သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသည် ကိယက်ဗ်သို့ စစ်ဘက် ဆိုင်ရာအထောက်အပံ့ပစ္စည်းများနှင့် ခဲယမ်းများ ပို့ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားကြောင်း မီဒီယာ ဖော်ပြချက်များကို ငြင်းဆိုခဲ့ပြီး အကူအညီ များ ဆက်လက်ပေးပို့နေဆဲဖြစ်ကြောင်း၊ ဝါရှင်တန်သည် ၎င်းကိုယ်တိုင် နှင့် မဟာမိတ်များအား ကာကွယ်ရန် လုံလောက်သော လက်နက်ခဲယမ်း များနှင့်ဆက်စပ်စ္စည်းများ ကျန်ရှိနေသေးသည် ဟု အလေးပေး ပြောကြား ခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက အစီရင်ခံချက်များအရ အမေရိကန်သည် ကိယက်ဗ်သို့ Patriot နှင့် Hellfire ဒုံးကျည်များ၊ GMLRS ဒုံးပျံများနှင့် ၁၅၅ မီလီမီတာ အမြောက်ကျည်များ အပါအဝင် အရေးကြီးသော ခဲယမ်း မီးကျောက်များ ပို့ဆောင်မှုကို ယာယီရပ်ဆိုင်းထားကြောင်း ဖော်ပြခဲ့သည်။ The Economist မဂ္ဂဇင်းက ဝါရှင်တန်သည် ကိယက်ဗ် အတွက် ၎င်း၏ စစ်ရေးအကူအညီများကို တဖြည်းဖြည်း လျှော့ချနေနိုင်ကြောင်း ဖော်ပြ ခဲ့သည်။
သို့သော် ထရမ့်က ကိယက်ဗ်သို့ စစ်ရေးအကူအညီ လုံးဝ ရပ်ဆိုင်း ထားခြင်း မရှိဟု ငြင်းဆိုကာ ပင်တဂွန်နှင့် အိမ်ဖြူတော်၏ အဆိုပါကြေညာချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထရမ့်သည် အပြန်အလှန်အကျိုးမရှိဘဲ ယူကရိန်းကို အကူအညီ ပေးခြင်း ကို အတိအလင်း ဝေဖန်ခဲ့သူဖြစ်ပြီး ၎င်း၏အစိုးရသစ်လက်ထက်တွင်ယူကရိန်း အတွက် မည်သည့်အကူအညီ အထောက်အပံ့အသစ်ကိုမျှ အတည်မပြုခဲ့ပေ။ ဂျာမနီ၏ Kiel Institute ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ပဋိပက္ခစတင်ချိန်မှစ၍ အမေရိကန်သည် ကိယက်ဗ်သို့ စစ်ရေးနှင့် ငွေကြေးအကူအညီ ဒေါ်လာ ၁၁၅ ဘီလီယံနီးပါး ပေးပို့ခဲ့ သည်ဟု ဆိုသော်လည်း ထရမ့်က အမှန်တကယ် စုစုပေါင်း ထောက်ပံ့မှု သည် ယင်းပမာဏထက် များစွာပိုမိုသည်ဟု အခိုင်အမာဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့် ဖုန်းစကားပြောဆိုပြီးနောက် ဘဝင်မကျကြောင်း ဇူလိုင် ၃ ရက် တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ “အချိန်အကြာကြီး ဖုန်းပြောဆိုမှုတွင် အီရန်နှင့် ယူကရိန်းပဋိပက္ခ အပါအဝင် အကြောင်း အရာများစွာ ဆွေးနွေးခဲ့သော်လည်း မိမိအနေဖြင့် စိတ်ကျေနပ်စေမည့် အဖြေမရရှိခဲ့ကြောင်း” ၎င်းက ပြောဆိုခဲ့သည်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် သဘောတူညီမှုနှင့်ပတ်သက်၍ မေးမြန်းမှု ကို ထရမ့်က “အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မည်သည့်တိုးတက်မှုမျှ မရှိ သေးပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထိုကဲ့သို့ အနုတ်လက္ခဏာ ဆန်သော ထရမ့်၏အပြောအဆိုသည် ယခင်ကထက် ပိုမိုထင်ရှားသည်။ ဇန်နဝါရီလမှစ၍ ပူတင်နှင့် ဖုန်းစကားပြောဆိုမှု ၅ ကြိမ်တွင် ထရမ့်က ရုရှား-ယူကရိန်း စစ်ရပ်စဲရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အကောင်းမြင် စကားများသာ ပြောဆိုခဲ့သော်လည်း ယခုအကြိမ်တွင် အလားအလာ မကောင်းကြောင်း ဖွင့်ဟခဲ့သည်။
ရုရှား-အမေရိကန် ခေါင်းဆောင်များ၏ ဇူလိုင် ၃ ရက် ဖုန်းစကား ပြောဆိုမှု သည် တစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ယူကရိန်းပဋိပက္ခနှင့် အရှေ့ အလယ်ပိုင်းဒေသ အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ကရင်မလင်က ထုတ်ပြန်ခဲ့သည်။ သမ္မတ ပူတင်က ရုရှားသည် ယူကရိန်း တွင် မိမိတို့၏ ရည်မှန်းချက်များကို စွန့်လွှတ်မည်မဟုတ်သော်လည်း ဆက်လက်ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း၊ အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခများကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်း ပြောကြား ခဲ့သည်။
ခေါင်းဆောင်နှစ်ဦးသည် စွမ်းအင်နှင့် အာကာသကဲ့သို့သော စီးပွားရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း အတည်ပြုခဲ့ ကြသည်။ သို့သော် အမေရိကန်က ယူကရိန်းသို့ လက်နက် အကူအညီ ပေးပို့မှု ရပ်ဆိုင်းထားသည့်အချက်ကိုမူ ဆွေးနွေးမှုတွင် မဖော်ပြခဲ့ပေ။ အမေရိကန်အစိုးရက ယခင်ကတည်းက ကတိပေးထားသည့် အရေးကြီး လက်နက်များ ယူကရိန်းသို့ပေးပို့မှုကို ရပ်ဆိုင်းလိုက်သည့် နှစ်ရက် အကြာတွင် အဆိုပါ ဖုန်းဆက်ဆွေးနွေးပြောဆိုမှု လုပ်ဆောင်ခဲ့သည်။ သို့သော် မည်သည့်လက်နက်အမျိုးအစားများ ပါဝင်သည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုဆုံးဖြတ်ချက်သည် ယူကရိန်းတွင် စိုးရိမ်မှုနှင့် ဝေဖန်မှုများကို ဖြစ်ပေါ် စေခဲ့ပြီး အမေရိကန်သည် ယူကရိန်းသို့ စစ်ရေးအကူအညီ ရုပ်သိမ်း သွားမည်လားဟူသော မေးခွန်းများကို ပိုမိုမြင့်တက်စေခဲ့သည်။ ယူကရိန်း သမ္မတ ဇီလန်စကီးက အဆိုပါကိစ္စနှင့်ပတ်သက်၍ ထရမ့်နှင့် မကြာမီ ဖုန်းစကားပြောဆိုရန် မျှော်လင့်နေပြီး ဇူလိုင် ၄ ရက်တွင် ဖုန်းစကား ပြောဆိုနိုင်ကြောင်း ယူကရိန်းအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။
အမေရိကန်က ကြားဝင်ဖျန်ဖြေပေးနေသည့် ယူကရိန်းစစ်ပွဲအား ငြိမ်းချမ်းရေးဖြင့် အဖြေရှာရန် ကြိုးပမ်းမှုများတွင် အရေးပါသော တိုးတက်မှုများ မရှိသေးပေ။ ထရမ့်နှင့် ပူတင်တို့၏ နောက်ဆုံး ဖုန်းစကားပြောဆိုမှုမှာ ဇွန် ၁၄ ရက်က ဖြစ်ပြီး ၎င်းတို့သည် အစ္စရေး-အီရန် ပဋိပက္ခကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ကိယက်ဗ်နှင့် အနောက်တိုင်းမဟာမိတ်များက မော်စကိုအား ယူကရိန်းတွင် စစ်ဆင်ရေး အရှိန်အဟုန်တိုးမြှင့်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် အချိန်ဆွဲနေသည် ဟု စွပ်စွဲထားသည်။
ကိုးကား- VN Express

ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဇူလိုင်လ ၃ ရက်တွင်သဘောတူ လိုက်ကြောင်းသိရသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်ကို ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်သည့်အတွက် ရာထူးမှ ဆိုင်းငံ့ထားစဉ် အတွင်း ဖွန်ထမ်ဝေးချေယက်ချိုင်က ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့အသစ်က ဇူလိုင်လ ၃ ရက်တွင် ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရန် သဘောတူခြင်း ဖြစ်သည်။ ပေထု
ထိုင်းအစိုးရအဖွဲ့က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဇူလိုင်လ ၃ ရက်တွင်သဘောတူ လိုက်ကြောင်းသိရသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်ကို ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည် ဖြစ်သည့်အတွက် ရာထူးမှ ဆိုင်းငံ့ထားစဉ် အတွင်း ဖွန်ထမ်ဝေးချေယက်ချိုင်က ဝန်ကြီးချုပ် တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်သည်။ ထိုင်းအစိုးရအဖွဲ့အသစ်က ဇူလိုင်လ ၃ ရက်တွင် ထိုင်းဘုရင်ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဖွန်ထမ်ဝေးချေယက်ချိုင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရန် သဘောတူခြင်း ဖြစ်သည်။ ပေထုန်ထန်ရှင်နာဝပ် သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းနှင့် ပြောထားသည့် အသံဖိုင်ပေါက်ကြားပြီးနောက် ဝေဖန်မှုများ ခံနေရခြင်းဖြစ်သည်။
MWD Web Portal

ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးခြင်း မခံရတော့ကြောင်း၊ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံ အတွက် မဟာမိတ်မဟုတ်တော့ကြောင်း ယူကရိန်း လွှတ်တော်အမတ်များကပြောသည်။
အမေရိကန်အစိုးရသည် အမေရိကန် နိုင်ငံဦးစားပေး မူဝါဒကို ပြောင်းလဲကျင့် သုံးပြီးနောက် ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသော စစ်လက်နက်ပစ္စည်းထောက်ပံ့ မှုများကို ရပ်ဆိုင်းပြီးချိန်တွင် ယူကရိန်း လွှတ်တော် အမတ်များက ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။

အမေရိကန်က ယူကရိန်းသို့ထောက်ပံ့မှု ရပ်ဆိုင်းလိုက်သော စစ်လက်နက်ပစ္စည်းများတွင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ခဲယမ်းများနှင့် အမြောက်ဆန်များ ပါဝင်သည်။ ထိုသို့ထောက်ပံ့ပေးမှုများ ရပ်တန့်လိုက်ကြောင်းကိုလည်း NATO တပ်ဖွဲ့ဆိုင်ရာ အမေရိကန်သံတမန် မက်သရူးဝှစ်တေကာက ဇူလိုင်လ ၃ ရက်တွင် ပြောခြင်းဖြစ်သည်။
ယူကရိန်းလွှတ်တော် အမတ်များက အမေရိကန်ကို ၎င်းတို့၏မဟာမိတ်နိုင်ငံ မဟုတ်တော့ကြောင်း ပြောနေသော်လည်း အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ အနေဖြင့် မည်သည့်အခါကမျှ တရားဝင် မဟာမိတ်များအဖြစ်သို့ ရောက်ရှိခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။
အမေရိကန်၏ ယခုကဲ့သို့ စစ်လက်နက်များ ထောက်ပံ့မှုရပ်တန့်ခြင်းနှင့်ပတ်သက်၍ ယူကရိန်းသမ္မတက အမေရိကန်သမ္မတနှင့် ဇူလိုင်လ ၄ ရက်တွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း Financial Times သတင်းဌာနက ဇူလိုင်လ ၃ ရက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုနှင့် အမေရိကန်ပြည်သူများထံသို့ သောကြာနေ့ (ဇူလိုင် ၄) တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အတွက် ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သဝဏ်လွှာတွင် လာဗရော့က အမေရိကန်နိုင်ငံ၏ ညီညွတ်မှုနှင့် "အမေရိကန် အိပ်မက်" ကို ထောက်ခံကြောင်း ဖော်ပြကာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“မိမိတို့သည် သမိုင်း၊ ပထဝီနှင့် 'လက်တွေ့အခြေအနေများ' မှ သတ်မှတ်သည့် အမျိုးသားအကျိုးစီးပွားများကို အပြန်အလှန်လေးစားမှုအပေါ် အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးကို ဖန်တီးနိုင်မှုရှိသော လားရာအဖြစ် ရောက်ရှိစေရန်၊ တည်ငြိမ်ပြီး ကြိုတင်ခန့်မှန်းနိုင်စေရန် အတူတကွ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါသည်" ဟု ၎င်းက ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယမန်နေ့ (ဇူလိုင် ၃) က ဖုန်းဆက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဂုဏ်ပြုဆုတောင်းမှု ပြုခဲ့သည်။ သမ္မတ၏အကြံပေးအရာရှိ ယူရီ ဦရှာကော့ဗ်၏ ပြောကြားချက်အရ ပူတင်က ထရမ့်အား အဓိကပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရန် ဆုတောင်းပေးခဲ့ပြီး ဗြိတိန်ထံမှ လွတ်လပ်ရေး ရရှိရေး အမေရိကန်၏ ကြိုးပမ်းမှုတွင် ရုရှား၏ သမိုင်းဝင် အထောက်အပံ့ ကို ဖော်ပြခဲ့သည်။
မော်စကိုသည် ယခင်က ဂျိုးဘိုင်ဒင် အစိုးရ လက်ထက် ထရမ့် အစိုးရ အပေါ် ပိုမိုအပြုသဘောဆောင်သောအမြင်ကို ဖော်ပြခဲ့သည်။ ဘိုင်ဒင် သည် ရုရှား၏ နိုင်ငံတကာ ရှုံးနိမ့်မှုကို ၎င်း၏ နိုင်ငံခြားရေးမူဝါဒ၏ အဓိက ရည်မှန်းချက်အဖြစ် သတ်မှတ်ခဲ့ပြီး ရုရှားနှင့် ပဋိပက္ခတွင် အောင်ပွဲ ရရှိရန် “လိုအပ်သမျှ ကာလပတ်လုံး” ယူကရိန်းအား စစ်ရေး အထောက်အပံ့ ပေးရန် ကတိပြုခဲ့သည်။

အမေရိကန်နိုင်ငံ၏ America First မူဝါဒအရ ယူကရိန်းအား အချို့ လက်နက်အမျိုးအစားများ ထောက်ပံ့မှုကို ယာယီရပ်ဆိုင်းလိုက်ပြီးနောက် ကိယက်ဗ်သည် အမေရိကန်နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေး အရေးကိစ္စ မဟုတ်တော့ဟု ယူကရိန်းလွှတ်တော်အမတ်များစွာက ဝမ်းနည်းစွာ ပြောကြားခဲ့သည်။

လေကြောင်းရန်ကာကွယ်ရေးခဲယမ်းများ၊ ဒုံးကျည်များနှင့် အမြောက်ကျည် များ အပါအဝင် အရေးကြီးသော စစ်ရေးအကူအညီများကို ဝါရှင်တန်က လျှော့ချလိုက်သည်ဟု သတင်းများအရသိရှိရသည်။ ယာယီရပ်ဆိုင်းထားသော လက်နက်စာရင်းအသေးစိတ်ကို မသိရသေးသော်လည်း၊NATO ဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် Matthew Whitaker က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) တွင် အဆိုပါဆုံးဖြတ်ချက်သည် သမ္မတ Donald Trump ၏ အမေရိကန်ပြည်တွင်းရေးကို ဦးစားပေးသော မူဝါဒ ပြောင်းလဲမှု၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အမေရိကန်နိုင်ငံသည် ယခုအခါ မိမိတို့၏ မဟာမိတ်မဟုတ်တော့ပါ” ဟု ယူကရိန်းလွှတ်တော်အမတ် Mariana Bezuglaya က လူမှု မီဒီယာ တွင် ရေးသားခဲ့သည်။ သူမက ၎င်း၏ ယခင်ပို့စ်တွင် အမေရိကန်သမ္မတ Trump အား ရင့်သီးစွာဝေဖန်ထားပြီး ထိုစကားသည် ယခုအချိန်တွင် ပို၍သင့်လျော်နေပြီဟု ထပ်လောင်းမှတ်ချက်ပြုခဲ့သည်။
Bezuglaya က Trump အား ရုရှားကို Dnepr နှင့် Sumy ဘက်တွင် အောင်မြင်စေရန် ကူညီပေးနေခြင်းဖြစ်သည်ဟုလည်း စွပ်စွဲခဲ့သည်။ ၎င်းမှာ ရုရှားနယ်စပ်ဒေသများကို တိုက်ခိုက်မှုမှ ကာကွယ်ရန် Buffer Zone တစ်ခု ဖန်တီးရန် မော်စကို၏ လက်ရှိကြိုးပမ်းမှုကို ရည်ညွှန်းဟန် ရှိသည်။
“ယူကရိန်းသည် အမေရိကန်၏ ဦးစားပေးအရေးကိစ္စမဟုတ်တော့ပါ၊ Trump က ယူကရိန်းတို့အား အဆိုပါအချက်ကို ပွင့်လင်းစွာ ပြောပြ ခဲ့သည်” ဟု ကာကွယ်ရေးနှင့် ထောက်လှမ်းရေးလွှတ်တော်ကော်မတီဝင် အမတ် Solomiya Bobrovskaya က New York Times သို့ ပြောကြား ခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) နံနက်ပိုင်းတွင် ကိယက်ဗ်အစိုးရသည် အမေရိကန် သံအမတ် John Ginkel အား ယခင်သတ်မှတ်ထားသော ကာကွယ်ရေး အထောက်အပံ့များ ဆက်လက်ပေးပို့မှု၏ အရေးကြီးပုံကို ရှင်းပြရန်နှင့် ယူကရိန်း၏ ကာကွယ်ရေးစွမ်းရည်ကို ထောက်ပံ့ရာတွင် နှောင့်နှေးမှုများ မရှိစေရေးဆောင်ရွက်ပေးရန် ခေါ်ယူတွေ့ဆုံခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

မင့်စ် ဇူလိုင် ၂
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် အကြမ်းဖက်ဝါဒ ကျူးလွန်မှုအပါအဝင် ပြစ်မှု အမျိုးမျိုးဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၆ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
သမ္မတ လူကာရှန်ကိုသည် ဘယ်လာရုစ် လွတ်လပ်ရေးနေ့ မတိုင်မီ အဆိုပါအကျဉ်းသား ၁၆ဦး ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် အနောက်အုပ်စုနှင့် ဆက်ဆံရေးပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းသည့်အနေဖြင့် ပြီးခဲ့သည့်နှစ်ကလည်း အကျဥ်းသား
၃၀၀ကျော်ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

အနောက်အုပ်စုနိုင်ငံများသည် ဘယ်လာရုစ်နိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များဖြင့် အရေးယူပိတ်ဆို့မှုများပြဋ္ဌာန်းထားသည်။
သမ္မတလူကာရှန်ကိုက ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကျဉ်းသားများတွင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦးတို့ ပါဝင်ကြောင်း ဘယ်လာရုစ်အစိုးရ မီဒီယာများ၏အဆိုအရ သိရသည်။
ဘယ်လာရုစ်နိုင်ငံကို နှစ်ပေါင်း ၃ဝ ကျော်ဦးဆောင်ခဲ့သည့် သမ္မတ လူကာရှန်ကိုသည် ရုရှားသမ္မတ ပူတင်၏အဓိကမဟာမိတ်တစ်ဦး ဖြစ်ကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ဒုက္ခပေးရန် ရည်ရွယ်ချက်ဖြင့် ရုရှားဂိတ် အရှုပ်တော်ပုံကို ဖန်တီးခဲ့သည်ဟု CIA ညွှန်ကြားရေးမှူး John Ratcliffe က ပြောကြားလိုက်သည်။

၂၀၁၆ ရွေးကောက်ပွဲတွင် ရုရှား၏ ဝင်ရောက်စွက်ဖက်မှုဆိုင်ရာ အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာ (ICA) သည် ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားမှု တစ်ခုသာဖြစ်ကြောင်း CIA ညွှန်ကြားရေးမှူး John Ratcliffe က ပြောကြားခဲ့သည်။ ထိုအစီရင်ခံစာသည် ရုရှားဂိတ် အရှုပ်တော်ပုံကို စတင်ခဲ့ပြီး အထူးရှေ့နေ Robert Mueller ကို စုံစမ်းစစ်ဆေးစေခဲ့ကာ သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်း ပထမနှစ်နှစ်ကို အချည်းနှီး ဖြစ်စေခဲ့သည်ဟု ၎င်းက New York Post နှင့် အင်တာဗျူးတွင် ဖွင့်ဟ ခဲ့သည်။
အိုဘားမားသည် သမ္မတရာထူးမှ အနားမယူမီ ခြောက်ပတ်အလိုတွင် ICA အစီရင်ခံစာကို ပြုစုရန်မှာကြားခဲ့ပြီး CIA ၏ ပြန်လည်သုံးသပ်မှုအရ ထိုစဉ်က CIA ညွှန်ကြားရေးမှူး John Brennan၊ FBI ညွှန်ကြားရေးမှူး James Comey နှင့် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး James Clapper တို့သည် အစီရင်ခံစာ ပြုစုရာတွင် ပုံမှန်မဟုတ်ဘဲ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
“သမ္မတ အပြောင်းအလဲမတိုင်မီ အဆင့်အတန်းနှစ်မျိုးသတ်မှတ်သော အစီရင်ခံစာများကို အလျင်အမြန် ထုတ်ပြန်ရန် သတ်မှတ်ခဲ့သော အချိန် ဇယားသည် အိမ်ဖြူတော်၏ အမိန့်ပေးမှုနှင့် နောက်ကွယ်တွင် နိုင်ငံရေး ရည်ရွယ်ချက်ရှိမရှိ မေးခွန်းထုတ်စရာဖြစ်စေခဲ့သည်” ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။ ထို့အပြင် အစီရင်ခံစာပြုစုမှုကို ကစဉ့်ကလျား နိုင်ပြီး ပုံမှန်မဟုတ်ဘဲ သမားရိုးကျမဟုတ်သော လုပ်ဆောင်မှုများဟု သုံးသပ်ထားသည်။
CIA ၏ ပြန်လည်သုံးသပ်မှုအရ John Brennan သည် ICA အစီရင်ခံစာ ပြုစုရာတွင် အဓိက ဦးဆောင်ခဲ့ပြီး အထူးသဖြင့် နောက်ပိုင်းတွင် ယုံကြည်စိတ်ချရမှုမရှိကြောင်း သက်သေပြခဲ့သည့် Steele ဖိုင်ကို ထည့်သွင်းရန် အလေးပေး တိုက်တွန်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုဖိုင်တွင် သမ္မတ ထရမ့် နှင့် ရုရှားနိုင်ငံတို့အကြား ဆက်နွှယ်မှုများဆိုင်ရာ အတည်မပြုရသေးသော အစီရင်ခံစာများ ပါဝင်ပြီး ယခင်ဗြိတိန် ထောက်လှမ်းရေးအရာရှိ Christopher Steele မှ ပြုစုကာ Hillary Clinton ၏ ရွေးကောက်ပွဲရံပုံငွေမှ ငွေကြေး ထောက်ပံ့ခဲ့သည်ဟု သိရှိရသည်။
ဤသည်မှာ အိုဘားမား၊ ကိုမီ၊ ကလက်ပါနှင့် ဘရန်နန်တို့က ထရမ့်ကို ဒုက္ခပေးရန် ရည်ရွယ်ချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Ratcliffe က CIA ၏ တွေ့ရှိချက်များကို မှတ်ချက်ပေးကာ ပြောကြားခဲ့ပါသည်။ ၎င်းတို့က ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာ အကဲဖြတ်ချက်ကို ရုရှားနှင့် ပူးပေါင်း ကြံစည်မှုဟု တံဆိပ်ကပ်ပြီး အများမသိရှိစေရန် လျှို့ဝှက်အဆင့်သတ်မှတ် ခဲ့သည်ဟု ဆိုသည်။
ဝါရှင်တန်ပို့စ်၊ နယူးယောက်တိုင်းမ်စ်နှင့် အခြားသော မီဒီယာကြီးများက အမည်မဖော်လိုသည့် အရာရှိများ၏ပြောဆိုမှုကို ကိုးကားဖော်ပြသည်ဟူသော သတင်းများကြောင့် အမေရိကန်ပြည်သူများ၏ ထင်မြင်ယူဆချက်များကို ပိုမိုလှည့်ဖြားခံခဲ့ရသည်ဟု Ratcliffe ကဆိုသည်။

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်က ၎င်းသည် နိုင်ငံရေးမှ အနားယူပြီးဖြစ်သော်လည်း ကမ္ဘာ့ကိစ္စရပ်များတွင် ပြန်လည်ပါဝင်ရန် ဥရောပ ခေါင်းဆောင်အချို့က တိုက်တွန်းနေကြောင်း ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) တွင် ဆန်ဒီယာဂိုမြို့၌ ကျင်းပသည့် Society for Human Resource Management (SHRM) ညီလာခံတွင် ၈၂ နှစ်အရွယ် ဘိုင်ဒင်က “မိမိထံ ဥရောပခေါင်းဆောင်အချို့က ဖုန်းဆက်သွယ်ကြပါကြောင်း၊ အသေးစိတ် မပြောနိုင်သော်လည်း ၎င်းတို့အနေဖြင့် မိမိအား ပါဝင်လှုပ်ရှားရန် တောင်းဆို နေကြပါကြောင်း” ပြောကြားခဲ့သည်။

သမ္မတဟောင်းက ယခုအချိန်တွင် အခြေအနေများ ကွဲပြားနေသောကြောင့် ထိုတောင်းဆိုချက်ကို လက်မခံခဲ့ကြောင်း၊ သို့သော် “NATO ကိစ္စရပ်များတွင် တက်တက်ကြွကြွ မပါဝင်တော့သော်လည်း အကြံဉာဏ်ပေး နေဆဲ” ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ထို့အပြင် ဘိုင်ဒင်က ဒီမိုကရက်နှင့် ရီပတ်ပလီကန် နှစ်ဖွဲ့စလုံးမှ ဥပဒေပြုအမတ်များနှင့် ဆက်သွယ်မှုရှိနေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ ထိုသို့ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆက်လက်ပါဝင်ရခြင်းမှာ “မိမိလုပ်ခဲ့သည့် အရာ တွေကို အမှန်တကယ် အလေးထားခဲ့လို့ပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။
ဘိုင်ဒင်သည် ၎င်း၏အုပ်ချုပ်မှုကာလအတွင်း အကောင်အထည်ဖော်ခဲ့သော မူဝါဒအချို့ကို ဒေါ်နယ်ထရမ့်လက်ထက်တွင် ပြန်လည်ဖျက်သိမ်းခံရခြင်း နှင့်ပတ်သက်၍ စိတ်မသက်မသာဖွယ်ရာ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ထရမ့်၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။ ဒီမိုကရက်တစ် ပါတီဝင် ဘိုင်ဒင်သည် ၎င်း၏သမ္မတသက်တမ်း ၄ နှစ်အတွေ့အကြုံများ အကြောင်း မှတ်တမ်းစာအုပ်ပြုစုရန် အာရုံစိုက်နေကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
၂၀၂၄ ရွေးကောက်ပွဲမတိုင်မီတွင် မကြာခဏဖြစ်ပွားခဲ့သော အများပြည်သူ ရှေ့မှောက် အမှားများ၊ ထရမ့်နှင့်စကားစစ်ထိုးပွဲတွင် ကြီးမားစွာ ရှုံးနိမ့် ခဲ့ခြင်းတို့ကြောင့် ၎င်း၏ပါတီအတွင်း အသက်နှင့် ဉာဏ်ရည်ဉာဏ်သွေး ဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီးနောက် ဘိုင်ဒင်သည် သမ္မတလောင်း အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ယှဉ်ပြိုင်မှုမှ တရားဝင်ရုပ်သိမ်းခဲ့ပြီး ၎င်း၏ဒုတိယသမ္မတ ကင်မလာဟဲရစ်ကို ထောက်ခံ ခဲ့သော်လည်း နိုဝင်ဘာလရွေးကောက်ပွဲတွင် ထရမ့်ကို ရှုံးနိမ့်ခဲ့သည်။
၂၀၂၅ ခုနှစ် မေလတွင် ဘိုင်ဒင်သည် ပြင်းထန်သော ဆီးကျိတ် ကင်ဆာ ရောဂါရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည် အများပြည်သူ မြင်ကွင်းတွင် ဆက်လက်မြင်တွေ့နေရပြီး ရောဂါကို အနိုင်ယူနိုင်မည်ဟု ၎င်းက ယုံကြည်စိတ်ချစွာ ပြောဆိုလျက်ရှိသည်။

ဂါဇာကမ်းမြောင် ဒေသတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးနိုင်ငံက သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာသည်။
အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် အမေရိကန် ကိုယ်စားလှယ်များက အစ္စရေးနိုင်ငံမှ တာဝန်ရှိသူများနှင့် ဇူလိုင်လ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက် ချမှတ်နိုင်ခြင်းဖြစ်ကြောင်း ထရမ့်က၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသား ဖော်ပြထားသည်။

အဆိုပါကာလအတွင်း အမေရိကန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲကို အပြီးသတ်ရပ်ဆိုင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး အပြီးသတ်ချမှတ်နိုင်ရေးအတွက် အီဂျစ်နှင့် ကာတာနိုင်ငံတို့က နောက်ဆုံးအဆိုပြုချက်ကို တင်သွင်းမည်ဖြစ်ပြီး ပါလက်စတိုင်းရှိ ဟားမက်အဖွဲ့နှင့် အစ္စရေးတို့အကြား အဆိုပါသဘောတူညီချက်ကို လက်ခံနိုင်မည်ဟု မျှော်လင့်ကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ပါလက်စတိုင်းပြည်သူ ၅၇၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။