ဗြိတိန်နိုင်ငံ၏ ပင်လယ်နက်ဒေသအား စိတ်ဝင်စားမှုအပေါ် ရုရှား အကြံပေး သတိပေး

News Image

  • ဗြိတိန်နိုင်ငံ၏ ပင်လယ်နက်ဒေသအား စိတ်ဝင်စားမှုအပေါ် ရုရှား အကြံပေး သတိပေး

ဗြိတိန်နိုင်ငံသည် ပင်လယ်နက်ဒေသတွင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းနေကြောင်း ရုရှားသမ္မတ၏ အကြံပေးအရာရှိ Nikolay Patrushev က သတိပေးလိုက်ပါသည်။

“လတ်တလောမှာ ဗြိတိန်နိုင်ငံသည် ပင်လယ်နက်ဒေသတွင် ခြေကုပ်ရရှိရန် အထူးအားထုတ်နေပါကြောင်း၊ ၎င်းတို့(ဗြိတိန်)သည် ယခုတွင် မိုင်းရှင်းလင်းရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်းပြီး ၎င်းတို့၏ ရေတပ်သင်္ဘောများဖြင့် ကုန်တင်သင်္ဘောများကို လုံခြုံရေးပေးရန် စီစဉ်နေကြပါသည်” ဟု အကြံပေးက TASS နှင့် အင်တာဗျူးတွင် ပြောကြားထားပါသည်။

၎င်း၏ ပြောကြားချက်မှာ ယူကရိန်းအစိုးရသည် နေတိုးအဖွဲ့နှင့်အတူ ပူးပေါင်း၍ ပင်လယ်နက်ဒေသတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် အစီအစဉ်များနှင့် တစ်ဆက်တည်းဖြစ်နေကြောင်း TASS သတင်းဌာနက ဖော်ပြထားပါသည်။

ကိုးကား- TASS

Photo: Council on Geostrategy

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃