အီးယူသည် အမေရိကန်လုပ်လက်နက်များအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်ပြီး အခြားရွေးချယ်စရာများကို ဦးစားပေးလုပ်ဆောင်သင့်ကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က ပြောကြားခဲ့ ပါသည်။ မတ်လ ၁၅ ရက်နေ့က ပြင်သစ်မီဒီယာနှင့်အင်တာဗျူးတွင် Macron က အီးယူ၏ လက်နက်တပ်ဆင်ရေး ကြိုးပမ်းမှုများတွင် အဖွဲ့ဝင် နိုင်ငံများသည် “အမေရိကန်မှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း” ကို ရပ်တန့်ပြီး ဥရောပကာကွယ်ရေးပစ္စည်း ထုတ်လုပ်သူများထံမှဝယ်ပါက ပိုမိုထိရောက်မှုရှိမည်ဟု ပြောဆိုလိုက်ပါသည်။

အဆိုပါမှတ်ချက်များသည် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ၏ မကြာသေးမီက အဆိုပြုခဲ့သည့် အီးယူ၏ စုပေါင်းကာကွယ်ရေးကို အားကောင်းစေရန် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၈၇၅ ဘီလီယံ) အထိ ရရှိရန်လုပ်ဆောင်ကြရမည်ဟု ပြောဆိုခဲ့မှုအပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ရုရှား၏ ခြိမ်းခြောက်မှုများကို ပြန်လည်တုန့်ပြန်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ReArm အစီအစဉ်ကို ဘရပ်ဆဲလ်က လုပ်ဆောင်မည် ဟု ဆိုသည်။ သို့သော် ရုရှားက အဆိုပါစွပ်စွဲပြောဆိုမှုများကို အခြေအမြစ် မရှိကြောင်းတုန့်ပြန်ခဲ့သည်။ Macron သည် မကြာသေးမီက ပြင်သစ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့အား အမေရိကန်အစား အခြားရွေးချယ်စရာများအဖြစ် ရပ်တည်ရန် အားပေး ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ “အီးယူ၏ အကောင်းဆုံး ထုတ်ကုန်များ အတွက် နည်းစနစ်များရှိထားပြီးဖြစ်၍ အမေရိကန်မှ လက်နက်ဝယ်ယူလေ့ ရှိသော ဥရောပနိုင်ငံများထံ ချဉ်းကပ်ကာ လက်နက်များ ထုတ်လုပ် ရောင်းချ နိုင်ရေး ထုတ်လုပ်သူများအား အကြံပြုခဲ့ကြောင်းနှင့် အမေရိကန်ထုတ် လက်နက်များနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များ၏ အရည်အသွေးနှင့် တန်းတူထုတ်လုပ်နိုင်ရန်လိုအပ်ပြီး ပစ္စည်းနမူနာများရယူကာ အရည်အသွေး ပြည့်မီစွာထုတ်လုပ်ရန် ပြောထားပါသည်” ဟု Macron ကဆိုသည်။
အီးယူကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်ရန် မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုများအား တုန့်ပြန်သည့် အနေဖြင့်အမေရိကန်ထုတ်လက်နက်များအစား ၎င်းတို့၏ ကိုယ်တိုင်ထုတ် လက်နက်များကိုသာအသုံးပြုကြရန် စည်းရုံးမှုထွက်ပေါ်လာခြင်း ဖြစ်သည်။ “အင်အားကြီးနိုင်ငံများ၏ ရပ်တည်ချက်ပြောင်းလဲမှုများနှင့် ရင်ဆိုင် ရသည့်အခါ အီးယူနိုင်ငံများအနေဖြင့် ၎င်းတို့အပေါ် မှီခိုမှုနည်းရန် လိုအပ်ပြီး ကိုယ်ပိုင်ထုတ်လုပ်မှုနှင့် နည်းဗျူဟာများကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြင့် ကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမို လွတ်လပ်စွာရပ်တည်နိုင်ရန် အီးယူ၏ အချုပ်အခြာအာဏာပိုင်မူဝါဒကို အရှိန်မြှင့်တင်ရန် လိုအပ်ပါသည်” ဟု Macron က ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားပိုင် Kursk ဒေသအတွင်းရှိ ဝိုင်းဝန်းပိတ်ဆို့ခံထားရသော ယူကရိန်း စစ်သားများအား မည်သည့်အရေးယူမှုမျှ မပြုလုပ်ရန် ပူတင်အား စည်းရုံးမည်ကြောင်း Trump က ပြောကြားခဲ့သည်။

“မတ်လ ၁၈ ရက်နေ့တွင် ရုရှားတပ်တွေ ဝိုင်းရံထားသည့် ယူကရိန်း စစ်သားများကို ကယ်တင်နိုင်ရန်အတွက် ရုရှားသမ္မတ ပူတင်နှင့် စကားပြောမည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မိမိအနေဖြင့် အချက်အလက်အများကြီးပေးမည်ဖြစ်ကြောင်း၊ သို့သော် အဆိုပါ ကိစ္စသည် အမှန်တကယ့်ကို အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း၊ ယူကရိန်း စစ်သည်များကို ဝိုင်းထားကြသည့်အတွက် မိမိတို့အနေဖြင့် ကယ်တင်မပေးပါက ၎င်းတို့၏ ကံကြမ္မာက ဝမ်းနည်းစရာဖြစ်မည်ဆိုသည်မှာ သေချာပါကြောင်း၊ လောလောဆယ်အနေဖြင့် ၎င်းတို့ကို မည်သည့်အရေးယူမှုမျှ မပြုလုပ်ရန် စည်းရုံးနိုင်ခဲ့ကြောင်း” ထရမ့်က ပြောကြားခဲ့ပါသည်။
ကိုးကား-The White House

Kursk ဒေသမှ စွန့်ခွာထွက်ပြေးသွားကြသည့် ယူကရိန်း စစ်တပ်၏ နေတိုးစစ်လက်နက်ပစ္စည်းများနှင့် စစ်ပွဲသုံးကားများကို ရုရှားစစ်သည် များက လိုက်လံ သိမ်းဆည်းလျက်ရှိပါသည်။
ရုရှားအစိုးရ၏ လက်နက်မချလျင် အသက်ရှင်လျက် ရုရှားပိုင်နက်က ထွက်နိုင်မည်မဟုတ်ဟူသော ရာဇသံပေးပြီးနောက် ယူကရိန်းစစ်သည်များ ထွက်ပြေးနေကြပြီး သံချပ်ကာယာဉ်များ၊ တင့်ကားများနှင့် အမြောက်လက်နက် အမြောက်အမြား ကျန်ရစ်ခဲ့သည်ဟု သတင်းရရှိပါသည်။
ကိုးကား- ကရင်မလင်
Photo: NBC News

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ရုရှားနယ်မြေ Kursk ဒေသကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သော ယူကရိန်းတပ်များသည် ရုရှား၏ ပြင်းထန်သော တန်ပြန်တိုက်စစ်ကို ကြုံတွေ့ခဲ့ရပြီး တပ်ဖွဲ့ဝင် အများအပြား ကျဆုံးကာ သိမ်းပိုက်ထားခဲ့သော နယ်မြေများ ပြန်လည်ဆုံးရှုံးမှုများနှင့်အတူ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခံရမှုများကြောင့် ကစဉ့်ကလျားဖြစ်ကာ စိတ်ဓာတ်ကျဆင်းမှုများဖြစ်ပေါ်နေသည်ဟု ဆိုသည်။

ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများကို ပြင်းထန်စွာ ခံစားနေရပြီး ထောက်ပံ့ ပို့ဆောင်ရေးလမ်းကြောင်းများလည်း ဖြတ်တောက်ခံထားရကာ နေ့ခင်း ဘက်တွင် လှုပ်ရှားမှုမပြုနိုင်ကြောင်းနှင့် ဒရုန်းများ၏ စောင့်ကြည့် တိုက်ခိုက်မှုကို လွန်စွာစိုးရိမ်ကြောက်လန့်နေရသည်ဟု ဆိုသည်။
ယူကရိန်းတပ်ဖွဲ့များ၏ ဆိုးရွားသောအခြေအနေများကို ယူကရိန်းတပ်ဖွဲ့ဝင် အချို့က BBC ထံပေးပို့ခဲ့ကြကြောင်းနှင့် တွေ့မြင်ရမှုများသည် ထိတ်လန့် ဖွယ်ရာ ရုပ်ရှင်ဇာတ်လမ်းများထက်ပင် ပိုမိုနေကြောင်း တွေ့မြင်ခဲ့ရသည် ဟု သတင်းဌာနက ဖော်ပြခဲ့သည်။
ရုရှားတပ်ဖွဲ့များက Kursk ဒေသ၏ အဓိကမြို့ Sudzha ကို ပြန်လည် သိမ်းပိုက်ခဲ့ပြီး ယူကရိန်းတပ်များ၏ ထောက်ပံ့ရေးလမ်းကြောင်း Sudzha- Sumy ကို ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိသည်။
ကိုးကား-BBC
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

ဆာနား၊ စစ်ရေး
ယီမင်နိုင်ငံတွင် အမေရိကန်စစ်ဘက်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၃၁ ဦးအထိမြင့်တက်လာပြီး အနည်းဆုံး ၁၀၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း Al Jazeera သတင်းဌာနက မတ်လ၁၆ ရက်တွင် ဖော်ပြသည်။

အမေရိကန်စစ်ဘက်သည် မြို့တော်ဆာနား၊ နိုင်ငံမြောက်ပိုင်းရှိ ဟူသီသူပုန်အဖွဲ့၏ အခိုင်အမာ ခြေကုပ်စခန်းတစ်ခုဖြစ်သည့် ဆာဒါးပြည်နယ်ရှိ သူပုန်အဖွဲ့၏ပစ်မှတ်များအပေါ် အဓိကထားသည့် လေကြောင်းမှတိုက်ခိုက်မှုများကို မတ်လ ၁၅ ရက် ညပိုင်းမှစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများကြောင့်သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်သည်ဟုမျှော်လင့်ရကြောင်း သိရသည်။
အမေရိကန်တို့သည် ဆာနားမြို့တော်အတွင်းလုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုအတွင်း ဟူသီသူပုန်အဖွဲ့က ထိန်းချုပ်ထားသည့် ရုပ်သံထုတ်လွှင့်ရေးစခန်းအနီးရှိ ခဲယမ်းနှင့်ဒုံးပျံသိုလှောင်ရုံများကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယီမင်နိုင်ငံတွင်လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများသည် အမေရိကန်ကုန်တင်သင်္ဘောများ၊ ဝေဟင်နှင့်ရေပြင်ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် လွတ်လပ်သည့် ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းထားနိုင်ရန်တို့အတွက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ဆိုရှယ်ဝက်ဆိုက်ပေါ်တွင်ရေးသားဖော်ပြခဲ့ကြောင်းသိရသည်။
Ref: Xinhua
Source: https://myawady.net.mm/

တရုတ်၏ဩဇာလွှမ်းမိုးမှုများမှ ပနားမားတူးမြောင်းကို လုံခြုံစေမည့် အစီအစဉ်များရေးဆွဲရန် အမေရိကန်စစ်တပ်ကို သမ္မတ ဒေါ်နယ်ထရမ့် က ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ၊ CNN နှင့် NBC သတင်းဌာနတို့က ရေးသား ဖော်ပြ ထားသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန်မှစတင်ပြီး ပနားမားတူးမြောင်းကို ပြန်လည်သိမ်းယူမည်ဆိုသည့် ခြိမ်းခြောက်မှု အများအပြားကို လုပ်ဆောင်ခဲ့ပြီးနောက် လပိုင်းအကြာတွင် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အတ္တလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာ တို့ကို ဆက်သွယ်ပေးသည့်အရေးကြီးသော ရေကြောင်းဆိုင်ရာ လမ်းကြောင်း တစ်ခုဖြစ်သည့် ပနားမားတူးမြောင်းသည် (၁၉၉၉) ခုနှစ်ကတည်းက ပနားမားနိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပနားမားတူးမြောင်းတွင် ကောက်ခံနေသော အခကြေးငွေနှင့် အဆိုပါ ဒေသတွင် တရုတ်၏တည်ရှိမှု မြင့်တက်လာခြင်းအပေါ် စိုးရိမ်မှုများကို ကိုးကားပြီး ပနားမားတူးမြောင်းကို ပြန်လည်သိမ်းယူရန် ဒေါ်နယ်ထရမ့် က အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ် အစောပိုင်းတွင် ဒေါ်နယ်ထရမ့်သည် ပနားမားတူးမြောင်းကို ပြန်လည် ထိန်းချုပ်ရန်အတွက် စစ်အင်အားအသုံးပြုမှုကိုငြင်းဆိုခဲ့ပြီး အမေရိကန်၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ရွေးချယ်စရာအားလုံးမှာ စားပွဲဝိုင်း ပေါ်တွင်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အမေရိကန်အစိုးရသည် ပနားမားတူးမြောင်းတွင် အမေရိကန်၏ အကန့် အသတ်မရှိ ဝင်ရောက်ခွင့်များရရှိစေရန်အတွက် ရွေးချယ်ခွင့်များ ချက်ချင်း ထောက်ပံ့ပေးရန် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ကို တရားဝင် တောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး CNN က ရေးသားဖော်ပြခဲ့သည်။
ထုတ်ပြန်ချက်တစ်ခုတွင် “ပနားမားတူးမြောင်းကို တရားမျှတပြီး အတားအဆီးမရှိသော အမေရိကန် စစ်တပ်နှင့်ကုန်သွယ်မှုဆိုင်ရာ ဝင်ရောက်ခွင့်များရရှိစေရန်အတွက် ယုံကြည်စိတ်ချရသော စစ်ဘက်ဆိုင်ရာ ရွေးချယ်မှုများ ပေးဆောင်စေလိုပါသည်” ဟု ရေးသားဖော်ပြထားသည်။
ကိုးကား-NP News

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို နှိမ်နှင်းမည့် ကြီးမားသည့် စစ်ဆင်ရေးတစ်ရပ်ကို အမေရိကန်က စတင်လိုက်ပြီဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ စစ်ဆင်ရေးတွင် ဟူသီလက်နက်ကိုင်အဖွဲ့၏ အခြေစိုက်စခန်းများ၊ ခေါင်းဆောင်များနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပါဝင်မည်ဖြစ်ပြီး ပင်လယ်နီအတွင်း ရေကြောင်းလွတ်လပ်စွာသွားလာခွင့် ပြန်လည်ရရှိရန် ရည်မှန်းထားခြင်းဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။

ထို့အပြင် ဟူသီလက်နက်ကိုင်အဖွဲ့သည် အမေရိကန်နှင့် အခြားနိုင်ငံများ၏ သင်္ဘောများနှင့်လေယာဉ်များကို အကြမ်းဖက်မှုများ အဆက်မပြတ် လုပ်ဆောင်နေကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါသည်။ ၎င်းအပြင် ဟူသီလက်နက်ကိုင်အဖွဲ့သည် စူးအက်တူးမြောင်း၊ ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့၌ နိုင်ငံတကာကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများကို နှောင့်ယှက်နေကြောင်းလည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါသည်။
ဒေါ်နယ်ထရမ့်က “အမေရိကန်အလံတင်ကုန်တင်သင်္ဘောများ ဘေးကင်းစွာ နှင့် ဖြတ်သန်းသွားလာခြင်းမပြုခဲ့ရသည်မှာ တစ်နှစ်ကျော်ခန့်ရှိခဲ့ပြီး ဟူသီ လက်နက်ကိုင်အဖွဲ့သည် ထိုကဲ့သို့သောတိုက်ခိုက်မှုများကို မရပ်တန့် ပါက ဆိုးရွားသည့် အကျိုးဆက်များနှင့်ရင်ဆိုင်ရလိမ့်မည်”ဟု သတိပေး ပြောဆိုခဲ့ပါသည်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ဒုတိယအဆင့် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေချိန်တွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသတွင် ကြိုကြားကြိုကြား တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။
အစ္စရေးနှင့် ဟားမက်တို့သည် သဘောတူညီချက်၏ ဒုတိယအဆင့်အတွက် သဘောထားကွဲလွဲမှုများ ရှိနေသည်။ ဒုတိယအဆင့်တွင် အစ္စရေးတပ်များကို နယ်မြေတွင်းမှ လုံးဝဆုတ်ခွာရန်နှင့် တိုက်ပွဲများ အပြီးတိုင် အဆုံးသတ်ရန် တောင်းဆိုထားသည်။

သို့သော် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများမှာ ကြိုကြားကြိုကြား ဆက်တိုက်ဖြစ်နေသည်။ အစ္စရေးက မတ်လ ၁၆ ရက်(တနင်္ဂနွေနေ့)တွင် ဂါဇာအလယ်ပိုင်းကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း လူ (၁)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် လူ (၉) ဦး သေဆုံးခဲ့သည့် အစ္စရေးက ဂါဇာမြောက်ပိုင်း တိုက်ခိုက်မှုပြီး တစ်ရက် အကြာတွင် ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း လူပေါင်း ၄၈,၅၇၂ ဦး သေဆုံးခဲ့ရကြောင်း ဂါဇာဒေသ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက မတ်လ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။
ကိုးကား- NHK World
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)

ဂါဇာကမ်းမြောင်၌ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းနိုင်ရေး အချိန်ရရှိရန်အတွက် အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၂၀ ရက် ဝန်းကျင်အထိ သက်တမ်းတိုးနိုင်ရေးအဆိုပြုချက်ကို အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန်က တင်ပြခဲ့ပါသည်။
အစ္စရေးနှင့်ဟားမက်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ဒုတိယအဆင့်အတွက် သဘောထားကွဲလွဲမှုများရှိနေဆဲဖြစ်ပြီး ပထမ အဆင့်သည် မတ်လ ၁ ရက်နေ့တွင် ပြီးဆုံးခဲ့ပါသည်။

အမေရိကန် အထူးသံတမန် Steve Witkoff ၏ ရုံးနှင့် အမျိုးသား လုံခြုံရေးကောင်စီတို့က မတ်လ ၁၄ ရက်(သောကြာ)နေ့က ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ကာတာနိုင်ငံ၊ ဒိုဟာ၌ တင်ပြခဲ့သော အဆိုပြုချက်တွင် Ramadan ကာလနှင့်ပသခါပွဲ နေ့ရက် ကျော်လွန်သည်အထိ ဂါဇာ တွင် အပစ်အခတ်ရပ်စဲရေးသက်တမ်းတိုးရန်၊ ယခင်သဘောတူညီချက်နှင့်အညီ အသက်ရှင်နေသည့် ဓားစာခံများကို ဟားမက်က လွှတ်ပေးရန် နှင့် ဂါဇာကမ်းမြောင်ဒေသခံများအတွက် အရေးပါသော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့နိုင်ရေး ပြန်လည် စတင်နိုင်ရန် အချက်များပါဝင်သည်။
“ဟားမက်အနေဖြင့် ပျော့ပြောင်းမှုရှိကြောင်း လူသိရှင်ကြား ပြောဆိုနေသော်လည်း အမြဲတမ်း အပစ်အခတ်ရပ်စဲရေးအတွက် အကောင်အထည်ဖော်ရန် လုံးဝလက်တွေ့မကျသည့် တောင်းဆိုမှုများကိုရွေး ချယ်ခဲ့သည်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားပါသည်။
“ဟားမက်သည် နောက်ဆုံးသတ်မှတ်ရက်ကို ကောင်းစွာသိရှိထားကြောင်း နှင့် ယင်းသတ်မှတ်ရက်ကျော်လွန်ပါက လိုအပ်သလိုတုံ့ပြန်မည်ကို သိထား သင့်သည်” ဟုလည်း ကြေညာချက်၌ ပါဝင်သည်။
အမေရိကန်လူမျိုး အစ္စရေးစစ်သားတစ်ဦးနှင့် အခြားဓားစာခံ ၄ ဦး၏ ရုပ်ကြွင်းများကို လွှဲပြောင်းပေးရန် ဟားမက်ဘက်က မတ်လ ၁၄ ရက် တွင် ကမ်းလှမ်းခဲ့ပြီး မည်သည့်အချိန်၌ လုပ်ဆောင်မည်ဟူသည့် အချက် အပါအဝင် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။ မစ္စတာ Witkoff က အဆိုပါစစ်သားကို ချက်ချင်း လွှဲပြောင်း ပေးရန် ဟားမက်ကို တောင်းဆိုခဲ့ပါသည်။
ဒုတိယအဆင့်အနေဖြင့် ဂါဇာကမ်းမြောင်မှ အစ္စရေးတပ်ဖွဲ့ဝင်များ အပြီးအပိုင် ဆုတ်ခွာရန်နှင့် တိုက်ပွဲများ အပြီးတိုင်အဆုံးသတ်နိုင်ရေး ရည်ရွယ်ထားပါသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အီရတ်အနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း Islamic State စစ်သွေးကြွအဖွဲ့၏ ဒုတိယခေါင်းဆောင် သေဆုံးခဲ့သည်ဟု အမေရိကန်စစ်တပ်က ပြောပါသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် Abdallah Makki Muslih al-Rifai ခေါ် Abu Khadijah နှင့် အခြား ISIS အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်ဌာနချုပ်က မတ်လ ၁၄ ရက်(သောကြာ)နေ့က ကြေညာခဲ့ပါသည်။
အမေရိကန်တပ်ဖွဲ့များသည် အီရတ်ထောက်လှမ်းရေးနှင့် လုံခြုံရေးဝန်ထမ်းများနှင့်ပူးပေါင်းကာ အီရတ်နိုင်ငံ Anbar ပြည်နယ်၌ အဆိုပါ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။

Abu Khadijah သည် ကမ္ဘာတစ်ဝန်းမှ ISIS ၏ စစ်ဆင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီစဉ်မှုများအတွက် တာဝန်ယူဆောင်ရွက်ခဲ့သည်ဟု အမေရိကန်စစ်ဘက်က ဆိုသည်။ ၎င်းသည် ISIS ၏ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဝင်များအတွက် ဘဏ္ဍာရေးလုပ်ငန်းပိုင်းတွင် အဓိက ညွှန်ကြား ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
အမေရိကန်သမ္မတ Donald Trump ကလည်း အဆိုပါသတင်းနှင့် ပတ်သက်ပြီး လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့ပါသည်။
ISIS သည် ၂၀၁၄ ခုနှစ်တွင် ဆီးရီးယားနှင့် အီရတ်၏နယ်မြေ အများ အပြားပါဝင်သည့် ဒေသများတွင် အစ္စလာမစ်အုပ်ချုပ်ရေး ထူထောင်ရန်အတွက် တစ်ဖက်သတ်ကြေညာခဲ့ကာ အမေရိကန်နှင့် ပူးပေါင်း တပ်ဖွဲ့ များ၏ စစ်ဆင်ရေးများကြောင့် ယင်းနယ်မြေအများစုကို ဆုံးရှုံးခဲ့ရသည်။
သို့သော် လွန်ခဲ့သောနှစ် ဒီဇင်ဘာလ၌ ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရ ဖြုတ်ချခံရပြီးနောက် ISIS သည် ဆီးရီးယား၏ မငြိမ်မသက် ဖြစ်မှုကို အသုံးချပြီး ပြန်လည်အားကောင်းလာနိုင်ကြောင်း လေ့လာသူ အချို့က သတိပေးခဲ့သည်။
Assad အစိုးရ ရုတ်တရက်ပြိုလဲသွားခြင်းကြောင့် ISIS သည် ဆီးရီးယား စစ်စခန်းများ၌ သိုလှောင်ထားသည့် လက်နက်အများအပြားကို သိမ်းယူနိုင်ရန်အခွင့်အရေးရခဲ့ကြောင်း အမေရိကန်အခြေစိုက် Institute for the Study of War က ပြောပါသည်။