ပနားမားနှင့် စူးအက်တူးမြောင်းတို့တွင် အမေရိကန် အခမဲ့ဖြတ်သန်းခွင့်ရလိုကြောင်း ထရမ့်တောင်းဆို
အမေရိကန် စစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအတွက် ပနားမားနှင့် စူးအက်တူးမြောင်းများကို အခမဲ့ဖြတ်သန်းခွင့်ပေးရန် အမေရိကန် သမ္မတ Donald Trump က တောင်းဆိုလိုက်သည်။
“စစ်ဘက်ရော စီးပွားရေးအရရော အမေရိကန်သင်္ဘောများကို ပနားမား နှင့် စူးအက်တူးမြောင်းများကိုဖြတ်ပြီး အခမဲ့ သွားလာခွင့်ပြုသင့်ပါသည်” ဟု ၎င်း၏ Truth Social စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
“အမေရိကန်ပြည်ထောင်စုမရှိဘဲ အဆိုပါ တူးမြောင်းများ တည်ရှိနေမည် မဟုတ်ပါ။ ထိုအခြေအနေကို ချက်ချင်းဂရုစိုက်ပြီး အောက်မေ့သတိရနေ ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကို ပြောကြားထား ပါသည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category