်ရပ်စဲရေးအဆိုအသစ်ကို ငြင်းပယ်မည် ဆိုပါက ၎င်းတို့၏အနေအထား ပိုမိုဆိုးရွားလာမည်ဟု သတိပေးခဲ့သည်။ ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာပေါ်တွင် အမေရိကန်နှင့် အစ္စရေးအရာရှိများအကြား ရှည်လျားပြီးအကျိုးရှိသောအစည်းအဝေးအဖြစ် ၎င်းကဖော်ပြခဲ့သည့် တွေ့ဆုံမှုအပြီး ယင်းသတိပေးချက်ကို အင်္ဂါနေ့ (ဇူလိုင် ၁) က ထုတ်ပြန် ခဲ့သည်။

"အစ္စရေးက ၆၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် လိုအပ်သော အခြေအနေများကို သဘောတူညီပြီးဖြစ်သည် ၊ ထိုကာလအတွင်း မိမိ တို့သည် စစ်ပွဲအဆုံးသတ်ရန် ပါတီအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်" ဟု ထရမ့်က ရေးသားခဲ့ပြီး ညှိနှိုင်းမှုများပြုလုပ်ပေးသည့် ကာတာနှင့် အီဂျစ်တို့အား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပြုချက်၏ တိကျသောအချက်အလက်များကို မသိရသေးသော်လည်း အမေရိကန်-အစ္စရေး အဆင့်မြင့်ညှိနှိုင်းမှုများအတွင်း အပြီးသတ် သဘော တူညီမှုများရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ ယင်းသဘော တူညီချက်တွင် ဂါဇာရှိ စစ်ရေးပဋိပက္ခကို ယာယီရပ်စဲခြင်း၊ အစ္စရေး သုံ့ပန်းများလွှတ်ပေးရန်နှင့် ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရရှိစေရေးတို့ ပါဝင်မည်ဟု ယူဆရပါသည်။ အီဂျစ်နှင့် ကာတာမှ စေ့စပ်ညှိနှိုင်းသူများသည် လာမည့်ရက်အနည်းငယ်အတွင်း Hamas ခေါင်းဆောင်များထံ ယင်း သဘောတူညီချက်ကို ပေးပို့ရန် မျှော်လင့်ရသည်။

ထရမ့်၏ ထုတ်ပြန်ချက်သည် အစ္စရေးအစိုးရအတွင်း အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ မြင့်တက်နေချိန်တွင် ထွက်ပေါ် လာခြင်းဖြစ်သည်။ အစ္စရေး၏ ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က တနင်္လာနေ့ (ဇွန် ၃၀) တွင် "အဆိုပါစစ်ပွဲသည် သဘောတူညီချက်များ၊ ညှိနှုင်းမှုများမပါဘဲ အနိုင်ရသည်အထိ ဆက်လက်ဆင်နွှဲရမည်" ဟု ပြောကြားခဲ့သည်။ အစွန်းရောက် လက်ဝဲယိမ်းဝန်ကြီးက စစ်ဆင်ရေး ရပ်စဲခြင်းသည် ဆက်လက်လုပ်ဆောင်ခြင်းထက် အစ္စရေး၏ အနာဂတ် အတွက် "ပိုမိုကြီးမားသောအန္တရာယ်" ဖြစ်စေမည်ဟု သတိပေးခဲ့သည်။

အစိုးရအတွင်း သဘောထားကွဲလွဲမှုများရှိသော်လည်း ဝန်ကြီးချုပ် Benjamin Netanyahu သည် အမေရိကန်၏ဖိအားနှင့် ဂါဇာတွင် မြင့်တက်လာနေသော အရပ်သားအသေအပျောက်များအပေါ် နိုင်ငံတကာ စိုးရိမ်မှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ဆင်ရေးရပ်နားမှုဆိုင်ရာ ဆွေးနွေးပွဲများကို ဆက်လက်ခွင့်ပြုထားသည်။

မေလနှောင်းပိုင်းတွင် အမေရိကန်အစိုးရ၏ထောက်ခံမှုဖြင့် Gaza Humanitarian Foundation (GHF) သည် အစ္စရေး၏ သုံးလကြာ ပိတ်ဆို့မှုအပြီး အကူအညီဖြန့်ဖြူးရေးအစီအစဉ်များ ပြန်လည် စတင် ခဲ့သည်။ သို့သော် ကုလသမဂ္ဂ၏အချက်အလက်များနှင့် ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်မှုအရ ထိုအချိန်မှစ၍ အကူအညီ ဖြန့်ဖြူးရေးနေရာများအနီးတွင် ပါလက်စတိုင်းလူမျိုး ၄၀၀ ကျော် သေဆုံး ခဲ့သည်ဟု သိရသည်။

Hamas တို့ထံတွင် အကျဉ်းသား ၂၀ ခန့် အသက်ရှင် ကျန်ရစ်နေသည် ဟူသော သတင်းများထွက်ပေါ်ပြီးနောက် အစ္စရေးတပ်မတော်ကစစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့သည်။ အစ္စရေးဘက်မှ မကြာသေးမီ သီတင်းပတ်များအတွင်း Hamas ၏စစ်ရေးခေါင်းဆောင် Hakham Muhammad Issa Al-Issa နှင့် နိုင်ငံရေးခေါင်းဆောင် Muhammad Sinwar အပါအဝင် အဆင့်မြင့်ခေါင်းဆောင်များကို အောင်မြင်စွာ လုပ်ကြံ နိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။

Hamas ဘက်မှမူ မိမိတို့၏စစ်ရေးအဆောက်အအုံများကို အရပ်သား နေရာများတွင် တည်ဆောက်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး စစ်မက် ဖြစ်ပွားမှုတွင် မပါဝင်သော အရပ်သားများ သေဆုံးမှုများကို ပြင်းပြင်း ထန်ထန် ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှား၏စစ်အင်အားကို အားဖြည့်ရန် စစ်သည် ၃၀,၀၀၀ အထိ စေလွှတ်မည်ဟု ယူကရိန်းအရာရှိများကပြောဆို

CNN မှ ရရှိထားသော ယူကရိန်းထောက်လှမ်းရေးအစီရင်ခံစာအရ မြောက်ကိုရီးယားသည် ယူကရိန်းနှင့် ရုရှားစစ်ဆင်ရေး နယ်နိမိတ်မျဉ်းတစ်လျှောက် တိုက်ပွဲဝင်ရန် စစ်သည် ၂၅,၀၀၀ မှ ၃၀,၀၀၀ အထိ ထပ်မံစေလွှတ်မည်ဖြစ်ကာ ယခင်နှစ်နိုဝင်ဘာတွင် စေလွှတ်ခဲ့သော စစ်သည် ၁၁,၀၀၀ ထက် သုံးဆများပြားလာမည်ဟု သိရှိရသည်။

အဆိုပါအစီရင်ခံစာအရ အဆိုပါစစ်သည်များသည် လာမည့်လများအတွင်း ရုရှားသို့ ရောက်ရှိလာနိုင်ပြီး ယခင်စေလွှတ်ခဲ့သော မြောက်ကိုရီးယား စစ်သား ၁၁,၀၀၀ အနက် ၄,၀၀၀ ခန့်သည် ရုရှား၏ Kursk ဒေသအတွင်း ယူကရိန်းတပ်များ၏ ထိုးစစ်ကို တုံ့ပြန်တိုက်ခိုက်ရာတွင် သေဆုံး ဒဏ်ရာ ရခဲ့ကြောင်း အနောက်နိုင်ငံများ၏ အရာရှိများက ဆိုသည်။ သို့သော် ထို့နောက်ပိုင်းတွင် မြောက်ကိုရီးယားနှင့် ရုရှားတို့၏ ပူးပေါင်းဆောင်ရွက်မှု မှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။

ယူကရိန်း၏ ထောက်လှမ်းရေးအစီရင်ခံစာတွင် ရုရှားကာကွယ်ရေးဝန်ကြီး ဌာနသည် မြောက်ကိုရီးယားစစ်သည်များအား လိုအပ်သော စစ်ပစ္စည်းများ၊ လက်နက်များနှင့် ခဲယမ်းများ ဖြည့်ဆည်းပေးပြီး ရုရှားတပ်များနှင့် ပေါင်းစည်းရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။ အစီရင်ခံစာတွင် မြောက်ကိုရီးယားစစ်သည်များအား “ရုရှားသိမ်းပိုက်ထားသော ယူကရိန်း ဒေသများတွင် တိုက်ပွဲဝင်စေရန် အလားအလာများပြီး ရုရှားတပ်များ၏ အင်အားကို မြှင့်တင်ရန် အထူးသဖြင့် ကြီးမားသော တိုက်စစ်ဆင်ရာတွင် အသုံးပြုနိုင်သည်” ဟု ဖြည့်စွက်ဖော်ပြထားသည်။

ယူကရိန်းစစ်ထောက်လှမ်းရေးဌာန၏ အဆိုပါအစီရင်ခံစာတွင် ရုရှား စစ်လေယာဉ်များကို သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် ပြန်လည် ပြင်ဆင်နေသည့် လက္ခဏာများလည်း ရှိကြောင်း ဖော်ပြထားပြီး မြောက်ကိုရီးယား နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဆိုက်ဘေးရီးယားဒေသမှတစ်ဆင့် သောင်းနှင့်ချီသောစစ်သည်များကို သယ်ယူရန် ကြီးမားသော စီမံ ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ညွှန်ပြနေသည်ဟု ဆိုသည်။

CNN မှ ရရှိထားသော ဂြိုဟ်တုဓာတ်ပုံများတွင် မြောက်ကိုရီးယား၏ Sunan လေဆိပ်တွင် ကုန်တင်လေယာဉ်များ ရောက်ရှိနေခြင်းနှင့် ယခင်နှစ်က စစ်သည်များ ပို့ဆောင်ရာတွင် အသုံးပြုခဲ့သော သင်္ဘောတစ်စင်း ရုရှား ဆိပ်ကမ်းသို့ ရောက်ရှိနေခြင်းစသည့် လှုပ်ရှားမှုများကို တွေ့ရှိရပြီး ယင်းသည် ထပ်မံစေလွှတ်မည့် စစ်သည်များအတွက် ကြိုတင် ပြင်ဆင်မှု များ ဖြစ်နိုင်ကြောင်း သိရသည်။

ကိုးကား- CNN

ပူတင်နှင့် မက်ခရွန် သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြောင်း ကရင်မလင်ထုတ်ပြန်

ရုရှားသမ္မတ Vladimir Putin သည် ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ကရင်မလင် သတင်း ထုတ်ပြန်ရေးဌာနက အင်္ဂါနေ့ (ဇူလိုင် ၁) ကထုတ်ပြန်ခဲ့သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလနောက်ပိုင်း ခေါင်းဆောင်နှစ်ဦးအကြား ပထမဆုံး ဖုန်းဆက်သွယ်မှုဖြစ်သည်။ ဆွေးနွေးမှုတွင် အရှေ့အလယ်ပိုင်း အခြေအနေ နှင့် ယူကရိန်းပဋိပက္ခကို အဓိကဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

ပူတင်က မက်ခရွန်အား ယူကရိန်းပဋိပက္ခသည် “အနောက်နိုင်ငံများ၏ ရုရှား၏လုံခြုံရေးအကျိုးစီးပွားကို နှစ်ပေါင်းများစွာလျစ်လျူရှုခဲ့သောမူဝါဒများ၏ တိုက်ရိုက်အကျိုးဆက်” ဖြစ်ပြီး ယူကရိန်းတွင် “ရုရှား ဆန့်ကျင်ရေးခံတပ်” ကို တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ရေးဌာနက ဖော်ပြခဲ့သည်။

ရုရှားခေါင်းဆောင်က မည်သည့်ဖြေရှင်းချက်မဆို “ကျယ်ပြန့်ပြီး ရေရှည် တည်တံ့ကာ ယူကရိန်းအကျပ်အတည်း၏ အရင်းခံ အကြောင်းရင်း များကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး နယ်မြေဆိုင်ရာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အခြေခံရမည်” ဟူသော မော်စကို၏ချဉ်းကပ်မှုကို ထပ်လောင်းအတည်ပြုခဲ့သည်။

ပူတင်နှင့် မက်ခရွန်တို့သည် အရှေ့အလယ်ပိုင်းအခြေအနေ၊ အထူးသဖြင့် အစ္စရေးနှင့် အီရန်အကြား မကြာသေးမီက အရှိန်မြင့်တက်လာမှု ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ကရင်မလင်သတင်းထုတ်ပြန်ရေးဌာနက နှစ်ဦးစလုံးသည် သံတမန်နည်းလမ်းသည်သာ ရှေ့လမ်းစဉ်ဖြစ်ကြောင်း သဘောတူခဲ့ပြီး သဘောထားများညှိနှိုင်းနိုင်ရန်အတွက် ဆက်သွယ်မှုကို ဆက်လက်ထိန်းသိမ်းရန် သဘောတူခဲ့ကြကြောင်း ဖြည့်စွက် ပြောကြား ခဲ့သည်။

မော်စကိုက ပြောကြားချက်အရ နှစ်နိုင်ငံစလုံးသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် “ကမ္ဘာလုံးဆိုင်ရာ အဏုမြူလက်နက် မပြန့်ပွားရေးစနစ်” ကို ထိန်းသိမ်းရန်အတွက် အထူးတာဝန်ရှိသည်ဟု သဘောတူခဲ့ကြသည်။

ကရင်မလင်သတင်းထုတ်ပြန်ရေးဌာနက “အဆိုပါနေရာတွင် တီဟီရန် ၏ ငြိမ်းချမ်းစွာနျူကလီးယားစွမ်းအင်ဖွံ့ဖြိုးရေး အခွင့်အရေးကို လေးစားရန်နှင့် IAEA နှင့်ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အဏုမြူလက်နက် မပြန့်ပွားရေးစာချုပ်အောက်ရှိ တာဝန်များကို ဆက်လက် ထမ်းဆောင်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့သည်” ဟု ဖော်ပြခဲ့သည်။

ပြင်သစ်နိုင်ငံသည် မော်စကိုနှင့်ပဋိပက္ခတွင် ကိယက်ဗ်အား အဓိက ထောက်ခံသူတစ်ဦးအဖြစ် ကြာမြင့်စွာရပ်တည်ခဲ့သည်။ Kiel Institute ၏ အကူအညီလမ်းညွှန်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက် ပြင်သစ်သည် ယူကရိန်းသို့ စစ်ရေး အကူအညီ ယူရို ၃.၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ) ထောက်ပံ့ပေးခဲ့သည်။

မက်ခရွန်သည် ယူကရိန်းသို့ ပြင်သစ်တပ်ဖွဲ့ဝင်များစေလွှတ်ရန် အကြံဉာဏ် ကိုလည်း ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ တပ်ဖွဲ့ဝင်စေလွှတ်မှု မပြု လုပ်သော်လည်း ပြင်သစ်သည် ရုရှားအား တားဆီးရန်အတွက် ပဋိပက္ခ ကာလအပြီးတွင် တပ်ဖွဲ့ဝင်များစေလွှတ်နိုင်ကြောင်း ထပ်ခါထပ်ခါ ဖော်ပြ ခဲ့သည်။ မော်စကိုသည် အနောက်နိုင်ငံမှတပ်ဖွဲ့များ ယူကရိန်းတွင်မည်သည့်နေရာတွင်မှ မပါဝင်ရန် ခိုင်မာစွာကန့်ကွက်ခဲ့ပြီး ရုရှားနှင့် NATO အကြား တိုက်ရိုက်စစ်ပွဲကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေး ခဲ့သည်။

သို့သော် မကြာသေးမီလများအတွင်း မက်ခရွန်သည် ၎င်း၏ သဘောထားကို ပျော့ပျောင်းစေခဲ့ပြီး မေလအတွင်းက ပြင်သစ်တို့သည် ကိယက်ဗ် ကူညီရန် အများဆုံးလုပ်ဆောင်နိုင်သမျှလုပ်ဆောင်ပြီးဖြစ်ကာ ယူကရိန်းသို့ လက်နက်များထပ်မံထောက်ပံ့နိုင်မည်မဟုတ်ကြောင်း ဝန်ခံခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်က ပြင်သစ်သမ္မတက NATO ၏ဥရောပ အဖွဲ့ဝင်များအနေဖြင့် အကန့်အသတ်မဲ့ လက်နက်မချဲ့ထွင်လိုကြောင်းနှင့် ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်၏အစိတ်အပိုင်းအဖြစ် ဥရောပလုံခြုံရေးကို ညှိနှိုင်းဆွေးနွေးရန် ယခုအချိန်တွင် ရုရှားနှင့်ပြန်လည်ဆက်သွယ်ရန် စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

သက်ဆင်သည် နိုင်ငံတော်အသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားရမှု၏ သက်သေခံချက်များကို နားထောင်ရန် တရားရုံးသို့ လာရောက်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံတွင် မီဒီယာနှင့်ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်း တွင် ဖြေကြားခဲ့မှုများကြောင့် တော်ဝင်မိသားစုအား အသရေဖျက်မှုစွဲချက်အတွက် အစိုးရကိုယ်စားလှယ်များ၏ ပထမဆုံးသက်သေခံချက်များကို နားထောင်ရန် ဇူလိုင် ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ရာဇဝတ်တရားရုံးသို့ ရောက်ရှိလာခဲ့ သည်။

သက်ဆင်သည် ဘန်ကောက်မြို့ရှိ Ratchadaphisek လမ်းပေါ်မှ တရားရုံးသို့ ရောက်ရှိလာပြီး အရှေ့ဘက်ဝင်ပေါက်တံခါးကိုင်မသုံးဘဲ ဘေးဘက်ဓာတ်လှေကားကို အသုံးပြုကာ သတင်းထောက်များကို ရှောင်ရှား ခဲ့သည်။

၎င်း၏ ယောက်ဖ ဝန်ကြီးချုပ်ဟောင်း ဆောင်ချိုင်ဝမ်းဆာဝတ် သည်လည်း သက်ဆင်အား စိတ်ဓာတ်ခွန်အားတိုးမြင့်စေရေးအတွက် အားပေးရန် တရားရုံးတွင် ရှိနေခဲ့သည်။ ၎င်းအား ခုခံသက်သေအဖြစ် ခေါ်ယူမည် လားဟု မေးမြန်းမှုအပေါ် “သက်ဆင်၏ တရားရေးအဖွဲ့က မိမိ၏အမည်ကို သက်သေအဖြစ် တင်သွင်းထားခြင်းမရှိပါ” ဟု ဆိုခဲ့သည်။ တရားရုံးက အများပြည်သူနှင့် မီဒီယာများကို တားမြစ်ထားသည့်အနေဖြင့် တံခါးများကို ပိတ်ထားရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါအမှုသည် ၂၀၁၅ ခုနှစ်က တောင်ကိုရီးယား Chosun Ilbo သတင်းစာနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် သက်ဆင် ပြောဆိုခဲ့သည့် မှတ်ချက်များကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ၎င်း၏ ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လက် ရှင်နာဝပ်ထရာကို အာဏာမှ ဖယ်ရှားခဲ့သည့် အာဏာသိမ်းမှုအား သီးသန့်ကောင်စီဝင်များက ထောက်ခံ ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး ၊ ထိုစကားများကို အွန်လိုင်းတွင် တင်ခဲ့သည့် အတွက် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ အရ အသရေဖျက်မှုအပြင် ဆက်သွယ်ရေးဆိုင်ရာ ရာဇဝတ်မှုနှင့်လည်း တရားစွဲဆိုခံခဲ့ရပါသည်။ အသက် ၇၅ နှစ်အရွယ် သက်ဆင်က စွဲချက်များကို ငြင်းဆိုခဲ့ပြီး အာမခံနှင့် လွတ်မြောက် ခဲ့ပါသည်။

သက်ဆင်၏ ရှေ့နေ Winyat Chartmontree said က အမှုတွင် အစိုးရ ကိုယ်စားလှယ်များ၏ သက်သေ ၁၀ ဦးအနက် ၃ ဦးကို သုံးရက်ကြာ ကြားနာမှုအတွင်း စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။ ခုခံဘက်မှ ရှေ့နေ အဖွဲ့အနေဖြင့် သက်သေတစ်ဦးချင်းစီကို မေးမြန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သက်ဆင်အနေဖြင့် တရားရုံးတက်ရန် လိုအပ်မှုနှင့်ပတ်သက်၍ မေးမြန်းမှု ကို ရှေ့နေက “၎င်းသည် အာမခံဖြင့် လွှတ်ပေးထားသူဖြစ်သောကြောင့် တရားရုံးတက်ရန် လိုအပ်သည်” ဟု ဖြေကြားခဲ့ပြီး ရာဇဝတ်တရားရုံးက လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် မတက်ရောက်ဘဲ အမှုစစ်ဆေးပေးရန် တောင်းဆိုချက် (trial in absentia) ကို လိုအပ်ပါက စဉ်းစားနိုင်သော်လည်း သက်ဆင်က လက်ရှိ တွင် တရားရုံးတက်ရောက်ရန် ရည်ရွယ်ထားကြောင်း ရှေ့နေက ပြောကြား ခဲ့သည်။ သို့သော် မတက်ရောက်ဘဲ အမှုစစ်ဆေးပေးရန် တောင်းဆိုချက် သည် အများအားဖြင့် အမြင့်ဆုံးပြစ်ဒဏ် ၁၀ နှစ်ထက် မပိုသော အမှု များတွင်သာ သက်ရောက်နိုင်သည့်အတွက် ယခုအမှုတွင် ပိုမို မြင့်မားသော ပြစ်ဒဏ်ချမှတ်နိုင်သည့် စွဲချက်များပါရှိသဖြင့် တက်ရောက်ရန် လိုအပ် သည်ဟု ရှင်းပြခဲ့သည်။

ကိုးကား- Bangkok Post

အီရန်က ယူကရိန်း၏ မကြာသေးမီက ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက်၍ 'နောက်ဆက်တွဲအကျိုးဆက်များ' ရှိလာနိုင်ကြောင်း သတိပေး

တီဟီရန်မှ ယူကရိန်းဆိုင်ရာ ယာယီ သံအမတ်ကြီးကို ဆင့်ခေါ်၍ အမေရိကန် -အစ္စရေးတို့၏ မကြာသေးမီက အီရန်ကို ပစ်ခတ်မှုအား ယူကရိန်းအရာရှိများက ထောက်ခံသည့် ပြောဆိုချက်များနှင့် ပတ်သက်၍ တရားဝင် ကန့်ကွက်ကြောင်း ကန့်ကွက်လွှာပေးအပ်ခဲ့ပြီး အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့ (ဇွန် ၃၀) တွင် အဆိုပါလုပ်ဆောင်မှုကို ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ “အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်အား တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယူကရိန်းအရာရှိအချို့၏ ဘက်လိုက် ပြောဆိုချက်များ” ကို ပြင်းထန်စွာ ရှုတ်ချခဲ့သည်ဟု ဖော်ပြထားသည်။

ပထမယူရေးရှားဌာနခွဲ၏ အကြီးအကဲ Shahram Farsai က ယူကရိန်း သံအမတ်အား “အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုကို ထောက်ခံခြင်းဖြင့်ယူကရိန်းအရာရှိများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် ဂျီနီဗာ သဘောတူညီချက် လေးရပ်တို့၏ အခြေခံမူများကို လေးစားရန် ယူကရိန်း ၏ အပြည်ပြည်ဆိုင်ရာဥပဒေအရ တာဝန်များကို လျစ်လျူရှုခဲ့ကြောင်း” ပြောကြားခဲ့သည်။

ယူကရိန်းသံတမန်က အီရန်အရာရှိများအား ၎င်းတို့၏ ကန့်ကွက်ချက်ကို ကိယက်ဗ်သို့ အမြန်ဆုံးလွှဲအပ်မည်ဟု အာမခံခဲ့သည်ဟု သိရသည်။ အီရန်အာဏာပိုင်များက ကိယက်ဗ်မှဖော်ပြခဲ့သည့် “ရန်လိုသော စည်းရုံး လှုံ့ဆော်မှုဆိုင်ရာ လုပ်ရပ်များ” ဆက်လက်ပြုလုပ်ပါက နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယူကရိန်းအရာရှိအချို့၏ အမည်နှင့် ထုတ်ပြန်ချက်အသေးစိတ်ကို သီးသန့်ဖော်ပြခဲ့ခြင်းမရှိခဲ့ပေ။ သို့သော်လည်း ၁၂ ရက်ကြာ စစ်ပွဲအတွင်း ကာတာရှိ အမေရိကန် Al-Udeid လေတပ်စခန်းအား အီရန်၏ ဇွန်လ ၂၃ ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်မှုအပေါ် Kiev က တရားဝင် ရှုတ်ချခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက တီဟီရန်သည် မော်စကိုနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်နေပြီး “အရှေ့ အလယ်ပိုင်းနှင့် ဥရောပကို မတည်ငြိမ်အောင်လုပ်ဆောင်နေသည်” ဟု စွပ်စွဲခဲ့သည်။

လွန်ခဲ့သောသီတင်းပတ်က Sky News နှင့်အင်တာဗျူးတစ်ခုတွင် ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်စကီးက ၎င်း၏နိုင်ငံနှင့် အီရန်တို့ဆက်ဆံရေး ကို “အလွန်ရှုပ်ထွေးသော” ဆက်ဆံရေးဟု ဖော်ပြခဲ့ပြီး အီရန်အား ရုရှား ကို ထောက်ခံသည်ဟု ဝေဖန်ခဲ့သည်။ ဇီလန်စကီးက အမေရိကန်-အစ္စရေး တိုက်ခိုက်မှုကို ထောက်ခံခဲ့ပြီး ၎င်းကို “အားကောင်းပြီး မှန်ကန်သော လုပ်ရပ်’ ဟု မှတ်ချက်ပြုခဲ့သည်။

အီရန်နှင့် မော်စကိုတို့က ၎င်းတို့၏ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုသည် တတိယပါတီများကို ရည်ရွယ်ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို သေချာစေရန်နှင့် ၎င်းတို့၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း အကြိမ်ကြိမ်အလေးပေး ပြောဆိုခဲ့သည်။

ပေထုန်တန် ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပေထုန်တန် ရှင်နာဝပ်ထရာ ကို ဝန်ကြီးချုပ်ရာထူးမှ ယာယီရပ်ဆိုင်းရန် ဆန္ဒမဲ ၇ မဲ ၂ မဲ ဖြင့် ဆုံးဖြတ်ခဲ့သည်။ အငြင်းပွားဖွယ်အသံဖိုင်နှင့်ပတ်သက်၍ သူမအား တာဝန်မှ ယာယီရပ်စဲရေး စဉ်းစားရန် ခုံရုံးက သဘောတူညီခဲ့သည်။

ဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမှုကို ကြိုတင်စစ်ဆေးပြီး လက်ခံလိုက်သည်နှင့် တရားသူကြီးများ ဆွေးနွေးညှိနှိုင်းနေစဉ် ဝန်ကြီးချုပ်တာဝန်အား ယာယီရပ်ဆိုင်းထားရပြီး အစိုးရ အဖွဲ့ဝင်များနှင့် ဆက်သွယ်ခွင့် ပိတ်ပင်ထားသည်။ ၎င်းမှာ သက်ဆိုင်ရာ အမှုထမ်းများအပေါ် ဖိအားများ မကျရောက်စေရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တရားသူကြီး (၉) ဦးအနက် (၇) ဦးက ဆီးနိတ်လွှတ်တော်မှ တင်ပြလိုက်သည့် အမှုကို တရားဝင် စဉ်းစားစရာအဖြစ် လက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။ တရားသူကြီးများအကြား ဆွေးနွေးစဉ်းစားမှုအတွက် အဆိုပါအမှုကို လက်ခံခြင်းဖြစ်သည်။ သူမ (ပေထုန်တန်) အနေဖြင့် ထိုအခြေအနေမှ ရုန်းထွက်နိုင်ရန် အလွန် ခက်ခဲမည်ဟု ယူဆရပါသည်။ သူမ၏ ဖူထိုင်းပါတီ Pheu Thai Party (PTP) ကလည်း သူမ၏နေရာကို အစားထိုးမည့်သူတစ်ဦးကို ရွေးချယ်ပြီး ဖြစ်နေပြီ ဖြစ်သည်။

ကိုးကား- Thai News

ထရမ့်က ဆီးရီးယားခေါင်းဆောင်၏ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရမှုကို ပြန်လည်သုံးသပ်ရန် အမိန့်ထုတ်ပြန်

သမ္မတ ဒေါ်နယ်ထရမ့်သည် ဆီးရီးယားအပေါ် ဆယ်စုနှစ်များစွာ ကတည်းက ကျင့်သုံးခဲ့သော ပိတ်ဆို့အရေးယူမှုများကို အဓိက ဖျက်သိမ်းသည့် သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဘာရှာအာဆတ် အစိုးရဟောင်းကို ဖယ်ရှားခဲ့သည့် အစ္စလာမ်မစ်တပ်ပေါင်းစု ခေါင်းဆောင် Ahmed al-Sharaa ၏ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံရမှုကို ပြန်လည်သုံးသပ်ရန် အမိန့်ပေးခဲ့သည်။

ထရမ့်သည် တနင်္လာနေ့ (ဇွန် ၃၀) တွင် အဆိုပါ အမိန့်ကို လက်မှတ်ထိုးခဲ့ပြီး ဘာရှာအာဆတ်နှင့် ယခင်အစိုးရအပေါ် ဦးတည် အရေးယူမှုများကို ဆက်လက်ထိန်းသိမ်းထားသော်လည်း ကျယ်ပြန့်သည့် ဘဏ္ဍာရေး ပိတ်ဆို့မှုများကို လျှော့ပေါ့ပေးခဲ့သည်။ ယခင်အစိုးရကို Hayat Tahrir al-Sham (HTS) ဦးဆောင်သော အကြမ်းဖက်သမားများက ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ဖယ်ရှားခဲ့သည်။

အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော အဖွဲ့များအပေါ် ပိတ်ဆို့မှုများကိုလည်း ဆက်လက် ကျင့်သုံးမည်ဖြစ်သည်။ သို့သော် ထရမ့်၏ အမိန့်တွင် HTS အား “ပြည်ပအကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်ခံရမှုနှင့် al-Sharaa အား “အထူးသတ်မှတ်ထားသော ကမ္ဘာ့ အကြမ်းဖက်သမား” အဖြစ် သတ်မှတ်ခံရမှုတို့ကို ပြန်လည်သုံးသပ်ရန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio အား တာဝန်ပေးထားသည်။ ထို့အပြင် ၁၉၇၉ ခုနှစ်ကတည်းက သတ်မှတ်ခဲ့သည့် ဆီးရီးယား၏အကြမ်းဖက်မှုကို အားပေးသည့်နိုင်ငံ အဆင့်သတ်မှတ်ချက်ကိုလည်း ပြန်လည်ဆန်းစစ်သွားမည်ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ထရမ့်နှင့် al-Sharaa တို့ မေလက ရီယက် မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီးတွင် ရရှိလာခြင်းဖြစ်ပြီး ထိုဆွေးနွေးပွဲ တွင် ဆီးရီးယားပြန်လည်တည်ဆောက်ရေးနှင့် အစ္စရေးနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်နိုင်ခြေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထိုအချိန်က ထရမ့်က ဒမက်စကပ်ရှိ အစိုးရအသစ်အား “ကြီးမြတ်သော အခွင့်အရေး တစ်ရပ်” ပေးရန် ကတိပြုခဲ့သည်။ ဝါရှင်တန်နှင့် ဒမက်စကပ်ကြား နီးကပ်လာသည့် ဆက်ဆံရေးကို ကြီးကြပ်ရန် ၎င်းက တူရကီဆိုင်ရာ အမေရိကန် သံအမတ်နှင့် ကာလရှည်ကြာကတည်းက ယုံကြည်ရသူ Thomas Barrack ကို ဆီးရီးယားဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။

တနင်္လာနေ့ (ဇွန် ၃၀) တွင် သတင်းထောက်များနှင့် ပြောကြားရာတွင် Barrack က “ယခင်က al-Nusrah အဖွဲ့ဝင်ဖြစ်ပြီး အကြမ်းဖက်သမား အဖြစ် သတ်မှတ်ခံထားရသူတစ်ဦးသည် ရုတ်တရက် ခေါင်းဆောင် ဖြစ်လာခြင်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ရှိနေသည်” ဟု ဝန်ခံ ပြောဆို ခဲ့ပြီး ဆီးရီးယား၏ နိုင်ငံရေးအပြောင်းအလဲနှင့် အမေရိကန် လွတ်လပ်ရေး၏ အစောပိုင်းနှစ်များကြား သမိုင်းနှိုင်းယှဉ်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

“သင်တို့ မှတ်မိကြမည်ဆိုပါက မိမိတို့တွင် ၁၄ လကြာသည့် တော်လှန်ရေး စစ်ပွဲ ဖြစ်ခဲ့ဖူးသည်။ မိမိတို့တွင် ရက်စက်မှုများ ရှိခဲ့သည်။ ၁၇၇၆ ခုနှစ် လွတ်လပ်ရေးကြေညာချိန်ကနေ သမ္မတတစ်ဦး ရရန် ၁၂ နှစ်ကြာခဲ့သည်၊ သမ္မတက ဗိုလ်ချုပ်တစ်ဦးပဲ ၊ ၎င်းက George Washington ပါ” ဟု Barrack က နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Rubio က ကြိုတင်သတိပေးခဲ့သည်မှာ ဆီးရီးယားသည် “ISIS အပါအဝင် အခြားဂျီဟာဒ်အဖွဲ့များ၏ ကစားကွင်းတစ်ခု ဖြစ်လာခဲ့ကြောင်း” ဝန်ခံခဲ့သော်လည်း ဆီးရီးယား အစိုးရအသစ်သည် “FBI ၏ နောက်ခံ စစ်ဆေးမှုကို မအောင်မြင်ခဲ့ကြောင်း” လည်း ထောက်ပြခဲ့သည်။

သို့သော်လည်း ၎င်းက “ဒေသတွင်း မတည်ငြိမ်မှုကို တားဆီး ကာကွယ်ရန် အမေရိကန်သည် ၎င်းတို့ကို ထောက်ခံရမည်” ဟု ခိုင်ခိုင်မာမာ ရပ်တည် ပြောဆိုခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူထိန်းသိမ်းရေးစခန်းဖွင့်ပွဲသို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တက်ရောက်နိုင်

နယူးယောက် ဇွန် ၃၀ 
တရားမ၀င် ရွှေ့ပြောင်းဝင် ရောက်သူများကို ယာယီထိန်းသိမ်းရန် ဖလော်ရီဒါတောင်ပိုင်း၌ တည်ဆောက်ထားသော ထိန်းသိမ်းရေး စခန်းသစ်ဖွင့်ပွဲသို့ သမ္မတဒေါ်နယ် ထရမ့်တက်ရောက်ဖွယ်ရှိကြောင်းဇွန် ၂၉ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

သမ္မတ ဒေါ်နယ်ထရမ့်အနေ ဖြင့် ဇူလိုင် ၁ ရက်တွင် အယ်လ်ဂေတာအယ်လ်ကာထရက်ဇ်အမည် ရှိ အဆိုပါ ယာယီထိန်းသိမ်းရေး စခန်းသစ်ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူများက ပြောကြားထားသည်။

သမ္မတဒေါ်နယ်ထရမ့်နှင့်အတူ အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနာနိုအမ်လည်းလိုက်ပါမည်ဖြစ်ကြောင်း သိရသည်။

အယ်လ်​​​ဂေတာအယ်လ်ကာ ထရက်ဇ် ယာယီထိန်းသိမ်းရေးစခန်းကို မိကျောင်းနှင့် စပါးကြီးမြွေများပေါများသည့် အဲဗားဂလိတ်ဒေသ၌ တည်ဆောက်ထား ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတရာထူးစတင် ရရှိခဲ့ပြီးနောက်ပိုင်း အမေရိကန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီး ခြင်း၊ နယ်နှင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ယခုနှစ် ဇွန် ၁၅ ရက်အရောက်တွင် အမေရိကန်နိုင်ငံတစ်ဝန်းရှိဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသူ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက်မှာ ၅၆၀၀၀ထိ ရှိလာ ကြောင်း သိရသည်။ 

Ref : Xinhu

Trs: KKO

YDNB Newspaper