သတင်းများ

အာဂျင်တီးနားပင်စင်စားများ ဆန္ဒပြရာတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ရာဘာကျည်ဆံဖြင့် ပစ်ခတ်နှိမ်နင်း

မတ်လ ၁၄ ရက်နေ့တွင် အာဂျင်တီးနား လွှတ်တော်ရှေ့၌ ဆန္ဒပြနေသည့် အငြိမ်းစားပင်စင်စားများကို ရဲများက ရာဘာကျည်ဆံများနှင့် ပစ်ခတ်ပြီး ဆန္ဒပြမှုကို ဖြိုခွင်းခဲ့ကြောင်း သိရပါသည်။ 

ပင်စင်လစာနှင့် လူနေထိုင်မှုစရိတ်မမျှမတဖြစ်နေခြင်းကြောင့် ပင်စင်စား သက်ကြီးပိုင်းများက အပတ်စဉ် လွှတ်တော်ရှေ့၌ ဆန္ဒပြခဲ့ကြသည်။ သက်ကြီးရွယ်အိုများအား မျက်ရည်ယိုဗုံးများ အသုံးပြုခြင်းအပါအဝင် ယခင်ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သော်လည်း မတ်လ ၁၃ ရက်နေ့ ဆန္ဒပြမှုသည် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်ကြောင်း ဆိုသည်။

မြို့တော် ဗျူနိုအေရီ လွှတ်တော်အပြင်ဖက်၌ သက်ကြီးပိုင်းများ ဆန္ဒပြနေစဉ် အကြမ်းဖက်ဆန္ဒပြသမားများ ထပ်မံရောက်ရှိလာပြီး ရဲတပ်ဖွဲ့များကို ကျောက်ခဲဖြင့်ပစ်ခတ်ခြင်း၊ တွေ့သမျှအရာများကို ရိုက်ချိုးဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်များကို အသုံးပြုကာ ပစ်ခတ်ခဲ့ကြသည်။

ဆန္ဒပြပွဲအစ၌ ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့်ဖြိုခွင်းခဲ့သဖြင့် အကြမ်းဖက်လိုသူများက ကျောက်ခဲများနှင့် တုန့်ပြန်ပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းကြောင့် ရဲများက ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ် နှိမ်နင်းမှုများလုပ်ဆောင်ခဲ့ကြပါသည်။ ပြင်းထန်သည့်  ရုန်းရင်းဆန်ခတ် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက်  ကွန်ဂရက်လွှတ်တော် နန်းတော်တစ်ဝိုက် ၌ မျက်ရည်ယိုဗုံးများမှ အငွေ့များ ထူထပ်စွာဖုံးလွှမ်းသွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်များအကြား ရဲကားတစ်စီး မီးလောင်ပျက်စီးခဲ့ကာ မြို့အနှံ့ အမှိုက်ပုံးများ မီးလောင်မှုဖြစ်ပွားခဲ့သည်။ 

အချို့သော အကြမ်းဖက်ဆန္ဒပြသမားများက အရာရှိများကို တုတ်များ၊ သံဘူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၈၀၀ ခန့် ဖြန့်ကြက်ချထားကာ ဆန္ဒပြပွဲအားနှိမ်နှင်းရန် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဆောင်ရွက်ခဲ့ရသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုများအတွင်း အနည်းဆုံး ဆန္ဒပြသူ ၂၀၀ ခန့် ဒဏ်ရာရကာ ၂၀ ဦး ဆေးရုံတင်ထားရပြီး ၁၀၀ ကျော် ထိန်းသိမ်းထားကြောင်း ဗျူနိုအေရီသံတော်ဆင့် သတင်းအရ သိရှိရပါသည်။

ကိုးကား-RT

Photo: www.aa.com.tr

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲရေးအတွက် ရုရှားမှ လိုလားသော အာမခံချက်များကို စာရင်းပြုစုပြောကြား

ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းက စစ်ရေးလှုံ့ဆော်မှု၊ စစ်သားများလေ့ကျင့်ရေးနှင့် လက်နက်ပေးပို့မှုများကို ရပ်တန့်ရန် အာမခံချက်များ လိုလားကြောင်း ဖော်ပြခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းပဋိပက္ခတွင် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသော်လည်း ထိုသို့သော အပစ်အခတ် ရပ်စဲမှုကို မည်သို့အကောင်အထည်ဖော်မည်နည်းဆိုသည့် အချက်နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိကြောင်း ဖော်ပြခဲ့ပါသည်။   

မတ်လ ၁၃ ရက်၊ ကြာသပတေးနေ့တွင် အဆိုပါကိစ္စအား ပြောကြားရာတွင် သမ္မတ ဗလာဒီမာပူတင်က ဖြစ်နိုင်ခြေရှိသော လိုက်လျောမှုများနှင့် နည်းဗျူဟာမြောက် အခက်အခဲများကို သတိပေးခဲ့ပါသည်။ 

“ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲချိန်အတွင်း ယူကရိန်းက စစ်ရေးလှုံ့ဆော်မှုများ မပြုလုပ်ရန်၊ စစ်သားများကို လေ့ကျင့်မှုများ မပြုလုပ်ရန်နှင့်လက်နက်များ မရယူရန် အာမခံချက်များကိုလည်း မိမိတို့လိုချင်ပါကြောင်း”သမ္မတဗလာဒီမာပူတင်က မော်စကိုတွင် ဘယ်လာရုဇ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား ခဲ့ပါသည်။   

သမ္မတက ရုရှားတပ်များသည် ရှေ့တန်းစစ်မျက်နှာ ကီလိုမီတာ ၂၀၀၀ နီးပါးအထိ တိုးတက်နေပြီး စစ်ရေးလုပ်ဆောင်မှုများကို ရပ်တန့်ခြင်းသည် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များကို နှောင့်ယှက်နိုင်ကြောင်း ထောက်ပြခဲ့ပါသည်။ ယူကရိန်းတပ်များသည် အပစ်အခတ်ရပ်စဲချိန်ကို အသုံးချ၍ ပြန်လည်စုစည်းခြင်း၊ လက်နက်များ ပိုမိုရယူခြင်းနှင့် အသစ် စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခြင်းများ ပြုလုပ် နိုင်ကြောင်း သတိပေးခဲ့ပါသည်။ 

“အဆိုပါ ရက်ပေါင်း ၃၀ ကို ဘယ်လိုအသုံးချမလဲ။ ယူကရိန်းတွင် အတင်းအကြပ် စစ်ရေးလှုံ့ဆော်မှုကို ဆက်လုပ်ရန်လား။ လက်နက်တပ်ဆင်မှုတွေ ပိုမိုရယူရန်လား။ အသစ်စုဆောင်းထားသည့် တပ်ဖွဲ့များကို လေ့ကျင့်ရန်လား။ သို့မဟုတ် ထိုအချက်အားလုံး မဖြစ်ဘဲနေမည်လား” ဟု သမ္မတ ဗလာဒီမာပူတင် က မေးခွန်းထုတ်ခဲ့ပါသည်။   

ထိုကဲ့သို့သော ကျယ်ပြန့်သည့် စစ်မြေပြင်ပေါ်တွင် အပစ်အခတ်ရပ်စဲမှုကို အတည်ပြုရန် ခက်ခဲမည်ဖြစ်ပြီး ချိုးဖောက်မှုများကို အလွယ်တကူအငြင်းပွားနိုင်ကာ နှစ်ဖက်စလုံးအကြား အပြစ်တင်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။ အပစ်အခတ်ရပ်စဲမှုကို စောင့်ကြည့်ရန် “ထိန်းချုပ်မှုနှင့် အတည်ပြုမှု” စနစ်များကို သဘောတူညီသင့်ကြောင်း သမ္မတပူတင်က ပြောကြားခဲ့ပါ သည်။ သမ္မတပူတင်သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ရုရှား၏ Kursk ဒေသသို့ ဝင်ရောက်ခဲ့သည့် ယူကရိန်းတပ်များသည် ယခုအခါ တစ်သီး တခြားဖြစ်နေကြောင်းလည်း ဖော်ပြခဲ့ပါသည်။ အပစ်အခတ်ရပ်စဲမှု ဖြစ်ပေါ် ပါက ၎င်းတို့ကို မည်သို့ဆောင်ရွက်မည်နည်းဆိုသည်မှာ မရှင်းလင်းကြောင်း  သမ္မတဗလာဒီမာပူတင်က မှတ်ချက်ပြုခဲ့ပါသည်။  

“၎င်းတို့က ပြည်သူများကို စစ်ရာဇဝတ်မှုများ ကျူးလွန်ပြီးနောက် ၎င်းတို့ကို လွှတ်ပေးရမည်လား။ ယူကရိန်းခေါင်းဆောင်များက ၎င်းတို့ကို လက်နက်ချရန် အမိန့်ပေးမည်လား။ သို့မဟုတ် လက်နက်ချပြီး အကျဉ်းချ ခံမည်လား” ဟု သမ္မတဗလာဒီမာပူတင်က မေးခွန်းထုတ်ခဲ့ပါသည်။   

ရုရှားစစ်ဦးစီးချုပ် ဗာလာရီ ဂျီရာဆီမော့ဗ်၏ အဆိုအရ မတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) ညနေပိုင်းအထိ ရုရှား၏ တပ်များသည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လတွင် ယူကရိန်းတပ်များက သိမ်းပိုက်ထားသည့် နယ်မြေ၏ ၈၆% ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထိုဒေသတွင် ကျန်ရှိနေသော ယူကရိန်း၏ တပ်ဖွဲ့များကို အဓိကအားဖြင့် “ဝိုင်းရံထား” ပြီး “သီးသန့် ဖြစ်နေ” ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။   

ရုရှားသမ္မတဗလာဒီမာ ပူတင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။ 

“ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ပဋိပက္ခကို အဆုံးသတ်ရန် အယူအဆသည် မိမိတို့ ထောက်ခံသည့် အရာတစ်ခုဖြစ်သည်” ဟု သမ္မတ ဗလာဒီမာပူတင်က အတိအလင်း ပြောကြားခဲ့ပါသည်။

ကိုးကား - RT

တရုတ်၏ သူလျှိုလှုပ်ရှားမှုကို တန်ပြန်သည့်အနေဖြင့် ထိုင်ဝမ်က စစ်တရားခွင်စနစ် ပြန်လည်စတင်ရန် ကြိုးပမ်း

ထိုင်ဝမ်သမ္မတက ၎င်း၏အစိုးရအနေဖြင့် စစ်တရားရုံးစနစ်ကို ပြန်လည်အသက်သွင်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဤသည်မှာ ထိုင်ဝမ်စစ်တပ်ကို ပစ်မှတ်ထားသော ထိုးဖောက်ဝင်ရောက်မှုနှင့် သူလျှိုလုပ်ရှားမှုများကဲ့သို့ တရုတ်၏ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ခဲ့သည်ဟူသော သံသယဖြင့် လူ ၆၄ ဦး အား လွန်ခဲ့သောနှစ်အတွင်း စွဲချက်တင်ခဲ့ရကြောင်း မတ်လ ၁၃ ရက် (ကြာသပတေး)နေ့၌ ပြုလုပ်ခဲ့သည့် အထူးသတင်းစာရှင်းလင်းပွဲတွင် သမ္မတ Lai Ching-te က ပြောကြားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်များ၌ ၆၆ ရာခိုင်နှုန်းသည် တာဝန်ထမ်းဆောင်နေဆဲ သို့မဟုတ် စစ်တပ်မှ အငြိမ်းစားတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ၎င်းက ဆိုပါသည်။

မစ္စတာ Lai က တရုတ်နိုင်ငံအား “ရန်လိုသည့်နိုင်ငံ” အဖြစ်ခေါ်ဆိုခဲ့ပြီး ထိုင်ဝမ်သည် “သင့်လျော်သော ကြိုတင်ကာကွယ်မှု အစီအမံများ ချမှတ်ရန်၊ ဒီမိုကရေစီဆိုင်ရာ ခံနိုင်ရည်စွမ်းအားနှင့် အမျိုးသား လုံခြုံရေးကိုမြှင့်တင်ရန်နှင့် တန်ဖိုးထားရမည့် လွတ်လပ်ပြီး ဒီမိုကရေစီဆန်သော လူနေမှုဘဝကို ကာကွယ်ရန်အချိန်တန်ပြီ” ဟု ၎င်းက ဆိုပါသည်။

၎င်း၏အစိုးရသည် စစ်တရားရုံးစနစ်ကို ပြန်လည်အသက်သွင်းပြီး စစ်ဘက်ဆိုင်ရာ တရားသူကြီးများကို စစ်ဘက်ဆိုင်ရာ ရာဇ၀တ်မှုကျူးလွန်ကြောင်း သံသယရှိသည့် တာဝန်ထမ်းဆောင်ဆဲ တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသော ရာဇဝတ်မှုများကို ကိုင်တွယ်ခွင့်ပြုရန် ကြိုးပမ်းမည် ဖြစ်သည်ဟု မစ္စတာ Lai က ပြောသည်။ ရာဇဝတ်မှုများတွင် နိုင်ငံတော် အကြည်ညိုပျက်စေရန်လုပ်ဆောင်ခြင်းနှင့် လျှို့ဝှက်အချက်အလက်များ ပေါက်ကြားစေခြင်းတို့ ပါဝင်သည်ဟုဆိုသည်။

ထိုင်ဝမ်အနေဖြင့် ငြိမ်းချမ်းရေးကာလအတွင်း အဆိုပါ တရားစီရင်မှုများ ဆောင်ရွက်ခွင့်ပြုရန်အတွက် စစ်တရားရုံးဆိုင်ရာ ဥပဒေကို ပြန်လည် အသက်သွင်းရန် လိုအပ်လျက်ရှိသည်။ လွှတ်တော်၌ အတိုက်အခံပါတီဝင်များက နေရာအများစုကို ရယူထားခြင်းကြောင့် ထိုကဲ့သို့ ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် မစ္စတာ Lai ၏ အစိုးရသည် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ကာ့ခ် (Kursk) ဒေသရှိ ယူကရိန်း တပ်များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်နေသည့် ဗီဒီယိုဖိုင်များကို တရားဝင် မျှဝေ

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ကာ့ခ် (Kursk) ဒေသရှိ ယူကရိန်း တပ်များကို ရုရှားတပ်ဖွဲ့များက တိုက်ခိုက်နေသည့် ဗီဒီယိုဖိုင်များကို တရားဝင် မျှဝေခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ ရုရှားပိုင် ကာ့ခ်ဒေသတွင် အမာခံတပ်စွဲထားသော ယူကရိန်းတပ်များကို ရုရှားတပ်ဖွဲ့က ယခုအပတ်အတွင်း   သိသာထင်ရှားစွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ကာ့ခ်ဒေသ ၈၆ ရာခိုင်နှုန်းကို ပြန်လည်ရရှိထားပြီဖြစ်သည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါဒေသ၏ မြို့တော် Sudzha မှ ယူကရိန်းတပ်ဖွဲ့များမှာ ယခုအခါ ဆုတ်ခွာနေကြပြီ ဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာထားပါသည်။

ယခုဗီဒီယိုမှာ ကာ့ခ်ဒေသမှ နောက်ပြန်ဆုတ်နေသည့် ယူကရိန်းစစ်ဘက် ယာဉ်တစ်စီးကို ရုရှားက ဒရုန်းဖြင့် လိုက်လံပစ်ချလိုက်ခြင်း ဖြစ်ပါသည်။

https://www.rt.com/russia/614126-kursk-region-drone-attacks/

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃

စစ်သားအင်အား မလုံလောက်ခြင်းမှာ ယူကရိန်းအတွက် အဓိက ပြဿနာ ဖြစ်လာ

ယူကရိန်းအတွက် အကြီးမားဆုံးပြဿနာမှာ ရှေ့တန်းတပ်များအတွက် စစ်သားအင်အား အခက်အခဲဖြစ်နေကြောင်း Financial Times သတင်းစာက ဖော်ပြထားပါသည်။

ယူကရိန်းစစ်တပ်အတွက် လက်နက်များ သို့မဟုတ် မိုင်းများ ပြတ်လပ် ခြင်းမှာ စစ်သား အင်အား မလုံလောက်ခြင်းလောက် ဆိုးရွားမှုမရှိဟု ဥရောပအရာရှိများ ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းစာက ပြောကြားထားပါသည်။ 

တစ်လလျှင် စစ်သား ၃၀,၀၀၀ ခေါ်ရန် ရည်မှန်းထားသော်လည်း ၎င်းကို ပြည့်မီရန် လွန်စွာ အခက်အခဲရင်ဆိုင်နေရကြောင်း၊ မည်သူမျှ နောက်ဆုံး အလုပ်ခေါ်ခန့်ခြင်း သို့မဟုတ် တိုက်ပွဲတွင် သေဆုံးလိုခြင်း မရှိကြောင်း ဥရောပအရာရှိတစ်ဦးက ပြောကြားထားပါသည်။

လွန်စွာစိတ်မကောင်းစရာကောင်းသည်မှာ မိခင်များအနေဖြင့် အသက် ၁၆ နှစ်အရွယ်သားများကို တပ်မတော်ထဲ မဝင်စေလိုသဖြင့် ပြည်ပသို့ ထွက်ခွာစေကြရကြောင်း၊ ပြည်သူများအနေဖြင့် လုံခြုံရေး၊ စစ်ရေး သင်တန်း မတက်ရဘဲ လက်နက်မပါဘဲ စစ်မြေပြင်သို့ စေလွှတ်ခြင်းခံရမည် ကို ကြောက်ရွှံ့နေကြကြောင်း ဖော်ပြထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အဆင့်မြင့် ဂြိုဟ်တုများ အသုံးပြုမည်

ယူကရိန်းစစ်ပွဲရပ်တန့်ရေး ဖြစ်နိုင်ဖွယ်ရှိသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအပေါ် လိုက်နာမှု ရှိ၊ မရှိ လိုက်လံကြည့်ရှုရန် အဆင့်မြင့်ဂြိုလ်တုများ အသုံးပြုနိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယူကရိန်း ကိုယ်စားလှယ်အဖွဲ့နှင့် ဂျက်ဒါတွင် ဆွေးနွေးပြီးနောက် အိုင်ယာလန်လေဆိပ်၌ သတင်းထောက် များကို ပြောကြားလိုက်ပါသည်။ 

မျက်မှောက်ခေတ်သစ် စစ်ပွဲ၏ အထူးစိတ်ဝင်စားစရာအချက်မှာ ယခင် ခေတ်ကထက် မြေပြင်အနေအထားကို မျှဝေကြည့်ရူနိုင်မှု လွယ်ကူလာခြင်း ဖြစ်ကြောင်း၊ အကြောင်းမှာ မြေပြင်တွင် များစွာသော မျက်မြင်သက်သေများရှိနေသလို ကုမ္ပဏီပိုင် ဂြိုဟ်တုအမျိုးမျိုး ရှိနေခြင်းကြောင့် ဖြစ်ပါကြောင်း၊ထို့ကြောင့် ဒရုန်းတိုက်ခိုက်မှုများ၊ မစ်ဆိုင်းပစ်လွှတ်မှုများ၊ ထောက်လှမ်းမှုများကိုဖုံးကွယ်ထားရန် ခက်ခဲလိမ့်မည်ဖြစ်ပါကြောင်း ရူဘီယိုက ထပ်မံပြောကြားထားပါသည်။

ရုရှားတပ်ဖွဲ့များသည် Kursk ဒေသတွင် ယူကရိန်းတပ်ဖွဲ့များ ထိန်းချုပ်ထားသော အကြီးဆုံးမြို့ကို သိမ်းပိုက်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Sudzha မြို့မှ ကျန်ရှိနေသော ယူကရိန်း တပ်ဖွဲ့များကို တိုက်ထုတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ Sudzha မြို့သည် ယူကရိန်းတပ်ဖွဲ့များ ရုရှား၏ Kursk ဒေသတွင်းသို့ ဝင်ရောက်တိုက်ခိုက်စဉ်က သိမ်းပိုက်ထားသော အကြီးဆုံးမြို့ဖြစ်သည်။

ထို့အပြင် အနီးရှိ Melovoy နှင့် Podol ကျေးရွာများကိုလည်း ပြန်လည် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဌာနက မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Kursk ဒေသတွင် တိုက်ခိုက်နေသော ယူကရိန်းတပ်ဖွဲ့များသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း စစ်သည်ပေါင်း ၃၄၀ ကျော်၊ ခြေလျင်တိုက်ယာဉ် ၂ စီး၊ သံချပ်ကာယာဉ် ၃ စီးနှင့် အခြားစစ်ပစ္စည်းများစွာကို ဆုံးရှုံးခဲ့ရကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားနှင့် စစ်ရေး ပြင်းထန်လာပြီးနောက် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော ရုရှား နယ်မြေကို အကြီးမားဆုံးတိုက်ခိုက်မှုအဖြစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် Kursk ဒေသတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ရုရှား၏ ခန့်မှန်းချက်အရ စစ်သည် ၃၅,၀၀၀ ခန့်ပါဝင်သော ယူကရိန်း၏ တိုက်ခိုက်မှုကို မြန်ဆန်စွာတားဆီးနိုင်ခဲ့ပြီး ထိုအချိန်မှစ၍ ယူကရိန်း၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေများ တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့သည်။

လွန်ခဲ့သည့် တစ်ပတ်အတွင်း ရုရှားစစ်တပ်သည် ယူကရိန်းနယ်စပ်မှ ၉ ကီလိုမီတာအကွာတွင် တည်ရှိပြီး ယခင်က လူဦးရေ ၅,၀၀၀ ခန့် နေထိုင် ခဲ့သော Sudzha မြို့အနီးနယ်မြေများကို မြန်ဆန်စွာ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ မတ်လ ၁၁ ရက်နေ့တွင် ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနက Sudzha မြို့၏ မြောက်ဘက်၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက် ရှိ Kursk ဒေသအတွင်းမှ ကျေးရွာ ၁၂ ရွာကို ပြန်လည် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

တောင်ကိုရီးယား၌ ကျေးရွာကိုမှားယွင်းဗုံးကြဲခဲ့သည့် လေယာဉ်မှူးများကို ရှုံ့ချ

တောင်ကိုရီးယား စစ်တပ်မှ စုံစမ်းစစ်ဆေးရေးအရာရှိများသည် Nogok-ri ကျေးရွာကို မတော်တဆ ဗုံးကြဲခဲ့မှုကြောင့် လူနည်းဆုံး ၂၉ ဦး ဒဏ်ရာ ရရှိခဲ့ပြီးပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် လေတပ် မှ လေယာဉ်မှူး ၂ ဦးအား အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဖြစ်ရပ်သည် မတ်လ ၆ ရက်နေ့တွင် မြောက်ကိုရီးယား နယ်စပ် အနီး Pocheon ရှိ Nogok-ri အပေါ်တွင် KF-16 တိုက်လေယာဉ် ၂ စီးမှ MK-82 ဗုံး ၈ လုံးကို မှားယွင်းစွာ ဗုံးကြဲခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စစ်ဌာနချုပ်မှ စုံစမ်းစစ်ဆေးမှုတွင် လေယာဉ်မှူးများ၏ ပစ်မှတ် ကိုဩဒိနိတ်များကို မှားယွင်းစွာ ထည့်သွင်းခဲ့ခြင်းသည် မတော်တဆမှု၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက Yonhap သတင်းဌာနကို မတ်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ စစ်ဆေးခံနေရသည့် လေယာဉ်မှူးများအား တာဝန်မှ ယာယီရပ်စဲထားပြီး ၎င်းတို့၏ လေယာဉ်မောင်းလိုင်စင်များကို ပြန်လည် သုံးသပ်နေသည်။

မှားယွင်းဗုံးကြဲမှုကြောင့် ပြည်သူ ၁၅ ဦးအပါအဝင် အနည်းဆုံး ၂၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သတ်မှတ်ထားသည့် လေ့ကျင့်ရေးပစ်ခတ်မှု နယ်မြေအပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုများကြောင့် အိမ် ၅ လုံး၊ ဘုရားကျောင်း ၁ ခု၊ ဂိုဒေါင် ၁ ခုနှင့် ဖန်လုံအိမ် ၁ ခုအပါအဝင် ပြည်သူ့အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဆီးရီးယား အာဏာသိမ်းအစိုးရနှင့် ကာဒ့်လက်နက်ကိုင်တို့ ပေါင်းစည်း

လက်ရှိဆီးရီးယား ကြားဖြတ်အစိုးရ သမ္မတအာမက်အယ်လ်ရှာရာနှင့် ဆီးရီးယား ဒီမိုက်ရက်တစ် တပ်ဖွဲ့မှူး မက်ဇ်လိုရမ်အဘာဒီတို့အကြား သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ထိုးနိုင်ခဲ့ခြင်းကြောင့် ပြည်တွင်းစစ်ပြီးကာစ ဆီးရီးယားနိုင်ငံ၌ ကွဲပြားနေသည့် လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေးလုပ်ငန်း စတင်အသက်ဝင်လာပြီဖြစ်ကြောင်း ဆီးရီးယား ကြားဖြတ်အစိုးရက ပြောကြားခဲ့ပြီး သဘောတူညီချက်မိတ္တူကို ဆီးရီးယား အစိုးရ၏ တယ်လီဂရမ် အကောင့်တွင် ဖော်ပြခဲ့ပါသည်။ “ကာ့ဒ် အသိုင်း အဝိုင်းသည် ဆီးရီးယားနိုင်ငံတော်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်” ဟုကြွေးကြော်ကာ “နိုင်ငံရေးလုပ်ငန်းစဉ်တွင် ဆီးရီးယား နိုင်ငံသားအားလုံး

လက်ရှိဆီးရီးယား ကြားဖြတ်အစိုးရ သမ္မတအာမက်အယ်လ်ရှာရာနှင့် ဆီးရီးယား ဒီမိုက်ရက်တစ် တပ်ဖွဲ့မှူး မက်ဇ်လိုရမ်အဘာဒီတို့အကြား သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ထိုးနိုင်ခဲ့ခြင်းကြောင့် ပြည်တွင်းစစ်ပြီးကာစ ဆီးရီးယားနိုင်ငံ၌ ကွဲပြားနေသည့် လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေးလုပ်ငန်း စတင်အသက်ဝင်လာပြီဖြစ်ကြောင်း ဆီးရီးယား ကြားဖြတ်အစိုးရက ပြောကြားခဲ့ပြီး သဘောတူညီချက်မိတ္တူကို ဆီးရီးယား အစိုးရ၏ တယ်လီဂရမ် အကောင့်တွင် ဖော်ပြခဲ့ပါသည်။ “ကာ့ဒ် အသိုင်း အဝိုင်းသည် ဆီးရီးယားနိုင်ငံတော်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်” ဟုကြွေးကြော်ကာ “နိုင်ငံရေးလုပ်ငန်းစဉ်တွင် ဆီးရီးယား နိုင်ငံသားအားလုံး၏ နိုင်ငံရေးဖြစ်စဉ်တွင် ကိုယ်စားပြုပါဝင်မှုနှင့် ပါဝင်ခွင့် ကို အာမခံရန် သဘောတူညီခဲ့ကြောင်း၊ ဆီးရီးယားနိုင်ငံသည် ၎င်း၏ နိုင်ငံသားဖြစ်ခွင့်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အရေး အားလုံးကို အာမခံပါသည်”ဟုပါရှိပါသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီရန်၊ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို ပေါင်းစည်းရန်၊ ယခင် အာဏာရှင်ဟောင်းအစိုးရ၏ အကြွင်းအကျန်များကို တိုက်ဖျက်ခြင်းကို ပံ့ပိုးကူညီရန် တို့လည်းပါဝင်ပါသည်။

အခြားသဘောတူညီချက်များကြားတွင် အိုးမဲ့အိမ်မဲ့ ဆီးရီးယား နိုင်ငံသားများအားလုံးပြန်လာရေး အာမခံချက်တို့ကိုလည်း သဘောတူညီထားကြောင်း ၎င်းကဆိုသည်။ 

ကာဒ့်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အဘာဒီက အဆိုပါသဘောတူညီချက်သည် ကွဲပြားမှုအားလုံးပါဝင်သည့် ဆီးရီးယားနိုင်ငံသစ်ကို တည်ဆောက်ရန် အမှန်တကယ်အခွင့်အရေးဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ 

“တရားမျှတမှုနှင့် တည်ငြိမ်ရေးတို့အတွက် ပြည်သူများ၏ဆန္ဒကို ထင်ဟပ်စေမည့် အသွင်ကူးပြောင်းရေးအဆင့်ကိုသေချာစေရန် ၎င်းတို့ အတူတကွလုပ်ဆောင်နေသည်” ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။ “ဆီးရီးယားနိုင်ငံသားအားလုံး၏ အခွင့်အရေးများကို အာမခံပြီး ငြိမ်းချမ်းရေးနှင့်ဂုဏ်သိက္ခာအတွက် ၎င်းတို့၏ ဆန္ဒများကို ဖြည့်ဆည်းပေးမည့် ပိုမိုကောင်းမွန်သော အနာဂတ်ကိုတည်ဆောက်ရန် ၎င်းတို့ ကတိပြုထားပါသည်” ဟု ဆိုပါသည်။ 

ကိုးကား-Myanmar National Post

ပါကစ္စတန်စစ်တပ်က ရထားပြန်ပေးဆွဲမှု၌ ပါဝင်သွားသူ ၃၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီဟု ဆို

ပါကစ္စတန်စစ်တပ်က မတ်လ ၁၂ ရက်နေ့က “ဘလိုချီစတန်ပြည်နယ်တွင် လက်နက်ကိုင်သူပုန်များ သိမ်းပိုက်ထားသည့် ခရီးသည်တင်ရထားမှ ပြန်ပေးဆွဲခံထားရသူ ၃၀၀ ကျော်ကို လွတ်မြောက်အောင် ကယ်တင် နိုင်ခဲ့ပြီ” ဟု ဆိုပါသည်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ယင်းစစ်ဆင်ရေးအတွင်း သူပုန် ၃၃ ယောက် သေဆုံးခဲ့ကြောင်းနှင့်စစ်ဆင်ရေးမစတင်မီ Baloch Liberation Army (BLA) က အရပ်သား ၂၁ ယောက်နှင့် စစ်သား ၄ ယောက်ကို သတ်ဖြတ် ခဲ့သည်ဟု ၎င်းကဆိုသော်လည်း အဆိုပါအရေအတွက်ကို BBC က အတည်မပြုနိုင်သေးကြောင်းဖော်ပြထားသည်။

သူပုန်များသည် ခရီးသည်အချို့ကိုခေါ်ဆောင်ကာ ရထားမှ ထွက်ခွာ သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ရထားတိုက်ခိုက်ခံရချိန်တွင် ခရီးသည် ၄၄၀ ခန့်ရှိခဲ့ပြီး ကျန်ရှိသူများကို ကယ်တင်နိုင်ရန် စစ်ဆင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်းနှင့် ခရီးသည်မည်မျှ ပျောက်ဆုံးနေ သည်ကို မသိရသေးဟု ဆိုသည်။

ပါကစ္စတန်အာဏာပိုင်များနှင့် ဗြိတိန်နှင့် အမေရိကန်အပါအဝင် အနောက် နိုင်ငံများစွာက BLA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

BLA သည် ပါကစ္စတန်၏ အကြီးဆုံးပြည်နယ်ဖြစ်သော ဘလိုချီစတန် အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေးကို တောင်းဆိုနေသော သူပုန်အုပ်စုများထဲမှ တစ်ခုဖြစ်သည်။

အရာရှိများက ရထားပေါ်ရှိ လူများအနက် အနည်းဆုံး ၁၀၀ သည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသခံသတင်းများအရ သူပုန်များသည် အာဏာပိုင်များက ဘလိုချီနိုင်ငံရေး အကျဉ်းသားများကို ၄၈ နာရီအတွင်း လွှတ်ပေးရန်ငြင်းဆန်ပါက ပြန်ပေး ဆွဲထားသူများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ကိုးကား-BBC