သတင်းများ

EU က ယူကရိန်းဒုက္ခသည်များ၏ လူဝင်မှုကြီးကြပ်ရေး အကာအကွယ်များ ရပ်ဆိုင်းနိုင်ဟုဆို

EU နိုင်ငံများသည် ၎င်းတို့၏နယ်မြေအတွင်း နေထိုင်နေသည့် ယူကရိန်း ဒုက္ခသည်များ၏ တရားဝင်အခြေအနေကို ပြန်လည်သုံးသပ်ရန် ပြင်ဆင် နေကြောင်း Euractiv သတင်းဌာနက တနင်္လာနေ့ (မေ ၂၆) တွင် EU သံတမန်တစ်ဦး၏ ထုတ်ဖော်ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ Temporary Protection Directive (TPD) မှ ထွက်ခွာမည့် အလားအလာ နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများကို ဇွန်လအတွင်း စတင်နိုင်သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်အစောပိုင်း ယူကရန်းပဋိပက္ခ စတင်ချိန်မှစ၍ Brussels မှ TPD ကို အသုံးပြုခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့သော အဆိုပါ ညွှန်ကြားချက်သည် နေထိုင်ခွင့်လက်မှတ်၊ နေအိမ်၊ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ငွေကြေး အထောက်အပံ့နှင့် လူမှုဝန်ဆောင်မှုများအပါအဝင် အကျိုးခံစားခွင့်များစွာကို ပေးထားသည်။ မူလက ၂၀၂၅ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ယခုအခါ ၂၀၂၆ ခုနှစ်၊ မတ်လအထိ တိုးမြှင့်ပေးထားသည်။

အမည်မဖော်လိုသော ထိုသံတမန်က Euractiv သို့ ပြောကြားရာတွင် “ပြောင်းလဲနေသော ပထဝီနိုင်ငံရေးအနေအထား” ကြောင့် နောက်ကွယ်တွင် အဖြေရှာနိုင်ရေး နည်းလမ်းများ နှင့်ပတ်သက်သည့် ဆွေးနွေးမှုများ ပြင်းထန်လာနေကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ ကိစ္စသည် ဇွန်လ ၁၂-၁၃ ရက်နေ့များတွင် ကျင်းပမည့် EU ၏ Justice and Home Affairs Council အစည်းအဝေးတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာ ဖြစ်လာနိုင်သည်။

Euractiv ၏ ဖော်ပြချက်အရ အဖွဲ့ဝင်နိုင်ငံအများစုက လက်ရှိအချိန်တွင် အဆိုပါ အစီအစဉ်ကို ဆက်လက်ထောက်ပံ့ကြသော်လည်း ဥပဒေ ပညာရှင်များက နောက်ထပ်သက်တမ်းတိုးခြင်းသည် အဆိုပါ ညွှန်ကြားချက် ၏ မူလရည်ရွယ်ချက်ကို ကျော်လွန်သွားနိုင်ကြောင်း သတိပေးထားသည်။

International Centre for Migration Policy Development မှ အကြီးတန်း မူဝါဒ အကြံပေး Martin Wagner က “ယာယီ အကာအကွယ်စနစ်မှ တစ်နည်းနည်းဖြင့် မည်သို့ထွက်ရမည်နည်းဆိုသည့် အချက်နှင့်ပတ်သက်ပြီး အစားထိုးနည်းလမ်းများအတွက် တကယ့်ဆွေးနွေးမှု တစ်ခု လိုအပ်နေပြီ” ဟု အလေးအနက်ထည့်သွင်းပြောဆိုခဲ့ပြီး အဆိုပါ ညွှန်ကြားချက်ကို ရေရှည်ဖြေရှင်းနည်းအဖြစ် ရည်ရွယ်ခဲ့ခြင်း မဟုတ်ကြောင်း ထောက်ပြခဲ့သည်။

နောက်ထပ်အမည်မဖော်လိုသော သံတမန်တစ်ဦးကလည်း EU အနေဖြင့် “ဥရောပနိုင်ငံများ၏ ခိုလှုံခွင့်စနစ်များအပေါ်  အလွန်အမင်းဝန်ပိသွားစေမည့် အန္တရာယ်ကို ဖိတ်ခေါ်နေသည်- TPD က ဒါကို တားဆီးဖို့အတွက် ရည်ရွယ်ခဲ့တာပါ” ဟု သတိပေးခဲ့သည်။

Wagner က လက်ရှိအကျိုးခံစားခွင့်ရှိသူအရေအတွက်သည် နိုင်ငံများ၏ ပုံမှန်ကိုင်တွယ်နိုင်သည်ထက် အဆပေါင်းများစွာ ပိုများနေပြီဖြစ်ကာ ဝန်ထုတ်ဝန်ပိုးဖြစ်နေစေသည် ဟု ရည်ညွှန်းပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဒုတိယအကြိမ် အာဆီယံ-GCC ထိပ်သီးအစည်းအဝေးက ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးအတွက် လမ်းဖွင့်ပေး

စီးပွားရေးဆိုင်ရာ မရေရာမှုများ၊ ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုများကြောင့် ပိုမိုရှုပ်ထွေးလာသော နိုင်ငံတကာအခင်းအကျင်းအား လမ်းညွှန်တည့်မတ်ရန်အတွက် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးတို့မှာ ဒုတိယအကြိမ် အာဆီယံ-GCC ထိပ်သီး အစည်းအဝေး၌ အဓိကဆွေးနွေးမည့် အကြောင်းအရာများထဲတွင်ပါဝင်ကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကွာလာလမ်ပူမြို့တွင် မေ ၂၇ ရက်၌ ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်က ယခုထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီးနောက် နှစ်ဖက်အနေဖြင့် နိုင်ငံရေးအရ လုံခြုံမှုရှိရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုစသော ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍကြီး သုံးရပ်၌ တိုးတက်မှုများ လျင်မြန်စွာ ရရှိခဲ့သော်လည်း ကမ္ဘာ့ရေးရာ များတွင် ဖြစ်ပေါ်တိုးတက်နေသော အခြေအနေသစ်များကို ရင်ဆိုင်ရာ၌ အဆိုပါ တိုးတက်မှုများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေး ဖွင့်ပွဲတွင် အန်ဝါက ပြောကြားခဲ့သည်။

“မိမိတို့အနေဖြင့် စီးပွားရေးဆိုင်ရာ မရေရာမှု၊ ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုတွေကြောင့် ပိုမိုရှုပ်ထွေးလာသည့် နိုင်ငံတကာ အခင်းအကျင်းကို လမ်းညွှန်တည့်မတ်ပေးရာမှာ အာဆီယံ-GCC မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုက မျက်မှောက်ခေတ်မှာ အရင်ကထက်ပိုပြီး အရေးပါ လာပြီဟု ယုံကြည်ပါသည်။ အာဆီယံနှင့် GCC တို့သည် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားအဖြစ်ရော တည်ငြိမ်မှုကို ထိန်းသိမ်း ပေးသူ အဖြစ်ပါ ဖြစ်လာရန် နည်းလမ်းတွေ၊ တာဝန်ဝတ္တရားတွေ ရှိနေ ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။

“အာဆီယံ-GCC ဆက်ဆံရေး ပိုမိုခိုင်မာလာခြင်းသည် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရန်၊ ပြည်သူတွေအတွက် ရေရှည်တည်တံ့သည့် သာယာဝပြောမှု ရရှိအောင် လုပ်ဆောင်ရန်အတွက် အဓိကကျလာမည်ဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့ပြီး အာဆီယံနှင့် GCC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့၏ ဘုံမျှော်မှန်းချက်အား ခိုင်မာ၍ ထိရောက်အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်မှု အဖြစ် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။ 

ယခုထိပ်သီးအစည်းအဝေး၌ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခဲ့ကာ အဆိုပါ ထိပ်သီးအစည်းအဝေးအား ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ ၂၀၂၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုးကား - Xinhua

ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းက ရုရှား၏ “နိုင်ငံရေး ရွေးချယ်မှု” ဖြစ်ကြောင်း ဇီလန်းစကီး ပြောကြား

ယူကရိန်းအပေါ် ရုရှား၏ ၃ ရက်ဆက်တိုက် အကြီးအကျယ် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ယင်းမှာ ရုရှား၏ “နိုင်ငံရေး ရွေးချယ်မှု” ဖြစ်ကြောင်း နှင့် အနောက်နိုင်ငံများအနေဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ယူကရိန်းသမ္မတ ဇီလန်းစကီးက မေ ၂၆ ရက်တွင် လူမှုမီဒီယာတွင် ၎င်း၏ သဘောထား ဖော်ပြခဲ့သည်။

ရုရှားစစ်တပ်က ယူကရိန်းစစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းသည် ယူကရိန်းက ရုရှားအရပ်သုံး အဆောက်အအုံများကို တိုက်ခိုက်သည့်အပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း အဆိုပါနေ့ အစောပိုင်းတွင် ရုရှားသမ္မတ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က မီဒီယာများထံ ပြောကြားခဲ့သည်။

၃ ရက်တာ အချိန်တိုလေးအတွင်း ရုရှားက ယူကရိန်းထံ တိုက်ခိုက်သည့် ဒရုန်း ၉၀၀ ကျော်ကို ပစ်လွှတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ပဲ့ထိန်းဒုံးကျည် နှင့် ခရုဇ်ဒုံးကျည်များကိုလည်း ပစ်လွှတ်ခဲ့ကြောင်း၊ “ဒါက စစ်ရေးအရ ဘယ်လိုမှ အဓိပ္ပာယ်မရှိသော်လည်း ရုရှား၏ နိုင်ငံရေး ရွေးချယ်မှု ဖြစ်သည်မှာ သိသာပါသည်” ဟု ဇီလန်းစကီးက ဆိုရှယ်မီဒီယာတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများအနေဖြင့် ရုရှားအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှုအသစ်များ ဖော်ဆောင်ရန် ဇီလန်းစကီးက တိုက်တွန်းခဲ့သလို ရုရှားဘက်က ရုရှား-ယူကရိန်း သဘောတူညီမှုစာချွန်လွှာ မူကြမ်းရေးသားရန် အချိန်ဆွဲနေကြောင်းလည်း အရိပ်အမြွက်ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ရုရှားနှင့် ထိစပ်နေသော ယူကရိန်း Sumy ပြည်နယ်အုပ်ချုပ်ရေးမှူး Oleh Hryhorov က ရုရှားစစ်တပ်သည် အဆိုပါဒေသရှိ ကျေးရွာ ၄ ခုကို ထိန်းချုပ်ထားရာ ယင်းမှာ ရုရှားဘက်က ယူကရိန်း နယ်နိမိတ်အပေါ်တွင် “ကြားခံဇုန်” တည်ဆောက်ရန် ကြိုးပမ်းနေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

ထရမ့်က မေ ၂၅ ရက်တွင် ဆိုရှယ်မီဒီယာပေါ်၌ ရုရှားသမ္မတ ပူတင် “ရူးသွပ်သွားပြီ” ဟု ဝေဖန်ခဲ့ပြီး တစ်ချိန်တည်းမှာပင် “ဇီလန်းစကီး ပြောသည့် စကားတိုင်းက ပြဿနာဖြစ်အောင် လုပ်နေသည်” ဟု ပြစ်တင် ပြောဆိုသည့် ပို့စ်ကို ရေးသားဖော်ပြခဲ့သည်။ ဇီလန်းစကီးက ဗီဒီယို မိန့်ခွန်းတွင် ထရမ့်၏ ပြစ်တင်ပြောဆိုမှုအပေါ် တုံ့ပြန်မှုမပြုခဲ့ပေ။ ပက်စ် ကော့ဗ်က ထရမ့်၏ ပူတင်အပေါ် ဝေဖန်မှုမှာ “စိတ်ခံစားမှုအပေါ် အခြေခံသော တုံ့ပြန်မှု” ဟု ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းနိုင်ငံသည် ယခုလ ၁၆ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန် ဘူလ်တွင် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ပြန်လည်စတင်ခဲ့ပြီး “မူအရ” ဆက်လက်၍ ထိတွေ့ဆက်ဆံမှု၊ စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန် ဆန္ဒရှိသည်။

နှစ်နိုင်ငံအနေဖြင့် အနာဂတ်တွင် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး သဘောတူညီချက်နှင့်စပ်လျဉ်း၍ ယူကရိန်းနှင့်အတူ သုတေသနပြုကာ စာချွန်လွှာမူကြမ်းတစ်ခု ရေးဆွဲရန် အဆိုပြု၍ ပြင်ဆင်သွားမည်ဖြစ်ကြောင်း မေ ၁၉ ရက်တွင် ထရမ့်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးပြီးနောက် ပူတင် က ပြောကြားခဲ့သည်။

ကိုးကား- Xinhua

ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝတ်ထရာနှင့် သွားတွေ့ခဲ့ခြင်းမဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ်ထရာ ငြင်းဆို

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝတ်ထရာက ၎င်း၏ ဗြိတိန်နှင့် မိုနာကိုသို့ မကြာသေးမီက သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် ပတ်သက်ပြီးဝေဖန်မှုများရှိနေခဲ့ခြင်းကို တနင်္ဂနွေနေ့ (မေလ ၂၅ ရက်) က ရှင်းလင်းချက် ထုတ်ပြန်သွားပါသည်။ အဆိုပါ လည်ပတ်မှုသည် ပြည်သူ့ငွေကြေးဖြင့် သီးသန့်အားလပ်ရက်များတွင် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါသည်။

ဘန်ကောက်မြို့၊ ဒွန်မောင်းမြို့နယ်ရှိ ထိုင်းတော်ဝင်လေတပ် အခြေစိုက်စခန်း၏ Wing 6 တွင် ပြောကြားရာတွင် ၎င်းနှင့် ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝတ်ထရာတို့နှင့်အတူ တွဲရိုက်ထားသည့် အွန်လိုင်းပေါ်တွင် တင်ထားသော ဓာတ်ပုံတစ်ပုံမှာ ယခုခရီးစဉ်အတွင်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ဓာတ်ပုံအဟောင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

ဓာတ်ပုံထဲမှ သူမ၏ဆံပင်ပုံစံကို ဆန်းစစ်ပြီး လက်ရှိပုံစံနှင့် နှိုင်းယှဉ်မေးမြန်းသည့်အကြောင်းကို လူမှုမီဒီယာ အသုံးပြုသူများက မေးမြန်းသည့်အခါ ပေထုန်တန်က ထင်ကြေးပေးမှုများကို ဟာသဖြင့် ပယ်ချခဲ့ပါသည်။ “ကျွန်မရဲ့ဆံပင်ကို အကြိမ်တိုင်း ဒီလိုပဲခွဲလိုက်တာက ဘာကိုမှ သက်သေမပြနိုင်ဘူးလား။ တကယ်ပဲ ကျွန်မသွားခဲ့သည့် ခရီးစဉ်အတွင်းမှာ ယင်လပ်နှင့် မတွေ့ခဲ့ပါဘူး” ဟု ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါသည်။

ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို အစိုးရဌာနအချင်းချင်း ဆန်ဈေးတင် ရောင်းချမှုဖြင့် ဗဟိုတရားရုံးက ဘတ်ငွေ သန်း ၁၀၀၀ လျော်ကြေးပေးရန် လွန်ခဲ့သည့် သီတင်းပတ်က အမိန့်ချခဲ့ပါသည်။ ပေထုန်တန်က ယင်လပ်နှင့် အဆက်အသွယ်ရှိခြင်းကိုမူ မငြင်းဆိုခဲ့ပေ။ 

“ကျွန်မ ယင်လပ်နှင့် ဖုန်းအဆက်အသွယ်ရှိသလို သက်ဆင်နှင့်လည်း အဆက်အသွယ်ရှိပါတယ်။ သက်ဆင်က ထိုင်းနိုင်ငံမှာပဲ ရှိပါတယ်။ ရဲ အထွေထွေ ဆေးရုံမှာ ဆေးကုသခံနေပါတယ်။ ဝန်ကြီးချုပ် အိမ်ရာမှာ နေထိုင်ပါတယ်။ သူဘယ်မှ မသွားပါဘူး။ ကျွန်မ ယူကေကိုသွားတာက အဲဒီမှာ ကျောင်းတက်နေသည့် ကျွန်မရဲ့ ကလေးတွေကို သွားကြည့်တာပါ။ လိုင်းပေါ်မှာ ကျွန်မနှင့် ပတ်သက်ပြီးတင်သည့် သတင်းအများစုက အမှားတွေ များပါတယ်။ ကျွန်မ အလုပ်ကို ကြိုးကြိုးစားစား လုပ်နေပါတယ်။ ကျွန်မနှင့်ပတ်သက်ပြီး ပြည်သူတွေ စိတ်မသက်မသာဖြစ်တယ်ဆိုရင် တိုက်ရိုက်မေးနိုင်ပါတယ်။ လမ်းဖွင့်ထားပါတယ်။ အခုလို ဖြေရှင်းခွင့်ရတာ ဝမ်းသာပါတယ်” ဟု ပြောသွားပါသည်။

ကိုးကား- MNP

ရုရှား-ယူကရိန်း တိုက်ရိုက် တွေ့ဆုံဆွေးနွေးပြီးနောက် ပထမအသုတ် စစ်သုံ့ပန်းအများအပြား လဲလှယ်

ရုရှား-ယူကရိန်း နှစ်ဖက်သည် မေ ၁၆ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန် ဘူလ်မြို့ စစ်သုံ့ပန်းလဲလှယ်မှု သဘောတူညီချက် ရရှိပြီးနောက် စစ်သုံ့ပန်း အများအပြားလဲလှယ်သည့် ပထမအဆင့်လုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၃ ရက်တွင် သတင်းထုတ်ပြန် ပြောကြားခဲ့သည်။

ယူကရိန်းက ရုရှားစစ်သည် ၂၇၀ ဦးနှင့် အရပ်သား ၁၂၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း၊ ထို့အပေါ် တုံ့ပြန်သည့်အနေဖြင့် ရုရှားက ယူကရိန်းသို့ ယူကရိန်းစစ်သုံ့ပန်း ၂၇၀ ဦးနှင့် အရပ်သား ၁၂၀ ဦးကို လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ နိုင်ငံသို့ ပြန်လာရန် လဲလှယ်ထားသည့် ရုရှားဘက်က လူပုဂ္ဂိုလ် များသည် ဘယ်လာရုဇ်တွင် စိတ်ပိုင်းဆိုင်ရာနှင့် ဆေးကုသမှု အကူအညီများ ခံယူလျက်ရှိကြောင်း သိရသည်။

ရုရှား-ယူကရိန်း သုံ့ပန်းအများအပြား လဲလှယ်မှုအစီအစဉ်သည် လာမည့် ရက်ပိုင်းများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း နှစ်နိုင်ငံသည် မေ ၁၆ ရက်က အစ္စတန်ဘူလ်မြို့၌ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ တိုက်ရိုက်ဆွေးနွေးပွဲကို ပြန်လည်စတင်ခဲ့ရာ နှစ်ဖက်အနေဖြင့် စစ်သုံ့ပန်း ထောင်ချီလဲလှယ်မည့် သဘောတူညီချက် ရရှိခဲ့သည်။ 

မော်စကိုမှ ကိယက်ဗ်အား စစ်ဆင်ရေးပြုလုပ်ရန် မလွှဲမရှောင်သာ တွန်းပို့ခြင်း ခံခဲ့ရသည်ဟု ပူတင်ပြောကြား

၂၀၁၄ ခုနှစ်က အနောက်နိုင်ငံများက အားပေးထောက်ခံခဲ့သော Euromaidan အာဏာသိမ်းမှုအပြီး ကိယက်ဗ်မှ ဒွန်ဘတ်စ်ဒေသခံများအား ဆက်လက် ညှဉ်းပန်းနှိပ်စက်ခဲ့သည့်အတွက် ရုရှားအနေဖြင့် ယူကရိန်းတွင် စစ်ဆင်ရေး စတင်ရန် အခြားရွေးချယ်စရာမရှိခဲ့ကြောင်း သမ္မတ ဗလာဒီမာပူတင် ပြောကြားခဲ့သည်။

တနင်္လာနေ့ (မေ ၂၆) က ကရင်မလင်၌ လုပ်ငန်းရှင်များနှင့် ကျင်းပသော အစည်းအဝေးတွင် ပူတင်က မော်စကိုအနေဖြင့် အိမ်နီးချင်းနိုင်ငံရှိ ရုရှား စကားပြောသူများ၏ ဒုက္ခများကို လျစ်လျူရှု၍မရကြောင်း ပြောကြား ခဲ့သည်။ ၂၀၁၄ အစောပိုင်းက ကိယက်ဗ်တွင် ငြိမ်းချမ်းစွာစတင်ခဲ့သော ဆန္ဒပြမှုများ၊ အဓိကရုဏ်းများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခများ ဖြစ်ပွားကာ ဒီမိုကရက်တစ်နည်းလမ်းကျကျ ရွေးကောက်တင်မြှောက် ခံထားရသော သမ္မတ ဗစ်တာယာနူကိုဗစ်ချ် အာဏာဖယ်ရှားခံရသည့် အဖြစ်အပျက်များမှ ယခုပဋိပက္ခစတင်ခဲ့ကြောင်း ရုရှား၏ သဘောထား ကို ထပ်လောင်းအတည်ပြုခဲ့သည်။ ယာနူကိုဗစ်ချ်ကို ဆန့်ကျင်သော အင်အားစုများတွင် Right Sector နှင့် Svoboda ကဲ့သို့သော အစွန်းရောက် အမျိုးသားရေးအုပ်စုများ ပါဝင်ခဲ့သည်ဟု ဆိုသည်။

“ယူကရိန်းတွင် အာဏာသိမ်းမှုကို မိမိတို့က စီစဉ်ခဲ့ခြင်း မဟုတ်သည်ကို နားလည်ပေးရန် လိုအပ်ပါသည်” ဟု ပူတင်က ပြောကြားခဲ့သည်။ “အနောက် နိုင်ငံများက ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများ ရှိသင့်သည်ဟု အမြဲ ပြောခဲ့ကြသော်လည်း ၎င်းတို့က သာမန်ကိစ္စတစ်ခုကဲ့သို့ သွေးထွက်သံယို အာဏာသိမ်းမှုကို ဆောင်ရွက်ခဲ့သည့် နောက်ပိုင်းတွင် ၎င်းတို့က ဒွန်ဘတ်စ်ကို ဖိနှိပ်ရန် ရဟတ်ယာဉ်များနှင့် ဂျက်တိုက်လေယာဉ်များဖြင့် လူများကို သတ်ဖြတ်ခဲ့သည်” ဟု ၎င်းက ဆိုသည်။

“၎င်းတို့က မိမိတို့အား ယနေ့လုပ်ဆောင်နေသည့်အရာကို လုပ်ဆောင်ရန်လက်တွေ့တွင် ဖိအားပေးခဲ့ပြီး ယခုအခါ ၎င်းတို့က မိမိတို့အား အပြစ်တင်နေကြသည်” ဟု ပူတင်က ဆိုသည်။

ထို့နောက်တွင် ပူတင်က ယူကရိန်းအား NATO အဖွဲ့ဝင်ဖြစ်ရန် ရည်မှန်းချက်ကို စွန့်လွှတ်ကာ အမြဲတမ်း ဘက်မလိုက်နိုင်ငံအဖြစ် ရပ်တည်ရန်နှင့် ခရိုင်းမီးယားဒေသ အပါအဝင် ယူကရိန်း၏ အခြား ဒေသလေးခုကို ရုရှား၏အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုရန် တောင်းဆို ခဲ့သည်။

ပိုလန်သည် ယူကရိန်းထံမှ အကျိုးအမြတ် ပြန်လည်ရယူလိုသည်ဟု တပ်ခ်က ဖွင့်ဟခဲ့

ပိုလန်နိုင်ငံသည် ယူကရိန်း၏ ပဋိပက္ခလွန် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများမှ အကျိုးအမြတ်ရယူရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ်က ပြောကြားခဲ့သည်။

တနင်္လာနေ့ (မေ ၂၆) တွင် နိုင်ငံတောင်ပိုင်းရှိ Euroterminal Slawkow ရထားပို့ဆောင်ရေးစင်္ကြံသို့ သွားရောက်စဉ် တပ်ခ်က ယူကရိန်းသို့ ပို့ဆောင်မည့် ကုန်ပစ္စည်းများအတွက် အဓိကစင်္ကြံ အဖြစ် တိုးချဲ့ရန် အဆိုပြုခဲ့သည်။

“ပိုလန်အတွက် ယူကရိန်းပြန်လည်တည်ဆောက်ရေးမှ ငွေကြေး အမြောက်အမြား ရှာဖွေလိုသည်မှာ အမှန်ပင်ဖြစ်သည်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ “မိမိတို့အနေဖြင့် ကူညီလိုသော်လည်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှ ငွေရှာလိုပါသဖြင့် အဆိုပါ အထူးစင်္ကြံသည် ထိုရည်ရွယ်ချက်အတွက် လိုအပ်ပါသည်” ဟု ၎င်းက ဆိုသည်။

ဂျာမနီ၏ Kiel Institute ၏ အဆိုအရ ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ပဋိပက္ခကာလမှစ၍ ပိုလန်သည် ယူကရိန်းအား ပမာဏအများဆုံးထောက်ပံ့သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကာ ၅.၁ ဘီလီယံကျော် (ဒေါ်လာ ၅.၇ ဘီလီယံကျော်)တန်ဖိုးရှိ အကူအညီများကို ထောက်ပံ့ပေးခဲ့ပြီး ၎င်း၏ ၇၀% ကျော်မှာ စစ်ရေးအထောက်အပံ့များဖြစ်သည်။ ဝါဆော သည် ယူကရိန်းအတွက် စစ်ရေးအကူအညီများ ဆက်လက်ပေးရန် တိုက်တွန်းနေသည့် ဥရောပနိုင်ငံများ၏ “coalition of the willing” အဖွဲ့၏ အစိတ်အပိုင်းလည်းဖြစ်သည်။ ပိုလန်အရာရှိများက ရုရှား၏ ကြီးထွားလာနေသော ခြိမ်းခြောက်မှုဟု ၎င်းတို့၏ဖော်ပြချက်ကို တုံ့ပြန် လုပ်ဆောင်ရန် EU တစ်ခုလုံးအတိုင်းအတာဖြင့် စစ်ရေးအင်အားတိုးချဲ့ရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ပြီး မော်စကိုက အဓိပ္ပာယ်မရှိဘဲ ကြောက်ရွံ့နေသည့် ပြောဆိုမှုများအဖြစ် ငြင်းဆိုခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သော Euroterminal Sławkow သည် Pan-European Transport Corridors III နှင့် VI တို့၏ ဆုံမှတ်အနီးတွင် တည်ရှိပြီး လက်ရှိတွင် ပိုလန်၊ လစ်သူယေးနီးယား၊ ဂျာမနီ၊ အီတလီနှင့် ယူကရိန်းဒေသများအကြား ပုံမှန်ဆက်သွယ်မှုများကို ပံ့ပိုးပေးနေသည်။ တပ်ခ်၏ အဆိုအရ၊ အနောက်ဥရောပ၊ ယူကရိန်းနှင့် အာရှတို့ကို ဆက်သွယ်ပေးသည့် ရထားလမ်းဆုံမှတ်တွင် တည်ရှိသောကြောင့် အဆိုပါစင်္ကြံသည် အဓိကကုန်စည်လွှဲပြောင်းရေးစင်္ကြံအဖြစ် ဖြစ်လာနိုင်သည်ဟု ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံက ရေနံကြွယ်ဝသည့် ဒေသတစ်ခုအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အဆိုပါဒေသသည် အခြားနိုင်ငံတစ်နိုင်ငံ၏ နယ်မြေဖြစ်နေ

တနင်္ဂနွေနေ့ (မေ ၂၅) တွင် ဗင်နီဇွဲလားနိုင်ငံသားများသည် Essequibo ဒေသအတွက် ပထမဆုံးအကြိမ် အုပ်ချုပ်ရေးမှူးနှင့် အခြားဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ခဲ့ပါသည်။ အဆိုပါဒေသတွင် ရေနံချက်စက်ရုံများ အများအပြားရှိပြီး ဗင်နီဇွဲလားက ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသော်လည်း အခြားနိုင်ငံများက Guyana နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားသော နယ်မြေ ဖြစ်ပါသည်။

Essequibo ဒေသမှာနေထိုင်သည့် လူဦးရေ ၁၂၅,၀၀၀ (Guyana နိုင်ငံ၏ ၁၅% ကျော်) သည် အဆိုပါရွေးကောက်ပွဲတွင် ပါဝင်မဲပေးခြင်း မရှိခဲ့ပေ။ Guyana အစိုးရအဖွဲ့က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည့် အဆိုပါ ရွေးကောက်ပွဲ၌ ဗင်နီဇွဲလားနိုင်ငံသားများက အုပ်ချုပ်ရေးမှူးအသစ်၊ ဗင်နီဇွဲလားအမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် ၆ ဦးနှင့် ဒေသ ဆိုင်ရာဥပဒေပြုလွှတ်တော်အတွက် ၇ ဦးကို ရွေးချယ်ခဲ့ကြပါသည်။ သို့သော် ရွေးကောက်ခံရသည့် အရာရှိများသည် Guyana မှ အုပ်ချုပ်နေသော အဆိုပါနယ်မြေကို မည့်ကဲ့သို့ စီမံခန့်ခွဲမည်ဆိုသည်ကို ရှင်းလင်းမှု မရှိကြပါ။

အဆိုပါရွေးကောက်ပွဲသည် ဗင်နီဇွဲလားနှင့် Guyana တို့ကြား နှစ်ပေါင်း များစွာ ဆက်လက်ဖြစ်ပွားနေသော နယ်မြေအငြင်းပွားမှု၏ နောက်ထပ် စော်ကားမှုတစ်ခုဖြစ်သည်ဟု ဆိုသည်။ အဆိုပါဖြစ်စဉ်သည် ဗင်နီဇွဲလား သမ္မတ Nicolás Maduro က "Guayana Esequiba" ဟူသည့် အသစ် ဖွဲ့စည်းမည့်ပြည်နယ်တစ်ခုကို Florida ပြည်နယ်အရွယ်အစားရှိသည့် အဆိုပါနယ်မြေ၌ တည်ထောင်ရန် အမိန့်ထုတ်ပြန်ပြီး တစ်နှစ်ကျော် အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကို ဗင်နီဇွဲလား နိုင်ငံသားများက ဆန္ဒခံယူပွဲ၌ ထောက်ခံအတည်ပြုခဲ့ကြပါသည်။

Guyana အစိုးရက ဗင်နီဇွဲလား၏ ယင်းလုပ်ရပ်များသည် နယ်မြေသိမ်း ယူမှုဆီ ဦးတည်နေသော အဆင့်တစ်ခုဖြစ်ပြီး အဆိုပါဒေသတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်နိုင်သည့် အန္တရာယ်ရှိနေခြင်းကြောင့် တည်ရှိမှုကို ခြိမ်းခြောက်နေသည့်အရာဟု ပြောဆိုဝေဖန်ခဲ့ပါသည်။

သမ္မတ Maduro က ဇန်နဝါရီလတွင် Essequibo ဒေသအတွက် မဲပေးပွဲကျင်းပမည်ဟု ပထမဆုံးကြေညာခဲ့ပြီး အဆိုပါရွေးကောက်ပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အုပ်ချုပ်ရေးမှူးများနှင့် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်သည့် ပိုမိုကျယ်ပြန့်သော ရွေးကောက်ပွဲ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

တနင်္ဂနွေနေ့ (မေ ၂၅) က ကျင်းပသည့် ရွေးကောက်ပွဲမတိုင်မီ Telegram ၌ ပြောကြားရာတွင် Maduro က " ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ဆန္ဒအလျောက် လွတ်လပ်စွာ ရွေးချယ်နိုင်ပြီး ၂၄ ပြည်နယ်အတွက် အကောင်းဆုံး အုပ်ချုပ်ရေးမှူးများကို ရွေးကောက်နိုင်ကြပါစေ” ဟု Maduro က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက Essequibo ကို ဗင်နီဇွဲလား၏ ၂၄ ခုမြောက်ပြည်နယ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။

ကိုးကား-CNN

ထရမ့်က ပူတင်သည် “လုံးဝကို ရူးသွပ်သွားပြီ” ဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသည် အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲယူကရိန်းကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု ကိယက်ဗ် နှင့် အခြားဒေသများရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်မှုများ စတင် ပြီးနောက် ပြောဆိုခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောသီတင်းပတ်အတွင်းက ယူကရိန်းဘက်မှ UAV ဒရုန်းအစင်းရေ ရာချီ၍ ရုရှားနယ်နိမိတ်အတွင်းသို့ တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က အင်္ဂါနေ့ (မေ ၂၀) မှ သောကြာနေ့ (မေ ၂၃) အတွင်း ယူကရိန်းဘက်မှ တိုက်ခိုက်လာသော ဒရုန်း ၇၆၄ စင်း ကြားဖြတ် ပစ်ချခဲ့ရသည်။ အင်္ဂါနေ့ (မေ ၂၀) က ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကာ့စ်ခ် ဒေသသို့ သွားရောက်စဉ် ၎င်းစီးနင်းလာသည့် ရဟတ်ယာဉ်သည် ဒရုန်းတိုက်ခိုက်မှုကြီးအတွင်း ရောက်ရှိနေခဲ့သည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

ထိုတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရုရှားစစ်တပ်က စနေနေ့ (မေ ၂၄) တွင် ကိယက်ဗ်ရှိ ဒရုန်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံကို အကြီးစား တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့ (မေ ၂၅) တွင်လည်း ယူကရိန်းစစ်ရေးအဆောက်အအုံများကို ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပူတင်နှင့် ၎င်းတို့နှစ်ဦးအကြား ကောင်းမွန်သောဆက်ဆံရေးရှိသော်လည်း မည်သည့်အကြောင်းရင်းခံမျှမရှိဘဲ ယခုကဲ့သို့ တိုက်ခိုက်မှုများအတွက် အံ့အားသင့်ကြောင်း၊ မည်သည့် တိုက်ခိုက်မှုကိုမျှ နှစ်သက်မှု မရှိကြောင်းနှင့် ပူတင် ရူးသွပ်သွားပြီ ဖြစ်ကြောင်း ၎င်း၏ Truth social media တွင်ရေးသားခဲ့သည်။

ထရမ့်က ယူကရိန်းခေါင်းဆောင် ဇီလန်စကီးကိုလည်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

ဥရောပက ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်းပေါ်ကို ရောက်နေပြီ ဟု ဂျာမနီ ဝန်ကြီးချုပ်ဟောင်း မာကယ်လ်ပြောဆို

ဥရောပသမဂ္ဂအတွက် ပျက်စီးခြင်းကိုဖြစ်စေနိုင်သည့် ပိုမိုတင်းကြပ်သော နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုနှင့် နယ်စပ်ထိန်းချုပ်ရေး မူဝါဒများ အကြောင်း ဂျာမနီ၏ ဝန်ကြီးချုပ်ဟောင်း အန်ဂျလာ မာကယ်က သတိပေးလိုက်သည်။ ထိုသတိပေးချက်မှာ ခိုလှုံခွင့်တောင်းခံသူများ ဝင်ရောက်မှုကို ကန့်သတ်သည့် ဂျာမနီ၏ လတ်တလော အစီအမံများနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

မာကယ်က လွန်ခဲ့သော သီတင်းပတ်က Neu-Ulm မြို့၌ ကျင်းပသည့် 'Southwestern Press Forum' အခမ်းအနားတွင် သူမ၏ "Freedom" စာအုပ်ကို မိတ်ဆက်စဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဂျာမနီ-သြစတြီးယား သို့မဟုတ် ဂျာမနီ-ပိုလန်နယ်စပ်တွင် ပိတ်ပင် တားဆီးရုံမျှဖြင့် တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်လာမှုများကို ပြတ်ပြတ် သားသား တိုက်ဖျက်နိုင်မည်ဟု ကျွန်မ မယုံကြည်ပါ၊ ဥရောပ တစ်တိုက် လုံးပါဝင်သည့် ဖြေရှင်းနည်းတွေကို ကျွန်မ အမြဲတမ်း ထောက်ခံခဲ့ပါသည်” ဟု ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz ၏ အစိုးရအဖွဲ့မှ ချမှတ်ခဲ့သော နောက်ဆုံးအစီအမံများနှင့် ပတ်သက်၍ မေးမြန်းမှုတွင် Merkel က ဖြေကြားခဲ့သည်။

အဆိုပါ မူဝါဒသစ်တွင် ဂျာမနီ၏ ကုန်းတွင်းနယ်စပ်အားလုံးတွင် ခိုလှုံခွင့် လျှောက်ထားမှုများကို တားမြစ်ထားပြီး မာကယ်၏ ၂၀၁၅ ခုနှစ်က နယ်စပ်ဖွင့်ပေးခဲ့သည့် သဘောထားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အခြားအားနည်းချက် ရှိသူများအတွက် ခြွင်းချက်များ သတ်မှတ်ထားသည်။

မာကယ်၏ အဆိုအရ အဆိုပါကန့်သတ်မှုသည် ဥရောပသမဂ္ဂအတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် ရှင်ဂန်ဇုန်၏ ခိုင်မာသော အခြေခံမူကို ခြိမ်းခြောက်နေသည်ဟု ဆိုသည်။ ရှင်ဂန်ဇုန်သည် ဥရောပအဖွဲ့ဝင် နိုင်ငံအများစုတွင် ဗီဇာမလိုအပ်ဘဲ ခရီးသွားလာခွင့်ကို ခွင့်ပြုထားသည်။

မာကယ်က လူဝင်မှုနှင့် ခရီးသွားလာရေး ပြုပြင်ပြောင်းလဲမှုများကို ဥရောပသမဂ္ဂအဆင့်တွင် သဘောတူညီသင့်သည်ဟု ပြောကြားခဲ့သည်။ “အခြားနည်းလမ်းမရှိပါက၊ ဥရောပကို ပျက်စီးသည်အထိ တွေ့မြင်ရနိုင်သည်” ဟု သူမက သတိပေးခဲ့သည်။

၂၀၁၅-၁၆ ခုနှစ် ဒုက္ခသည်အကျပ်အတည်း အထွတ်အထိပ်တွင် ဂျာမနီ သို့ ဒုက္ခသည်တစ်သန်းကျော် ဝင်ရောက်ခွင့်ပြုခဲ့သည့် မာကယ်၏ တံခါးဖွင့် မူဝါဒသည် နိုင်ငံရေးအရ ပြင်းထန်သော ပြန်လည်တုံ့ပြန်မှုကို ရင်ဆိုင်ခဲ့ရပြီး “ဘေးအန္တရာယ်ကိုဖိတ်ခေါ်မှု” ဟု ဝေဖန်ခံခဲ့ရသည်။

ဥရောပသမဂ္ဂ၏ စာရင်းဇယားများအရ၊ ဂျာမနီသည် ၂၀၂၃ ခုနှစ်တွင် ခိုလှုံခွင့်လျှောက်ထားသူ ၂၃၇,၀၀၀ ကျော်ကို လက်ခံခဲ့ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ လက်ခံမှုစုစုပေါင်း၏ လေးပုံတစ်ပုံခန့်ရှိသည်။ ဂျာမနီသည် ဥရောပသမဂ္ဂတွင် ခိုလှုံခွင့်တောင်းခံသူများ၏ အဓိက ဦးတည်ရာ နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။