ကမ္ဘောဒီးယားနှင့် ထိုင်းတို့ အပစ်အခတ်ရပ်စဲမှု အမေရိကန် စောင့်ကြည့်ပေးမည်

News Image

  • ကမ္ဘောဒီးယားနှင့် ထိုင်းတို့ အပစ်အခတ်ရပ်စဲမှု အမေရိကန် စောင့်ကြည့်ပေးမည်

ယခုဇူလိုင်လ အတွင်းက ၅ ရက်တာ ဖြစ်ပွားသော အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံ ၂ နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနှင့် ထိုင်းတို့အကြား ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန် က ပါဝင်စောင့်ကြည့်ပေးရန် သဘောတူကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းပြောဆိုပြီးနောက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားလိုက်ပါသည်။

“အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်လေ့လာရာတွင် အမေရိကန်က ပါဝင်ပြီး ယခုအသက်ဝင်နေသည့်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် သဘောတူညီချက် ရရှိထား ပါသည်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြားချက်ကို ကိုးကား၍ ကျိုဒိုသတင်းဌာနက ဖော်ပြထားပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ ခေတ္တဝန်ကြီးချုပ် Phumtham Wechayachai နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် တို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် မလေးရှားနိုင်ငံတွင် တွေ့ဆုံ ပြီးနောက် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးကို ရရှိခဲ့ကြောင်း ကြေညာ ထားပြီး ထိုသဘောတူညီချက်မှာ ဇူလိုင် ၂၈ ရက်တွင် စတင် အသက် ဝင်မည်ဖြစ်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃