ယူကရိန်း ဒရုန်းတစ်စင်းက ရုရှားခရီးသည်တင် ရထားကို တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးပြောဆို

News Image

  • ယူကရိန်း ဒရုန်းတစ်စင်းက ရုရှားခရီးသည်တင် ရထားကို တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးပြောဆို

ယူကရိန်းဒရုန်းတစ်စင်းက ရုရှားတောင်ပိုင်းတွင် ခရီးသည်တင် ရထားတစ်စင်းကို တိုက်ခိုက်ခဲ့ပြီး လူနှစ်ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။ ရုရှား Krasnodar ဒေသအုပ်ချုပ်ရေးမှူး Veniamin Kondratyev က ဒရုန်းအစိတ်အပိုင်းများသည် သောကြာနေ့ (ဇူလိုင် ၂၅) နံနက်စောစောက Timashevsk မြို့ရှိ ရထားဘူတာရုံတစ်ခုပေါ်သို့ ကျရောက်ခဲ့ပြီး ဖြတ်သန်းသွားသော ရထားတစ်စင်းကို ပျက်စီးစေခဲ့ကြောင်း Telegram တွင် ဖော်ပြခဲ့သည်။ 

ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးကို ဆေးရုံတင်ပို့ခဲ့သော်လည်း အခြား တစ်ဦးက ဆေးရုံတက်ရန် ငြင်းဆန်ကာ ဖြစ်ရပ်နယ်မြေတွင်ပင် ကုသမှုခံယူခဲ့သည်။ Kondratyev ၏ အဆိုအရ တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း ရထားသည် ခရီးဆက်လက်ထွက်ခွာသွားခဲ့သည်ဟု သိရှိရပြီး ကျေးလက်ဒေသများတွင် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂