သတင်းများ

ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ညီလာခံ၌ အမေရိကန် တင်ပြမည်

လာမည့်သီတင်းပတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဂျာမနီနိုင်ငံတွင်ကျင်းပမည့် နိုင်ငံတကာအစည်းအဝေး၌ ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို တင်ပြဖွယ်ရှိကြောင်း သိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Keith Kellogg က ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်မည့် မြူးနစ်လုံခြုံရေးညီလာခံကို တက်ရောက်မည်ဟု ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံတွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်မည့် ထရမ့်၏ အစီအစဉ်ကို ပြောဆိုရန် စီစဉ်ထားကြောင်း ဆိုသည်။

အမေရိကန်၏ အဆိုပြုချက်တွင် “မော်စကိုက နောက်တစ်ကြိမ် မတိုက်ခိုက်နိုင်စေရန် ယူကရိန်းအား လုံခြုံရေးအာမခံချက်များပေးရန်နှင့် ပဋိပက္ခကို ရပ်ဆိုင်း၍ ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားသောနယ်မြေကို ပြန်ပေးရန်” ပါဝင်ကြောင်း အမေရိကန် မီဒီယာ Bloomberg ၏ ဖေဖော်ဝါရီ ၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံဆိုင်ရာ အထူးသံတမန် Kellogg သည် ညီလာခံအပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်သို့ သွားရောက် လည်ပတ်ရန် စီစဉ်နေကြောင်းနှင့် ယူကရိန်းသမ္မတ Volodymyr Zelenskyy နှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း ပြည်သူ့အသံလွှင့်ဌာနနှင့် အခြားမီဒီယာ များက ဆိုသည်။ 

ကိုးကား-NHK

ကိယက်ဗ်၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေးဆန္ဒအပေါ် ထရမ့်၏ရပ်တည်ချက်ကို မော်စကိုကြိုဆို

ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်များနှင့်ပတ်သက်၍ အမေရိကန် သမ္မတ Donald Trump ၏ ပြောကြားချက်ကို ရုရှားနိုင်ငံက ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ပြောကြားခဲ့သည်။ကိယက်ဗ်၏ နေတိုးအဖွဲ့တွင်ပါဝင်ရန် အစီအစဉ်များကို ထောက်ခံခြင်းမှာ မှားယွင်းကြောင်း ၀န်ခံသည့် ပထမဆုံးအနောက်နိုင်ငံခေါင်းဆောင်မှာ Trump ဖြစ်သည်ဟု Lavrov က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်း၏လုပ်ဆောင်မှုများအတွက် ရုရှား၏စိုးရိမ်မှုများကို နားလည်ကြောင်းလွန်ခဲ့သည့်လအတွင်းတွင် ထရမ့်ကပြောဆိုခဲ့ပြီး သတင်းထောက်များနှင့်တွေ့ဆုံရာတွင်လည်း ရုရှား၏ ရပ်တည်ချက်သည် ကျောက်ထက်အက္ခရာ တင်ထားသကဲ့သို့ မပျက်မယွင်းခိုင်မြဲမှုရှိကြောင်းနှင့် ဘိုင်ဒင်က ထိုအချက်ကို လျစ်လျူရှုခဲ့ကြောင်း ပြောကြားခဲ့သည်။

Lavrov က ထရမ့်၏ မှတ်ချက်များအရ ယူကရိန်းနှင့် ပဋိပက္ခကိုဆွေးနွေးဖြေရှင်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုသည်။

၎င်းက နေတိုးအဖွဲ့၏ လုပ်ဆောင်မှုများကြောင့် ပဋိပက္ခ ပိုမိုကြီးမားလာရကြောင်းကို ထပ်လောင်းပြောကြားခဲ့ပြီး ဝါရှင်တန်ကသာ လက်တွေ့ကျသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-RT

ဆက်ဆံရေး တိုးမြှင့်ရန်အတွက် ပထမဆုံးခြေလှမ်းကို အမေရိကန်ဘက်မှ စတင်ရမည်ဟု ရုရှားအစိုးရပြော

ရုရှားနှင့်အမေရိကန်ကြား ဆက်ဆံရေးများ တိုးမြှင့်နိုင်ရန်အတွက် အမေရိကန်ဘက်က ပထမဆုံးခြေလှမ်းကို စတင်လှမ်းရမည်ဟု အကြီးတန်းရုရှားသံတမန် တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ အမေရိကန်အစိုးရနှင့် သဘောတူညီချက်တစ်ခုရရှိရန်အတွက် နိုင်ငံခြားရေး မူဝါဒကို အခြေခံခြင်းက မှားယွင်းသည်ဟုလည်း ရုရှား နိုင်ငံခြားရေးဒုဝန်ကြီး ဆာ‌ဂေးရိုက်ယက်ကော့ဗ်က ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ပြင်းထန်ခဲ့မှုနှင့်အတူ အမေရိကန်နှင့် ရုရှားအကြားဆက်ဆံရေးသည် ဆယ်စုနှစ်များစွာ အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ သို့သော် ၂၀၂၄ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့ပြီးနောက် ရုရှားအစိုးရသည် အမေရိကန်အစိုးရအသစ်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်လိုကြောင်း မီးစိမ်းပြခဲ့သည် ဟုလည်း သိရပါသည်။

ထို့အပြင် ရုရှားအစိုးရသည် အနောက်အုပ်စုနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံဖြစ်ရန် ကာလရှည်ကြာ ကြိုးပမ်းခဲ့သော်လည်း မည်သည့်နိုင်ငံကမျှ အာရုံစိုက်ခဲ့ခြင်း မရှိခဲ့ကြောင်း ဆာဂေးရိုက်ယက်ကော့ဗ်က ပြောကြားခဲ့ပါသည်။

ကိုးကား-NP News

အမေရိကန်၏ အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို ပေးအပ်ရမည်ဟု ယူကရိန်းအား ထရမ့်ပြော

မော်စကို၊ စီးပွားရေး

    ယူကရိန်းအနေဖြင့် အမေရိကန်၏ အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်းသိရသည်။

ယူကရိန်းအစိုးရအနေဖြင့် အမေရိကန် အစိုးရသစ်နှင့် သဘောတူညီချက်သစ် တစ်ရပ်ချမှတ်ရန် လိုအပ်နေပြီး မြေရှားသတ္တုများကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်နိုင်ရေးကို အာမခံပေးရန် လိုအပ်လျက်ရှိကြောင်း ထရမ့်က ဖေဖော်ဝါရီလ၃   ရက်တွင်    သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံသည်  အဖိုးတန်သည့် မြေရှားသတ္တုများကို ပိုင်ဆိုင်ထားပြီး အဆိုပါ အရင်းအမြစ်များကို   ရရှိနိုင်ရေးအတွက် အမေရိကန်က ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင်   ယူကရိန်းနိုင်ငံသည် ကာကွယ်ရေး၊ အဆင့်မြင့်နည်းပညာနှင့် green စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့်  အရေးပါသော ကုန်ကြမ်းများကို အဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သော အလားအလာရှိကြောင်း ၂၀၂၄  ခုနှစ်    ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင်    အမေရိကန်အစိုးရက ယူကရိန်းသို့ ပေးအပ်နေသည့် အကူအညီများကို ရပ်တန့်ပစ်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများအား အကူအညီပေးရန် တောင်းဆိုမည့် အလားအလာရှိကြောင်း သိရသည်။

Source: Myawady Web Portal

ထရမ့်၏ ဂါဇာဒေသခံများ ရွှေ့ပြောင်းရေးကိစ္စ တရုတ် ကန့်ကွက်

တရုတ်နိုင်ငံသည် ဂါဇာဒေသခံများကို အတင်းအကျပ် ပြောင်းရွှေ့မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို ဆန့်ကျင်ပါကြောင်း၊ ပါလက်စတိုင်း ပြဿနာကို နှစ်နိုင်ငံနိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပြောကြားလိုက် ပါသည်။

“ဂါဇာဒေသခံများကို အတင်းအကျပ်ပြောင်းရွှေ့ခြင်းကို တရုတ်က ဆန့်ကျင်ပါကြောင်း၊ ပစ်ခတ်မှုများ ရပ်စဲပြီးနောက် စီမံခန့်ခွဲရေးလုပ်ငန်းများကို အခွင့်အလမ်း အဖြစ် အသုံးချကာ ပါလက်စတိုင်းပြဿနာကို နှစ်နိုင်ငံနိုင်ငံရေးလမ်းကြောင်း ဖြေရှင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း” ၎င်းက ပြောကြားထား ပါသည်။ 

ထရမ့်အစီအစဉ်ကို အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီ၊ တရုတ်၊ ရုရှား၊ ပြင်သစ်အပါအဝင် နိုင်ငံအများအပြားက ဆန့်ကျင်နေကြပြီး နှစ်နိုင်ငံဖြင့် ဖြေရှင်းသည့် နည်းလမ်းကို ထောက်ခံကြောင်း ထုတ်ပြန်ထားကြပါသည်။ 

ကိုးကား-TASS

Photo: Ahram Online

ရွေးကောက်ပွဲမတိုင်မီ နယ်စပ်အဝင်အထွက်ပိတ်ထားရန် အီကွေဒေါစီစဉ်

ကွီတို    ဖေဖော်ဝါရီ ၄

ယခုရက်သတ္တပတ်ကာလအတွင်း နယ်စပ်အဝင်အထွက်များပိတ်ထားရန်နှင့် နယ်စပ်လုံခြုံရေးမြှင့်တင်ထားရန် အီကွေဒေါအစိုးရက စီစဉ်ထားကြောင်း ဖေဖော်ဝါရီ ၃ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။

အထွေထွေ ရွေးကောက်ပွဲမကျင်းပမီ နယ်စပ်အဝင်အထွက်များကို ပိတ်ထားရန် အီကွေ‌ဒေါအစိုးရက စီစဉ်ထားခြင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၈ ကမှစ၍ ၁၀ ရက်ထိ အီကွေဒေါနယ်စပ်တစ်လျှောက် အဝင်အထွက်များကို ပိတ်ထားမည်ဖြစ်ကြောင်း အီကွေဒေါသမ္မတ ဒန်နီယယ်နိုဘိုဝါက လူမှုမီဒီယာ စာမျက်နှာပေါ်၌ ကြေညာထားသည်။

ပြည်တွင်းရေး မတည်မငြိမ်ဖြစ်စေရန် လက်နက်ကိုင်အုပ်စုများက ကြိုးစားလာမှုကို တုံ့ပြန်သည့်အနေဖြင့် ယခုရက်သတ္တပတ်ကုန်ကာလအတွင်း နယ်စပ်များပိတ်ထားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း အီကွေဒေါသမ္မတ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အလားတူ နိုင်ငံနယ်စပ်တစ်လျှောက်နှင့် ဆိပ်ကမ်းများတွင်လည်း လုံခြုံရေးမြှင့်တင်ရန်တပ်မတော်ကို ညွှန်ကြားထားကြောင်း အီကွေဒေါသမ္မတက ပြောကြားထားသည်။

အီကွေဒေါနိုင်ငံသည် ဖေဖော်ဝါရီ ၉ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပးရန် စီစဉ်ထားပြီး ယင်းရွေးကောက်ပွဲ၌ သမ္မတ ရာထူးအတွက် ယှဉ်ပြိင်မည့် သမ္မတလောင်းများထဲတွင် လက်ရှိသမ္မတ နိုဘိုဝါလည်း ပါဝင်ကြောင်း သိရသည်။

Ref: Xinhua၊ Trs: KKO

Source: ရတနာပုံသတင်းစာ

ဇီလန်းစကီးသည် တရားဝင်သမ္မတမဟုတ်သော်လည်း ရုရှားက ဆွေးနွေးရန် လမ်းဖွင့်ထားဟုဆို

ယူကရိန်း သမ္မတဇီလန်းစကီးသည် သမ္မတသက်တမ်း ကုန်ဆုံးနေပြီဖြစ်ပြီး တရားဝင်အခွင့်အာဏာ ကင်းမဲ့နေသော်လည်း ရုရှားသည် ကိယက်ဗ်နှင့်ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကပြောကြားခဲ့သည်။

UNHRC မှ အမေရိကန်က နုတ်ထွက်ရန်နှင့် UNRWA အား ရန်ပုံငွေ ထောက်ပံ့မှုရပ်တန့်ရေး သက်တမ်းတိုးရန်အတွက် ထရမ့် လက်မှတ်ရေးထိုးမည်

ဝါရှင်တန်၊ နိုင်ငံရေး

    ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှ အမေရိကန်က နုတ်ထွက်ရန်နှင့် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) အား ရန်ပုံငွေထောက်ပံ့မှုရပ်တန့်ရေး သက်တမ်းတိုးရန်အတွက် အမိန့်ကြေညာချက်တစ်စောင်ကို သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

ထရမ့်သည် ၎င်း၏  သမ္မတပထမသက်တမ်း ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ်အတွင်းကလည်း   အစ္စရေးနိုင်ငံအပေါ် ရန်လိုသည့်အပြုအမူများ ပြသသည်ဟူသော အကြောင်းပြချက်ဖြင့် UNHRC မှ နုတ်ထွက်ခဲ့သည်။ UNHRC တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံပါဝင်သည်။

သို့သော်  ဂျိုးဘိုင်ဒင်သမ္မတအဖြစ် တက်ရောက်လာပြီးနောက် ၂၀၂၁ ခုနှစ်တွင် အမေရိကန်အနေဖြင့်  UNHRC တွင် လေ့လာသူအဖြစ်  ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီဘလင်ကင်က  ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ  (UNRWA)  သည် ၁၉၅၀ ပြည့်နှစ်များမှစ၍ ဂျော်ဒန်၊ လက်ဘနွန်၊  ဂါဇာ၊  အနောက်ဘက်ကမ်းခြေဒေသနှင့်  အရှေ့ဂျေရုဆလင်ရှိ  ပါလက်စတိုင်း ဒုက္ခသည်များအား  အကူအညီပေးအပ်လျက်ရှိကြောင်း သိရသည်။

အမေရိကန်မှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရာဇဝတ်သားများအား အခကြေးငွေဖြင့် လက်ခံထားနိုင်ဟု အယ်လ်ဆာဗေဒေါနိုင်ငံ သမ္မတပြော

      အယ်လ်ဆာဗေဒေါနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရာဇဝတ်သားများအား အခကြေးငွေဖြင့် လက်ခံထားနိုင်ကြောင်း ယင်းနိုင်ငံသမ္မတ နာယစ် ဘူကယ်လီက ဖေဖော်ဝါရီလ ၄ ရက်တွင်ပြောသည်။

အမေရိကန်မှ ရာဇဝတ်သားများနှင့် ရွှေ့ပြောင်းနေထိုင်သူများအား နေရာချထားနိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အကျဉ်းထောင် အကြီးစားဖြစ်သည့် အကြမ်းဖက်သမားများ ထိန်းသိမ်းရေးစခန်းကို အသုံးပြုရန် အသင့်ရှိကြောင်း နာယစ် ဘူကယ်လီက ၎င်း၏ ဆိုရှယ်မီဒီယာဝက်ဆိုက်တွင် ရေးသားဖော်ပြသည်။

ထို့ပြင် ရာဇဝတ်သားများနှင့်  အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသူများအား လက်ခံရာတွင် ပေးအပ်မည့် အခကြေးငွေသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးကျေးဇူးကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း  ၎င်းက ဆက်လက်ရေးသားထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုနှစ် ဧပြီလတွင် နိုင်ငံအတွင်းရှိ အကာအကွယ် ပေးထားသည့် ဗင်နီဇွဲလားနိုင်ငံသား ၃၄၈,၀၀၀ ၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးပြီးနောက် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင်   နိုင်ငံအတွင်းရှိ  တရားမဝင်ရွှေ့ပြောင်းသူများ ဝင်ရောက်မှုကိုတိုက်ဖျက်ရန်အတွက်   ထရမ့်ကနိုင်ငံအတွင်း၌ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာရန် ရည်ရွယ်ထားကြောင်း Politico က ဖော်ပြခဲ့ကြောင်း သိရသည်။

ထရမ့်နှင့် အလဲအလှယ်လုပ်ရန် ယူကရိန်း စီစဉ်နေကြောင်း ကျွမ်းကျင်သူပြောကြား

ယူကရိန်းအာဏာပိုင်များသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အဆိုပြုထားသော မြေရှားသတ္တုနှင့် အခြားအရင်းအမြစ်များ လွှဲပြောင်းရေးကိစ္စအတွက် စီမံဆောင်ရွက်နေကြောင်း ဥရောပသတ္တုကျွမ်းကျင်သူတစ်ဦးကို ကိုးကား၍ Politico က ဖော်ပြထားပါသည်။ 

“ယူကရိန်းသည် ထရမ့်၏ အာရုံစိုက်ခြင်းခံရစေရန် ဆွဲဆောင်နိုင်မည့်အရာများကို ရှာဖွေနေကြသည်မှာ သိသာထင်ရှားပါကြောင်း” ကျွမ်းကျင်သူက ပြောထား ပါသည်။ ယူကရိန်းတွင် တိုက်တေနီယမ် သတ္တုသိုက်များမှာ ထိပ်တန်းအဆင့်တွင် ရှိကြောင်း ၎င်းက ယုံကြည်ထားပါသည်။

ထို့ပြင် ယူကရိန်းတွင်ရှိသော သတ္တုအမျိုးအစား ၅၀ အနက် ၂၂ မျိုးမှာ အမေရိကန်က အလွန်အမင်း လိုချင်နေသော သတ္တုသိုက်များဖြစ်ကြောင်း၊ အထူးသဖြင့် ပရပ်ဖိုက်၊ လစ်သီယမ်၊ တိုက်တေနီယမ်၊ ဘယ်ရီလီယံ နှင့် ယူရေနီယမ်တို့ ကြွယ်ဝကြောင်း ယူကရိန်း သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် အရင်းအမြစ်ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါသည်။ 

အဆိုပါ အရင်းအမြစ်များသည် ဘက်ထရီများ၊ ရေဒါစနစ်များနှင့် သံချပ်ကာများထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်ပြီး တရုတ်သတ္တုများအပေါ် အမေရိကန်၏ မှီခို အားထားမှုကိုလျှော့ချရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။