ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် နီးစပ်လာပြီဟု အမေရိကန်ပြော

News Image

  • ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် နီးစပ်လာပြီဟု အမေရိကန်ပြော

ဝါရှင်တန်၊ စစ်ရေး

ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရေးသည် နီးသထက် နီးစပ်လာပြီဖြစ်ကြောင်း အမေရိကန်အိမ်ဖြူတော်မှ ပြန်ကြားရေး အတွင်းဝန် ကာရိုလိုင်းလေဗစ်က ပြောကြားလိုက်ကြောင်းသိရသည်။

အိမ်ဖြူတော်၏အဆိုပါထုတ်ပြန်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ယူကရိန်းတွင်   အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချမှတ်နိုင်ရန် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုမစတင်မီ မတ်လ၁၇ ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းတွင်   အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချမှတ်နိုင်ရေးအတွက် လုပ်ဆောင်ရန်ဆုံးဖြတ်ထားကြောင်း ကာရိုလိုင်းလေဗစ်က ဆက်လက်ပြောကြားထားကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ပြုလုပ် မည့်ဆွေးနွေးပွဲတွင် နယ်နိမိတ်ထိန်းချုပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုအချို့အားခွဲခြမ်းရေးတို့ကို အဓိကထားဆွေးနွေးမည်ဖြစ်ပြီး ကနဦးအနေဖြင့် ယူကရိန်းတွင် ရက်ပေါင်း၃၀  ကြာ  အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချမှတ်နိုင်မည်ဟု နှစ်နိုင်ငံခေါင်းဆောင်များက မျှော်လင့်ထားသည်။

ယူကရိန်းအစိုးရသည် အမေရိကန်ကအဆိုပြုသည့် ယာယီအပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူလက်ခံထားသော်လည်း ခရိုင်းမီးယားဒေသနှင့် ရုရှားက၎င်းတို့ပိုင်အဖြစ်  ကြေညာထားသည့် နယ်နိမိတ်များကို စွန့်လွှတ်ရန်တွန့်ဆုတ်လျက်ရှိကြောင်းသိရသည်။   

Source: https://myawady.net.mm/