ထရမ့်က Medvedev ၏ တွစ်တာမက်ဆေ့ခ်ျကို တုံ့ပြန်သည့်အနေဖြင့် နျူကလီးယားစစ်ရေယာဉ်များ စေလွှတ်

News Image

  • ထရမ့်က Medvedev ၏ တွစ်တာမက်ဆေ့ခ်ျကို တုံ့ပြန်သည့်အနေဖြင့် နျူကလီးယားစစ်ရေယာဉ်များ စေလွှတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၁ ရက်နေ့တွင် ရုရှား နိုင်ငံ အနီးသို့ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီး ချဉ်းကပ်စေရန် အမိန့်ပေး ခဲ့ကြောင်း ကြေညာခဲ့ပြီး ရုရှားသမ္မတဟောင်း ဒမီထရီ မက်ဗီဒက်ဗ်၏ လူမှုကွန်ရက်မှတ်ချက်များကို ပြန်လည်တုံ့ပြန်ခဲ့သည်။

ထရမ့်က ၎င်း၏ Truth Social ပလက်ဖောင်းတွင် မက်ဗ်ဒက်ဗ်၏ စိန်ခေါ်မှုများဖြင့်ပြည့်နှက်နေသော ထုတ်ပြန်ချက်များကို ရှုတ်ချကာ "စကားလုံး များသည် အလွန်အရေးကြီးပြီး တစ်ခါတရံ မမျှော်လင့်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်" ဟု ရေးသားခဲ့ပြီး နျူကလီးယား ရေငုပ်သင်္ဘောနှစ်စီး စေလွှတ်ရန် အမိန့်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း ထရမ့်သည် ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ မက်ဗီဒက်ဗ်နှင့် လူမှုကွန်ရက်ပေါ်တွင် ပြင်းထန်သော စကားစစ်ထိုးမှုများ ပြုလုပ်ခဲ့သည်။ အမေရိကန်သမ္မတက အသေးစိတ် ထုတ်ဖော်ခြင်းမပြုခဲ့သော်လည်း ၎င်း၏ စစ်ရေးတုံ့ပြန်မှု ကြေညာချက် သည် ရုရှားသမ္မတဟောင်း၏ ဇူလိုင် ၃၁ ရက်နေ့က တွစ်တာပို့စ်နှင့် သက်ဆိုင်နေသည်ဟု ယူဆကြသည်။

မက်ဗ်ဒက်ဗ်သည် ထရမ့်၏ Truth Social တွင် ရေးသားခဲ့သော ပို့စ်ကို တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုပို့စ်တွင် အမေရိကန်သမ္မတက ၎င်းအား အောင်မြင်မှု မရှိသော ခေါင်းဆောင်ဟောင်းဟု ခေါ်ဆိုကာ စကားကို သတိထား ပြောရန် သတိပေးခဲ့သည်။

ရုရှားနိုင်ငံသမ္မတဟောင်းက ထရမ့်၏ တုံ့ပြန်မှုကို လှောင်ပြောင်ကာ "ရုရှားနိုင်ငံသည် အရာရာကို မှန်ကန်စွာလုပ်ဆောင်နေပြီး မိမိ၏ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည်" ဟု တုံ့ပြန်ခဲ့သည်။

ထရမ့်နှင့် မက်ဗီဒက်ဗ်တို့သည် ဆိုရှယ်မီဒီယာများပေါ်တွင် စကားစစ် ထိုးပွဲများ အပြန်အလှန် လုပ်ဆောင်နေကြပြီး ဩဂုတ် ၁ ရက်နေ့တွင် ထရမ့်က ရုရှားရေပိုင်နက်အနီးသို့ နျူကလီးယားရေငုပ်သင်္ဘော နှစ်စီး စေလွှတ်ရန် အမိန့်ပေးခဲ့သည်ဟု ၎င်း၏ Truth Social တွင် ရေးသား ခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ရုရှား-ယူကရိန်း ပဋိပက္ခရပ်စဲရေး လုပ်ဆောင်မှု များနှင့်ပတ်သက်၍ ရုရှားကိုစိတ်ပျက်လာနေကြောင်း ထုတ်ဖော်ပြောဆို ခဲ့ပြီး ညှိနှိုင်းရေးကိစ္စများနှင့်ပတ်သက်၍ ၁၀ ရက်အတွင်း အပြီး လုပ်ဆောင် ရန် အချိန်ကန့်သတ်ချက် သတ်မှတ်ခဲ့ကာ မလုပ်ဆောင်ပါက ဒဏ်ခတ် အရေးယူမှုများ ချမှတ်မည်ဟု ပြောကြားခဲ့သည်။ ရုရှားဘက်ကလည်း ၎င်း၏ ကိုင်စွဲထားသော လိုလားချက်များကိုသာ အတိအလင်း ထုတ်ဖော် ကာ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ၎င်းတို့အတွက် အထူးအဆန်း မဟုတ်တော့ ဟု တုံ့ပြန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂