အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ ဆွေးနွေးမှုအား တရုတ်နိုင်ငံက ကြိုဆို
ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည့် အမေရိကန်နှင့် ရုရှားနိုင်ငံတို့၏ ဆွေးနွေးမှုအား တရုတ်နိုင်ငံက ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်သည်။
တရုတ်နိုင်ငံသည် ယူကရိန်းအရေးအား တွေ့ဆုံဆွေးနွေးခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အစကတည်းက ထောက်ခံထားပြီး အဆိုပါပဋိပက္ခအား ဖြေရှင်းနိုင်ရေး လုပ်ဆောင်သည့် ကြိုးပမ်းမှုအားလုံးကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား မတ် လ ၁၈ ရက်တွင် လုပ်ဆောင်ခဲ့သည့် ဖုန်းဖြင့် ဆွေးနွေးမှုသည် ယူကရိန်းငြိမ်းချမ်းရေး ရရှိရန်အတွက် လိုအပ်သည့်ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် ၎င်းတို့၏အမျိုးသား လုံခြုံရေးအတွက် ယူကရိန်းနိုင်ငံအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အထူးစစ်ဆင်ရေး စတင်ဆင်နွှဲပြီးနောက် အနောက်နိုင်ငံများက ယူကရိန်းအား လက်နက်ခဲယမ်းနှင့် ငွေကြေးအထောက်အပံ့များ ပေးအပ်ခဲ့ရာမှ ပဋိပက္ခမှာ ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/