ပြင်သစ်သမ္မတ၏ ရုရှားအပေါ် ဖိအားတိုးရန် ပြောကြားချက်များသည် ဥရောပက စစ်ပွဲကို ဆက်လက်ဆင်နွှဲရန် စိတ်ပိုင်းဖြတ်ထားမှုကို ပြသခြင်းဖြစ်သည်ဟု ကရင်မလင် ပြောကြား
ပူတင်က ယူကရိန်းနှင့် မည်သည့်အခြေအနေမျှမရှိဘဲ ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ထုတ်ပြန်ချက်ကို ညွှန်ပြခဲ့သော်လည်း ယူကရိန်းဘက်မှ ထိုကမ်းလှမ်းချက်ကို တုံ့ပြန်ခြင်းမရှိသေးကြောင်း၊ ထို့အပြင် မေလတွင် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သူမှာ သမ္မတ Putin ဖြစ်သော်လည်းယူကရိန်းဘက်မှလည်း ယခုထိတိုင် တုံ့ပြန်ခြင်းမရှိသေးကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါသည်။
“ထိုသို့သော နောက်ခံအခြေအနေတွင် ဖိအားတစ်စုံတစ်ရာ တိုးမြှင့်ရန်လိုအပ်ကြောင်း ပြောဆိုနေခြင်းမှာ ကံမကောင်းစွာပင် ဥရောပနိုင်ငံများက စစ်ပွဲကို ဆက်လက်ဆင်နွှဲရန် ဦးစားပေးလုပ်ဆောင်နေကြသည်ကို ထပ်မံ အတည်ပြုခြင်းသာ ဖြစ်ပါသည်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
“မိမိတို့ဘက်ကမူ ငြိမ်းချမ်းရေးဖြင့် အဆုံးသတ်နိုင်ရန်အတွက် လက်ရှိ ကြိုးပမ်းဆောင်ရွက်နေမှုများကိုသာ အာရုံစိုက်လျက်ရှိပါသည်” ဟု ၎င်းက ထပ်လောင်း ပြောကြားထားပါသည်။
ကိုးကား- ကရင်မလင်
Photo: ABC News
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃