အီတလီဝန်ကြီးချုပ် မီလိုနီ၊ ဗြိတိသျှဝန်ကြီးချုပ် ကိယာစတာမာနှင့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးတို့နှင့် ထရမ့်က ရောမတွင် တွေ့ဆုံမည်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားတက်ရောက်ရန် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ဇနီး မီလာနီယာ ထရမ့်နှင့်အတူ ရောမမြို့သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်သည် ရောမ၌ အီတလီ ဝန်ကြီးချုပ် မီလိုနီ၊ ဗြိတိသျှဝန်ကြီးချုပ် ကိယာစတာမာနှင့် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း La Repubblica သတင်းစာက ပြောကြားထားပါသည်။
ဒေါ်နယ်ထရမ့်၏ ရောမခရီးစဉ်မှာ ၁၅ နာရီသာ ကြာမြင့်မည် ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါသည်။ ထရမ့်သည် ရောမမြို့ရှိ ၎င်း တည်းခိုရာ အမေရိကန်သံအမတ်ကြီးနေအိမ်တွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံရန်စီစဉ်ထားသည်ဟု ထိုသတင်းစာက ဖော်ပြချက်အရ သိရပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category