ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဗော်ဂိုဂရက်မြို့တွင် လေးနာရီကြာ ဆွေးနွေးမှု ပြုလုပ်
ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာ ဒီမာပူတင်တို့၏ ဗော်ဂိုဂရက်တွင် ပြုလုပ်သောစေ့စပ်ဆွေးနွေးမှုသည် လေးနာရီ ကြာမြင့်ခဲ့ပါသည်။
“ညှိနှိုင်းမှုပြီးသွားပါပြီ။ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို နှင့်ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် မျက်နှာချင်းဆိုင်ပြီး ၄ နာရီကြာ စကားပြောခဲ့ပါသည်” ဟု သမ္မတရုံးနှင့် နီးစပ်သော Telegram လိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အစောပိုင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် “Great Heritage - Common Future” ဖိုရမ်တွင် ပါဝင်ခဲ့ကြပြီး စတာလင်ဂရက် တိုက်ပွဲ၏ သူရဲကောင်းများအတွက် အောက်မေ့ဖွယ် လွမ်းသူ့ပန်းခွေချခဲ့ကြသည်။ အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များသည် ရုရှားနှင့် ဘယ်လာရုစ်ကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ကိုးကား - Tass