ထရမ့်နှင့် ဇီလန်စကီး ဘာတီကန်နန်းတော်၌ တွေ့ဆုံ

News Image

  • ထရမ့်နှင့် ဇီလန်စကီး ဘာတီကန်နန်းတော်၌ တွေ့ဆုံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီးတို့သည် ဧပြီ ၂၆ ရက်(စနေ)တွင် ကျင်းပမည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပန မစတင်မီ မိနစ်ပိုင်းအလိုတွင် ဗာတီကန်နန်းတော်၌ ၁၅ မိနစ်ခန့်ကြာ တွေ့ဆုံခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြထားပါသည်။

ယူကရိန်းသမ္မတရုံးဘက်က ထုတ်ပြန်သော ဓာတ်ပုံများအရ ခေါင်းဆောင် နှစ်ဦးသည် စိန့်ပီတာ၏ ခမ်းနားထည်ဝါသော ခန်းမတွင် လက်ထောက်များမပါဘဲ အနီးကပ် မျက်နှာချင်းဆိုင် ဆွေးနွေးနေကြသည်ကို တွေ့ရှိရပါသည်။ အဆိုပါတွေ့ဆုံမှုအတွက် ဇီလန်စကီးက ဆိုရှယ်မီဒီယာပေါ်ရှိ ပို့စ်တစ်ခုတွင် “ကောင်းသောတွေ့ဆုံမှုအတွက် ထရမ့်ကို ကျေးဇူးတင်ပါသည်” ဟု ရေးသားဖော်ပြထားပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃