ဂါဇာအပေါ် အစ္စရေး၏တိုက်ခိုက်မှုများကို အာရပ်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချ

News Image

  • ဂါဇာအပေါ် အစ္စရေး၏တိုက်ခိုက်မှုများကို အာရပ်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချ

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ လူအသေအပျောက် များစေခဲ့သည့် တိုက်ခိုက်မှုများကို အာရပ်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း တို့ကပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရှိရပါသည်။ ရန်လိုမှုများကို ရပ်တန့်ရန် နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက် အကောင် အထည်ဖော်ရန် အာရပ်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းမှုများရှိနေချိန်တွင် အစ္စရေး၏တိုက်ခိုက်မှုများ ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

အစ္စရေး၏လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင် ဒေသ၌ အနည်းဆုံးလူ (၃၂၆) ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်များက မတ်လ ၁၈ ရက်တွင် ထုတ်ဖော် ပြောဆိုခဲ့ပါသည်။

အစ္စရေး၏တိုက်ခိုက်မှုများနှင့်အတူ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်သက်တမ်းတိုးရန် ကြိုးပမ်းမှုများအားလုံး ပျက်ပြယ်သွားခဲ့ရကြောင်းလည်း သိရပါသည်။ ဂါဇာ ကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကို အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြစ်တင်ရှုတ်ချခဲ့ပြီး အစ္စရေးသည် လွန်ခဲ့သော ဇန်နဝါရီလ ၁၉ ရက်က စတင်အသက်ဝင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် ကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက “အစ္စရေး၏တိုက်ခိုက်မှုများသည် ဒေသအတွင်းတည်ငြိမ်ရေးအတွက် ဆိုးရွားသည့်အကျိုးဆက်များကို ယူဆောင်လာစေမည့် လုပ်ရပ်များပင်ဖြစ်သည်” ဟု ပြောဆိုခဲ့ပါသည်။

ကိုးကား-NP News