တောင်ကိုရီးယားပါလီမန်က ယာယီသမ္မတ Han Duck Soo ကို စွပ်စွဲပြစ်တင်
တောင်ကိုရီးယားယာယီသမ္မတနှင့် ဝန်ကြီးချုပ် Han Duck Soo ကို တောင်ကိုရီးယားပါလီမန်က စွပ်စွဲ ပြစ်တင်ရန် ဒီဇင်ဘာ ၂၇ ရက်နေ့က မဲပေးလိုက်ကြပါ သည်။
တောင်ကိုရီးယား ဥပဒေပြုလွှတ်တော်အမတ် ၃၀၀ ဦး အနက် ၁၅၁ ဦး ထောက်ခံပါက အထမြောက်သည့် ထိုဆုံးဖြတ်ချက်အပေါ် လွှတ်တော်အမတ် ၁၉၂ ဦးက ယာယီသမ္မတနှင့် ဝန်ကြီးချုပ် Han Duck Soo ကို စွပ်စွဲပြစ်တင်ရန် ဆန္ဒမဲထောက်ခံခဲ့ကြသည်။
ပါလီမန်၏ စွပ်စွဲပြစ်တင်ခံရသူ Han Duck Soo က နောက်ထပ်အရှုပ်အထွေးများကို ထပ်မံမဖြစ်ပွားစေရန် တည်ဆဲဥပဒေအရ ၎င်း၏တာဝန်ဝတ္တရားများအပေါ် သံသယရှိကြောင်း ဖော်ပြသည့် အဆိုပါဆုံးဖြတ်ချက်ကို လေးစားလိုက်နာမည်ဖြစ်ပါကြောင်း ၎င်း၏ကြေညာ ချက်တွင် ရေးသားထားပါသည်။
ယာယီသမ္မတရာထူးကို ပူးတွဲတာဝန်ယူရသည့် ဝန်ကြီးချုပ်သည် စွပ်စွဲပြစ်တင်ခံရသဖြင့် တောင်ကိုရီးယား တည်ဆဲဥပဒေအရ ဘဏ္ဍာရေးဝန်ကြီးသည် ယခုအခါ ယာယီသမ္မတရာထူးကို ထမ်းဆောင်လျက်ရှိပါသည်။
ကိုးကား - CNN