သတင်းများ

အပစ်အခတ်ရပ်စဲမှုမတိုင်မီထိ  ရုရှားအပေါ် ပိတ်ဆို့မှုကို ဖြေလျော့ရန် ဆွေးနွေးမည် မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေး ပြောကြား

အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းအတွင်း အပစ်အခတ်ရပ်စဲမှု မတိုင်မချင်း ရုရှားအပေါ် အရေးယူပိတ်ဆို့ထားမှုကိစ္စကို ဖြေလျော့ပေးရန် အစီအစဉ်မရှိကြောင်း၊ ထိုကိစ္စအတွက် မည်သည့်ဆွေးနွေးမှုမှလည်း ပြုလုပ် လိမ့်မည်မဟုတ်ကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် တက်မီ ဘရုစ်က သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်က ရုရှားပိတ်ဆို့မှုကိစ္စဖြေလျော့ပေး ပိတ်ဆို့မှုစာရင်းတစ်ခုကို ပြင်ဆင်ရန် အမိန့်ထားပါသလားဟု သတင်းထောက်တစ်ဦးမေးမြန်းချက် အပေါ် “ထိုအကြောင်းအရာအပေါ်  ဆွေးနွေးရန် လက်ရှိအခြေအနေမှာ အဆင်သင့်မဖြစ်သေးပါ”ဟု  ၎င်းက ပြန်လည်ဖြေကြားထားပါသည်။

မတ်လအတွင်းက ရုရှားသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဒမီထရီပက်စကော့ဖ်က “ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများအားလုံးကို တရားမျှတမှု မရှိဟု တွက်ဆထားပါတယ်၊၎င်းတို့ကို ဖယ်ရှားပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ဂရင်းလန်က တရုတ်နှင့်ပေါင်းရန်ကြိုးစားနေ

ဂရင်းလန်ကျွန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သိမ်းယူမည် ဟူသည့် ကြိုးစားမှုများကြောင့် ရွေးချယ်၍ရမည်ဆိုပါက တရုတ်ကိုသာ ရွေးချယ်မည်ဟု ဂရင်းလန်ကျွန်း နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်မော်ဇ်ဖီးလ် ကပြောသွားပါသည်။

"ကျနော်တို့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပြီး နက်နက်ရှိုင်းရှိုင်းဖြစ်အောင် ကြိုးစားနေပါတယ်။တရုတ်က ကျနော်တို့အတွက် ပိုပြီးအရေးကြီးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ကိစ္စတော်တော်များများအတွက် လက်မှတ်တွေထိုးဖို့ လုပ်နေပါ တယ်။လောလောဆယ် လွတ်လပ်စွာကုန်သွယ်မှုအတွက် လက်မှတ်ထိုး ထားပြီးပါပြီ။ တရုတ်ဘက်ကလည်း ကျနော်တို့ရဲ့ ပင်လယ်စာတင်သွင်းမှုကို လက်ခံထားပါတယ်။တရုတ်နိုင်ငံမှာရှိတဲ့ ဒိန်းမတ်သံရုံးမှာ ဂရင်းလန်သံတမန် ဌာနကို သီးခြားဖွင့်လှစ်ထားပါတယ်"ဟု ဆိုပါသည်။ 

အမေရိကန်၏ မြောက်အတ္တလန်တစ် မဟာဗျူဟာကျကျ ကာကွယ်ရေး အတွက် ဂရင်းလန်ကို သိမ်းပိုက်ရန်ကြိုးစားမှုတွင် ဂရင်းလန်က တရုတ်နှင့် ပေါင်းရန်ကြိုးစားနေသည့်အတွက် အမေရိကန်အတွက် ပိုမို၍အခက်အခဲ ဖြစ်သွားရန်ရှိနေပြီး ဂရင်းလန်ကို သိမ်းပိုက်ရန် ဒိန်းမတ်အစိုးရအပေါ် ဖိအားပေးနိုင်ရန် လွယ်ကူသော်လည်း တရုတ်ကို ဖိအားပေးရန် မလွယ်ကူ သည့် သဘောသက်ရောက်နေပါသည်။

ကိုးကား-Myanmar National Post

အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကိုရောက်ရှိ

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘ်ဘတ်စ် အရာချီသည် မော်စကိုမြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလာဗရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၄င်းရောက်ရှိလာသည့်ဗီဒီယိုကို သူ၏ Telegram တွင် ပြသထားပါသည်။ 

ယခုခရီးစဉ်မစတင်မီက  အီရန်၏ အဆင့်မြင့်သံတမန်တစ်ဦးဖြစ်သူ အရာချီ သည်  မော်စကိုသို့သွားရောက်၍ အီရန်ခေါင်းဆောင် အလီခါမေနီ၏ သတင်းစကားကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ ပေးပို့ရန် စီစဉ်နေ ကြောင်း ခရီးစဉ်သတင်းကို မျှဝေခဲ့သည်။ 

ယူကရိန်း၊ ပြင်သစ်၊ ဗြိတိန်နှင့် တူရကီတို့ ၂ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ် လျက်ရှိ

ယူကရိန်း၊ ပြင်သစ်၊ ဗြိတိန်နှင့် တူရကီနိုင်ငံတို့သည် ပင်လယ်နက် လုံခြုံရေး အခြေအနေများအပေါ် ဆွေးနွေးရန်အတွက် တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့၌၂ ကြာအစည်းအဝေးတစ်ရပ်ကျင်းပနေကြောင်း ယူကရိန်း သမ္မတ ဗလာဒီမာ ဇီလန်းစကီးက ထုတ်ဖော်ပြောကြားလိုက်ပါသည်။

“ပင်လယ်နက်လုံခြုံရေးနှင့်စပ်လျဉ်းပြီး ပုံမှန်မဟုတ်တဲ့ စစ်ရေးဆွေးနွေးပွဲ တစ်ခုကို တက်ကြွသူ မဟာမိတ်များနှင့်  ဆွေးနွေးနေကြပါတယ်၊ ပဲရစ် အစည်းအဝေးတွင် ဖော်ပြခဲ့သည့် ဥရောပနိုင်ငံများဖြစ်တဲ့  ဗြိတိန်၊ ပြင်သစ်၊ ယူကရိန်းတို့မှ ကိုယ်စားလှယ်များနှင့် အိမ်ရှင်တူရကီနိုင်ငံတို့ ပါဝင်ဆွေးနွေး နေကြပါတယ်”ဟု  ဇီလန်းစကီးက  Odessa မြို့၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

Victory Day  အခမ်းအနား  အဖွဲ့ဝင်နိုင်ငံများ  မတက်ရောက်ရန်  EU တိုက်တွန်း

မော်စကို၌ မေ ၉ တွင် ကျင်းပမည့် Victory Day အခမ်းအနားသို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်ခြင်း မပြုကြရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ  Kaja Kallas က ဥရောပနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတိပေး ပြောကြားခဲ့သည်။

ဥရောပခေါင်းဆောင်များအနေဖြင့် အဆိုပါ မေ ၉ ရက်တွင် ယူကရိန်းနိုင်ငံ ကိယက်ဗ်သို့ သွားရောက်ရန် စီစဉ်ထားခြင်း ရှိ၊ မရှိ ယူကရိန်းသတင်းထောက်များ၏ မေးမြန်းချက် အပေါ် “ မိမိတို့အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ် များအား စည်းလုံးညီညွတ်မှုပြသရန် ကိယက်ဗ်နှင့် ကျန်ယူကရိန်းဒေသ များသို့ အတတ်နိုင်ဆုံး သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းထား ပါတယ်၊  ထိုခရီးစဉ်များတွင် စစ်ရေးအကူအညီများ ပေးနိုင်ဖို့ကိုလည်း ဘရပ်ဆဲလ်က တိုက်တွန်းထားပါတယ်”ဟုသူမကဖြေကြားထားပါသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ်အဖြစ်  ဗီယက်နမ်နိုင်ငံသို့သွားရောက်၊ ကုန်သွယ်ရေးစစ်ပွဲသည်  အနိုင်ရသူရှိမည်မဟုတ်ဟုပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံတော်ချစ်ကြည်ရေး ခရီးစဉ်တစ်ရပ်အဖြစ် ဧပြီလ ၁၄ ရက်က ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာခဲ့ ပါသည်။ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိချိန် တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ၌ ရှီက ၎င်း၏ လေးကြိမ်မြောက် နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး တိုလမ်နှင့် ဗီယက်နမ်သမ္မတ လွမ်ကုန်း(Luong Cuong) တို့၏ ဖိတ်ကြားချက်တွေအရ လာရောက်လည်ပတ်ရ၍ အလွန် ဝမ်းမြောက်မိကြောင်း ဖော်ပြခဲ့ပါသည်။

ကြေညာချက်တွင် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနှင့် တရုတ် ပြည်သူတို့ကိုယ်စား ညီအစ်ကိုတော်ဖြစ်သည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗီယက်နမ်အစိုးရနှင့် ဗီယက်နမ်ပြည်သူတို့ကို နှုတ်ဆက်စကားများပြောကြား ပါကြောင်းနှင့် ဆုမွန်ကောင်းများတောင်းပါကြောင်း ဖော်ပြခဲ့ပါသည်။

ရှီက ယခုနှစ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ တည်ထောင်မှု ၉၅ နှစ်ပြည့် မြောက်သည့်နှစ်၊ ဗီယက်နမ်နိုင်ငံထူ ထောင်မှု နှစ် ၈၀ မြောက်သည့်နှစ်နဲ့ တောင်ဗီယက်နမ်လွတ်မြောက်မှု အနှစ် ၅၀ ပြည့်သည့် နှစ်တို့ဖြစ်ပြီး ဗီယက်နမ် ကွန်မြူနစ်ပါတီအနေဖြင့် ပါတီနှင့်နိုင်ငံထူထောင်မှု နှစ်တစ်ရာပြည့် ရည်မှန်းချက်နှစ်ရပ်ကို သဘောပေါက်စေခြင်းဖြင့် ပြည်သူများကို စည်းလုံး ညီညွတ်စွာ ဦးဆောင်ခဲ့ကြောင်းလည်း ပြောခဲ့ပါသည်။

ဆက်လက်၍ သမ္မတရှီက ဗီယက်နမ်နိုင်ငံအနေဖြင့် လူနေမှုအဆင့် အတန်းများ ပုံမှန်တိုးတက်လာခြင်း၊ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာသြဇာလွှမ်းမိုးမှုများ ဆက်လက် တိုးတက်လာနေခြင်းတို့အတွက် တရုတ်အစိုးရအနေဖြင့် ဝမ်းမြောက်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ် အောက် တွင် စက်မှုလုပ်ငန်းခေတ်မီစေရေး အထူးဆောင်ရွက်နိုင်ခဲ့ ကြောင်းလည်း ရှီက ပြောခဲ့ပါသည်။

ထို့အပြင် သမ္မတ ရှီက မိမိပြည်တွင်းလုပ်ငန်းများကို ပြည်ပနိုင်ငံများနှင့် ယှဉ်ပြိုင်မှုကို ကာကွယ်သည့်မူဝါဒသည် မည်သည့်ကောင်းကျိုးကိုမျှ ဖြစ်စေနိုင်မည်မဟုတ်သကဲ့သို့ ကုန်သွယ်ရေးစစ်ပွဲကလည်း အနိုင်ရသူ ရှိမည် မဟုတ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။

ကိုးကား- MT News 

မေ ၉ တွင် စွမ်းအင်လုံခြုံရေးကိစ္စ ဆွေးနွေးရန် မျှော်လင့်ထားကြောင်း ဆားဘီးယားသမ္မတ ပြော

ဆားဘီးယားသမ္မတ Aleksandar Vucic သည် မေလ ၉ ရက်တွင် မော်စကိုမြို့၌ ကျင်းပမည့် နှစ် ၈၀ ပြည့် ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အခမ်းအနား တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံ၍ ဆားဘီးယား၏ ရေနံ၊ သဘာဝ ဓာတ်ငွေ့စသည့်ကိစ္စများအပြင် အခြားအရာအားလုံးကို ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း မီဒီယာများကို ပြောကြားလိုက်ပါသည်။

Vucic သည် ယခင်က မော်စကိုသို့ သွားရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ နိုင်ငံတကာဖိအားများ မြင့်တက်နေသော်လည်း မေလ ၉ ရက်တွင် ခရီးစဉ်ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း အတည်ပြုခဲ့သည်။ ထို့ပြင် ၎င်းက “ယခုခရီးစဉ်ကြောင့် ၎င်း၏ခေါင်းပေါ် မိုးကောင်းကင်ကြီး ပြိုလာမည့် အခြေအနေဖြစ်နေပြီ” ဟု သရော်စာသံဖြင့် မှတ်ချက်ပြုခဲ့သည်။ သို့သော် ဆားဘီးယားလူမျိုးများအနေဖြင့် ဖက်ဆစ်ဝါဒကို တော်လှန်ခဲ့သည့် သမိုင်းကြောင်းကို ဂုဏ်ယူ၍ ထိုဖိတ်ကြားချက်ကို လက်ခံခဲ့ခြင်း ဖြစ်သည် ဟု Vucic က အလေးအနက်ထည့်သွင်းပြောဆိုထားပါသည်။ 

ဆားဘီးယားသမ္မတ Vucic သည် မေလ ၉ ရက်က ကျင်းပမည့် အောင်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကရင်မလင် ကလည်း မတ်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာထားပါသည်။

ကိုးကား- TASS

Photo: Reuters

တိုးတက်မှုမရှိပါက အမေရိကန်သည် ယူကရိန်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ရက်အနည်းငယ်အတွင်း ရပ်ဆိုင်းသွားမည်ဟု Rubio သတိပေး

“တိုးတက်မှုလက္ခဏာမရှိပါက အမေရိကန်သည် ရက်ပိုင်းအတွင်း ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် ၎င်း၏ကြိုးပမ်းမှုများကို ရပ်တန့်သွားနိုင်ကြောင်း”အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သောကြာနေ့ (ဧပြီ ၁၈) တွင် သတိပေးလိုက်သည်။

ပါရီမြို့မှ မထွက်ခွာမီ ၎င်းက “ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် မဖြစ်နိုင်ပါက ကျွန်ုပ်တို့ အခြားရွေးချယ်စရာများကို လုပ်ဆောင်ရမည်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ “ပဋိပက္ခပြီးဆုံးရေးအတွက် ညှိနှိုင်းမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိပါက အခြားနည်းလမ်းများကို ဆက်လက်လုပ်ဆောင်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်” ဟု ၎င်းက ဖြည့်စွက်ခဲ့သည်။

ရူဘီယို၏ ထုတ်ဖော်ပြောဆိုချက်များသည် သုံးနှစ်ကြာစစ်ပွဲကို ရပ်တန့်ရန် တိုးတက်မှုမရှိခြင်းအား ထရမ့် ဦးဆောင်သောအစိုးရအဖွဲ့အတွင်း တိုးပွားလာနေသော စိတ်ပျက်မှုကို ညွှန်းဆိုနေသည်။ မော်စကိုသည် ညှိနှိုင်းမှုများတွင် အချိန်ဆွဲနေပြီး ကိယက်ဗ်မှ သဘောတူထားသော စစ်ရေးရပ်စဲရေး အဆိုကို ပယ်ချခဲ့သည်။ စစ်ပွဲကိုရက်ပိုင်းအတွင်း အဆုံးသတ်ရန် ကတိပြုခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က “ရုရှားအနေဖြင့် အရှိန်မြှင့်လုပ်ဆောင်ရမည်” ဟု မကြာသေးမီက ပြောကြားခဲ့သည်။

အမေရိကန်အရာရှိများက ကိယက်ဗ်နှင့် ဥရောပသံတမန်များနှင့် ပူးတွဲဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး (နိုင်ငံခြားရေးဌာနက “အလွန်ကောင်းမွန်သော အပြန်အလှန်ဆွေးနွေးမှု” ဟု ဂုဏ်တင်ခဲ့သည်) ဝါရှင်တန်နှင့် ကိယက်ဗ် အကြား သတ္တုတွင်းထွက်သဘောတူညီချက်ဆိုင်ရာ ညှိနှိုင်းမှုများတွင် တိုးတက်မှုရှိသော်လည်း ငြိမ်းချမ်းရေးသည် ဝေးကွာနေဆဲဖြစ်သည်။ ထိုအတောအတွင်း အမေရိကန်မှ ညှိနှိုင်းပေးခဲ့သော စွမ်းအင် အခြေခံအဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုနှင့်ပတ်သက်၍ တစ်စိတ်တစ်ပိုင်း စစ်ရပ်စဲမှုသည် သောကြာနေ့(ဧပြီ ၁၈)တွင် ကုန်ဆုံးသွားခဲ့ပြီး အဆိုပါ သဘောတူညီချက်ကို နှစ်ဖက်စလုံးက မကြာခဏချိုးဖောက်သည်ဟု အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

ရူဘီယို၏ ပြောကြားချက်များအပြီး နာရီပိုင်းအတွင်း ဒုတိယသမ္မတ JD ဗန့်စ် က ထရမ့် ဦးဆောင်သော အစိုးရအဖွဲ့သည် “ရုရှား-ယူကရိန်း စစ်ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း” ပြောကြားခဲ့သည်။

ကိုးကား-CNN

ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်နေရာချထားရေး မြန်ဆန်စေရန်အတွက် ဘင်္ဂလားဒေ့ရှ်အနေဖြင့် အားလုံးထည့်သွင်းစဉ်းစားလုပ်ဆောင်နေကြောင်း  ဘင်္ဂါလီအရေးကိစ္စများဆိုင်ရာ ဘင်္ဂလားဒေ့ရှ်၏ အဆင့်မြင့်ကိုယ်စားလှယ် (Khalilur Rahman ) ခါလီလူရ်ရာမှန် ကပြောကြားခဲ့

ဘင်္ဂါလီ အရေးကိစ္စများဆိုင်ရာ ဘင်္ဂလားဒေ့ရှ်၏ အဆင့်မြင့်ကိုယ်စားလှယ် Khalilur Rahman က အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ အပါအဝင် ရခိုင်ပြည်နယ်၏ အများစုကို ထိန်းချုပ်ထားသည့် လက်နက်ကိုင် တပ်ဖွဲ့ (AA) က ဘင်္ဂလားဒေ့ရှ် ရှိ ဘင်္ဂါလီ များအား ပြန်လည်နေရာချ  ထားရန် သဘောတူထားကြောင်း အလေးထားပြောဆိုခဲ့သည်။ “ထိုမြောက်ပိုင်း ဒေသများသည် ဘင်္ဂါလီ တို့၏ ရိုးရာနေထိုင်ရာဒေသများဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့ပါသည်။

"ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဒေသတစ်ခုဒေသ ဖြစ်နေဆဲဆိုတာကို မှတ်သားထားဖို့ အရေးကြီးပါတယ်။ မိမိတို့သည် AA နှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ပါသည်။ဘင်္ဂါလီများ ပြန်လည်နေရာချထားရေးသည် ၎င်းတို့၏ အခြေခံသဘောထားဖြစ်ပြီး စက်တင်ဘာလတွင် ထုတ်ပြန်ကြေညာခဲ့ကာ ဆွေးနွေးပွဲများတွင်လည်း ရှင်းလင်းစွာပြန်လည်ထပ်လောင်းပြောဆိုခဲ့ပါသည်" ဟု ခါလီလူရ်ရာမှန်က ပြောကြားခဲ့ပါသည်။ 

သို့သော်၎င်း၏အဆိုအရ "ဤဖြစ်စဉ်သည် အချိန်ယူရမည်ဖြစ်ပြီး တစ်ရက် တည်းဖြင့် ဖြစ်မလာနိုင်သေး"ဟုဆိုကာ လက်ရှိအဓိကလိုအပ်ချက်မှာ ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာတပ်မတော်အကြား စစ်ရေးပဋိပက္ခ ရပ်စဲရေးဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ဤအချက်အတွက် ဘင်္ဂလားဒေ့ရှ် သည်"မြန်မာနိုင်ငံ၏ အစစ်အမှန် အာဏာပိုင်အဖွဲ့များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် မိတ်ဖက်နိုင်ငံများ" နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါသည်။ 

ကိုးကား - DT

အမေရိကန်ပြည်ထောင်စုသည် ရုရှားဖက်ဒရေးရှင်း၊  ယူကရိန်းနိုင်ငံတို့နှင့် သဘောတူညီချက်များ မကြာမီ အချိန်အတွင်း၌ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်ထား ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့

အမေရိကန်ပြည်ထောင်စုသည် ရုရှား၊ ယူကရိန်းနိုင်ငံ တို့နှင့် သဘောတူညီ ချက်များရရှိရန် မကြာမီအချိန်အတွင်း၌ မျှော်လင့်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါသည်။ “စစ်ရေးဆိုင်ရာ လုပ်ဆောင်မှုများကို အဆုံးသတ်ရန် ရုရှား၊ ယူကရိန်းတို့နှင့် သဘောတူ ညီချက်တစ်ခုကို မကြာမီ အချိန်အတွင်း၌ ချုပ်ဆိုနိုင်ရန် ကျွန်တော်တို့က မျှော်လင့်ပါတယ်”ဟု အိမ်ဖြူတော်ရှိသတင်းထောက်များ၏မေးခွန်းများ ကို ဖြေကြားရာတွင် သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါသည်။

ထိုအပြင် အမေရိကန်သမ္မတ က တရုတ်နိုင်ငံသားများသည် ယူကရိန်း၌ ရုရှား၏ အထူးစစ်ဆင်ရေးတွင် ပါဝင်ပတ်သက်နေကြောင်း ယူကရိန်း အစိုးရ၏ စွပ်စွဲချက်များကို ဝါရှင်တန်က ထည့်သွင်းစဉ်းစားသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။“ကျွန်တော်တို့က ယင်းကို လေ့လာ စုံစမ်းသွားပါမယ်”ဟု သမ္မတဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောကြားခဲ့ ပါသည်။ “ဒါပေမယ့် ထိုအရာအပြင် မိမိတို့က ဤစစ်ပွဲကို ရပ်တန့်စေရန် အမှန်တကယ်ကြိုးစားနေပါတယ်” ဟု သမ္မတက အလေးထားပြောကြား ခဲ့ပါသည်။

ဧပြီလ ၇ ရက်နေ့တွင် ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က မှတ်ချက်ပြုပြောကြားခဲ့သည့်အတိုင်း သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း၌ အပစ်အခတ်ရပ်စဲရေးဆိုင်ရာအကြံအစည်ကို ထောက်ခံ အားပေးသော်လည်း ယင်းအတွက် အကြောင်းအရာအချို့ကို ဖြေရှင်းရန် လိုအပ်နေပြီး ထိုအရာများသည် လောလောဆယ်တွင် မရေရာမသေချာ ဖြစ်နေဆဲပင်ဖြစ်ပါသည်။ ဧပြီလ ၉ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေကျင်းအနေဖြင့် ၎င်းတို့၏စစ်သားများကို ယူကရိန်း ပဋိပက္ခတွင် ပါဝင်စေရန် စေလွှတ်ခဲ့ခြင်းမရှိကြောင်း အလေးအနက် ပြောကြားခဲ့ပြီး တိုင်းပြည်အစိုးရများသည် နိုင်ငံသားများအား တိုက်ပွဲ များ၌ ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားရန် တောင်းဆိုထားပါသည်။ ထိုမတိုင်မီ ယူကရိန်း၌ တရုတ်နိုင်ငံသားများသည် တိုက်ပွဲများတွင် ပါဝင်ပတ်သက်ခဲ့ကြောင်းဆိုသော သတင်းအချက်အလက်များကို ဖြန့်ဝေ ခြင်းကို စတင်ခဲ့သည်။ ဗလာဒီမာ ဇယ်လင်စကီးသည် တရုတ်နိုင်ငံအား ယူကရိန်းရှိပဋိပက္ခသို့ ဆွဲသွင်းနေသည်ဟူ၍ မော်စကိုအပေါ် စွပ်စွဲ ပြောဆိုချက်များကို ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပက်စကော့ဗ် ကပယ်ချခဲ့ပါသည်။

ကိုးကား - Tass