သတင်းများ

ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဗော်ဂိုဂရက်မြို့တွင် လေးနာရီကြာ ဆွေးနွေးမှု ပြုလုပ်

ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာ ဒီမာပူတင်တို့၏ ဗော်ဂိုဂရက်တွင် ပြုလုပ်သောစေ့စပ်ဆွေးနွေးမှုသည် လေးနာရီ ကြာမြင့်ခဲ့ပါသည်။

“ညှိနှိုင်းမှုပြီးသွားပါပြီ။ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို နှင့်ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် မျက်နှာချင်းဆိုင်ပြီး ၄ နာရီကြာ စကားပြောခဲ့ပါသည်” ဟု သမ္မတရုံးနှင့် နီးစပ်သော Telegram လိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အစောပိုင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် “Great Heritage - Common Future” ဖိုရမ်တွင် ပါဝင်ခဲ့ကြပြီး စတာလင်ဂရက် တိုက်ပွဲ၏ သူရဲကောင်းများအတွက် အောက်မေ့ဖွယ် လွမ်းသူ့ပန်းခွေချခဲ့ကြသည်။ အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များသည် ရုရှားနှင့် ဘယ်လာရုစ်ကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ကိုးကား - Tass

ပြင်သစ်သမ္မတ၏ ရုရှားအပေါ် ဖိအားတိုးရန် ပြောကြားချက်များသည် ဥရောပက စစ်ပွဲကို ဆက်လက်ဆင်နွှဲရန် စိတ်ပိုင်းဖြတ်ထားမှုကို ပြသခြင်းဖြစ်သည်ဟု ကရင်မလင် ပြောကြား

ပူတင်က ယူကရိန်းနှင့် မည်သည့်အခြေအနေမျှမရှိဘဲ ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ထုတ်ပြန်ချက်ကို ညွှန်ပြခဲ့သော်လည်း ယူကရိန်းဘက်မှ ထိုကမ်းလှမ်းချက်ကို တုံ့ပြန်ခြင်းမရှိသေးကြောင်း၊ ထို့အပြင် မေလတွင် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သူမှာ သမ္မတ Putin ဖြစ်သော်လည်းယူကရိန်းဘက်မှလည်း ယခုထိတိုင် တုံ့ပြန်ခြင်းမရှိသေးကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါသည်။ 

“ထိုသို့သော နောက်ခံအခြေအနေတွင် ဖိအားတစ်စုံတစ်ရာ တိုးမြှင့်ရန်လိုအပ်ကြောင်း ပြောဆိုနေခြင်းမှာ ကံမကောင်းစွာပင် ဥရောပနိုင်ငံများက စစ်ပွဲကို ဆက်လက်ဆင်နွှဲရန် ဦးစားပေးလုပ်ဆောင်နေကြသည်ကို ထပ်မံ အတည်ပြုခြင်းသာ ဖြစ်ပါသည်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

“မိမိတို့ဘက်ကမူ ငြိမ်းချမ်းရေးဖြင့် အဆုံးသတ်နိုင်ရန်အတွက် လက်ရှိ ကြိုးပမ်းဆောင်ရွက်နေမှုများကိုသာ အာရုံစိုက်လျက်ရှိပါသည်” ဟု ၎င်းက ထပ်လောင်း ပြောကြားထားပါသည်။

ကိုးကား- ကရင်မလင်

Photo: ABC News

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဗြိတိန်နိုင်ငံ၏ ပင်လယ်နက်ဒေသအား စိတ်ဝင်စားမှုအပေါ် ရုရှား အကြံပေး သတိပေး

ဗြိတိန်နိုင်ငံသည် ပင်လယ်နက်ဒေသတွင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းနေကြောင်း ရုရှားသမ္မတ၏ အကြံပေးအရာရှိ Nikolay Patrushev က သတိပေးလိုက်ပါသည်။

“လတ်တလောမှာ ဗြိတိန်နိုင်ငံသည် ပင်လယ်နက်ဒေသတွင် ခြေကုပ်ရရှိရန် အထူးအားထုတ်နေပါကြောင်း၊ ၎င်းတို့(ဗြိတိန်)သည် ယခုတွင် မိုင်းရှင်းလင်းရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်းပြီး ၎င်းတို့၏ ရေတပ်သင်္ဘောများဖြင့် ကုန်တင်သင်္ဘောများကို လုံခြုံရေးပေးရန် စီစဉ်နေကြပါသည်” ဟု အကြံပေးက TASS နှင့် အင်တာဗျူးတွင် ပြောကြားထားပါသည်။

၎င်း၏ ပြောကြားချက်မှာ ယူကရိန်းအစိုးရသည် နေတိုးအဖွဲ့နှင့်အတူ ပူးပေါင်း၍ ပင်လယ်နက်ဒေသတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် အစီအစဉ်များနှင့် တစ်ဆက်တည်းဖြစ်နေကြောင်း TASS သတင်းဌာနက ဖော်ပြထားပါသည်။

ကိုးကား- TASS

Photo: Council on Geostrategy

Kursk ဒေသ စစ်ဆင်ရေး အောင်မြင်စွာ ပြီးဆုံးကြောင်း ကာချုပ်က ပူတင်ထံ အစီရင်ခံတင်ပြ

ယူကရိန်းတပ်များ လက်ထဲမှ Kursk ဒေသလွတ်မြောက်ရေး စစ်ဆင်ရေးကြီးမှာ လုံးဝပြီးဆုံးသွားပြီဖြစ်ကြောင်း ရုရှားတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဂျီရာဆီမော့ဗ်၏ သတင်းပေးပို့မှုကို ရုရှားသမ္မတ ဗလာဒီမာ ပူတင် လက်ခံရရှိပြီးဖြစ်ကြောင်း ကရင်မလင်ပြောခွင့်ရ Dmitry Peskov က ပြောကြားလိုက်ပါသည်။

“ယနေ့(ဧပြီ ၂၈ ရက်)တွင် Kursk ဒေသရှိ နောက်ဆုံးကျေးရွာ ဂေါ်နယ်ကျေးရွာကို ယူကရိန်းတပ်များလက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါကြောင်း၊ ယခုတိုက်ပွဲတွင် အထူးချီးကျူးထိုက်သော တပ်ဖွဲ့များမှာ ၇၂ ကြည်း တပ်မဌာနချုပ်၏ ၂၂ ကြည်းတပ်ရင်း၊ ၈၁၀ နှင့် ၄၀ ရေတပ် ခြေလျင် သီးခြားဗျူဟာများ၊ ၁၇၇ ရေတပ်ခြေလျင်သီးခြားတပ်ရင်းနှင့် ၁၄၂၇ ကြည်းတပ်ရင်းတို့ ဖြစ်ပါကြောင်း၊ ယခု Kursk ဒေသကို ထိုးစစ်ဆင်နွှဲပြီး အပြီးသတ်ချေမှုန်းပြီးဖြစ်ပါကြောင်း” ကာကွယ်ရေးဦးစီးချုပ်က  ပြောကြား ခဲ့ပါသည်။

Kursk ဒေသတွင် ယူကရိန်းစစ်တပ်မှ ဆုံးရှုံးခဲ့ရသည့် စစ်သည်အင်အား ၇၆,၀၀၀ ကျော်ရှိခဲ့ကြောင်း၊ ယူကရိန်း၏ စစ်လက်နက်ပစ္စည်းပေါင်း ၇,၇၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုထားပါသည်။ Kursk ဒေသအား ပြန်လည်သိမ်းပိုက်ရာတွင် မြောက်ကိုရီးယား စစ်သည်များ၏ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကိုလည်း ကာကွယ်ရေးဦးစီးချုပ်က အထူးချီးကျူးဖော်ပြခဲ့ပါသည်။

တရုတ်နိုင်ငံက အိန္ဒိယ-ပါကစ္စတန် တင်းမာမှုများကို ဖြေလျှော့ပေးရန် ကူညီမည်ဟု ကမ်းလှမ်း

တနင်္ဂနွေနေ့ (ဧပြီ ၂၇) က ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar နှင့် ဖုန်းဆက်ပြောကြားစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံအနေဖြင့် သည်းခံခြင်းဖြင့် တင်းမာမှု လျှော့ချရန် တိုက်တွန်းခဲ့သည်။

၎င်းက “ပဋိပက္ခသည် အိန္ဒိယ သို့မဟုတ် ပါကစ္စတန်အတွက် အကျိုး မဖြစ်ထွန်းစေဘဲ၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကိုလည်း ထိခိုက် စေမည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ဝမ်ယိက “အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်မှာ နိုင်ငံတိုင်း၏ တာဝန်ဖြစ်သည်” ဟုဆိုကာ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်၏ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများကို ဆက်လက်ထောက်ခံမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က သောကြာနေ့ (ဧပြီ ၂၅) တွင် ရာစုနှစ်များစွာကတည်းက ရှိခဲ့သည့် ယဉ်ကျေးမှု ဆက်နွှယ်မှု များကို ကိုးကားပြီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အား “ညီအစ်ကို နိုင်ငံများ” အဖြစ် ရည်ညွှန်းကာ အီရန်နိုင်ငံအနေဖြင့် ဒေသတွင်း တင်းမာမှုများ လျော့ပါးစေရန် ကူညီဆောင်ရွက်ပေးလိုကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Prince Faisal bin Farhanကလည်း ဧပြီ ၂၆ ရက်(သောကြာနေ့)တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့နှင့် သီးသန့်ဖုန်းဆက်ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များချမှတ်ပါက စစ်ပွဲကို နောက်ထပ် နှစ်နှစ်ကြာစေမည်ဟု ရူဘီယိုသတိပေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က အမေရိကန် အုပ်ချုပ်ရေးသည် ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ရုရှားအပေါ် ဒဏ်ခတ်မှုအသစ်များ ချမှတ်ရန် ရှောင်ရှားခဲ့ကြောင်း ပြောကြားခဲ့သည်။ အကြောင်းမှာ ထိုသို့ ပြုလုပ်ပါက ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ထိခိုက်စေပြီး ပဋိပက္ခကို ပိုမို ရှည်လျားစေမည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။

ရူဘီယို က NBC News ၏ "Meet the Press" အစီအစဉ်တွင် ပြောကြားရာတွင် မော်စကိုအပေါ် ကန့်သတ်မှုအသစ်များ ချမှတ်ခြင်း၏ အကျိုးကျေးဇူးကို မေးခွန်းထုတ်ခဲ့သည်။

“ဒဏ်ခတ်မှုအသစ်များ ချမှတ်လိုက်ပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ နုတ်ထွက်လိုက်သလို ဖြစ်သွားမည်။ ထိုသို့ဆိုလျှင် စစ်ပွဲကို နောက်ထပ် နှစ်နှစ်ကြာ ဆွဲဆန့်သွားနိုင်သည်” ဟု ၎င်းက သတိပေးခဲ့သည်။

ရူဘီယို က အမေရိကန်သည် ကိယက်ဗ်နှင့် မော်စကို နှစ်ဖက်စလုံးနှင့် ဆက်သွယ်နိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး ဒေါ်နယ်ထရမ့် သာလျှင် စစ်တိုက်နေသောနှစ်ဖက်ကို ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်နိုင်သည့် အလားအလာရှိသည် ဟု ဆိုသည်။

လာမည့်သီတင်းပတ်သည် အိမ်ဖြူတော်အဖို့ “အလွန်အရေးကြီးသော သီတင်းပတ်” ဖြစ်လာမည်ဟု မျှော်လင့်ရသည်။ အဘယ့်ကြောင့်ဆိုသော် အစိုးရသည် “အဆိုပါလုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်လိုပါသလား” ဆိုသည့် အချက်ကို ဆုံးဖြတ်ရန် ကြိုးပမ်းနေသောကြောင့်ဖြစ်သည်။

“အိမ်ဖြူတော်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ နုတ်ထွက်လိုခြင်း မရှိသော်လည်း အချည်းနှီးသော လုပ်ဆောင်မှုများတွင် အချိန်ဖြုန်းလိုခြင်းလည်း မရှိပါ” ဟု နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ရူဘီယို၏ ထုတ်ဖော်ပြောဆိုမှုသည် အမေရိကန်၏ ရုရှားဆိုင်ရာ မဟာဗျူဟာတွင် ပြောင်းလဲမှုရှိနေကြောင်း ညွှန်ပြနေသည်။

ဒဏ်ခတ်မှုများထက် သံတမန်ရေးနည်းလမ်းများကို ဦးစားပေးလာခြင်းက ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် နည်းလမ်းသစ်ကို ရှာဖွေနေခြင်း ဖြစ်နိုင်သည်။

သို့သော် ထရမ့်အား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဦးဆောင်နိုင်သည့်သူအဖြစ် ရည်ညွှန်းခြင်းက နိုင်ငံရေးအရ ဆွေးနွေးစရာဖြစ်စေနိုင်သည်။

အဆိုပါသတင်းသည် အမေရိကန်၏ ရုရှားဆိုင်ရာ မူဝါဒပြောင်းလဲမှုနှင့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် နည်းလမ်းများကို ထင်ဟပ်စေပါသည်။

ပနားမားနှင့် စူးအက်တူးမြောင်းတို့တွင် အမေရိကန် အခမဲ့ဖြတ်သန်းခွင့်ရလိုကြောင်း ထရမ့်တောင်းဆို

အမေရိကန် စစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအတွက် ပနားမားနှင့် စူးအက်တူးမြောင်းများကို အခမဲ့ဖြတ်သန်းခွင့်ပေးရန် အမေရိကန် သမ္မတ Donald Trump က တောင်းဆိုလိုက်သည်။

“စစ်ဘက်ရော စီးပွားရေးအရရော အမေရိကန်သင်္ဘောများကို ပနားမား နှင့် စူးအက်တူးမြောင်းများကိုဖြတ်ပြီး အခမဲ့ သွားလာခွင့်ပြုသင့်ပါသည်” ဟု ၎င်း၏ Truth Social စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

“အမေရိကန်ပြည်ထောင်စုမရှိဘဲ အဆိုပါ တူးမြောင်းများ တည်ရှိနေမည် မဟုတ်ပါ။ ထိုအခြေအနေကို ချက်ချင်းဂရုစိုက်ပြီး အောက်မေ့သတိရနေ ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကို ပြောကြားထား ပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အီတလီဝန်ကြီးချုပ် မီလိုနီ၊ ဗြိတိသျှဝန်ကြီးချုပ် ကိယာစတာမာနှင့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးတို့နှင့် ထရမ့်က ရောမတွင် တွေ့ဆုံမည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားတက်ရောက်ရန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ဇနီး မီလာနီယာ ထရမ့်နှင့်အတူ ရောမမြို့သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်သည် ရောမ၌ အီတလီ ဝန်ကြီးချုပ် မီလိုနီ၊ ဗြိတိသျှဝန်ကြီးချုပ် ကိယာစတာမာနှင့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း La Repubblica သတင်းစာက ပြောကြားထားပါသည်။

ဒေါ်နယ်ထရမ့်၏ ရောမခရီးစဉ်မှာ ၁၅ နာရီသာ ကြာမြင့်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါသည်။ ထရမ့်သည် ရောမမြို့ရှိ ၎င်း တည်းခိုရာ အမေရိကန်သံအမတ်ကြီးနေအိမ်တွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံရန်စီစဉ်ထားသည်ဟု ထိုသတင်းစာက ဖော်ပြချက်အရ သိရပါသည်။

မော်စကိုက ကိုရီးယားသမ္မတနိုင်ငံ (မြောက်ကိုရီးယား) ၏ “ညီညွတ်မှု” ကို Kursk ဒေသလွတ်မြောက်ရေးတွင် အသိအမှတ်ပြု

ရုရှားနိုင်ငံ၏ မော်စကိုမြို့တော်က ကိုရီးယားသမ္မတနိုင်ငံ (မြောက်ကိုရီးယား) ၏ “ခိုင်မာသောညီညွတ်မှု” အား Kursk ဒေသ လွတ်မြောက်ရေး လှုပ်ရှားမှု တွင် အထူးကျေးဇူးတင်စကား ပြောကြားခဲ့သည်။

Kursk ဒေသတွင် လက်ရှိဖြစ်ပွားနေသော စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ မြောက်ကိုရီးယားက ရုရှားဘက်မှ ပြည့်ပြည့်ဝဝ ထောက်ခံမှုပေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“မြောက်ကိုရီးယား၏ ထိုကဲ့သို့သော မဟာမိတ်စစ်မှန်မှုအရ ခိုင်မာသည့် ညီညွတ်မှုသည် မိမိတို့၏ နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်နေပါသည်” ဟု ရုရှားအစိုးရ၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် မြောက်ကိုရီးယား၏ ရုရှားဘက်မှ ပိုမိုထင်ရှားသော ပါဝင်မှုကို ညွှန်းဆိုနေပြီး နိုင်ငံတကာ ဆက်ဆံရေးတွင် နှစ်နိုင်ငံကြား နီးကပ်စွာ ပူးပေါင်းလာမှုကို ပြသလျက် ရှိသည်။

ထရမ့်နှင့် ဇီလန်စကီး ဘာတီကန်နန်းတော်၌ တွေ့ဆုံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့သည် ဧပြီ ၂၆ ရက်(စနေ)တွင် ကျင်းပမည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပန မစတင်မီ မိနစ်ပိုင်းအလိုတွင် ဗာတီကန်နန်းတော်၌ ၁၅ မိနစ်ခန့်ကြာ တွေ့ဆုံခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြထားပါသည်။

ယူကရိန်းသမ္မတရုံးဘက်က ထုတ်ပြန်သော ဓာတ်ပုံများအရ ခေါင်းဆောင် နှစ်ဦးသည် စိန့်ပီတာ၏ ခမ်းနားထည်ဝါသော ခန်းမတွင် လက်ထောက်များမပါဘဲ အနီးကပ် မျက်နှာချင်းဆိုင် ဆွေးနွေးနေကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါတွေ့ဆုံမှုအတွက် ဇီလန်စကီးက ဆိုရှယ်မီဒီယာပေါ်ရှိ ပို့စ်တစ်ခုတွင် “ကောင်းသောတွေ့ဆုံမှုအတွက် ထရမ့်ကို ကျေးဇူးတင်ပါသည်” ဟု ရေးသားဖော်ပြထားပါသည်။

ကိုးကား- CNN