ကမ္ဘောဒီးယားနှင့် ထိုင်းတပ်များ နယ်စပ်တွင် အမြောက်၊ ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်

News Image

  • ကမ္ဘောဒီးယားနှင့် ထိုင်းတပ်များ နယ်စပ်တွင် အမြောက်၊ ဒုံးကျည်များဖြင့် ဆက်လက်တိုက်ခိုက်

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ တပ်များသည် နယ်စပ်တစ်လျှောက် လက်နက်ကြီးများဖြင့် အပြန်အလှန် ဆက်လက်တိုက်ခိုက်နေကြောင်း နှစ်နိုင်ငံမှထုတ်ပြန်ခဲ့သည်။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်တွင် "ကမ္ဘောဒီးယားတပ်များသည် ဟောင်ဝစ်ဇာ အမြောက် များ၊ BM-21 ဒုံးကျည်များအပါအဝင် လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်နေပြီး ထိုင်းတပ်မတော်မှလည်း မဟာဗျူဟာမြောက် တုံ့ပြန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်" ဟု ဖော်ပြခဲ့သည်။ ထိုင်းစစ်တပ်အဆိုအရ Ubon Ratchathani နှင့် Surin စီရင်စုများတွင် နံနက် အစောပိုင်း ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကမ္ဘောဒီးယားစစ်တပ်မှလည်း Oddar Meanchey နှင့် Preah Vihear စီရင်စုများရှိ ပဋိပက္ခဇုန်တွင် နှစ်နိုင်ငံတပ်များ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း အတည် ပြုခဲ့သည်။ ကမ္ဘောဒီးယားမီဒီယာများတွင် ဖော်ပြမှုများအရ ၎င်းတို့၏ တပ်များသည် "စစ်မြေပြင်အားလုံးတွင် အခြေအနေကို ထိန်းချုပ်ထား နိုင်ပြီး" ထိုင်းတပ်များကို တာမွန်သုံးဘုရား (Ta Moan Thom) ၊ တာကရာ ဘေးဘုရား (Ta Krabey) နှင့် မွမ်တေးဒေသ (Mom Tei) များမှ တိုက် ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ကမ္ဘောဒီးယား၏ ဒေသဆိုင်ရာအာဏာပိုင်တစ်ဦးထံမှ ရရှိသည့် အချက် အလက်များအရ ထိုင်းနှင့်ဖြစ်ပွားနေသော တိုက်ပွဲများတွင် အနည်းဆုံး အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပဋိပက္ခဇုန်နှင့် နီးကပ်နေသည့် Oddar Meanchey ပြည်နယ် ၊ Banteay Ampil ခရိုင်ရှိ မိသားစု ၁,၅၀၀ ခန့်ကို လုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတပ်များအကြား အပြန်အလှန် တိုက်ခိုက်မှုများ သည် ဇူလိုင် ၂၄ ရက် နံနက်ခင်းက တာမွန်သုံးဘုရား (Ta Moan Thom) အနီးတွင် စတင်ဖြစ်ပွားခဲ့ပြီး၊ နောက်ပိုင်းတွင် နှစ်နိုင်ငံနယ်စပ် တစ်လျှောက် ရှိ အခြားဒေသများသို့ ပျံ့နှံ့သွားခဲ့ကာ နှစ်နိုင်ငံတပ်များက လက်နက်ကြီး များ အသုံးပြုလာပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ ထိုင်းဘက်က ကမ္ဘောဒီးယားတပ်များသည် ကျေးရွာ/ ရပ်ကွက်များအတွင်း ပစ်ခတ်မှု ကြောင့် ပြည်သူ ၁၅ ဦး သေဆုံးခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထိုင်းစစ်တပ်က  F-16 တိုက်လေယာဉ်များဖြင့် နယ်စပ်ဖြတ်ကျော်၍ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ နယ်စပ်ပြည်နယ် ၄ ခုရှိ ပြည်သူ ၁၀၀,၀၀၀ ကျော်ကို လုံခြုံသည့်နေရာများသို့ အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရသည်ဟု သိရှိရသည်။

ဇူလိုင် ၂၄ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က အရေးကြီးဆုံးအချက်မှာ နှစ်ဖက်စလုံးအနေဖြင့် အခြေအနေကို အလျင်အမြန်ထိန်းသိမ်းသွားရန်၊ တင်းမာမှုများ ပိုမို မြင့်တက်မလာစေရန်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေ၏ အခြေခံ သဘော တရားများအပေါ်အခြေခံ၍ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အလေးထားပြောကြားခဲ့သည်။ 

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ၂၀၂၅ ASEAN အလှည့်ကျ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ထိုင်း ယာယီဝန်ကြီးချုပ် Phumtham Wechayachai တို့နှင့် ဆွေးနွေး ခဲ့ကြောင်း ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနှစ်နိုင်ငံစလုံးသည် စစ်ရပ်စဲရေးကို စဉ်းစားရန် အဆင်သင့်ဖြစ်နေကြောင်း ဇူလိုင် ၂၄ ရက် ညနေပိုင်းက Facebook တွင် ရေးသားခဲ့သည်။ 

တရုတ်၊ မလေးရှား၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများစွာက စိုးရိမ်ပူပန်မှုများ ဖော်ပြပြီး နှစ်ဖက်စလုံးအား တင်းမာမှုများလျှော့ချရန်နှင့် ပဋိပက္ခကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂