ရုရှားဒေသရှိ ဓာတ်အားပေးစက်ရုံကို ယူကရိန်းတိုက်ခိုက်မှုမှာ ဘုံသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကရင်မလင်ပြောကြား

News Image

  • ရုရှားဒေသရှိ ဓာတ်အားပေးစက်ရုံကို ယူကရိန်းတိုက်ခိုက်မှုမှာ ဘုံသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကရင်မလင်ပြောကြား

ရုရှားနိုင်ငံ၊ ကူဘင်ဒေသရှိ ဓာတ်အားပေးစက်ရုံကို ယူကရိန်းစစ်တပ်က မတ်လ ၁၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် တိုက်ခိုက်မှုမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့အကြား ရရှိထားသော သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့်လုပ်ရပ် ဖြစ်သည်ဟု ရှုမြင်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောကြားလိုက်ပါသည်။

“ရုရှားသမ္မတဗလာဒီမာပူတင်၊ ရုရှားစစ်ဦးစီးချုပ်၏ ညွှန်ကြားမှုဖြစ်သည့် ရက်ပေါင်း ၃၀ အတွင်း ယူကရိန်းဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်မှု မပြုလုပ်ရန် အားလုံးကို ညွှန်ကြားထားပြီးဖြစ်သော်လည်း ယခု ယူကရိန်း အစိုးရသည် အဆိုပါဘုံသဘောတူညီချက်များကို ဖောက်ဖျက်ရာ ရောက်သည့် လုပ်ရပ်တစ်ခုဆိုသည်မှာ သေချာနေပါသည်” ဟု ၎င်းက အလေးအနက် ပြောကြားထားပါသည်။ 

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃