လက်နက်သံများ ရပ်စဲပြီး ကွဲပြားမှုများကို ကျော်လွှား ကြရန် ပုပ်ရဟန်းမင်းကြီး ကမ္ဘာကို တောင်းဆို
ပုပ်ရဟန်းမင်းကြီး Francis က ကမ္ဘာတစ်ဝှမ်းမှ တိုက်ပွဲ များကို ချက်ချင်းရပ်စဲရန် တောင်းဆိုသည့် ခရစ္စမတ် သတင်းစကားကို ပြောကြားခဲ့ပါသည်။၎င်းက အားလုံး သော လူသားများနှင့် နိုင်ငံများကို လက်နက်သံများ ရပ်စဲစေပြီး ကွဲပြားမှုများကို ကျော်လွှားကြရန် တိုက်တွန်း ခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်နေ့တွင် ဗာတီကန်၏ စိန့်ပီတာရင်ပြင်၌ စုဝေးရောက်ရှိနေသူများကို အစဉ် အလာအတိုင်း မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ပိုမို ဆိုးရွားလာနေသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးက “အပစ်အခတ် ရပ်စဲနိုင်ပါစေ၊ ဓားစာခံတွေ လွတ်မြောက်ပါစေ၊ စစ်နှင့် ငတ်မွတ်ခေါင်းပါးမှုများကြောင့် ဘေးသင့်နေသည့် ပြည်သူများအတွက် အကူအညီများ ပေးအပ်နိုင်ပါစေ” ဟု ပြောခဲ့ပါသည်။
ယူကရိန်းနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးက တရား မျှတပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိရန် အတွက် စေ့စပ်ညှိနှိုင်းရေးနှင့် တွေ့ဆုံရေး တံခါးချပ်ကို ဖွင့်ရန်လိုအပ်သော သတ္တိများရှိကြစေလိုကြောင်း ပြောကြား ခဲ့ပါသည်။
ကိုးကား-NHK World