ရုရှားက ယူကရိန်းပဋိပက္ခကို ထရမ့်နှင့်ဆွေးနွေးရန်အသင့်ရှိ

News Image

  • ရုရှားက ယူကရိန်းပဋိပက္ခကို ထရမ့်နှင့်ဆွေးနွေးရန်အသင့်ရှိ

ရုရှားအစိုးရအနေဖြင့် လက်ရှိဖြစ်ပွားနေသော ယူကရိန်းပဋိပက္ခကို မကြာမီ အမေရိကန်သမ္မတအဖြစ်တာဝန်ယူမည့် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးသွား ရန်အသင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က ဒီဇင်ဘာလ ၂၆ ရက်တွင်ပြောသည်။

ထို့ပြင် ထရမ့်၏ ရုရှားနှင့်ယူကရိန်းဆိုင် ရာအထူးကိုယ်စားလှယ် ကိပ်ကဲလော့ပါဝင်သောအဖွဲ့အနေဖြင့် ယူကရိန်းပဋိပက္ခ ဖြစ်ပွားရသည့်အကြောင်းရင်းဇာစ်မြစ်ကို သိရှိပြီးဖြေရှင်းနိုင်မည်ဟု ရုရှားအစိုးရက မျှော်လင့်ကြောင်း နှစ်ကုန်သတင်းစာရှင်းလင်းပွဲ၌ လက်ရော့ကပြောထားခြင်းဖြစ်သည်။

ထို့အတူ ရုရှားသမ္မတဗလာဒီမာပူတင် အနေဖြင့် ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်စေရေးအတွက် ဆွေးနွေးလုပ်ဆောင်ရန် လမ်းဖွင့်ပေးထားကြောင်း၊ သို့သော် အဓိပ္ပာယ်ရှိပြီး ပြဿနာ၏ဇာစ်မြစ်ကိုဖြေ ရှင်းနိုင်သည့်ဆွေးနွေးမှုများကိုသာ လက်ခံနိုင်မည်ဖြစ်ကြောင်းနှင့် လိုလားချက်များကိုလည်း ယခုနှစ်အစောပိုင်းကတည်းက ထုတ်ပြန်ထားပြီးဖြစ်ကြောင်း လက်ရော့ကပြောသည်ဟုသိရသည်။

Ref: RT

Source: Myawady Web Portal