ဂျပန်၌ အမေရိကန်တပ်ဖွဲ့ တိုးချဲ့ရေးအစီအစဉ် ပင်တဂွန်က ဖျက်သိမ်းနိုင်ဖွယ်ရှိကြောင်း အမေရိကန်မီဒီယာဖော်ပြ
အမေရိကန်သမ္မတ Donald Trump အစိုးရက ဖက်ဒရယ်အစိုးရ၏ ဖွဲ့စည်းပုံကိုလျှော့ချရန် ကြိုးပမ်းနေစဉ် ပင်တဂွန်စစ်ဌာနချုပ်သည် ဂျပန်၌ တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ တိုးချဲ့ဖွဲ့စည်းရေးအစီအစဉ်ကိုရပ်ဆိုင်းရန်စဉ်းစားနေကြောင်း အမေရိကန်မီဒီယာတစ်ခုက ဖော်ပြလိုက်သည်။
CNNသည် အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦး၏ပြောကြားချက်နှင့် ၎င်းတို့ရရှိခဲ့သည့် သတင်းတစ်ခုကို ကိုးကားကာ မတ်လ ၁၉ ရက်နေ့တွင် အဆိုပါသတင်းကို ဖော်ပြခဲ့သည်။
ဂျပန်အခြေစိုက် အမေရိကန်တပ်ဖွဲ့များတိုးချဲ့မှု ရပ်တန့်ခြင်းအစီအစဉ်သည် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံခန့် သက်သာစေနိုင်သော်လည်း ဂျပန်နိုင်ငံအတွင်း အမေရိကန်အတွက် နိုင်ငံရေးဆိုင်ရာထိခိုက်မှုကို ဖြစ်ပေါ် စေနိုင်ပြီး ပစိဖိတ်ဒေသ၌ အမေရိကန်၏ ကွပ်ကဲထိန်းချုပ်နိုင်စွမ်းကို လျော့ကျစေနိုင်ကြောင်း အဆိုပါသတင်းက ဆိုပါသည်။ အီလွန်မက် ဦးဆောင်သော DOGE သည် ထရမ့်၏ဦးစားပေးမူဝါဒ MAGA ကို ဖော်ဆောင်နိုင်ရေး မလိုလားအပ်သော အသုံးစရိတ်များကို စိစစ်လျှော့ချမှုများ ဆောင်ရွက်လျက်ရှိသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂