တရုတ်နိုင်ငံသည် ပိုးလမ်းမ စီမံကိန်း၏ ပဏာမ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာရှအလယ် ပိုင်းကိုဖြတ်၍ အဓိကမီးရထားလမ်းတစ်ခုကို စတင် တည်ဆောက်
အဆိုပါစီမံကိန်းသည် ရုရှားနိုင်ငံကိုဖြတ်၍ ဥရောပ သို့ ပို့ဆောင်ရေးစင်္ကြံတည်ဆောက်မည့် တရုတ်နိုင်ငံ၏ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။
တရုတ်သမ္မတရှီကျင့်ဖျင်က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တရုတ်-ကတ်ဂ်စ္စတန်-ဥဇဘက်ကစ္စတန် မီးရထားလမ်း တည်ဆောက်ခြင်းသည် ဒေသတွင်းဆက်သွယ်မှု၊ ကြွယ်ဝမှုနှင့်တည်ငြိမ်မှုကိုမြှင့်တင်ရန်အတွက် နိုင်ငံသုံး နိုင်ငံအစိုးရများက ချမှတ်ထားသောမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ဖြစ်ကြောင်း မီးရထားလမ်း တည်ဆောက်မှု စတင်ခြင်းအခမ်းအနားနှင့်ပတ်သက်၍ ၎င်း၏ဂုဏ်ပြု မှတ်တမ်းတွင်ဖော်ပြထားပါသည်။
အဆိုပါ တည်ဆောက်မှုသည် မဟာဗျူဟာကျသော စင်္ကြံကိုဖွင့်လှစ်ရန် နိုင်ငံသုံးနိုင်ငံ၏တူညီသော ဆန္ဒကို ထင်ဟပ်သည်ဟု သမ္မတရှီကျင့်ဖျင်က မှတ်ချက်ပြုခဲ့ ပါသည်။
ကိုးကား - ဆင်ဟွာ
MM-News-Category